Customize Consent Preferences

We use cookies to help you navigate efficiently and perform certain functions. You will find detailed information about all cookies under each consent category below.

The cookies that are categorized as "Necessary" are stored on your browser as they are essential for enabling the basic functionalities of the site. ... 

Always Active

Necessary cookies are required to enable the basic features of this site, such as providing secure log-in or adjusting your consent preferences. These cookies do not store any personally identifiable data.

No cookies to display.

Functional cookies help perform certain functionalities like sharing the content of the website on social media platforms, collecting feedback, and other third-party features.

No cookies to display.

Analytical cookies are used to understand how visitors interact with the website. These cookies help provide information on metrics such as the number of visitors, bounce rate, traffic source, etc.

No cookies to display.

Performance cookies are used to understand and analyze the key performance indexes of the website which helps in delivering a better user experience for the visitors.

No cookies to display.

Advertisement cookies are used to provide visitors with customized advertisements based on the pages you visited previously and to analyze the effectiveness of the ad campaigns.

No cookies to display.


ေမာင္ရိုးApril 15, 20181min6303
#နွေ . . နွေဟာ တစ်ကိုယ်တော်အစွမ်းနဲ့ခတ်တင်းတင်းခေါင်းမော့နေချိန်မှာ ဖြုတ် ကနဲကြွေသွားတဲ့ရွက်ဝါတစ်တခုကတိုးတိုးလေးပြောသွားတယ် . . ” နောက်တစ်နွေအမီ ငါပြန်လာဦးမယ် . . တဲ့ ” မပွင့်တပွင့်ပြုံးနေတဲ့နွေရဲ့မျက်နှာမှာ ဂုဏ်ယူခြင်းတွေ ကျေနပ်ခြင်းတွေပြည့်နေချိန် … အားတင်းထိုးထွက်လာတဲ့ ငုဝါပန်းတွေကတော့ ” မိုး မလာနဲ့ဦးးးး ငါတို့ပွင့်ဦးမယ်ဆိုပဲ . . ” ရဲရဲတောက်နေတဲ့ သတိ္တခဲနွေရဲ့အရှိန်အဝါအောက်မှာ လမ်းပျောက်နေတဲ့ ပိတောက်တွေကတော့ ရှက်ရွံ့နေတဲ့ ပွင့်လွှာတွေကိုထိန်းသိမ်းလို့ . . . အတာသင်္ကြန်မိုးကို တိတ်တခိုးမျှော်လင့်နေလေရဲ့ . . . ။ ဈန်    


ေမာင္ရိုးJune 14, 20171min133637
#ဗမာဒရိုင်ဘာ . . ခေတ်မကောင်းလို့ ကားမောင်းစားနေရတဲ့ဘဝမှာ အဖြစ်တွေကတော့ ပြော မပြောချင်ဘူးဗျို့ . . သို့သော်လည်း မနေနိုင်တော့ လက်တို့ပြီးကိုပြောရဦးမယ်ဗျာ . . ။ ဒီလိုဗျ . . . ဒီကနေ့ မနက်စောစော ကျုပ်မိတ်ဆွေကြီးတစ်ယောက်က ဖုန်းဆက်ပြီးအကူအညီတောင်းတယ်လေ ။ သူနေထိုင်မကောင်းလို့ ဒီနေ့မနက်လေဆိပ်ပို့ရမယ့် ဧည့်သည်ကို သူ့ကိုယ်စားပို့ပေးဖို့ပေါ့ဗျာ ။ ကျုပ်လည်း ဝမ်းသာအားရခေါင်းညိမ့်လိုက်တယ် . . ဖွတ်ကလိဒင်္ဂ ါးလေးရတော့မှာကိုးးးဗျ ။ ဒါနဲ့ ဟိုတယ်ကို ချိန်းထားတဲ့အချိန်သွား ၊ ပြီးတော့ ဧည်သည်နိုင်ငံခြားသားကိုခေါ်ဆောင်ပြီး လေဆိပ်ကိုမောင်းတော့တာပေါ့ ။ ဒီဘိုးတော်က အတော်လေးတော့ အမေး အမြန်းထူသား . . . ။ လမ်းတလျောက်လည်း ရိုက်လိုက်တဲ့ဓတ်ပုံ […]


