2015 အလွန်နိုင်ငံရေးအခြေအနေ ဘာလဲ? ဘယ်လဲ? မြန်မာပြည်က နိုင်ငံရေး လေ့လားနေသူများ စိတ်ဝင်စားနေသူများ အတော်လေးစိတ်ဝင်စားနေတဲ့ အကြောင်းအရာပါ။ အကြောင်းအရာသက်သက်မဟုတ်ဘူး ဆိုတာလဲသိပြီးသားပါ။ ဒီ2015နှစ်ကုန်ပိုင်းမှာ လုပ်မယ့်ရွေးကောက်ပွဲမှာဘယ်ပါတီက အနိုင်ရအစိုးရဖွဲ့နိုင်မလဲဆိုတာပါပဲ။ ဒီမှာကျတော်အမြင်ပြောရရင် နိုင်ငံတိုင်းမှာ လက်ရှိအာဏရပါတီဟာ လူထုအတွက် ဘာလုပ်ပေးနိုင်ခဲ့သလဲဆိုတာကို လူထုကသိပြီးသားမြင်ပြီးသား ကျေနပ်ရင်လဲကျေနပ်မယ် ကျေနပ်ယုံအဆင့်ထက်လဲပိုချင်ပိုမယ်။ ဒီရလဒ်နဲ့ပြောင်းပြန် ဖြစ်ချင်လဲဖြစ်မယ်။ ဒီတော့ လက်ရှိအာဏာရပါတီဟာ ရွေးကောက်ပွဲမတိုင်မှီမှာ လက်တွေ့လုပ်ဆောင်ချက်တွေအရ အသာရလေ့ ရှုံးနိမ့်လေ့ ရှိနေတတ်ပါတယ်။ ဒါက နိုင်ငံတကာက ဒီမိုကရေစီအစိုးရ ရွေးကောက်ပွဲတွေရဲ့ မြင်သာနိုင်တဲ့ ရွေးကောက်ပွဲ မတိုင်မှီက အခြေအနေတွေပါ။ ဒီတော့မြန်မာ့ ဒီမိုကရေစီအစိုးရ ရွေးကောက်ပွဲမှာရော? 2015 ရွေးကောက်ပွဲမှာရော?? ဘာဖြစ်လာနိုင်မလဲ? ဖြစ်လေ့ဖြစ်ထ နိုင်ငံတကာ ဒီမိုကရေစီ အစိုးရ ရွေးကောက်ပွဲတွေရဲ့ အနေအထားနဲ့ချိန်ထိုးကြည့်မယ်ဆိုရင်။ လက်ရှိ အာဏာရပါတီဟာ အလားအလာမကောင်းပါဘူး။ […]


အားလုံးပဲမင်ဂလာပါ။ မဝင်ကြာလို့ဝင်~ဆက်တာပါ။ နေကောင်းကြလားဗျိုး။ နေမကောင်းရင်ဆေးကု။ နေကောင်းရင် အနေအထိုင်ဆင်ချင်။ ခုတလောဥတုကမကောင်းဘူးရယ်။ အသွားအလာဆင်ချင်ကြ။ ငွေသုံးသိပ်မကြမ်းကြနဲ့။ ဒါလေးပြောချင်လို့ပါ။ အချိန်မရဘူးရယ်။ သွားပြီဗျိုးး။


မြန်မာနိုင်ငံမှာ တခြားတခြားသောနိုင်ငံများလိုပဲသမိုင်းဆိုတာ ရှိခဲ့ပါတယ်။ သမိုင်းကတော့ကိုယ်စီရှိကြတာပဲဘာထူးလို့တုန်း ဆိုတော့ ။ အခြားအခြားသောနိုင်ကံများရဲ့သမိုင်းကြောင်းက မှတ်တမ်း တင်ပုံခြင်းကွဲပြာနေမယ်လို့ယူဆလို့ပါ။ ဘယ်လိုကွဲပြားတာတုန်းဆိုရင် တော့နည်းစုံ လိမ်တယ်။ လိမ် လို့မရရင် မှေးမှိန်အောင် လုပ်တယ်။ ဒီလိုနည်းစုံပေါင်းမြောက်များစွာနဲ့ သမိုင်းကို အစိုးရအစဉ်အဆက် လိမ်ညာ ဖျောက်ဖျက်မှေးမှိန်လာအောင်လုပ်ကြတော့ မြန်မာ့သမိုင်း ဆိုတာမှာ လူသက်သေအထောက်အထား မှတ်တမ်းမှတ်ရာအထောက်အထား ကျန်လေ့မရှိပါဘူး။ ဒီတော့ မှော်ဘီဆရာသိန်း လို ပါစပ်ရာဇဝင်ကိုပဲ တခါတလေ အားကိုးရပါတယ်။ ဒီတော့ ကျတော်ပြောချင်တာက သမိုင်းတခု ရဲ့ တရားဝင် အထောက်အထား (ရှိခဲ့ရင် ) နဲ့ ပါးစပ်ရာဇဝင် သိရှိခဲ့သူ ဒီရွာသူား များထဲမှာရှိခဲ့ရင် ကျတော်သိချင်လို့ပါ။ ဒါကတော့ အမှတ်တမဲ့တွေ့လိုက်ရတဲ့ ဖေ့ဘုတ်ထဲက ပိုစ့်တခုကို တွေ့လိုက်ရလို့ ဒီပိုစ့်ထဲက အကြောင်းအရာ တခုကိုစိတ်ဝင်စားမိလို့ပါ။ ဒီပို့စ်ကတော့ […]


