Customize Consent Preferences

We use cookies to help you navigate efficiently and perform certain functions. You will find detailed information about all cookies under each consent category below.

The cookies that are categorized as "Necessary" are stored on your browser as they are essential for enabling the basic functionalities of the site. ... 

Always Active

Necessary cookies are required to enable the basic features of this site, such as providing secure log-in or adjusting your consent preferences. These cookies do not store any personally identifiable data.

No cookies to display.

Functional cookies help perform certain functionalities like sharing the content of the website on social media platforms, collecting feedback, and other third-party features.

No cookies to display.

Analytical cookies are used to understand how visitors interact with the website. These cookies help provide information on metrics such as the number of visitors, bounce rate, traffic source, etc.

No cookies to display.

Performance cookies are used to understand and analyze the key performance indexes of the website which helps in delivering a better user experience for the visitors.

No cookies to display.

Advertisement cookies are used to provide visitors with customized advertisements based on the pages you visited previously and to analyze the effectiveness of the ad campaigns.

No cookies to display.

ဗမာဒရိုင်ဘာ

ေမာင္ရိုးJune 14, 20171min140437

#ဗမာဒရိုင်ဘာ . .

ခေတ်မကောင်းလို့ ကားမောင်းစားနေရတဲ့ဘဝမှာ အဖြစ်တွေကတော့ ပြော မပြောချင်ဘူးဗျို့ . .
သို့သော်လည်း မနေနိုင်တော့ လက်တို့ပြီးကိုပြောရဦးမယ်ဗျာ . . ။

ဒီလိုဗျ . . .
ဒီကနေ့ မနက်စောစော ကျုပ်မိတ်ဆွေကြီးတစ်ယောက်က ဖုန်းဆက်ပြီးအကူအညီတောင်းတယ်လေ ။
သူနေထိုင်မကောင်းလို့ ဒီနေ့မနက်လေဆိပ်ပို့ရမယ့် ဧည့်သည်ကို သူ့ကိုယ်စားပို့ပေးဖို့ပေါ့ဗျာ ။ ကျုပ်လည်း ဝမ်းသာအားရခေါင်းညိမ့်လိုက်တယ် . . ဖွတ်ကလိဒင်္ဂ ါးလေးရတော့မှာကိုးးးဗျ ။
ဒါနဲ့ ဟိုတယ်ကို ချိန်းထားတဲ့အချိန်သွား ၊ ပြီးတော့ ဧည်သည်နိုင်ငံခြားသားကိုခေါ်ဆောင်ပြီး လေဆိပ်ကိုမောင်းတော့တာပေါ့ ။