ေမာင္ရိုးNovember 11, 20161min5537
** ဟိုတောင်ထိတ်က လွမ်းရိပ်ညို  **   >> ဟိုး .. တောင်ထိပ်မှာ မှိုင်းအုံ့ရွာပြီ သက်ညှာမှုကင်း နင်းဖျက်ခြေမွ သောကမြစ်လျှံ လွမ်း ဒဏ်ရာဖြစ် ချွေရစ်လေတော့ ကြွေလေတော့နော် …. ။   >> မှန်းမျှော်အတိတ် ညအိုရိပ်မှာ စိုးထိတ်ရင်ခုန် ချစ်ပုံပြင်များ မှုန်ဝါးလေလွင့် ရော်ဝါရင့်ကြွေ မြေခ စေပေါ့ ရှိစေတော့နော် …. ။   >> ဒီလိုပဲလေ ပျိုရွယ်နေစ ကာလများစွာ ဝေးကွာမှိန်ဖျော့ မေ့လျော့စေချင် ရင်မှာစူးနစ် ဒဏ်ရာဖြစ်တည် ဝတ်မှုန်လည်းကျွမ်း ပန်းလည်းနွမ်းပေါ့ သွားတော့.. အတိတ် ဟိုးးး .. တောင်ထိတ်မှာ မိုးရိပ်တွေလည်း ပြိုပြီလေ …. ။  


ေမာင္ရိုးMay 17, 20161min108417
 ~~ သျှရီ .. နမောဗုဒါ္ဓယ .. ဇေယျတု သဗ္ဗမင်္ဂလံ.. ~~~   အချိန်ကားး .. ခရစ်နှစ် ၂၀၁၆ ခုနှစ် မေလနှောင်းပိုင်း ၂၉ ရက်နေ့ ၊ မြန်တျန့်စံတော်ချိန် ၆ နာရီတိတိ ညီအစ်ကိုမသိတသိကာလ၌ …. လော့အိန်ဂျလိရွာနတ်ကွန်းအပိုင်စား ၊ မြန်တျန့်ဂဇက်သခင် ၊ယက္ခ ၁၀၀ဝ ရုပ်သွင်ဆောင်သော အယာတိုလာခိုင်မေနီ အမည်ရှိသည့် ဘာနုရာဇာဂဇက်ရွာသဂျီးမင်းသည် လက်တစ်ဖက်ကပရီမီယံသေရည်ပုလင်း ၊  လက်တစ်ဖက်က ဂျီသားကျပ်တိုက်တို့ကိုပိုက်ကာ ၊ ငှက်ကုလားအုပ်ကိုစီးနင်းလျှက် ….KK မိုတယ်အနောက်တံခါးမှ မြောက်ကား မြောက်ကားအမူအယာဖြင့် မားမား မတ်မတ်ဝင်သည်ရှိလတ်သော် ……..  သဂျားအမည်ရမောင်မာဃ နှင့်  မေလကဗျာနတ်ကလျာတို့မှ ရွှင်ပျသောအမူအယာဖြင့်ကြိုလေ၏ ။    ပါးစပ်ပရဖွာ ၊ ဂဇက်ရွာချဉ်ဖတ် ၊ […]


