မြန်းဂဇက်မြို့ လျှပ်စစ်ဝန်ကြီးခန့်
ရွာ ကြီး အဆင့်မှ မြို့အဆင့်သို့ တိုးမြှင့်လိုက်ခြင်း နှင့်အတူ
ပထမဦးဆုံး မြန်းကဇက် လျှပ်စစ် ဝန်ကြီး ခန့်အပ်လိုက်သည်။
အဆိုပါ ခန့်အပ်ခြင်းခံရသောလျှပ်စစ် ဝန်ကြီးမှာ ဦးခန့်
ဆိုသည့် ပုပ်ကို ဖြစ်ပါသည်။ခန့်အပ်အပြီး မြန်းကဇက်မြို့သူ
မြို့သများအားပြောကြားရာတွင်-
“ဟုတ်ကဲ့ ကျတော့်လက်ထက်မှာ မီးအားမှန်မှန်နဲ့တယူနစ်
တကျပ် နုံန်း နဲ့ မြန်းကဇက် မြို့သူ မြို့သား များကို သုံး
စွဲနိုင်အောင်ကြိုးစားပေးသွားမှာပါ။ ယခုလောလောဆယ်တော့
လက်ရှိနုံန်းထားအတိုင်းမပြောင်းပဲဆက်ကောက်ခံအုံးမှာပါ။
မြို့သူ မြို့သားများအလင်းရောင်အောက်မှာဘဝတွေတိုးတတ်
စေဖို့ ဆန္ဒပြုပါတယ်”
ဟူ၍ ပြောကြားသွားပါတယ်။
၎င်း၏ ရာထူးနှင့်ပါတ်သတ်၍အတိုက်အခံများ ဝေဖန်မူ့များ
ရှိလာနိုင်ကြောင်း မြို့သူ မြို့သား များတချို့ ထံမှ ကြားသိရကြောင်း
မကြာမှီ မြို့ကောင်စီဥက္ကဌ မှလည်း အသိပေး ရှင်းလင်း
ပြောကြားမည်ဖြစ်ကြောင်း သတင်းရ ရှိပါသည်။
8 comments
KZ
November 13, 2013 at 1:27 pm
အဟင်းးးး
ဒါပဲနော်။
နောက်မှ ဖယောင်းတိုင်ထွန်းခိုင်းနေတာတို့
ပိုလျှံတာတွေ ရောင်းစားတာတို့မလုပ်နဲ့နော်၊။
Wow
November 13, 2013 at 1:57 pm
မီတာဘေကို မီးပျက်တဲ့အချိ်န်လာမပေးနဲ့နော် :kwi:
TNA
November 13, 2013 at 2:06 pm
အရေးကြီးတာ ခရိုရောင်စုံတွေလက်အပ်ပီး ရှယ်ယာခွဲမစားဖို့ပါပဲ။ ချင်းလင်းချက်ထုပ်ပေးဘာရန်
Khant Khant
November 13, 2013 at 2:11 pm
အားလုံးပဲနော်
ဒီမှာ ဒီဝန်ကြီးက အမှန်အကန်မို့
မြို့သူ မြို့သားများ မီးမှန်မှန်ရ။မီတာခကသက်သာမို့
စိတ်အပူအပန်မရှိ
လျှပ်စစ်ဝန်ကြီး ဦးခန့် တယောက်
အေးအေးဆေးဆေး
ဂေါက် ရိုက်
နေ
ပါ
ကြောင်းးးး
မဟာရာဇာ အံစာတုံး
November 13, 2013 at 2:14 pm
ဟက်ကောင် …
ရေတောင် အလဂါး သောက်ရရင် တန်ဖိုး မတိဘူးတဲ့ကွ …
ဒါဂျောင့် ….
များများသာ ကောက်ကွ ….။
ပုံ ….
မြို့ အုတ်ကထဂျီးးး
ပလော်ဖက်ဆာ ဒေါက်တာ အံချာဒုံး
Khant Khant
November 13, 2013 at 3:34 pm
မြို့သူမြို့သားတွေ ကြားကြတယ်နော်
ကျုပ်ကငွေသံကြားရင် စိတ်က ခိုင်တာမဟုတ်ဘူး။
ဈေးတတ်ရင်
ဆရာအံ ဆီမှာဖယောင်တိုင်ထွန်းကြ
alinsett
November 14, 2013 at 2:54 pm
ကိုယ့်ဘာသာ အစိုတင်သွင်း
ကိုယ့်ဘာသာ အတည်ပြုလိုက်တာလားဟင်
🙂
ဦးကြောင်ကြီး
November 22, 2013 at 11:25 am
မြန်းဂေဇက်
စမ်းရေထွက်
သန်းရွှေသမက်
ငန်းမြွေဖက်
နန်းထွေသက်
ကမ်းခြေစပ်
ဒန်းဝေယှက်
ချမ်းပြေဓာတ်..။