World Wide Web ကို ဩဂုတ်လ ၆ရက် ၁၉၉၁ ခုနှစ်တွင် တစ်ကမ္ဘာ့လုံးကို Sir Tim Berners-Leeက တရားဝင် မိတ်ဆက်ခဲ့ပါတယ်။ BBC ကနေ မူပိုင် ရည်ညွှန်းထားတဲံ့ World Wide Web သမိုင်းကြောင်းကို အောက်မှာ ဖော်ပြထားပါတယ်။ World Wide Web ရဲ့ အစ; ၁၉၉၁ ခုနှစ် ဩဂုတ်လ ၆ ရက် Tim Berners-Lee က World Wide Web စီမံကိန်းကို Alt-hypertext သတင်းအုပ်စု ပေါ်တွင် တစ်ကမ္ဘာ့လုံးသို့ မိတ်ဆက်ပေးခဲ့ပါတယ်။ ပို့စ်တွင် သူက စီမံကိန်းကို ဘယ်နေရာကဆို သတင်းအချက်များ လုပ်ဆောင်ဖို့ Links တွေကို လက်ခံပေးဖို့ […]


ခင်ပွန်းသည်၊ ဇနီးသည်နဲ့ သူတို့ရဲ့ သားနှစ်ယောက်က  TV ကြည့်နေကြတယ်။ ဇနီးသည်က သူ့ ယောက်ျားကို ကြည့်လိုက်ပြီး သူကို မျက်စိ မှိတ်ပြလိုက်တယ်။ ယောက်ျားက အချက်ပြချက်ကို နားလည်လိုက်ပြီး ပြောပါတယ်။ “ခဏလောက်. ကလေးတို့။ အခန်းထဲကို ငါတို့ အချိန်အနည်းငယ်လောက် သွားလိုက်ဦးမယ်။ ” နည်းနည်းလောက်ကြာတော့ ကလေးငယ်တစ်ယောက်က နည်းနည်း စပ်စုချင်လာတယ်။ အပေါ်ထပ်ပေါ် တက်သွားပြီး သူ့မိဘရဲ့ အခန်းက ခပ်ဟဟလေး ပွင့်နေတာကို တွေ့လိုက်တယ်။ အချိန်အနည်းငယ်လောက် ဖျက်ခနဲ့ ကြည့်လိုက်ပြီး အောက်ထပ်ကို ဒုန်းစိုင်သွားပါတယ်။ သူက သူ့ညီကို ခေါ်လာပြီး အိပ်ခန်းထဲကို ချောင်းကြည့်ဖို့ ခေါ်လာတယ်။ “မင်း ဒါကို မကြည့်ခင် တို့ရဲ့ခြေမကို စုပ်ဖို့ အတွက် တို့ဟာကို နမ်းတာ မိန်းမတွေရဲ့ […]


သင့် အလုပ်တွင်၊ သင့် အိမ်တွင်၊ ဘဏ်အကောင့်များ အစရှိသဖြင့် သင့် တွင် စကားဝှက် ဘယ်လောက်များများ ရှိပါသလဲ? ပျမ်းမျှ လူတစ်ယောက်အတွက် စကားဝှက်ရဲ့ ဂဏန်းနှစ်ခု အရေအတွက် အကြောင်းပြောနေတာက အလွန်ဖြစ်နိုင်ချေရှိပါတယ်။ ဒီစကားဝှက်များက သင်အတွက် အလွန် အရေးကြီးပါတယ်။ သင့် ဒေတာတွေ၊ ကိုယ်ပိုင် အသေးစိတ်အချက်တွေ၊ သင့်ပိုက်ဆံတွေ၊ သင့် ကိုယ်ပိုင် ဂုဏ်သိက္ခာတွေ ကြောင့်ပဲ ဖြစ်ပါတယ်။ ဒါပေမယ့် သင့် စကားဝှက်တစ်ချို့ ဆုံးရှုံးသွားမယ်ဆိုရင် သင်အနေနဲ့ ဒုက္ခရောက်သွားနိုင်ပါတယ်။ သင့် ကိုယ်ပိုင် အရင်းအမြစ်တစ်ချို့ကို မလည်ပတ်နို်င်တာကြောင့် ပဲ ဖြစ်ပါတယ်။ တစ်စုံတစ်ယောက်သော သူက သင့် စကားဝှက် ကို ခိုးယူတယ် ဆိုရင် ပိုပြီး ဆိုးလာတာတွေတောင် ဖြစ်နိုင်ပါတယ်။ သင့် […]


