ဗိုလ်ချုပ်အောင်ဆန်းပုံများကို ကျွန်တော့်သူငယ်ချင်းတစ်ယောက်ဆီကနေ ရခဲ့တာပါ။ သူငယ်ချင်းများအားလုံး ကြည့်ရှုလို့ ရအောင် တင်ပေးလိုက်ပါတယ်.။


ဒီနေ့ အတွက် နေက အနောက်ဖက်ကို တဖြည်းဖြည်းချင်း ဆုတ်ခွာသွားနေပြီ။ (မှတ်ချက်။    ။ ဒီသဘောတရားက ကျွန်တော်တို့ နိုင်ငံအတွက် ကို ဆိုလိုတာပါ။) သူက သူရဲ့ တစ်နေ့တာ တာဝန်ကို ကျေကျေပွန်ပွန် ထမ်းဆောင်သွုားခဲ့လေပြီ။ ဘဝရဲ့ အနှစ်သာရတစ်ခုကို ထုတ်ဖော်ပြသဖို့ အတွက် ရှေ့ဆောင်လမ်းပြတစ်ယောက်လို ကျွန်တော်တို့ရဲ့ ရှေ့ကနေ ဖြောင့်ဖြောင့်တန်းတန်း သွားခဲ့ပါပြီ။ ကဲ.. ကျွန်တော်တို့ ကရော ဒီနေ့ တစ်နေ့လုံးစာအတွက် ဘာတွေများ လုပ်ပြီ ကြပါပြီလဲ????? ဘဝရဲ့ ကြမ်းတမ်းတဲ့ ပခုံးကြမ်းပေါ် ကျွန်တော်တို့ တစ်တွေ လမ်းလျှောက်နေခဲ့ ကြတာ ခြေထောက်တွေ လည်းညောင်း နေကြလောက်ပါပြီ။ ဒါပေမယ့် မလျှောက် မဖြစ်တဲ့ လမ်းကြောင်းတစ်ခုပေါ် ရောက်နေကြတာများတောင် ဘာလို့ များ လမ်းလျှောက်ဖို့ ငြီးငွေ့ […]


မြင်းကွင်းထဲမှာ တွေ့နေကြ အဖြစ်အပျက်လေးတွေကို အမှတ်တမဲ့ မြင်မိရင်း စဉ်းစားထားတာလေးကို ဝေမျှလိုက်ပါတယ်။ တစ်နေ့မှာပေါ့…။ မွေးနေ့လေး တစ်နေ့ ဖြစ်လို့ အဲဒီနေ့မှာ ဘုရားသွားဖြစ်ပါတယ်။ ဘုရား နားရောက်ခါနီးမှာ အသက် ဆယ့်နှစ်ကျော်ကျော် ရှိတဲ့ ကောင်းလေးလေး တစ်ယောက် အနားကို ရောက်လာတယ်။ အစ်ကို   ..  ညီလေး အမေက မျက်စိ မမြင်လို့ စားစရာလေး ဝယ်ကျွေးချင်လို့ ပိုက်ဆံလေး ပေးခဲ့ပါတဲ့။ ကျွန်တော်လည်း မွေးနေ့ လည်းဖြစ်နေတာ ကြောင့် စိတ်ကောင်း ဝင်နေတာမို့ ပိုက်ဆံ နည်းနည်းပါးပါး ပေးလိုက်ပါတယ်။ ဘုရားဖူးပြီး ပြန်ခါနီးမှာ ကျွန်တော် ပိုက်ဆံပေးလိုက်တဲ့ ကောင်းလေးက အသက်ကြီးကြီး လူကြီးတစ်ယောက်ကို ပိုက်ဆံ ပေးနေတာကို မြင်လိုက်ပါတယ်။ မြင်စကတော့ အမှတ်တမဲ့ ပါဘဲ။ အဲဒီ […]


နေရာအထားမှားခဲ့တဲ့ ညတွေ နေဝင်ချိန်တွေကို ကျော်ပြီး အနေနီးလျက်နဲ့ မိုးမလင်းလာခဲ့ဘူး။ ညဉ့်နက်တဲ့ ညတွေထဲမှာ တိတ်ဆိတ်တဲ့ ခြေသံတွေ ကြိုတင် ဖိတ်ထားပေမယ့် ရောက်မလာခဲ့ကြဘူး။ ငါအတွက်တော့ ချစ်သူထားခဲ့တဲ့ အလွမ်းတွေရယ် သောက်နေကြ ကော်ဖီခါးခါးတစ်ခွက်ရယ် ဆွံ့  အနေတဲ့ စကားလုံးတွေနဲ့ ညနဲ့အတူ တိတ်ဆိတ်မူတွေ ပြိုင်နေခဲ့တာ သစ်ရွက်ကလေးတွေတောင် ဆွေးမြေ့နေလေရဲ့  ။


မိုးစက်ကလေးတွေနဲ့ ငါက ချစ်သူမရှိတဲံ့ ဆောင်းတွင်းကာလတစ်ခုကို ခရီးဆက်နေလေရဲ့  ။ ဘာကိုမှ မသိတဲ့ ကလေးတစ်ယောက်လိုများ မိုးရေထဲမှာ ကစားခွင့်ရမယ် ဆိုရင်တောင် ငါက အအေးမိ ချောင်းဆိုးမှာ ကို ကြောက်ဖို့  စိတ်တွေရှိမှာ မဟုတ်ဘူး၊ နေရာတကာ အချုပ်အချယ်တွေနဲ့ ဘဝတစ်ခုကို ရှင်သန်လာခဲ့တဲ့ မိုးရာသီရဲ့  တိမ်စိုင်တွေလို ဟိုရွေ့လိုက် ဒီရွေ့လိုက်နဲ့ ။ ကျဆုံးမူတွေနဲ့ ဘဝက ဘယ်တောအခါမ မရှင်သန်လာခဲ့ရင်တောင် ငါကတော့ ချစ်သူအတွက် နှင်းတောထဲကို သွားရဦးမှာပါ။   ။