မန္တလေး မုန့်တီ ဘဝပျက်သွားခြင်း
## မန်းလေးမုန့်တီ ဘဝပျက်သွားခြင်း###
မန္တလေး လို့ဆိုလိုက်တာနဲ့ ကျနော်စိတ်ကြည်နူးမိပါတယ် ။ ဘာကြောင့်ရယ်မသိ ကျနော် မန်းလေးကိုချစ်တယ် .. ။ အင်း.. ချစ်စရာတွေလည်းရှိခဲ့တာကိုး…. (ပြောမပြဘူး 🙂 )
တဆက်တည်းမှာပဲ မန်းလေးက အစားအစာတွေဆိုသိပ်ကြိုက်တာပေါ့ဗျာ ။ ငယ်ငယ်တုန်းကစားခဲ့ဖူးတဲ့ စိန်ပန်းထဲက အဖွားကြီးရောင်းတဲ့မုန့်တီဆိုရင် အခုချိန်ထိ အိမ်မက်ထဲမှာစွဲနေမိတာ ..။
တရုပ်တန်းညဈေးတန်းမှာစားခဲ့ရတဲ့ ပန်းသေးခေါက်ဆွဲ ၊ ဘုံကျောင်းဝန်းထဲမှာရောင်းတဲ့ ယူနန်ပေါက်စီ ..အခုချိန်ပြန်ရှာရင်တော့ ဟိုးးး…အဝေးကြီးမှာပေါ့ဗျာ …။
ဘယ်ဆိုင်မှာ ဝင်စားစား စားလို့ကောင်းနေတာကတော့ ဘယ်ဒေသမှာနဲ့မှအရသာမတူတဲ့ မုန့်တီ ပါ ..။ ဟုတ်ပါတယ် .. မန္တလေး မုန့်တီကို ကျတော်တို့က နန်းကြီးသုပ်လို့ခေါ်ကြပေမယ့် ရွှေမန်းသူားများကတော့ မုန့်တီ လို့ဘဲခေါ်ပါတယ် ။
မုန်တီမှမစားခဲ့ရင် မန်းလေးကိုမရောက်ခဲ့သလို… မုန့်တီစစ်စစ် အရသာကလည်း မန်းလေးမှာပဲ ရှိတာပါ ။ ယခင်က ရန်ကုန်မှာ နန်းကြီးသုပ်ဆိုင်တွေဘယ်လို့ပဲရောင်းခဲ့ပါစေ .. မန်းလေးနဲ့တော့ ထပ်တူထပ်မျှခံစားလို့မရခဲ့ပါဘူး ။
လက်ရာခြင်းမှမတူတာလေ… ကျနော်သိသလောက် မုန့်တီမှာအဓိက ကပဲမုှန့်ပါ .. ။ အစဉ်အဆက် မန်းလေးက ကုလားပဲမုှန်စစ်စစ်ကို ပေါင်ဒါမုှန့်လို ညက်နေအောင်ကြိတ်ထားလို့ မုန့်တီထဲရောက်ရင် ဆီထဲမှာပျော်ဝင်သွားပါရောလား…
ရန်ကုန်မှာ ပဲမုှန့်အများစုက ကြမ်းရှရှနဲ့ဆိုတော့…. ….
မုန်ဖတ်က တခြား ပဲမုှန့်ကတလွဲ… ဒီကြားထဲ ကြက်သားကိုဟင်းပုံစံချက်ထည့်တာလေ..။
မန်းလေးမုန့်တီမှာတော့ ကြက်သားဖတ်ကို ပြုတ်ပြီးခါွထည့်ထားတာ …
ဘယ်လိုပြောပြော ရောက်လေရာနန်ကြီးသုပ်စားတတ်ပေမယ့် ငယ်ချစ်ဟောင်း မန်းလေးမုန့်တီနဲ့တော့မတူတာအမှန်ပါပဲ ။
ဒါပေမယ့်. …. ကျနော့်အတွက် ရသေ့စိတ်ဖြေစရာဆိုင်တစ်ဆိုင်ကို တွေ့လိုက်ရပါတယ် ။ လွန်ခဲ့တဲ့ ၈ နှစ်လောက်ကတည်းကပါ .. အဲဒီတုန်းက ဆရာစံလမ်းမှာပဲ ဖွင့်သေးတာပေါ့ …
ဪ….သူနံမည်က “မောနင်းစတား”တဲ့ …
ဟုတ်ပါတယ် .. မန်းလေးမှာလည်းနံမည်ကြီးခဲ့ပါတယ် ..