ေမာင္ရိုးApril 29, 20161min68611
~~ မီးမပျက်ခင် ညအိပ်ယာထဲဖတ်ဖို့ပါ  ~~ . . . . . ***  ခေါင်းကြီးသရဲ *** . . တခါကပေါ့ဗျာ … ဒီအကြောင်းတွေကိုပြန်ပြောဖို့စဉ်းစားတိုင်း ကျုပ်ရင်တွေ တဒိတ်ဒိတ်နဲ့ လှုပ်ရှားနေတုန်းပါဘဲ… ခင်ဗျားတို့ဘဲစဉ်းစားကြည့်လေ … ဘယ်လောက်သတိ္တရှိတယ်ဘဲဆိုဆို သရဲသဘက်နဲ့ထိတ်တိုက်တွေ့ဖူးရင်တော့ သေးထွက်ကျမတတ်ကြောက်မိမှာဘဲဗျ ။ အခုလည်း ကျုပ်လိုရွာလူမိုက်တောင်မှ ပုဆိုးကွင်းသိုင်းပြီးပြေးခဲ့ရတယ်ဆိုတော့ တွေးကြည့်ပေါ့ဗျာ ….။   ဒါနဲ့ ခင်ဗျားတို့ကို တစ်ခုပြောဦးမယ် .. ကြောက်တတ်ရင်ဆက်မဖတ်နဲ့နော် ဒီနေရာကနေလှည့်ပြန်တော့ ..။ ပြီးမှ နှလုံးရောဂါရှိသလေးဘာလေးနဲ့ကျုပ်ကိုအပြစ်မတင်ကြနဲ့ဗျို့ ။ ကျုပ်ကတော့ နှစ်ရက်လောက်ကို အပြင်းဖျားသွားရတာဘဲဗျာ … ကဲ ကဲ .. ပြောနေတာကြာတယ် အခုဘဲ ခေါင်းကြီးသရဲနဲ့တွေ့ခဲ့ရပုံလေး စကြဦးစို့ဗျို့ …….။   […]


ေမာင္ရိုးJanuary 8, 20161min66616
ဓတ်​ပုံ …. မူရင်​းရိုက်​ကူးသူ ~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~   ​ မောင်​ဆာမိကား အလွန်​​ပျော်​​နေ​လေ၏ ။ မျက်​မှန်​​လေးတဝင်​းဝင်​းနှင်​့ ​ကော​့​တော့​ကော့​တော့လမ်​း​လျှောက်​ရာတွင်​ ​မြေကြီးနှင်​့ ဖဝါးထိသည်​ဟုပင်​မထင်​ရ ။ ​မြောက်​ကား​မြောက်​ကားနှင်​့ ဘဝင်​​လေဟတ်​​နေ​လေ​တေ့ာသည်​ ။ လမ်​းတွင်​ ​တွေ့သမျှလူအားလုံးကိုလည်​း ​ခေါင်​းတငြိ်​မ်​့ငြိမ်​့နှင်​့ သွားဖြဲပြ​နေ​လေ၏ ။ တစ်​ခုခု​တော့ ထူးခြား​နေ​လေပြီ ။ ​မောင်​ဆာမိ ​စိတ်​​ဖောက်​ပြန်​သွား​လေပြီလား ???? သို့တည်​းမဟုတ်​ … ​အောင်​ဘာ​လေထီ ၁၅ကြိ်​မ်​ဆက်​တိုက်​​ပေါက်သဖြင်​့ ​ဂေါက်​​ဖောက်​သွား​လေပြီလား ???? . . .   မဟုတ်​ပါ ။ ထီ​ပေါက်​သည်​့အသွင်​​တော့ အနည်​းငယ်​မျှ မရှိပါ ။ လွန်​ခဲ့​သော သုံး​လေးရက်​ကပင်​ သမိန်​ဘလက်​​ချော၏ လက်​ဘက်​ရည်​အလှူပွဲ၌ သုံးခွက်​ဆင်​့​သောက်​၍ ကဗျာလွတ်​ဆွဲခဲ့​သေးသည်​ ။အမတ်​ဒိန်​​မှ အားနာသဖြင်​့ လက်​တို့ယူရသည်​အထိပင်​ဖြစ်​ခဲ့ရသည်​ ။ ဤသို့ဆိုလျှင်​ […]