ဒီဘိုးတော်က အတော်လေးတော့ အမေး အမြန်းထူသား . . . ။
လမ်းတလျောက်လည်း ရိုက်လိုက်တဲ့ဓတ်ပုံ ဗွီဒီယိုဆိုတာ မနားတမ်းပါဘဲ ။
ပြီးတော့ ပါးစပ်ကလည်း ပွစိပွစိနဲ့ ဝေဖန်ရေးလေကန်ရေးတွေလုပ်လာတာ . . ။ကျုပ်ကတော့ မသိချင်ယောင်ဆောင်ပြီး ကိုယ့်ကားကိုဘဲ မောင်းနေရတာပေါ့လေ . . ( အမှန်က ကျုပ် သူ့စကားကိ်ုအပြည့်အဝနားမလည်တာပါ – ဤကားးး စကားချပ် 😀 )
ဒီလိုနဲ့ မီးပွိုင့်တစ်ခုကိုရောက်တော့ မီးစိမ်းရာကနေ ရုပ်တရက်နီသွားပါလေရော . .
ကျုပ်လည်း အားနာနာနဲ့ဘဲ ဘရိတ်နင်းရတာပေါ့လ . .
သူကမေးသဗျ ” မင်းတို့ မီးပွင့်မှာ အချိန်ပြတဲ့စနစ်မရှိဘူးလားတဲ့ ”
” တချို့ပွိုင့်တွေရှိပါတယ် ဒီပွိုင့်ကပျက်နေလို့ပါ ” လို့ ပြန်ဖြေလိုက်ရတာပေါ့ ။
သူကထပ်မေးပြန်တယ် . .
“မင်းတို့ပွိုင့်မှာ လူတွေလမ်းကူးဖို ့အမှတ်အသားလည်း အချက်မပြပါလား ” တဲ့ ။
ကျုပ်လည်း ခတ်တည်တည် နဲ့ပြန်ပြောလိုက်တယ် . .
” မလိုဘူး လူတွေနဲ့ကားတွေက နားလည်မှုရှိတယ် အားလုံးအကျင့်ပါနေပြီ ” လို့ . . .
မကြာပါဘူး . .
မီးပွိုင့်လွတ်တော့ ကျုပ်လည်းမောင်းတာပေါ့လေ .။ အဲ့အချိန်မှာဘဲ ကားရှေ့ကနေ ကောင်မလေးတစ်ယောက်က ဘာမပြောညာမပြောနဲ့ လက်ညိုှးလေးထောင်ပြီး ဖြတ်ပြေးပါလေရော . . .။
ကျုပ်လည်း ဘရိတ်ကိုဖိကြိတ်ရပြန်တာပေါ့လေ ။
ဘေးမှာထိုင်နေတဲ့ ဖေါရိန်းဘိုးတော်လည်း စတုပစ် ဘူုးရှစ်တွေကို ဂါထာရွတ်သလိုမန်းမှုတ်ရင်း ကျုပ်ကိုမေးပြန်တယ် ။
” ဒီလို လုပ်ပြတာဘာအဓိပ္ပါယ်လဲ ” ဆိုပြီး ကောင်မလေးလုပ်သလို လက်ညှိုးလေးထောင်ပြတယ်လေ ။
ကျုပ်လည်း စိတ်ပေါက်ပေါက်ရှိတာနဲ့ ဒီလ်ိုပြန်ဖြေလိုက်တယ်ဗျို့. . . ဟေး ဟေး . .
” အဲ့ဒါ အဓိပ္ပါယ် နှစ်မျိုးရှိတယ် ။ စာသင်ခန်းထဲမှာ သေးပေါက်ချင်ရင် ဆရာမကို အဲ့လိုပြရတယ် ။ဒါဆို ဆရာမက သေးသွားပေါက်ခွင့်ပြုတယ် ။ နောက်တစ်မျိုးက မောင်းလာတဲ့ကားရှေ့ကလမ်းဖြတ်ကူးချင်ရင်လည်း အဲ့လိုပြရတယ် ။ ဒါဆို ဒရိုင်ဘာက ရပ်ပေးကြတယ် ” လို့ . . .
ဘာရမလဲ ဗမာဒရိုင်ဘာဘဲဗျာ . . မေးတဲ့ဖေါရိန်းဘိုးတော် ပါးစပ်ပြဲသွားတာပေါ့ . . 😀
ပြီးမှ ခေါင်းလေးတငြိမ့်ငြိမ့်လုပ်ရင်း . .
” မင်းတို့ အချက်ပြဆက်သွယ်ရေးက အတော်လေး အဆင့်မြင့်တာဘဲ ” တဲ့။
ဗမာဒရိုင်ဘာလေ သိတယ်မှတ်လား ကိုယ့်နိုင်ငံကိုတော့ အထင်မသေးအောင် ဒီလိုကာကွယ်ပလိုက်တာ. . . ။

ဒီလိုနဲ့ ဆက်မောင်းလာလိုက်တာ တက္ကသိုလ် ရိပ်သာလမ်းကနေ ကမ႓ာအေးဘုရားလမ်းပေါ်ဖြတ်တက်မယ်ပေါ့ ။
ကျုပ်က အကြံနဲ့ဗျ ။ တက္ကသိုလ်ရိပ်သာလမ်းမှာ ကျုပ်တို့ရဲ့ကမ႓ာကျော်လူထုခေါင်းဆောင်အိမ်ကိုပြပြီးကြွားမလို့လေ ။
တချိန်က ဒေါ်အောင်ဆန်းစုကြည်အိမ်ကိုဓတ်ပုံရိုက်ဖို့ဆိုတာ အိမ်မက်တောင်မမက်နိုင်ဘူးမှတ်လား ။
ဒါနဲ့ အမေ့အိမ်ရှေ့နားလည်းရောက်ရော ဘရိတ်လေးအသာမှေးပြီး . .
” ကျေးဇူးပြုပြီးလူကြီးမင်းရဲ့ ဘယ်ဖက်ခြမ်းကိုလှည့်ကြည့်လိုက်ပါခင်ဗျာ . . မြင်နေရတဲ့ခြံဝန်းနဲ့အိမ်ဟာ ကျနော်တို့ရဲ့လူထုခေါင်ဆောင်ဖြစ်တဲ့ဒေါ်အောင်ဆန်းစုကြည်ရဲ့အိမ်ပါ . . ”
ကျုပ်ဘေးက ဖေါရိန်းဘိုးတော်လည်း ဓတ်ပုံတွေ တဖြတ်ဖြတ်ရိုက်နေလေရဲ့ ။
ကျုပ်ကတော့ အမေ့မျက်နှာနဲ့ ဒီဘိုးတော်ကို ခတ်ကြွားကြွားလေး လုပ်လိုက်ရတော့ ခေါင်းလေးခတ်မော့မော့ပေါ့ဗျာ ။
ဓတ်ပုံတွေရိုက်ပြီးတော့ ကျုပ်ဘက်ဆတ်ကနဲ့လှည့်ပြီးမေးတယ် . .
” ဒေါ်အောင်ဆန်းစုကြည် ဆိုတာဘယ်သူလဲ ။ သူက ဘာလဲ . ” တဲ့
” ငင် !! ခင်ဗျားမသိဘူးလား ” လို့ဆိုတော့
” NO ” တဲ့
သေလိုက်ပါတော့ လဒကြီးရယ် ကျုပ်ဖြင့် ဘာဆက်ပြောရမှန်းတောင်မသိဘူး ။ဒါနဲ့များ ဓတ်ပုံရိုက်နေသေးတယ် . .
” အဲ့ဒါ ကျုပ်တို့ရဲ့နိုင်ငံ့ခေါင်းဆောင်ဗျ ” လို့ ခတ်ပြတ်ပြတ်ပြောပြီး စကားဖြတ်လိုက်တော့တယ် ။
ဟုတ်တယ်လေ . . ဒီလို ဘူမသိကိုးမသိကောင်ကို ဖဲရိုက်သင်နေရင် လေဆိပ်မရောက်ဘဲ လမ်းမှာတင် မိန်းမရသွားလိမ့်မယ် . . . ။