နောက်တော့ ..တရိစာ္ဆန်ရုံဘေး မှာဆိုင်ကြီးဖွင့်လို့ခန့်ခန့်ထည်ထည်ပေါ့ ..
ဒီလို .. ဒီလိုနဲ့ ….ဆိုင်ခွဲတွေဖွင့်လာလိုက်တာ တော်ဝင်စင်တာ ပေါ်အထိရောက်လာပါရောလား…
မန္တလေး လို့အသံကြားရင် ရင်ခုန်တတ်တဲ့ကျနော် ……
မုန့်တီလို့ ဆိုလိုက်တာနဲ့ သရေယိုမတတ်ဖြစ်ရတဲ့ကျနော် ….
တော်ဝင်စင်တာပေါ်မှာ မောနင်းစတားကိုတွေ့လိုက်တာနဲ့ ကျနော့်စိတ်တွေထိန်းမရခဲ့ ပါကလား.။
မိန့် မိန့်ကြီးထိုင် ၊ မုန့်တီတစ်ပွဲခတ်လောလောမှာလိုက်ပါတယ် …။
ဟော….ရပါပြီမုန့်တီ ။
ဓတ်ပုံမှာတွေ့ရတဲ့အတိုင်း မုန့်ဖတ်ပေါ်မှာ ပဲပျစ်ရည်တွေဆမ်းထားတာ…
ကိုရီးယားပဲခေါက်ဆွဲကို အားများကျလေသလား မောနင်းစတားရယ် …
မန်းရင်ခွင်က ထွက်လာတာမကြာသေးဘူး မန်းလေးရဲ့ပုံရိပ်.. မန်းရဲ့ထရိတ်မတ် ပြီးတော့ ကျနော့်ရဲ့အသဲနှလုံး မုန့်တီကိုမှ ရက်ရက်စက်စက် ….
ကြည့်ပါဦးဗျာ .. မုန့်ဖတ်ကိုဆီဆမ်း ကြက်သားဖတ်ထည့် ပဲမုှန့်ဖြူး ပြီးတော့ အုန်းနို့ခေါက်ဆွဲဟင်းရည်လိုလိုခတ်ပျစ်ပျစ်ကြီးဆမ်းပေးလိုက်တာ အရသာကတော့ …
လအော့လအယ်နဲ့ ရွှေတောင်ခေါက်ဆွဲလည်းမဟုတ် …
မုန့်တီလည်းမဟုတ်… မောနင်းစတားပဲနန်းကြီးလို့ပဲ အမည်တပ်လိုက်ချင်တော့တယ် …။
ကဲ…….. မောနင်းစတားရေ…
ခင်ဗျားရဲ့ နန်းကြီးသုပ်ကို မန္တလေး မုန့်တီလို့တော့ ဘယ်တော့မှမပြောလိုက်ပါနဲ့ဗျာ …
ကျနော်ချစ်တဲ့ မန်းလေးကိုယ်စား ရင်နာလွန်းလို့ ….