ေမာင္ရိုးDecember 18, 20151min52110
~~ တစ်​ခါကနှင်​့ သဲထိတ်​ရင်​ဖို ~~   တစ်​ခါကဖြစ်​ပါသည်​ ။ ​မောင်​ဆာမိငယ်​စဉ်​က ဂီတဝါသနာပါခဲ့ဖူးသည်​ ။ ဟို​အော်​ ဒီ​အော်​ အသံ​ကြောင်​ဖြင်​့ ဂစ်​တာတစ်​လုံးအ​ဖော်​ပြုလျှက်​ ရပ်​ကွက်​ထဲ ညစဉ်​နှိတ်​စက်​ခဲ့ဖူးသည်​ ။ ဒင်​ဒင်​ ​ဒေါင်​​ဒေါင်​ဟူ​သော ဂစ်​တာ​ခေါက်​သံကြားရသည်​နှင်​့ အပျို​လေးများမှအစ ၊ အပျိုကြီးအဆုံး အားလုံးတံခါးများပိတ်​ခြင်​းဖြင်​့ ဩဘာ​ပေးကြ​လေသည်​ ။ ​မောင်​ဆာမိကား .. စိတ်​ဓတ်​မကျပါ ။ ​အောက်​ပါသီချင်​းအား အသံ​ကြောင်​ဖြင်​့ဟစ်​​ကြွေးလျှက်​ပင်​ အပြုံးမပျက်​ ….။ “” ~~  အချစ်​ ရှိရင်​ မီး​လေးဖွင်​့ကာ … လက်​ပြစမ်​းပါဗျိုးးးးး ~~~ အချစ်​ရှိရင်​ .. တံခါး​လေးဖွင်​့ကာ လက်​ပြစမ်​းပါဗျိုးးးး … ~~~ ~~~ အချစ်​နဲ့ကျ​နော်​ .. ရီးစားမဖြစ်​ခင်​ .. ရင်​းနှီးထားချင်​လို့ ~~~ […]


ေမာင္ရိုးNovember 29, 20151min65513
## ပျဉ်​မးနား တို့ဟူးချဉ်​သုပ်​ ##   တို့ဟူးသုပ်​လို့ဆိုလိုက်​တာနဲ့အများသတိပြု မှတ်​သားမိတာက​တော့ ကုလားပဲမှုန်​့ကိုကြိုပြီးခဲထားတဲ့တို့ဟူးသုပ်​ပါ ။ ​နောက်​ထပ်​ တို့ဟူးသုပ်​တစ်​မျိုးက​တော့ ရှမ်​းတို့ဟူးသုပ်​ပဲဖြစ်​ပါတယ်​ ။   အခု​ပြောတဲ့တို့ဟူးချဉ်​သုပ်​က​တော့ ​ဒေသတစ်​ခုအတွင်​းမှာသာ စား​လေ့ရှိတဲ့လူသိနဲတဲ့ တို့ဟူးချဉ်​သုပ်​ဘြဲဖစ်​ပါတယ်​ ။ ပျဉ်​းမနားတို့ဟူးချဉ်​လို့ ဆို​ပေမယ်​့ အခုချိန်​မှာ​တော့ ​ရေတာရှည်​နဲ့ ဆွာမြို့​တွေမှာပါ ​ရောင်​းချ စားသုံးကြတာ​တွေ့​နေရပါပြီ ။   မူလတို့ဟူးရဲ့ အရသာကိုက အချဉ်​ဓတ်​ပါပြီးဖြစ်​လို့ မကျီးရည်​ စတဲ့အချဉ်​​ရေ​တွေမထည်​့​တော့ဘဲ သုပ်​ကြ​လေ့ရှိပါတယ်​ ။ တို့ဟူးကို မထူမပါးအ​ချောင်​း​လေး​တွေဖြစ်​​အောင်​လှီးပြီး ခရမ်​းချဉ်​သီးပါးပါးလှီး ၊ ကြက်​သွန်​နီပါးပါးလှီးထားတာန့ ဲ့​ရောလို့သုပ်​ကြပါတယ်​ ။ ကြက်​သွန်​ဖြူဆီချက်​ကိုမသုံးဘဲ ဆီစိမ်​း​မွှေး​မွှေး​လေးနဲ့ ပုဇွန်​ငံပြာရည်​​လေးအ​နေ​တော်​ဆမ်​းပြီး ငရုပ်​သီးစိမ်​း​လေး​တွေလည်​းပါးပါးလှီးထည်​့တတ်​ကြပါတယ်​ ။ကြိုက်​တတ်​ရင်​​တော့ နံနံပင်​တို့ ကြက်​သွန်​မြိတ်​တို့ထည်​့သုပ်​တာ​လည်​း​တွေ့ရမှာပါ ။   ထမင်​းနဲ့စားတဲ့ ဟင်​းလျာတစ်​ခုအဖြစ်​သာမက သွားရည်​စာအဖြစ်​​ရေ​နွေးကြမ်​းနဲ့လည်​း လိုက်​ဖက်​တဲ့အမြည်​းတစ်​ခုပါ […]