အဲ . . ပြဿနာက မပြီးသေးဘူးဗျ ။
ကမ႓ာအေးဘုရားလမ်းပေါ်ရောက်လို့ တစ်နေရာလည်းရောက်ရော ကျုပ်ကို လက်ကုတ်ပြီးအရေးတကြီးမေးပြန်တယ် .. ။

” အဲ့ဒါ ဘာကြီးတုန်း ” တဲ့ ။

ကျုပ်လည်း ညာဖက်ကိုလှည့်ကြည့်လိုက်တော့ လမ်းဘေးမှာ ရေအလျူလုပ်ထားတဲ့ရေအိုးစင်ကိုတွေ့ရသဗျ ။ခက်တာက ရေအိုးတွေက ရေညှိတွေတက်ပြီးညစ်ပတ်နေတာပါ။
ပထမတော့ ကျုပ်က လက်ဆေးရေလို့ လိမ်ေ့ပြာဦးမလို့ဘဲ ။ ကျုပ်တို့ကြည့်နေတုန်း လူတစ်ယောက်က ရေခတ်သောက်လိုက်ပါလေရော . . .
ကျုပ်လည်း ခတ်တည်တည်နဲ့ . .
” အဲ့ဒါ သောက်ရေအိုးလေ ။ ဘယ်သူမဆို ရေဆာရင်သောက်လို့ရတယ် . . ”
” အိုးးးးးး ဂေါ့ဖ် . . ”
ဘိုးတော် မျက်လုံးပြူးသွားတယ် ။
သူ့စိတ်ထဲတော့ ဘက်တီးယီးယားတွေ အစုလိုက်အပြုံလိုက်မြိုချနေတယ်လို့ ထင်နေမလားပဲ . .
ကျုပ်လည်း ခတ်ချဉ်ချဉ်ရှိတာနဲ့ . .
” လူကြီးမင်းရော ရေဆာပါသလားခင်ဗျာ . . ” လို့ မေးလိုက်ရော

” အိုးးး နိုးးး နိုးးးး နိုးးးးးး ရေမလိုဘူးးးး ”

ဟဲ ဟဲ သိ်တယ်မှတ်လား ဗမာဒရိုင်ဘာလေ . .
ကျုပ်တို့ ခင်ဗျားတို့ဗိုက်တွေကတော့ ဒီရေအိုးတွေလောက်တော့အပျော့ပေါ့ဗျာ ။
ကျုပ်တို့ နေ့စဉ်သောက်နေရတဲ့ဂျိုးဖြူရေဆိုတာသောက်ပြီးရင် ဘယ်လိုဘက်တီးယီးယားတွေမှ ဒုက္ခမပေးနိုင်တော့ဘူးဗျု့ိ . . . အဟုတ် 😀
.
.
ပွဲကပြီးပြီလားဆိုတော့ မပြီးသေးဘူးခင်ဗျ . .
ကမ႓ာအေးဘုရားလမ်းကနေ ပြည်လမ်းပေါ်ကိုချိုးကွေ့လိုက်တယ်ဆိုရင်ဘဲ ရန်ကုန်မြို့တော်ကြီးရဲ့ ဇတ်လိုက်ကျော်များဖြစ်တဲ့ YBS တွေနဲ့တွေ့ရပါပြီ ။
ပြည်လမ်းတလျှောက် အလုအယက်မောင်းနှင်လာတဲ့ ဘတ်စ်ကားတွေကိုကြည့်ရင်း အဲ့ဒီဘိုးတော်ဓတ်ပုံတွေရိုက်နေပြန်တယ် ။
ကျုပ်လည်း ဒီတခါတော့ကြွားလိုက်ဦးမှ လို့တွေးပြီး . .