လေးစားလျှက်
မောင်ဆာမိ
43 comments
KZ
November 13, 2013 at 12:49 pm
အနော့ကို လွမ်းအောင် ဖန်လေရော့သလား ဆာဆာရယ်။
အစားအသောက်ဆိုတာတော့ ဆန်းသစ်ရတယ် ဆိုတာမှန်ပေမဲ့ ပြင်လွန်းသွားရင်
စိတ်မှာ စွဲနေတဲ့ အတိတ်အရိပ်လေးတွေ ပျောက်သွားတာပေါ့။
အဲဒီ အခါမှာ တို့တုန်းက မန်းလေး နဲ့ မတူတော့ဘူးဆိုတာမျိုးဖြစ်တတ်တယ်။
ဘာပဲပြောပြော ကိုယ့်မန်းလေးကို ချစ်တယ် ဆိုတဲ့ လူဂျီးတစ်ယောက်ကို ပိုချစ်သွားသလိုပါပဲလေ၊
ဟိဟိ
:chit:
surmi
November 13, 2013 at 12:59 pm
ပထမဆုံး အားပေးသွားတာကျေးကျေး ဗျာ 🙂
စာလုံးပေါင်းတွေ မှားတာခွင့်လွှတ်ဗျို့…
surmi
November 13, 2013 at 12:57 pm
အဲဒိ ဆိုင်တစ်ဆိုင်တည်း ထွင်တာထင်ပါရဲ့ဗျာ..
တရိစာ္ဆန်ရုံဘေးကဆိုင်ကတော့ မူလဘူတ ပါပဲ…
တစ်ပွဲလုံးတော့ကုန်အောင်စားပါတယ်..
ညအထိအစာမကျေဘူး…
စိတ်ထဲလဲ မရိုးမရွနဲ့….
ဟုတ်ကဲ့…
မန်းလေးကိုလည်း လာခဲ့ပါဦးမယ်
မဟာရာဇာ အံစာတုံး
November 13, 2013 at 1:04 pm
မန်လေးဂ ငယ်ဘွ ဇာတ်လမ်းလေးဂို တိဂျင်ဒယ် ….
မန်းလေးဂို ချစ်တယ်ဆိုတော့ကာ …
မန်းလေးက ဖေဂျီးပေါက်၊ ဥခင်ခ၊ ကပေ၊ ဘဲဥ၊ ဖြဲမ စဒါ စဒါတွေဂိုရော …
ဂျစ်တယ် ဆိုဒဲ့ ဘောပေါ့နော် …
မန်းလေး မုန့်တီတော့ စားဖူးဘူး …
တားဂ နန်းဂျီးသုပ် စားဒတ်ဘူးရယ် … ဟီးးး
surmi
November 13, 2013 at 1:30 pm
ငယ်ဘွ ? မပြောဘူး .. သတ်ချင်သတ်ပလိုက် 🙂
ဘယ်နှယ်မေးပါ့မောင်အံရယ် …
ပြောပြီးပါပကော..မန္တလေး လို့ဆိုတိုင်း မေတ္တာ သက်ဝင်ချစ်ခင်တာပေါ့ …
သက်မဲ့တောင်မှဒီလောက်အစွဲအလန်းကြီးရင် ..
သက်ရှိရွာသူားတွေကို ဘယ်လောက်လေးလေးနက်နက် ခင်မင်မလဲဆိုတာ….
Myo Thant
November 13, 2013 at 1:04 pm
ကျနော်ကတော့ ကသာဆိပ်ကမ်းမှာ စားခဲ့ရတဲ့
မိုးတား မုန့်တီကို လွမ်းပါသည် ၊
ပဒဲကောမှုန့်လေးနဲ့ မွှေး လို့ ၊
ဪ ရွှေကူကို မန်းကနေ ကားနဲ့ချည်းသွားနေတော့
ကသာမရောက်တာ ကြာ ပေါ့လေ ၊
surmi
November 13, 2013 at 1:34 pm
ဦးမျိုးရေ…
မိုးတား(မိုးဒါး) ကိုကြားဖူးပေမယ့် တခါမှတော့မစားဘူးပါဗျာ…
အဲ….