ေမာင္ရိုးOctober 16, 20151min94822
    အာပုံ ဆိုတာ ဘယ်လူမျိုးရဲ့ အစားအစာတော့သေချာမသိ ။ မောင်ဆာမ်ိတို့ အရပ်မှာတော့ ကုလားမလေးတွေရောင်းကြသည် ဒယ်အိုးခွက်ခွက်ထဲကို မုန့်ရေများ လောင်းထည့်ပြီးလျှင် ဒယ်အိုးကို ဝေ့ဝိုက်၍ လှည့်လိုက်ခြင်းဖြင့် အထက်ကပုံလို မုန့်ခွက်ခွက်လေးဖြစ်လာသည် .။ ထိုမုန့်အား ကျက်ပြီဆိုလျှင် ကလော်၍ အုန်းနို့နှစ်များဆမ်းပြီးလျှင် သကြားလေးဖြူးကာ စားလိုက်ရလျှင်ဖြင့် ချိုချိုအီအီဆိမ့်ဆိမ့်အရသာလေးအား နတ်စည်းစိမ် ဆယ်သက် တစ်ကယ်မမက်ပါဟုပင် နှိုင်းရမလို …… ။ ထို့ကြောင့် မောင်ဆာမိတစ်ယောက်မှာ အာပုံ ဟူသောအသံကြားလျှင် ပါးစပ်တပြင်ပြင်နှင့် အိန္ဒြေမဆောင်နိုင်အောင်ဖြစ်နေတတ်လေသည် ။   ငယ်စဉ်က …… မောင်ဆာမိတို့ ညကျောင်းတက်၍ ပြန်လာတိုင်း အာပုံတစ်ခု ၂၅ ပြားဖြင့် ဝယ်စားခဲ့ဖူးသည် ။ အာပုံရောင်းသောကုလားမကြီးမှာ မောင်ဆာမိတို့ ရင်းနှီးနေပြီဖြစ်၍ ပိုက်ဆံမပါလျှင်လည်း ” […]


ေမာင္ရိုးJune 28, 20151min71815
      “” ကွီ ကွီ ကွီ ကွီ ………… “”   ဟိုက် ရှာလပတ် !! အိပ်မည်ဆိုကာမှ ဖုန်းမည်သံကြားရပြန်လေသည် ။   ဒီနေ့ တစ်နေ့လုံး လာသမျှဖုန်းတွေအထဲ အနက်စောစောပထမဆုံးဝင်လာသော ကိုကြီးဘလက်ချော၏ ဖုန်းသာလျှင် မင်္ဂလာအရှိဆုံးဖြစ်သည် ။ မင်္ဂလာရှိပေမပေါ့ …… စောစောစီးစီး နံနက်စာအတွက် လဘက်ရည်တိုက်မုန့်ကျွေးချင်သမို့ ကြွတော်မူပါတဲ့ ။ သူ ဒကာခံပါမည် ဟုဆိုသည်မဟုတ်ပါလား …… သည်လိုစိန်ခေါ်လာခြင်းကိုတော့ မောင်ဆာမိတို့က နဲနဲမှ ငြင်းမည်မဟုတ် ။ လာထား …… ပေါ့ကျနှစ်ခွက်ဆင့်သောက်ပစ်လိုက်သည် ။ အသားကင်ပေါက်စီလေးပါ အဆစ်တီးလိုက်သည်မို့ ကိုကြီးဘလက် အတော်လေးတော့နေသာထိုင်သာရှိသွားမည်ထင်၏ ။   ကိုဘလက်ကြီးက စေတနာကောင်းသည် ။မယုံမရှိလေနှင့် […]