” လူကြီးမင်းခင်ဗျ . . ကျနော်တို့ ဘတ်စ်ကားတွေက မကြာသေးမှီကဘဲ စံနစ်သစ်ပြောင်းထားပါတယ် ။ခင်ဗျားကြားဖူးမှာပေါ့ စင်္ကာပူမှာ SBS . . ရန်ကုန်မှာ YBS . . ”
ဟဲဟဲ သိတယ်မှတ်လား ဗမာဒရိုင်ဘာလေ . . .
နဲနဲလေးတော့ ပွတ်ဆွဲလိုက်ရမှ . . 😀
အဲ့ဒီချိန်မှာဘဲ ဘေးကကျော်တက်သွားတဲ့ YBS မီနီဘတ်စ် တစ်စီးကိုကြည့်ပြီး

” မင်းတို့ကားတွေက တော်တော်တော့ စုတ်တယ်နော် ” တဲ့ . .

သေစမ်း !! ခံလိုက်ရပြန်ပြီ ။
ဟုတ်တော့ဟုတ်တယ် . . ပြည်လမ်းမှာဆွဲနေတဲ့ကားတွေက အရင်အဟောင်းတွေခတ်များများ . .
ဒီလိုမှန်းသိရင်ဗျာ . . ကြည့်မြင်တိုင်ဖက်မှာဆွဲနေတဲ့ အမှတ် (20) ဖူတွန် ကားသစ်ကြီးတွေကိုပြလိုက်ချင်စမ်းပါရဲ့ ။
မကြာပါဘူး . . . ဘေးက ကပ်လိုက်လာတဲ့ မင်းသားချောကြီး YBS က ” ငါမအိုသေး ‘” ဆိုပြီး ကျုပ်ကားကိုကျော်တက် ၊ ညာဘက်အစွန်လိုင်းအထိ ဖြတ်ဆွဲပြလိုက်ပါလေရော . . .
ကျုပ်တို့ကတော့အကျင့်ပါနေပြီလေ သိတယ်မှတ်လား . .
ဒါမျိုးမကြောက်လို့ ရွာရိုးလျှောက်နေတာဆိုတော့ . . 😀
ကျုပ်ဘေးက ဘိုးတော်ကတော့ အလန့်တကြားနဲ့

“ဟေးးး . . ဘာဖြစ်တာလဲ ??!! ”

” ဘာမှမဖြစ်ပါဘူးခင်ဗျ . . Tomorrow Never Die ဒုတိယပိုင်းရိုက်ကူးဖို့ လေ့ကျင့်နေတာပါ ”

ဟဲဟဲ . . ဒီလိုလေး ပြောပြီး ခရီးသည်ရဲ့စိတ်ဖိစီးမှုကိုလျှော့ချပေးရတော့တာပေါ့ ။
ကျုပ်ဘေးက ဖေါရိန်းဘိုးတော်ကတော့ ပွစိပွစ်ိနဲ့ လေဆိပ်မရောက်ခင်အထိပြောနေလေရဲ့ ။
ကျုပ်က ဘိုလိုကောင်းကောင်းမတတ်တော့ သူဘာတွေပြောနေမှန်းတော့သေသေချာချာမသိပါဘူးဗျာ . .
ကျုပ်နားထဲမှာတော့ ဘူးရှစ်တွေ စတုပစ် တွေနဲ့ ဒိန်းဂျား တွေကတော့ထောင်းလမောင်းကျေနေတော့တာပါဘဲ ။

** တခါတရံမှာ ကိုယ်ပြောချင်တာလေးအလွတ်ကျက်ထားပြီး သူများပြန်ပြောတာတွေနားမလည်တဲ့ “ဖွတ်စကေး(4 Skills မဟုတ်) လေး ရှိနေတာကပဲ ခတ်ကောင်းကောင်း လို့တွေးရင်း . . . . . ။

 

လေးစားလျှက်
Aung Zay Min Rental Service

 

 

 

 

 

37 comments

  • padonmar

    June 14, 2017 at 8:48 pm

    ရှေ့ဆုံးက နေရာရပါတယ်။
    ဒီဘိုးတော်က ပြန်ပဲ ပြန်ပြီ၊အခုမှ မေးနေရသေးတယ်လား။
    ဒေါ်စုတောင် မသိတဲ့သူကို အဖက်လုပ်ပြီး ပြောမနေပါနဲ့ ဗမာဒရိုင်ဘာရယ်။