မိုင်းသာမြီးရှည်စစ်စစ်စားချင်ရင်တော့ တံတံားဖြူကန်လမ်းအလယ်လောက်မှာ
ဖွင်ပြီးရောင်းနေတယ်ခင်ဗျ …
ဝက်ဦးနှောက်အနှစ်လေးနဲ့နယ်ပြီးစားရတာ…. ဂွတ်ထ 🙂
kyeemite
November 13, 2013 at 1:37 pm
ကျုပ်ကလည်း ငယ်ငယ်ကနေ ဆယ်တန်းအောင်တဲ့အထိ မန်းလေးနေလာတာ
မန်းလေးသားလိုပါပဲ..နေခဲ့ရသမျှ မြို့တွေထဲ မန်းလေးမှာအပျော်ဆုံးပဲ….
အဲတော့..ထုံးစံအတိုင်း…မန်းလေးမုန့်တီလည်းကြိုက်သပေါ့ဗျာ…
ပြီးခဲ့တဲ့နှစ် မန်းလေးကိုသွားလယ်တော့ …နန်းတွင်းမှာ မန်းလေးမုန့်တီ စားခဲ့ကြသေးတယ်..
အမှတ်တယပေါ့…ရန်ကုန်မှာတော့ မန်းလေးမုန့်တီ ဝယ်မစားဖြစ်သေးဘူး..မကြုံလို့… 🙂
ဒီနှစ်လည်း ထပ်သွားဖို့ ကြိုးစားအုံးမယ် ကိုဆာမိရေ….
surmi
November 13, 2013 at 1:53 pm
ဦးမိုက်ရေ..
ကျနော်ကတော့ ဦးမိုက်လောက်ကြာကြာမနေဖူးပါဘူး ..
လ အနည်းငယ်လောက်ပဲ နေဖြစ်ခဲ့တာ..
တခါတလေ မန်းလေးတောင်အားကစားကွင်း(အခုရှိသေးရဲ့လားမသိ) ရှေ့က အုတ်တံတားမှာ ညည ဂစ်တာတီးခဲ့ဖူးတဲ့နွေညတွေကိုတော့ဖြင့် လွမ်းမိသား…..
surmi
November 13, 2013 at 1:58 pm
မသဲနုရေ…
အာသာပြေ မန်းမုန့်တီနဲ့မြီးရှည်ကို စားကြည့်ချင်ရင်တော့ အလုံအောက်ကြည့်မြင်တိုင်လမ်းပေါ်မှာ ဖွင့်ထားပါရဲ့ဗျာ ..
ယခင်က ငွေစင်ယော်နာမည်နဲ့ ဟဲလ်ပင်မှာရောင်းခဲ့တာပေါ့ ..
TNA
November 13, 2013 at 1:41 pm
တရိစာ္ဆန်ရုံဘေးကဆိုင်ကလဲ အဲလိုတော့မဆိုးပေမဲ့ ဘယ်လိုမှစားမရလို့ ဘယ်လိုဂျီးမှန်းမသိလို့ တပွဲတောင် ကုန်အောင်မစားနိုင်ခဲ့ပါဘူး။ ကားပွဲစားတန်းနားကရွှေပုလင်ကတော့ နဲနဲလေးမဆိုးဘူးလားလို့။ စားလို့ရတယ်ပြောပါတော့။
ကိုပေါက်(မန္တလေး)
November 13, 2013 at 1:44 pm
မန်းလေးကို လာခဲ့စမ်းဘာ
လိုက်ကျွေးမယ်
တစ်ရက် တစ်ဆိုင်
ခင် ခ
November 13, 2013 at 1:54 pm
ကိုပေါက်လိုက်ကျွေးတာကို အဖော်အဖြစ်လိုက်ပြီး
ဧည့်သည်ကို ဧည့်ခံကာ စားပေးမယ်၊
တစ်ရက် တစ်ဆိုင် ပေါ့ဗျာ။
surmi
November 13, 2013 at 2:20 pm
ဗျို့… ဦးခ …
တနင်္ဂနွေ ကမတွေ့လိုက်ရတာနာသဗျာ…
ဒီတခါတော့ကြိုပြောပါဦးနော ..