ဒီနှစ် သင်္ကြန် ပိတ်ရက်ရှည် မှာ ရွာ မှ ဆွေတော် မျိုးတော်များမှ မဖြစ်မနေပြန်လာခဲ့ကြရန် အမှာ ရှိနေ၍ ပြန်ဖြစ်ဖို့ အလေးသာနေပါသည်။ ယခင် ယခင် လွန်ခဲ့သောလေး ငါး ခြောက် နှစ်ခန့်ကသွားခဲ့သလို အလုပ်ကိစ္စမပါပဲမိသားစု ပြည်တော်ပြန် ခရီးစဉ်မျိုးဖြစ်သည်။ ကျတော်တို့နေထိုင်ရာ ဒေသ အကြောင်း ခရီးသွားပို့စ် ရေးချင်ပါသော်လည်း ရေးအုံးမည် ဟူသောအကြံမပါ ခရီးသွားခဲ့ရ၍မရေးနိုင်ခဲ့။အလုပ်ကိစ္စသည်သာ ဦးစားပေးဖြစ်၍ အခြား လေ့လားစရာများ ဖော်ပြပေးစရာခေါင်းထဲမကျန်ရစ်။ ဓါတ်ပုံလဲ မရိုက်ခဲ့ရ။ ယခု တခေါက် ထွက်ဖြစ်မည် ဆိုပါက ပို့စ်တင်နိုင်အောင်ကြိုးးခဲ့ပါမည် ဟု ကြံစည်ထားပါသည်။ ရွာထဲမှ မိမိသိလိုသော အကြောင်းအရာများကို မန့်ပေးခြင်းအားဖြင့် ပိုစ့် ကို ပြည့်စုံစေ နိုင်မည်ဟု မျော်လင့်မိပါသည်။ ခရီးသွားပိုစ့် မျိုး မရေးဘူး၍လိုအပ်သည်များ […]


မကြာမီ ၂၀၁၃ သည် အတိတ်ဖြစ်တော့မည်။ မကြာမီ ၂၀၁၄ သည် ပစ္စုပ္ပန်ဖြစ်တော့မည်။ မကြာမီ ၂၀၁၅ သည် အနာဂတ် ဖြစ်တော့မည်။ အတိတ်သည်၎င်း ပစ္စုပ္ပန်သည်၎င်း အနာဂတ်သည်၎င်း ကျတော်တို့ ဖြတ်သန်းခဲ့မည် ရောက်ရှိလာမည် မျော်ကြည့်ရမည်။ နိုင်ငံရေးအမြင်ဖြင့်မြင်ကြည့်ပါလျှင် တစ်ဦးနှင့်တစ်ဦး တစ်ဖွဲ့နှင့်တစ်ဖွဲ့ ကြည့်မြင်သုံးသပ်ပုံခြင်းမတူနိုင်။ သို့သော်တူညီသော မျော်လင့်သော တောင့်တသော အချက်မှာကား ယေဘုယျအားဖြင့် ခြုံလိုက်ပါကတူညီမည်ဟု ယုံကြည်ပါသည်။ထိုအချက်ကား ၁။ အစိုးရမဟုတ်သော သို့ အာဏာလက်ဝယ်မရှိသော နိုင်ငံရေး တက်ကြွလူပ်ရှားသူ များ အားလုံး၏ ရည်မှန်းချက်ပန်းတိုင်သည် စစ်တပိုင်းအစိုးရ လုံးဝဥဿ ုံ ပြုတ်ကျရေးသည်သာ ဖြစ်သည်။ ၂။ အပြန်အလှန်အားဖြင့် လက်ရှိ အာဏာရ စစ်တပိုင်းပါတီသည် နိုင်ငံရေးလူပ်ရှားသူအားလုံ၏ ရည်မှန်းချက်ကို အထက်ပါအတိုင်း ရှု့မြင်ပြီးဖြစ်၍ မဖြစ်မနေ […]