အသက်အရွယ် ကြီးကြီး အမျိုးသမီး တစ်ယောက်က သူမရဲ့ ဒေါက်တာ ရုံးခန်းဆီကို သွားပြီး သူမရဲ့ ဆရာဝန်နဲ့ စကားပြောဖို့ တောင်းဆိုပါတယ်။ ဧည့်ကြိုက သူမ ဘာကြောင့် ဒီနေရာကို ရောက်လာသလဲလို့ မေးတဲ့အခါ သူမက “ငါ သန္ဓေသားဆီးတဲ့ ဆေးပြား လိုချင်လို့ပါ” လို့ ပြန်ပြောပါတယ်။ ဆေးကို ယူပြီးတဲ့ အခါ ဆရာဝန်က ခဏေလောက် စဉ်းစားပြီးတော့ ပြောပါတယ်။ “တဆိတ်လောက်၊ မစ္စစ် ဂလမ်ဝုဒ် အခု ခင်ဗျား အသက်က  (၈၀) ရှိနေပြီ။ ခင်ဗျား အနေနဲ့ သန္ဓေသားဆီးတဲ့ ဆေးပြားတွေ မလိုအပ်တော့ဘူး မဟုတ်လား” ” အဲဒီဆေးပြားတွေက ကျွန်မကို ကောင်းကောင်း အိပ်ပျော်စေတယ်” လို့ အမျိုးသမီး ပြန်ပြောပါတယ်။ ဆရာဝန်က […]


စားသောက်ဆိုင်တစ်ဆိုင်တွင် ” ယနေ့ ကာရာအိုကေ ရှိသည် ” ဆိုသော ဆိုင်ဘုတ်တစ်ခု ချိတ်ဆွဲထားပါတယ်။ ကျွန်တော် အဘွားက မမေးခင်မှာ အဲဒီအကြောင်းအရာကို လေ့လာခဲ့ပါတယ်။ ပြီးတော့မှ ” အဲဒီငါးက ဘာငါး အမျိုးအစားလဲ ”


“ရယ်မောခြင်းသည် အကောင်းဆုံး ဆေးတစ်ခွက် ဖြစ်သည်။” အခန်း (၁) ရှေ့နေသုံးယောက်နဲ့ အင်ဂျင်နီယာ သုံးယောက်ဟာ အစည်းအဝေးပွဲတစ်ခုကို ရထားဖြင့် ခရီးသွားနေကြပါ တယ်။ ဘူတာရုံတစ်ခုတွင် ရှေ့နေတစ်ယောက်စီက လက်မှတ်တစ်ဆောင်စီ ဝယ်နေချိန်တွင် အင်ဂျင်နီယာများက သူတို့သုံးယောက်စာအတွက် လက်မှတ်တစ်ဆောင်သာ ဝယ်ခဲ့ပါတယ်။ “လက်မှတ်တစ်စောင်တည်းနဲ့ မင်းတို့တစ်တွေ ဘယ်လို ခရီးသွားကြမလဲ” လို့ ရှေ့နေတစ်ယောက်က မေးပါတယ်။ “စောင့်ကြည့်လိုက်ပါ” လို့ အင်ဂျင်နီယာတွေထဲက တစ်ယောက်က အဖြေပေးပါတယ်။ ရထားပေါ်တက်ပြီးသောအခါ ရှေ့နေများက သူတို့ရဲ့ ထိုင်ခုံများတွင် ထိုင်လိုက်ကြပါတယ်။ ဒါပေမယ့် အင်ဂျင်နီယာသုံးယောက်က အိမ်သာတစ်ခုထဲကို ကျပ်ကျပ်ညှပ်ညှပ် ဝင်သွားပြီး တံခါးကို ပိတ်လိုက်ပါတယ်။ ရထားထွက်ပြီး မကြာခင်တွင် လက်မှတ်စစ် ရောက်လာပါတယ်။ သူက အိမ်သာတံခါးကို ခေါက်လိုက်ပြီး “ကျေးဇူးပြုပြီး လက်မှတ်ပေးပါ” လို့ […]


မိဘနဲ့ သားသမီး ။ ဒီစကားလုံး နှစ်လုံးက လောကအဘိဓာန်ထဲမှာ အလွန်အရေးပါတဲ့ စကားလုံးတွေ ဖြစ်ပါတယ်။ ဒီစကားလုံး နှစ်လုံးကြားမှာ ရှိတဲ့ ဆက်ဆံရေးက ကမာ္ဘ့ကြီးတစ်ခုကို အရောင်ပြောင်းသွားဖို့ တွန်းအားတစ်ခု သို့မဟုတ် ဆွဲအားတစ်ခုလည်း ဖြစ်သွားနိူင်ပါတယ်။ အခုခေတ် ကျွန်တော်တို့ ဆီက မိဘနဲ့ သားသမီး ဆက်ဆံရေးက အလွန်ကို ကွာဟမူတွေ များနေပါတယ်။ တစ်ဦးနဲ့ တစ်ဦး နားလည်မူကလည်း ဘာမှ မဆိုင်သလို နေကြတဲ့ မိသားစုတွေကလည်း အများကြီး ဖြစ်နေပါတယ်။ သားသမီးက မိဘကို နားမလည်တာမျိုး၊ မိဘက သားသမီးကို နားမလည်တာမျိုး စတဲ့ သတင်းတွေ ကျွန်တော်တို့ ပတ်ဝန်းကျင်မှာ အမြဲလိုလို ကြားနေပါတယ်။ ဒါအပြင့် မိဘနဲ့ သားသမီးတွေကြား နားလည်မူတွေ မရှိကြလို့ ဆူညံပေါက်ကွဲမူတွေ၊ […]