မန်းလည်းလာဦးမယ် 🙂
Ko chogyi
November 13, 2013 at 8:41 pm
တစ်ရက်တစ်ဆိုင်လိုက်ကျွေးမယ့်သူရယ်၊ အဖော်လိုကြ်ပီးဧည့်ခံမယ့်သူရယ်တော့ တွေ့ပြီ။
လမ်းစရိတ်ဒကာခံမယ့်သူရယ်။ တည်းဖို့ခိုဖို့နေရာပေးမယ့်သူရှိလို့ကတော့
မန်တလေးရွှေမြို့တော်ကြီးကို အလည်လာဦးမှာ။
ကိုပေါက်ရေ နိုဝင်ဘာလကုန်လာဖြစ်မယ်။ ကိုခင်ခလည်းတွေ့ချင်ပါတယ်။
surmi
November 13, 2013 at 2:17 pm
ဟုတ်ကဲ့ပါ အစ်ကိုကြီးပေါက်ရေ..
တကယ်ကို လာဖို့ရှိပါတယ်ဗျာ …
အစ်ကိုတို့နဲ့ လည်းဆုံချင်သလို မရောက်တာကြာလို့ အလည်အပတ်လည်းပါသပေါ့ …
ဒါနဲ့ ..အစ်ကိုလာရင်လည်း ပြောပါဦးနော…
လူလူချင်းမဆုံရသေးပေမယ့် စာတစ်ပုဒ်အတူတူရေးဖြစ်ခဲ့တာလေးကတော့ တသက်စာအမှတ်တရပါဗျာ ။
နောက်တခါ ရေးဖြစ်ဖို့လည်းကြိုးစားပါဦးမယ်နော ..
Wow
November 13, 2013 at 1:55 pm
မုန့်ပန်းကန်ကျိလိုက်တော့ မန်းလေးမုန့်တီမှာ မုန့်ဟင်းရည်တွေဆမ်းထားသလားလို့ ဆိုးလိုက်တာ :buu:
surmi
November 13, 2013 at 2:24 pm
ဒေါ်ဒေါ် Wow ရေ
မြင်တဲ့အတိုင်းဘဲဗျာ..
ဒါကြောင့် .. ဘဝပျက်သွားတယ်လို့ ပြောတာပေါ့ ..
ကောင်းလားဆိုတော့ ..
စမ်းစားကြည့်ကြပေါ့ဗျာ
ဦး ဂျစ်
November 13, 2013 at 2:16 pm
မန်းလေးအကြောင်းရေးကြတော့ လွမ်းမိပါသဗျာ …
လ္ဘက်ရည်ဆိုင် ရှေ့မှာ ဘယ်မြို့မှာမှ မတွေ့ဖူးမိတဲ့ ဆိုင်ကယ်လေးတွေ စနစ်တကျ တန်းစီလို့
စနစ်ကျပါပေ့ ..
တည်းတော့ မိန်းထဲမှာ ဆောင်းတွင်းမို့ ချမ်းလိုုက်တာ တုန်လို့
ပြီးတော့ ကိုရင်ဆာမိပြောတဲ့ မန်းလေးမုန့်တီကိုလဲ လွမ်းရပါသဗျာ ။ :chit:
surmi
November 13, 2013 at 2:32 pm
အဟမ်းးးးး…
ဦးလေးဂျစ် လွမ်းတာမန်းသူလေးရောမပါဘူးလား…
မိန်းထဲမှာတည်းတယ်ဆိုတော့ … 😀
ဦး ဂျစ်
November 13, 2013 at 2:46 pm
မိန်းမ ကယ်ပါ….. အဲ……
မန်းသူလွမ်းရဖို့ အရေးကို ဖယ်ထား
အိပ်ရှင်မက အနားနား တစ်ကောက်ကောက် ပါနေတာမို့ စွေစောင်းလေးတောင် ဟိုဒင်း လုပ်ခဲ့ရပါဘူး … ဟီး
Mr. MarGa
November 13, 2013 at 3:02 pm
မုန့်တီ……..