ခုတလော အိမ်နီးချင်း ရင်းချာကြီး ဆီက တော့ပွဲ အတော်ဆူနေပြီ။ ဒါဘဲ ဒီမိုကရေစီဆိုတာပြသလိုပဲ။ စစ်ဌာနချုပ်ထဲ ထိ တောင် အေးအေးချမ်းချမ်း ဝင်လိုက် ထွက်လိုက်လုပ်နေလေရဲ့။ ကျုပ်တို့အတွက်တော့ ထူးဆန်းပါပေ့ ဆရာ တွတ်ရေ အဖြစ်ပဲ။ ဟိုတရုတ်မကြီးဆိုလား ဘာလားကတော့ အမတ်အရေ အတွက်အားကိုးနဲ့အသက်ဆက်နေ နိုင်တုန်းပဲ။ သဘောကောင်းတဲ့ ယိုးဒယားသားတွေဘယ်လို ဖြစ်ကုန်ပါလိမ့်။ ပြုတ် မပြုတ် ကျုပ်တော့ လောင်းလိုက်ချင်ပါရဲ့။ အဟီးးးးးးးးးးးး


တခုခု ဖြစ်ပြီးဆိုသည်နှင့် အမျိုးသမီးများ ထံမှ ကြားကြားခဲ့ရငည်။ ” ဖြစ်မှာပေါ့ အေး.………။ ချိတ်ချိတ်ချင်း ချိတ်မိတာ မဆန်းပါဘူးအေး” ။ တခါတရံအမျိုးသား များထံမှလည်းသည်လိုကြားရတတ်ပြန် သည်။” ဒီကောင်တွေက မြွေမြွေချင်း ခြေ မြင် တယ်လေ။” သည်လိုနဲ့ကျတော်တခုစဉ်းစားမိသည်။ ကွေးကောက်နေ သော သံချောင်းများကို ပုံးတခုထဲထည့်၍လူပ်ကြည့်မည်။၁မိနစ် ခန့်ပဲလူပ်ကြည့်မည်။ပြီးရင် အဲဒီထဲက တ ချောင်းထဲသာ ကိုင်၍ မထုတ်ကြည့် လျှင် ဘယ်လိုဖြစ်မလဲ။ တခုနဲ့တခုညှိ ပြီး အကုန်နီးပါး ပါလာမည်ထင် သည်။ နောက် ဖြောင့်စင်း နေ သောသံချောင်း များကို ပုံးထဲပြန်ထည့်ပြီး တရက်လောက် မနားမ နေ လူပ်ကြည့်မည်။ပြီးလျှင် အထက်ပါအတိုင်း တ ချောင်းထဲကို ကိုင်၍ ပြန် မထုတ်မည်။ ဘယ်နှစ်ချောင်း […]


ဒီအက်ဆေးမှာ ခရိုနီစီပွားရေးလုပ်ငန်းကြီးထွားနေခြင်းဟာ စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုကို နှောင့်နှေးစေကြောင်းနဲ့ ခရိုနီ စီးပွားရေးရဲ့သဘောသဘာဝတွေကို အနည်းငယ် အကျဉ်ချုံး တို့ထိထားတဲ့ အက်ဆေးပါပဲ ။ ခရိုနီစီးပွားရေးလုပ်ငန်းဟာ ဖွံ့ဖြိုးဆဲနိုင်ငံတွေမှာ စီးပွားရေးစနစ်ကို ထိရောက်အောင်မလုပ်ပေးနိုင်ဘူးဆိုတာ အထူးပြောဖို့ မလိုဘူး ။ ခရိုနီ စီးပွားရေးရဲ့သွင်ပြင်တွေအပေါ်မှာ နားလည်ထားမှသာလျင် ကျွန်တော်တို့ဟာ ခရိုးနီစီးပွားရေးလုပ်ငန်းတွေအပေါ်မှာ ဝေဖန်ပိုင်းခြားနိုင် ရှောင်ရှားနိုင်မှာဖြစ်တယ် ။ခရိုနီစီးပွားရေးလုပ်ငန်းရဲ့ သွင်ပြင်ဆိုတာကိုနားလည်ဖို့က – ခရိုးနီးစီးပွားရေးဘာကြောင့် အသက်ဝင်လာရသလဲ – ဘာကြောင့် ခရိုနီစီးပွားရေးဟာ စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုကို နှောင့်နှေးစေသလဲ – တကယ်လို့ ခရိုနီစီးပွားရေးဟာ စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုကို နှောင့်နှေးစေပါတယ်ဆိုရင် ဘာကြောင့် ခရိုနီ စီးပွား ရေးဟာ အချိန်ကာလကြာမြင့်စွာတည်ရှိနေရသလဲ ။ – နောက်ဆုံး ဘယ်လို အခြေအနေမျိုးတွေမှာ ခရိုနီစီးပွားရေးတွေ ပုံသဏ္ဌာန်ပြန်လည်ဖွဲ့စည်းပြီး နေရာယူလာနိုင် သလဲဆိုတာတွေအပေါ် နားလည်းထားဖို့လိုမယ် […]