တစ်စုံတစ်ယောက်သောသူက သင်ကို ဆက်သွယ်နေတာကြောင့် သူ သို့မဟုတ် သူမ ( ဆက်သွယ်ခဲ့သူ ) က အီးမေးလိပ်စာ သို့မဟုတ် IM ( Instant Messenger ) အသုံးပြုသူ နာမည်ကို ဖော်ပြထားပါတယ်။ သို့သော်လည်း မည်သူ့ ပိုင်ဆိုင်တယ် ဆိုတာကိုတော့ သင်သိမှာ မဟုတ်ပါဘူး။ ကောင်းပြီ၊ RE ( Reverse Email ) ရှာဖွေရေးကို လုပ်ဆောင်ဖို့ အချိန်ရောက်လာပါပြီ။ RE ရှာဖွေရေးက စားသုံးသူများ၊ အင်တာနက်နဲ့ အီးမေး ဒေတာများ၊ အီးမေး လိပ်စာနဲ့ နာမည် သို့မဟုတ် သတ်မှတ်ထားတဲ့ လူတစ်ဦးချင်းစီရဲ့ လိပ်စာတို့ရဲ့ ဆက်သွယ်ချက်ကို ဆုံးဖြတ်ပေးဖို့ လွတ်လွတ်လပ်လပ် ရရှိနိုင်တဲ့ မှတ်တမ်းများရဲ့ အစုစီးရီးကို ရှာဖွေပါတယ်။ […]


ဟိုးအဝေးဆီကနေ ငါဆီကို ရိုက်ခတ်လာတဲ့ လှိုင်းလုံးတွေက အပြာရောင် လဲ့လဲ့နဲ့ နေရောင်ကို အလျားလိုက် ပြိုင်နေသလိုမျိုး။ ဘဝရဲ့ အဓိပါယ်မဲ့နေတဲ့ ငါအတွက်တော့ သစ်ရွတ်တွေ တဖြုတ်ဖြုတ် ကြွေကျနေတာ ရင်နင့်စရာကောင်းပေမယ့် မလွမ်းနေခဲ့မိတာ အတော်ကြာပြီ။ အိပ်တန်းတက်တဲ့ ငှက်တွေ ငါ့အနား လာနားနေခဲ့ကြတာလည်း ငါ့ခနာကိုယ် စတင်ပြီး လူပျိုဖော် ဝင်ခါစပေါ့။ သူတို့ ပြောတဲ့ တွတ်တီတွတ်တာတွေ၊ ငါ နားမလည်သလို ငါ့သက်ပြင်းချသံတွေကို သူတို့တွေ ကြားမိကြမှာ မဟုတ်ဘူး။ လှိုင်းကြပ်ခွပ်ကလေးတွေ ချီတက်တဲ့ ကဟန်ကလည်း လရောင်အောက်မှာ မိန်းမပျိုတစ်ယောက် စည်းချက်ညီညီ ကနေဟန်နဲ့ တော့ အတော်တူတယ်။ သာယာတဲ့ စစ်ချီတေး တစ်ပုဒ်ကို ဟစ်ကြွေးရင်း ငါဆီကို လွင့်ပျံ့လာတဲ့ အသံက ငါကို အေးချမ်းအောင် လုပ်နိုင်ပေမယ့် ငါ့ […]


အချိန်တန်တဲ့ ညနေခင်းကလည်း ငါ့အနားကနေ ထွက်ခွာ သွားကြပြီ။ ဘဝရဲ့ အထီးကျန်တဲ့ ညကလည်း ချစ်သူကို သတိရတဲ့ စိတ်နဲ့ ငါနဲ့ အတူ ကော်ဖီတစ်ခွက် မှာသောက်နေလေရဲ့။ ခါးသက်တဲ့ အရသာဆိုတာ လွမ်းနေတဲ့ ညကိုလည်း ပိုပြီး ခါးသက်သွားအောင် မလုပ်ပြနိုင်သလို သူ့ဘေးက ငါ့ကိုလည်း သတိရတဲ့စိတ်တွေ ပျောက်ကွယ်သွားအောင် မရူးသွပ်စေခဲ့ဘူး။ အုံးမောင်း ခေါက်တော့လည်း လင်းရေင်ခြည် စတော့ ညက ငါ့ဘေးကနေ တိတ်တဆိတ် ထွက်ခွာသွားခဲ့တာ လူမသိ သူမသိ ခြေသံတွေ မကြားရတော့ဘူး။ ငါကလည်း…. ကော်ဖီတစ်ခွက်နဲ့ ချစ်သူကို လွမ်းနေမိတာ အဝေးက ငှက်ကလေးတွေတောင် ငါ့ကို အားပေးနေလေရဲ့။          ။