ငယ်ငယ်ကပေ့ါဗျာ
မနက်စာ အဖြစ် စားခဲ့သပေါ့
ဒါပေမင့်
ခိုတောင်မုန့်တီကို သိပ်မကြိုက်
အခုထိ စားနေတတ်တာတော့
နီးနီးနားနား စိန်ပန်းက ဒေါ်ရင်မုန့်တီပဲဗျာ…….
ပြောရင်းဆိုရင်း ဗိုက်တောင် ဆာလာသလိုလို……..
surmi
November 13, 2013 at 3:27 pm
ကျုပ်လည်း ခိုတောင်မုန့်တီတော့မကြိုက်..
ပါးစပ်ရုှပ်လို့ .. 🙂
ပြောဖို့မေ့နေတာ.. ဈေးချိုတော်က ခနုံထုပ်လေးလည်းသတိယသား …
Mr. MarGa
November 13, 2013 at 3:41 pm
ဟီးးးး ကြားဖူးတာက
ခနုံထုပ်က ယိုးဒယားက လာတယ်ဆိုလား……….
padonmar
November 13, 2013 at 11:21 pm
ဤရွာထဲတွင် ခနုံထုပ် ကျွမ်းကျင်ရှိပါသည်။
သူတို့လက်ရာကောင်းကြောင်း ထောက်ခံပါသည်။
🙂 🙂 :
TNA
November 14, 2013 at 1:23 pm
အားတေးဘူး ခလေးထိန်းနေရလို့တဲ့ အာတီဒုံရေ
အဘ့တကထိပ်ခေါင် အဘဆြာရဲစည်
November 13, 2013 at 3:35 pm
အနော်ကတော့ မုန့်တီဆို ရခိုင်မုန့်တီဘဲကြိုက်တယ်ဗျာ …. စာရိုက်ရင်း သွားတွေချဉ်ပီးလာတယ် .. ဂလု
မန်းလေးရောက်ဖြစ်ရင်တော့ မုန့်တီနဲ့ ခိုတောင်မုန့်တီကို သိပ်မစားဖြစ်ဘူး …
ကျနော်ကြိုက်တာက ကြာဇံကြော်နဲ့ ငါးအရေခွံကြော် ပြီးတော့ ဆန်ချိုအေး ..
ဟဲဟဲ … ဝက်သားဒုတ်ထိုးကတော့ မပါမဖြစ်ပေါ့ ….
၁၆ကျောင်းထောင့်က မြင့်လွင်ဒုတ်ထိုးကတော့ စားနေကျ
ပြောရင်းပြောရင်း သရည်ယိုလာပီ ….. ဒါဗြဲ
surmi
November 15, 2013 at 8:45 am
အဘထိတ်ခေါင် ခင်ဗျ… 🙂
ရခိုင်မုန့်တီဆိုရင်တော့ ဧကန္တ မင်းလမ်းဆိုင်စားနေကြထင်ပါ့ …
အရီးခင်
November 13, 2013 at 5:29 pm
ဝုတ်ပ ကဆာမိ။
ထွင်ချင်လဲ ထွင်ပါ။ ဒါပေမဲ့ နာမည် ပြောင်းပြီး ထွင်ပေါ့ နော။
ပုံကို စကြည့်ရတော့ အုန်းနို့ခေါက်ဆွဲ မှတ်နေတာ။
အဲလာ မုန့်တီ မဟုတ်မှန်း ကျွန်မတောင်သိတယ်။ 😛
surmi
November 15, 2013 at 8:51 am
အရီးရေ…
မြန်မာစကားပုံလေးကြားဖူးသားဗျာ
သူများထက်ထူးပြီးနှဖူးပေါ် ခြေထောက်ပေါက် ဆိုလား…. 🙂
padonmar
November 13, 2013 at 11:36 pm
၉တန်းအောင်တော့ နွေရာသီ မန်းလေး တက္ကသိုလ် လေ့ကျင့်ရေးတပ်ထဲ ၁လလောက် နေခဲ့ဖူးတယ်။
မန်းလေးက အုန်းသီးခြစ်ပါတဲ့ ဖွာလူဒါ ကြိုက်တယ်။
ကျန်တာတော့ လာလည်ရင် ကြွေးတာလိုက်စားဖို့ မှတ်သွားမယ်။
surmi
November 15, 2013 at 8:53 am
အစ်မပဒုမ္မာရေ…
စပွန်ဆာရှိရင်တော့ မန်းကိုတစ်ခေါက်လောက်သွားချင်သားဗျ ..