    • surmi

      June 14, 2017 at 11:11 pm

      ပြန်လာဦးမှာအစ်မရေ . .
      ပြည်တွင်းထွက်ခွါမှာဆင်းသွားတာ ။
      မြန်မာပြည်ကိုလူဖူးပုံမပေါ်ဘူူး ။
      ရွှေတိဂုံဘုရားကိုလည်း ဘာကြီးတုန်း ဆိုပြီးလုပ်နေသေး ။
      ဘုရားမသ်ိတာကတော့ နားလည်ပေးပါတယ် ။
      သူ့ကြည့်ရတာ တလိုင်းသန်ဖြစ်နေမလားပဲ။

  • ဦးကျောက်ခဲ

    June 14, 2017 at 8:52 pm

    ကိုယ့်နိုင်ငံမှာတော့ ကိုယ့်အရပ်နဲ့ ကိုယ့်ဇာတ်ပဲ…
    ဖော်ရိန်နာများ အလွယ်တကူ နားလည်နိုင်ဖို့ မလွယ်…
    အိန္နိယဒရိုင်ဘာနဲ့ ဖော်ရိန်နာဟာသ “မာလိုးနိမ်း” ဆိုတာ အမှတ်ရမိပါရဲ့…
    ကျနော်နဲ့ဆို မလွယ် ၊ သိပ်အမေးအမြန်းထူရင် ဘုတောချင်စိတ်က အစိုးမရ… :k:

    • surmi

      June 14, 2017 at 11:14 pm

      အမေးထူချက်ကတော့ လက်လန်တယ် ။
      တချို့ဟာတွေ စာလေးမှာစိုးလို့ထည့်မပြောတာရယ်ပြီးတော့တချို့ဟတွေက ပြောမကောင်းလို့ရယ် ။
      ကားမောင်းချိန် တစ်နာရီအတွင်းမှာ သူမေးတာလဲဖြေရသေး ကားမတိုက်အောင်လည်း ပြူးပြဲနေရသေး ဟားဟား

  • aye.kk

    June 14, 2017 at 8:53 pm

    ဗမာဒရိုင်ဘာရဲ ့
    အတွေ့အကြုံတွေက
    သင်ခန်းစာလည်းဟုတ်
    ရယ်စရာလည်းဟုတ်
    အားလုံးကတော့
    ကိုယ့်ဟာကိုယ်ဟုတ်နေကြတာပါပဲ။

    • surmi

      June 14, 2017 at 11:16 pm

      ဗမာဒရိုင်ဘာကို အားပေးတယ် လာ့ :mrgreen:
      ဒါဆို နောက်ထပ် ဗမာဒရိုင်ဘာအခန်းဆက်တွေလာဦးမယ် အန်တီအေးရေ. .
      ကျေးကျေး

  • တောတွင်းပျော်

    June 14, 2017 at 11:41 pm

    အခန်းဆက် မျှော်

    • surmi

      June 14, 2017 at 11:43 pm

      လာမယ် လာမယ် ကိုတောပျော်ရေ :mrgreen:
      မိုးလေးအေးအေးနဲ့ အလုပ်ပါးတုန်းလေး တူးဆွနေရတာ ။

      • aye.kk

        June 15, 2017 at 4:30 pm

        များများလေးတူးဆွပါ
        ဒါမှရွာပိုစည်မှာပါ။

  • ဇီဇီ

    June 15, 2017 at 8:15 am

    ငင့်။
    ဘယ်နိုင်ငံသားဒုန်း??
    အောက်ကြေး ဘာရမတုန်းလောက်သိတဲ့ နိုင်ဂျံဂါးသားပဲ ဖစ်မယ်။
    နိုင်ငံကြီးသားတစ်ယောက်က သူများနိုင်ငံက အရာတွေ စုတ်နေတာမြင်ရင်တောင် စုတ်နေတယ်လို့ ဗျောင်ပြောမထွက်ဖု။
    အာ့လောက် အက်သစ်တောင်မသိဖု။
    :mrgreen:

    ငိငိ။
    ကျော်လည်း ဒီပို့(စ) ထဲမို့ အော်ရဲဒါဘာ၊
    တည့်တည့်တိုးရင် ပြောရဲပေါင်။

    :k:

    • surmi

      June 16, 2017 at 12:42 pm

      အဲ့လူအကြောင်းသိချင်ရင် လွှတ်တော်မတက်တဲ့သူကိုမေးကြည့်ဗျာ :mrgreen:
      ကားမောင်းချိန်တစ်နာရီအတွင်းမှာ ပေါက်ပေါက်ဖေါက်သွားတာအများကြီးဗျ . .
      ဘာဘာ ဘာမှနားမလည်လို့သာ :mrgreenn:

      • sorrow

        June 16, 2017 at 5:33 pm

        သူတို့အလွန်တည့်တယ်ခင်ဗျ.. အဟေးဟေး .. ပြီးတော့လဲ အမှတ်ပေးသွားပါတယ်….အင်မတန်တော်တဲ့လူတွေပါတဲ့ဗျာ …. သိပလား..အာရပ်တွေအကြောင်း…