ေမာင္ရိုးJune 22, 20151min164725
    *** တားရော့များနှင့် ရွေးကောက်ပွဲ ***     ဘာရယ်တော့မဟုတ် …… SEA Game ဘောလုံးဗိုလ်လုပွဲအတွက် အပျော်တင်လိုက်တဲ့ ပို့စ်မှာ သဂျီးမင်း Kai က နိုင်ငံရေးနဲ့ပါတ်သက်ပြီး တားရော့ကဒ်လေးတွေကို စမ်းသပ်ချင်တဲ့သဘောလေးမန့်ထားတာတွေ့ရပါတယ် ။ အဓိက မေးမြန်းတာကတေ့ာကိုရင်စည်သူ (ခ) စ်ိန်ပလိမ်တိမ် မုန့်ကြိုးလိမ် ကိုပါ ။ အဲ့ဒီမှာ ကျနော်က “” ကျနော့်ဆီက တက်လာတဲ့ ကဒ်လေးတွေကိုရော မသိချင်ဘူး လားလို့မေးလိုက်တော့ ……… သဂျီးမင်းက ကဒ်ကိုတင်လိုက်ပါ တဲ့ ။ သူဟောပါမယ်တဲ့ဗျာ 🙂   ဒီလိုဆိုတော့လည်း မောင်ဆာမိတို့ မသိချင်ယောင် ဆောင်နေလို့မဖြစ်တော့ပေဘူးပေါ့ ။ သဂျီးကိုယ်တိုင် လိုလိုလားလား ဟောပေးမယ်ဆိုမှတော့ စီးတီးမတ်ပြေးပြီး တားရော့တစ်ထုတ်ဝယ်လို့ […]


ေမာင္ရိုးJuly 26, 20141min50116
        နွမ်းမှာစိုး၍ ၊ ပန်းကိုတွေ့လည်း ၊ မနမ်းရဲခဲ့ ၊ ပန်းရဲ့ အထိ ၊ ဆွဲငင်ငြိမှ ၊ အသိနောက်ကျ ၊ ပွင့်လွှာကျကြွေ ၊ နေရစ်လေတော့ ၊ ကြွေလေတော့နော် …………။   လွမ်းမှာစိုး၍ ၊ မြတ်နိုးနှောင်ရစ် ၊ သောကမြစ် လျှံ ၊ ချစ်ဟန်မပြ ၊ တမ်းတချုပ်နှောင် ၊ လမ်းလွှဲရှောင်ထွက် ၊ ခု မှခက်ပြီ ၊ ကြွေလွင့်ပြီမို့ ၊ နေလေတော့နော် …………   ဒီလိုပဲလေ ၊ နွေလည်အိမ်မက် ၊ ရော်ဝါရွက်တို့ ၊ ညှိုးသက်လွင့်ကြွေ ၊ တွေဝေငေးမော ၊ […]


ေမာင္ရိုးMay 14, 20141min107325
မောင်…… မလာသင့်မှန်းသိနေပေမယ့် လှမ်းမိတဲ့ကျမခြေလှမ်းတွေရယ် ပြန်သင့်တဲ့အချိန်ကို မကြည့်မိတဲ့ ဒီ မျက်လုံးရိုင်းတွေရယ် တစ်သက်လုံးသိမ်းဖို့ပေးလိုက်တဲ့ ဥပေက္ခာ တေးသွားတွေရယ် ကျမ …… နားလည်ခဲ့ပါပြီ မောင် ……   မိန်းကလေးက စ မချစ်ရဘူးလို့များ ဒီလောကမှာ သတ်မှတ်ထားသလားမောင်ရယ် …… သံယောဇဉ် ရင်မှာတင်းလေတော့ ချစ်ခြင်းကိုဘယ်လိုတားရပါ့မလဲလေ ……။   ဘက်လိုက်တတ်တဲ့ပတ်ဝန်းကျင်ရယ်၊ လှောင်ပြောင်တတ်တဲ့ မစာနာတတ်သူတွေရယ် ပြီးတော့ သိပ်ရိုးသားတဲ့ မောင်ရယ် ကျမထားရစ်ခဲ့ပါပြီလေ …… ကျိန်စာဆိုးတွေပြေပါစေတော့မောင် …… အပြစ်ရှိတဲ့ကျမ … အချစ်တွေနဲ့ ဝေးပါစေတော့ ……   ့ ~~~~~~~~~~~~~~~~~~~~~~~~~~~~~~   အထက်ပါစာသားတို့သည် ကျနော်ကောက်ယူရရှိခဲ့သော တွန့်ကျေနေသည့် စာရွက်ပိုင်းလေးတွင်ရေးထားသော တဝက်တပျက် စာသားများဖြစ်သည် ။ အဖြစ်က ဒီလို […]