ဟိုမှာလိုက်ကျွေးမယ့်သူတွေကအဆင်သင့်လေ 🙂
kai
November 14, 2013 at 4:53 am
ကိုပေါက်ရေးထားပြီး.. ပုံနှိပ်ထုတ်လိုက်တဲ့မန္တလေးကစားသောက်စရာတွေအကြောင်းမှာ.. မုန့်တီအကြောင်းသေသေချာချာပါတယ်..
ဆိုင်တကာလှည့်စားပြီးရေးပုံပဲ..။
ကိုပေါက်ကိုသာကပ်လိုက်ပေတော့ဗျို့..
အပူ..။
ဆိုတော့…
မြန်မာ့စားစရာတွေမှာ ပြဿနာတခုက.. စတင်န်းဒတ်မရှိတာပါပဲ..။
စားဖိုမှုပညာရှင်တွေကလည်း.. အလေးချိန်နဲ့..ဂရမ်နဲ့..သတ်သတ်မှတ်မှတ်မလုပ်…
အစိုးရကလည်းအားမပေးနဲ့…
အခုလို… လအော့လအယ်.. လပျော့လဗြဲအခြေအနေတွေမြင်ရလေသတည်းပေါ့…
ပြောလို့သာပြောသာ..
ကိုယ်ရေးနေတဲ့.. ဇော်ဂျီဖေါင့်တောင်..စတင်းဒတ်မဟုတ်တဲ့အပြင်… ဇော်ဂျီကို အင်္ဂလိပ်လိုရေးတော့.. Zawgyi တဲ့…။
ဇော်ကြီးဖြစ်နေသလိုလို…
အနိစ္စ…
surmi
November 15, 2013 at 8:58 am
အဲ…အဲ … သဂျီးပြောသလိုဘဲ
ဟင်းချက်နည်းစာအုပ်တွေမှာလည်း အများစုက သင့်သလိုကြည့်ထည့် လို့ဆိုတာချည်းပဲ…
ကိုပေါက်နဲ့ကိုခ ကိုတော့ အမိဖမ်းထားပြီဗျို့ …..
ဟိုသဂျား ကိုလည်း လမ်းပြလုပ်ခိုင်းရဦးမယ်
ဦးကြောင်ကြီး
November 14, 2013 at 9:51 am
မန်းလေးမုန့်တီ
ပန်းသေးတလုပ်နီ
ကမ်းဝေးတုံ့ချီ
ဖမ်းပေးလုပ်မည်။။
surmi
November 15, 2013 at 9:02 am
မဖမ်းပေးဘူး..
လုပ်မှာစိုးလို့ :hee:
လုံမလေးမွန်မွန်
November 14, 2013 at 10:00 am
မန်းလေးက နန်းကြီးသုပ်ကောင်းတယ်လို့ ကြားဖူးတာ..ဘယ့်နှယ် မုန့်တီ လဲလို့စဉ်းစားနေတာ…
အနော်က မုန့်တီဆို ရခိုင်မုန့်တီပဲ မျက်လုံးထဲမြင်တာလေ… 🙂
မန်းလေးကို သံယောဇဉ်ကြီးတဲ့ အူးဆာကို မန်းလေးသားတွေက ချစ်နေတော့မှာပဲ….