        • surmi

          June 16, 2017 at 6:02 pm

          အဟေးးးဟေးးး
          သူတို့ချင်းက ဓတ်တည့်ပုံရတယ် :mrgreen:

  • သင့်အေးရိပ်

    June 15, 2017 at 8:26 am

    သားသားလည်း ဗမာဒွိုင်ဗာ ပါပဲ။
    :k:
    ဟိုတလောက သားသားရဲ့ ဘွားတော်က လမ်းပေါ်မှာ
    နှစ်ကျိပ်ရှစ်ဆူဘုရားပွဲ လှည့်နေကြတာကို မြင်ပြီး မေးတယ်။ ဘာလုပ်ကြတာလဲပေါ့။
    ဘယ်လို ပြန် ရှင်းပြရမလဲ မသိ။
    ကိုယ့်ဖွတ်စကေးနဲ့ကိုယ် . . .
    ”ဘုရား ၂၈ပါး လှည့်ပတ် သွားပြတာကို မြင်တဲ့သူတွေက ကြည့်ကြတယ်။ လှူဒါန်းကြတယ်ပေ့ါ။” ဖူးမြှော်ကြည်ညိုကြတယ်ဆိုတာကို ဘိုလို ဘယ်လို ပြောရမယ် မသိသေး။ အဲ့လို ပြောလိုက်တော့ သူက ထပ်မေးတယ်။
    မင်းတို့ ဘုရားက ၂၈ယောက်တောင်လားတဲ့။
    သေရော။
    ဟောင်းတူဆေး အိုင်ဒုန့်နိုး။ အိုင်ခန့်အိတ်စပလိန်း
    စသည်ဖြင့် စကားစအတင်းဖြတ်လိုက်ရတယ်။
    :k:

    • surmi

      June 16, 2017 at 12:45 pm

      ဘာသာရေးပိုင်းဆိုင်ရာမျိုးတွေက အချင်းချင်းတောင်ရှင်ပြဖို့မလွယ် ။
      နှစ်ကျိတ်ရှစ်ဆူအကြောင်းကိုပြောမယ်ဆို ဗမာလိုပြောရင်တောင် မိုးလင်းသွားမယ်ဆိုတော့ . .
      ရှောင်ထားတာကဘဲ အန္တရယ်ကင်ပါတယ်လေ :mrgreen:

  • Novy

    June 15, 2017 at 10:07 am

    ဒါကြောင့် ဗမာဒရိုင်ဘာကြီးကားကို သဘောကျနေတာထင်ပါရဲ့

    • surmi

      June 16, 2017 at 12:46 pm

      သဘောကျရင် အော်ဒါများများပေးဘာာာ :mrgreenn:

  • Shar Thet Man

    June 15, 2017 at 4:01 pm

    ဖြစ်တတ်ပါတယ်

    • surmi

      June 16, 2017 at 12:47 pm

      ဟုတ် . . ဟုတ်
      အဲ့ဒီလိုဘဲမှတ်ယူပါတယ် 🙂

  • kai

    June 15, 2017 at 4:14 pm

    အယ်လ်အေမှာလည်း.. အချိန်မပါတဲ့မီးပွိုင့်တွေချည်းပါပဲ..။ ဘယ်နှာမီးပွိုင့်က အချိန်ပါထည့်ရတာဖြစ်တာတုံး..။
    နောက်ဆိုပြောလိုက်.. အမေရိကားအတိုင်းပါပဲလို့စ်..။
    ဆိုတော့..
    နိုင်ငံခြားသားက.. ဒေါ်စုမသိတာမဆန်းပါဘူး.။
    အမေရိကန်တွေထဲ.. ယူအက်စ်သမ္မတဘယ်သူဆိုတာမသိသူ.. တော်တော်များတာမှာ.. ဒုသမ္မတများသွားမေးလို့ကတော့.. ကောလိပ်ကျောင်းမှာတောင်.. ၅၀% ရှိပါ့မလားမသိ…။ :k:

    • ဦး လေး မန်း

      June 16, 2017 at 10:01 am

      ဟင်​းဒါ​ကြောင်​့ သူကြီ​း​နေတဲ့နိ်​င်​ငံ မတိုးတက်​တာ။

    • surmi

      June 16, 2017 at 12:57 pm

      ဒီမှာက တရုတ်ကြီးဆီကလို့ထင်တာဘဲ ။
      ပွိုင့်တွေပြန်ပြောင်တပ်နေတာ ။
      ဒါပေမယ့် တိုင်မာက ပြတဲ့ဟာကပြပြီးမပြတာကမပြ ။
      ကွေ့ကြောလဲသီးသန့်မီးပေးတဲ့ပွိုင့်ကပေး။မပေးတဲ့ပွိုင့်ကမပေး ။
      လမ်းအမှတ်အသားတွေလည်း နေတိုင်းမောင်းတဲ့သူတောင်ရွာပတ်သွားတယ် ။
      မောင်းနေတုန်းကိုယ့်လမ်းကြောင်းမှာ အဖြောင့်ရောကွေ့ကြောရောပြထားပေမယ့် တချို့ဆိုပွိုင့်နားရောက်တော့မှ ကွေ့ကြောသီသန့်ဖြစ်သွားရောဗျ ။
      သဂျီးတို့ဝေးနေတဲ့သူတွေပြန်လာမောင်းလို့ကတော့ ဟဲဟဲ ကြည့်လို့ကောင်းလိုက်မယ့်ဖြစ်ခြင်း :mrgreenn:

      • ကထူးဆန်း

        June 16, 2017 at 9:07 pm

        ဦးဆြာမိ ရယ် ..
        အခွင့်အရေးရနေတုန်းမှာ မီးပွိုင့်တွေ အားလုံး standard တစ်ခု တပြေးညီလုပ်ခွင့်ရနေချိန်မှာ အာဏာ သိမ်းခံနေရတဲ့ မြို့တော်ဝန်ကြီး နဲ့ လေဘဲ ဖြိုး နေတဲ ့လေဖြိုးတို့ကို ပြောချင်ပေမဲ့ ပြောရဲဘူး ရယ် … 🙂 🙂

        YBS လုပ် ရင်းနဲ့ ဘတ်စ်မှတ်တိုင်တွေလည်း တစ်ခါထဲ နေရာသေချာပြန်ချသွားရင် ကားကြပ်တာ ကို %တစ်ခုလောက် လျော့နိုင်မှာ ….JACA က အကြံပြု တဲ့ ထဲ ဘတ်စ်မှတ်တိုင်တွေ နေရာပြန်ချ ဖို့လဲပါပေမဲ့ ဥပက္ခာပြု ထားတာတွေ့ ရတာ ….

        • surmi

          June 16, 2017 at 11:47 pm

          ဟုတ်
          ရဲရဲသာပြောပါခင်ဗျ
          သဂျီးရဲ့ ဂဇက်က အမေဂျီးကားမီဒီယာမို့ 66D မရှိပါဘူးတဲ့ ။
          ဘာဘဲဖြစ်ဖြစ်အခုလို အခုလိုအချိန်အခုလိုနေရာကနေ CJကထူးဆန်းရဲ့အတွေးအမြင်ဝေဖန်ရေးလေးများလည်းမြင်ပါရစေခင်ဗျ ။
          ကျနော်တို့က ချက်ကျလက်ကျမပြောတတ်သလို သတင်းယူသတင်းကောက်လည်း CJ ကြီးတို့လို လက်မပေါက်တော့ ပြောင်ချော်ချော်သာရေးနေရပါကြောင်းးးး
          CJ ကြီးရဲ့ပို့စ်တွေကိုလည်း မျှော်နေပါကြောင်းးးးး
          :mrgreen:

        • Foreign Resident

          June 17, 2017 at 5:58 am

          ဟဲ ဟဲ ၊ တားတားကတော့ လေဖြိုးတို့ အဖွဲ့ကို မကြောက်ဘု ။
          အခုဆို တားတားတို့ ရွှေပါရမီ ( အရှင်ဆန္ဒာဓိက ) အဖွဲ့ နှင့် ၊
          ကွီးဖြိုး တို့ အဖွဲ့ ဆိုတာ လုံးထွေးနေတာဘဲ ၊ မျောက်စိတောင် နောက်တယ် ။
          တားတားတို့ ဘုန်းဘုန်း အရှင်ဆန္ဒာဓိက လုပ်သမျှပွဲတွေ မှန်သမျှ ၊
          သက်ဆိုင်ရာ ပြည်နယ် ဝန်ကြီးချုပ်တို့ ၊ ပြည်ထောင်စု ဝန်ကြီးတို့ ဆိုတာ ၊
          မလာဘဲကို မနေဘူး ၊ အောတိုက်ဘဲ တရုန်းရုန်း နှင့် ။

        • kai

          June 17, 2017 at 7:30 am

          အဲဒီလေဖြိုးတို့အဖွဲ့.. ဆန်ဖရန်စစ္စကိုကို ညီအစ်မမြို့ကိစ္စလာမယ်တဲ့..။
          မြို့တော်လုပ်ပိုင်ခွင့်ကို.. မြို့တော်ဝန်မအပ်ပဲ.. ပြည်နယ်ဝန်ကြီးချုပ်အဆင့်နဲ့ဝင်ရှုပ်.. အဲ..အဲ.. ဝင်လုပ်နေတာကို.. တွေ့ရင်ပြောလိုက်မယ်..။