ရွာ ကြီး အဆင့်မှ မြို့အဆင့်သို့ တိုးမြှင့်လိုက်ခြင်း နှင့်အတူ ပထမဦးဆုံး မြန်းကဇက် လျှပ်စစ် ဝန်ကြီး ခန့်အပ်လိုက်သည်။ အဆိုပါ ခန့်အပ်ခြင်းခံရသောလျှပ်စစ် ဝန်ကြီးမှာ ဦးခန့် ဆိုသည့် ပုပ်ကို ဖြစ်ပါသည်။ခန့်အပ်အပြီး မြန်းကဇက်မြို့သူ မြို့သများအားပြောကြားရာတွင်- “ဟုတ်ကဲ့ ကျတော့်လက်ထက်မှာ မီးအားမှန်မှန်နဲ့တယူနစ် တကျပ် နုံန်း နဲ့ မြန်းကဇက် မြို့သူ မြို့သား များကို သုံး စွဲနိုင်အောင်ကြိုးစားပေးသွားမှာပါ။ ယခုလောလောဆယ်တော့ လက်ရှိနုံန်းထားအတိုင်းမပြောင်းပဲဆက်ကောက်ခံအုံးမှာပါ။ မြို့သူ မြို့သားများအလင်းရောင်အောက်မှာဘဝတွေတိုးတတ် စေဖို့ ဆန္ဒပြုပါတယ်” ဟူ၍ ပြောကြားသွားပါတယ်။ ၎င်း၏ ရာထူးနှင့်ပါတ်သတ်၍အတိုက်အခံများ ဝေဖန်မူ့များ ရှိလာနိုင်ကြောင်း မြို့သူ မြို့သား များတချို့ ထံမှ ကြားသိရကြောင်း မကြာမှီ မြို့ကောင်စီဥက္ကဌ မှလည်း အသိပေး ရှင်းလင်း ပြောကြားမည်ဖြစ်ကြောင်း […]


အခုလက်ရှိ ကျတော်တို့ နိုင်ငံရဲ့ ချမ်းသာကြွယ်ဝမူ့ အဆင့်ဟာ ကမ္ဘာ့ အဆင့် ဘယ်လောက်မှာရှိနေ သလဲ? သေချာတာကတော့ အဆင်းရဲဆုံးနိုင်ငံများ အစုအဖွဲ့ကိုတော့ဦးဆောင်ကောင်းဦးဆောင်နိုင်ပါလိမ့် မယ်။ စီးပွားရေးတိုးတတ်မူ့ညွှန်းကိန်းတွေ အစိုးရ ရဲ့ ရ ရန် ရှိ ပေး ရန် ရှိ တွေ။တဦးချင်းစီရဲ့ ဝင်ငွေ တွေ ငွေကြေးတန်ဖိုးတွေ တိုင်းပြည်ရဲ့ အရင်းအမြစ် သယံဇာတ တွေပြုန်းတီးလာမူ့တွေ စတာ စတာ တွေကိုသုံးသပ် ကြည့်ရင် တော်တော်ကို စိတ်ပျက်စရာ သိမ်ငယ်စရာ ရှက်စရာကောင်းပါတယ်။ဒီလိုတိုင်းပြည်ဟာ နိုင်ငံတကာ နဲ့ယှဉ်ရင် ပြည်သူတွေရော အစိုးရပါ အင်မတန် ဆင်းရဲ နုံချာ လှပါတယ်။ခင်ဗျားတို့လဲ ကျတော်ထက်ကိုပိုသိလို့ ကျတော်တို့တိုင်းပြည်ရဲ့ အခြေအနေဆိုးကို ကျတော့်ထက်တောင် ပိုသိ ပိုမြင်နိုင်ပါလိမ့်မယ်။ တိုင်းပြည်စနစ်တကျနဲ့တိုးတတ် စည်ပင် လာအောင်လုပ်မယ်ဆိုရင်တောင် […]