ဒါနဲ့ ရန်ကုန်သား နဲ့ မန်းလေးသူ ဇာတ်လမ်းလေးများ မရှိဝူးလားဟင်င်င်..
surmi
November 15, 2013 at 9:07 am
လုံမလေး နဲ့ အလက်ဆင်း
ကျုပ်ကို အချွန်နဲ့တော့မနေပြီထင့်
ဘာဇတ်လမ်းမှမရှိပါဘူးကွယ်… နောက်တာ 🙂
မန်းလေးက်ိုက နေလည်းခဏနေဖူးတော့ သံယောဇဉ်ဖြစ်တာပါ..
အပြင်မှာသေသေချာချာပေါင်းကြည့်ရင်လည်း တကယ်ခင်ဖို့ကောင်းတာသိရမှာပါ ..
ရွာထဲမှာတောင်ဘယ်လောက်ခင်စရာကောင်းလည်းဆိုတာ …
alinsett
November 14, 2013 at 1:09 pm
ကျွန်တော်သာ ဆိုရင်တော့
မန်းလေးကို ချစ်တဲ့အကြောင်း
ချစ်စရာာအကြောင်း ရှိခဲ့တာတွေကို
ပြောပြမှာပဲ
🙂
မောင်ဘလိူင်
November 15, 2013 at 11:48 am
သဂျီး ပြောသလို စတင်းဒတ် မရှိတာ ထားပါဦးဗျာ။ တော်တော့်ကို ဆိုးဆိုးဝါးဝါး ထင်ရာ
လျှောက်လုပ်ပြီး နာမည်တပ်တာတော့ လွန်တယ်။ ကျွန်တော် ဆို ပြည်ထမင်းသုတ် သွား
စားတယ်။ လာချတော့ ဘာမှန်းမသိတဲ့ ထမင်းသုတ်..။ ဒါဘာလဲ ဆိုတော့ ပြည်ထမင်း
သုတ်တဲ့။အမယ်.. ပြည်သားကို လာပြီး။ ဦးဆာမိ ပြောတဲ့ မောနင်းစတားမှာတော့
မြီးရှည်ပဲ စားဖြစ်တယ်။ အဲဒါတော့ နည်းနည်း စားလို့ဖြစ်တယ် ဆိုရမယ်။
surmi
November 15, 2013 at 11:56 am
ကိုဘလှိုင်ရေ..
ပြည်သားဆိုလို့ ပြောရဦးမယ်
ပြည် ဒေါ်ဥထမင်းသုပ်လည်း အရင်ပြည်မှာတုန်းကလိုမဟုတ်တော့ဘူးလားလို့..
အခု ဗဟိုလမ်းမှာပြောင်းဖွင့်ထားတယ်လေ..
ဈေးကတော့ စပယ်ရှယ်ကြီးပါ့
ခက်တာက တွေ့ရင်မစားပဲလည်းမနေနိုင်ပြန်ဘူး …
အရိပ်စစ်
November 16, 2013 at 3:45 am
ဗိုက်တွေ တကယ် ဆာနေတဲ့ ညနက်သန်းခေါင် ချိန်ကျမှ
ဒီပိုစ်ကို ဖတ်မိတာကောင်းပါဘူး
တိမီးကလည်း မန်းသူ ဟုတ်ပဲ နဲ့
မန်းကို ချစ်တယ် ဘာ လို့လည်း ဆိုတာတော့
အကြောင်းပြချက် ရှိဘူး…
surmi
November 17, 2013 at 9:51 am
အရိပ်စစ်ရေ…
ဗိုက်ဆာရင်ဦးပေါက်နဲ့သာဆက်သွယ်လိုက်ဗျာ…
တစ်နေ့တစ်ဆိုင်လိုက်ကျွေးမယ်တဲ့… 🙂
မန်းချစ်သူတစ်ယောက်ထပ်တိုးလာပြီ …