နေရာတက လွှမ်းမိုးမူ အရိပ်တွေနဲ့ ရှင်သန်ခဲ့ရတဲ့ ဘဝတစ်ခုက ငါ့အတွက်တော့ ဆယ့်သက်စာလောက် ကြန့်ကြာနေသလိုမျိုး။ အနီးကပ် သူငယ်ချင်းတွေရဲ့ ဂရုစိုက်မူအောက်မှာတင် မင်းကို သတိရတဲ့စိတ်တွေ လူမသိ သူမသိ ဝှက်ထားရင်းနဲ့ ငါ့အလွမ်းတွေကို မျိုချနေတာ အစာလွန် ဖြစ်တဲ့ ရက်ပေါင်းများနေပြီ။ လွမ်းနေတာ တစ်ခုတည်းနဲ့တင် မျှော်လင့်ချက် မဲ့နေတာလောက် မြစ်ဘေးကမ်းပါးတွေ ပြိုကျနေတာ ငါ့နှလုံးသားနယ်မြေတွေ တစ်စ တစ်စ ပျောက်ဆုံးနေလေရဲ့….။


ဘဝရဲ့ ရက်ရာဇာတွေ ခိုးယူခံရတဲ့နေ့က သူကိုယ့်သူ ပန်းနုရောင် ဝတ်ရုံ ခြုံပြီး ငါ့အနား ကပ်ထိုင်ခဲ့တယ်။ တိတ်ဆိတ်တဲ့ ညနေခင်းကလည်း နူတ်ဆက်တဲ့ စကားလုံးတွေ မသုံးဘဲ လေချွန်သွားခဲ့တာ ဘေးက လိပ်ပြာလေးတွေတောင် ရင်ခုန်နေသလိုမျိုး….။ အဝေးက ပန်းရနံ့တွေတောင် ခါးသက်တဲ့ နူတ်ခမ်းချိုချိုလေးကြောင့် ဖိတ်ထားပါလျက်နဲ့ ရောက်မလာခဲ့ကြဘူး။ လမ်းလျှောက်တာများရင် ခရီးဝေးရောက်နိုင်တယ် ဆိုတဲ့ ပြဌာန်းစာအုပ်ပေါ်က စကားလုံးတွေကြောင့် ဘဝမှာ မရပ်မနား လျှောက်ခဲ့ရတဲ့ ခရီးတွေလည်း များနေပြီ။ ဒါပေမယ့်.. လမ်းဆုံးက စပြီး လျှောက်ခဲ့ရတဲ့ နေရာဖြစ်နေတာ ငါက ထောင်ချောက်တစ်ခုထဲ ရောက်နေတာများလား????


တကယ်တမ်းတော့ ဘယ်သူမှ မမှားခဲ့ကြပါဘူး။ ဆုံးဖြတ်ချက်မှားခဲ့တဲ့ ကြားလူတစ်ယောက်ကသာ ငါ့တို့နှစ်ယောက်ရဲ့  သံယောစဉ်တွေကို နားလည်မူလွဲစွာနဲ့ ဆုံးဖြစ်ပေးခဲ့တာပါ။ ရလဒ်တွေ မျဉ်းပြိုင်နေတဲ့ လမ်းကြောင်းပေါ်မှာ ငါ မရပ်တည်နိုင်ခဲ့တာ ချစ်သူကို မချစ်ခဲ့လို့ မဟုတ်ပါဘူး။ ဒဏ်ရာတွေ တပွေ့တပိုက်နဲ့ အိမ်ပြန်လမ်းကို တစ်ယောက်တည်း ပြန်ခဲ့ရတာလည်း ချစ်သူအတွက် ပန်းဥယျာဉ်တစ်ခု တည်ဆောက်ပေးတဲ့ ဥယျာဉ်မှူးကို အားနေခဲ့လို့ပါ။ မွေးကတည်းက အားနာတတ်တဲ့ ငါလိုကောင်က ချစ်သူအတွက် အသုံးမကျဘူးဆိုရင်တောင် အဝေးကနေ လွမ်းတတ်တဲ့ အလွမ်းစိတ်တွေ ရေရွတ်နေဦးမှာပါ။