          ဘယ်နှာ.. ဒေါ်စုက.. လက်နဲ့ရေး..။ သူက ခြေနဲ့ဖျက်..။
          ပြောတော့ ကိုယ်ပိုင်အုပ်ချုပ်ရေး..။ တိုင်းရင်းသားနယ်မပြောနဲ့.. ရန်ကုန်မှာတောင်မရ..။

        • သင့်အေးရိပ်

          June 17, 2017 at 10:11 am

          ဦးလေး ကထန်းဆူး။
          အခုတလော ရန်ကုန်မှာ
          ဘတ်စ် မှတ်တိုင်တွေကို
          နေရာ ပြန်ချထားတာ တွေ့နေရပါတယ်။

          ဥမပါ. . .ဂဗာအေးလမ်းပေါ်က ချော်တွင်းကုန်းမှတ်တိုင်-
          အရင်က မီးပွိုင့်နားမှာ။ အခု မီးပွိုင့်နဲ့ ဝေးဝေးကို ပို့လိုက်ပြီ။

          မြေနီကုန်းမှတ်တိုင်လည်း အဲ့လိုပါပဲ။
          မှတ်တိုင်တော်တော်များများကို အရင်က သတ်မှတ်ထားတဲ့ နေရာကနေ လမ်းကြောရှင်းစေမယ့် နေရာတွေဆီ ပို့ထားပါတယ်။

          ခက်တာက. . .
          ဘတ်စ် စောင့်တဲ့သူတွေ။
          ဘတ်စ် မှတ်တိုင်က လူစည်ကားရာ နေရာနဲ့ ဝေးရင် မှတ်တိုင်အထိ မသွားပဲ လူစုစု နေရာတွေမှာ ပေတေပြီး ရပ်စောင့်နေကြတာ။

          ဘတ်စ်တွေကလည်း မှတ်တိုင်အထိ မရောက်လည်း အတင်အချ လုပ်ချင်နေကြတုန်း။
          လိုင်းနံပါတ် ၃၇(အရင် BRT) ကတော့
          မှတ်တိုင်မဟုတ်တဲ့နေရာကို လုံးဝ မရပ်။

          ဆိုတော့ သက်ဆိုင်ရာက လမ်းကြောရှင်းအောင် ပြောင်းလဲပေးသင့်တာ ပေးရင်တောင်. . .
          ပူးပေါင်းပါဝင်ပြီး လိုက်နာမယ့်သူတွေ လောက်လောက်လားလား မရှိသေးဘူးလို့ ကျနော်တော့ မြင်မိတယ်။
          😆

        • အဲ့လူတွေ အသည်းယားတယ်.. မှတ်တိုင်အထိမစောင့်ဘဲ ရပ်စောင့်နေကြတာ.. မြေနီကုန်း ကုန်းတံတားအဆင်းဆို.. ကုန်းအောက်က တက်လာတဲ့ကားရယ်.. ကုန်းပေါ်က ဆင်းလာတဲ့ကားရယ်.. တံတားကုန်းအဆင်းမှာ စောင့်နေတဲ့လူအုပ်ရယ်.. ရပ်ပေးတဲ့ ဘတ်စ်တွေရယ်.. ရှုပ်ယှက်ခတ်နေတာပဲ…

          ယာဉ်ထိန်းရဲတွေက ကြပ်ကြပ်မတ်မတ်နဲ့ သေချာလုုပ်ရမှာ.. ပြောတဲ့ကြားက ပေပြီးရပ်စောင့်နေရင် ဖမ်း…

  • •*¨နန်းတော်ရာသူ •*¨

    June 15, 2017 at 9:14 pm

    ကိုယ့်အရပ်နဲ့ကိုယ့်ဇာတ်တော့ အဆင်ချောနေတာပဲနော် :kwi:

    • surmi

      June 16, 2017 at 1:12 pm

      အဲ့အထာလေးတွေညက်မှာ ရွှေပြည်ကြီးမှာနေလို့အဆင်ပြေသဗျ 🙂

  • ဦး လေး မန်း

    June 16, 2017 at 9:59 am

    ​ဒေါ်စု​တောင်​မသိတဲ့လူများ ခင်​ဗျားမို့ အ​ရေးလုပ်​ပြီး စကားပြန်​​ပြော​နေ​သေးတယ်​။ ​နောက်​ဆို​လေဆိပ်​ လဝက ကိုမှာထားရမယ်​ ဒီ​လောက်​ဗဟုသုတနဲတဲ့သု​တွေ ​ပေးမင်ဝင်​ပါနဲ့လို့။ ​ပြောသာ​​ပြောရတာပါ ဟိုကလာတဲ့သူ​တွေက ​ပေးပြီးဝင်​လို့ရမှန်​း သိ​နေမှာပါ။

    • surmi

      June 16, 2017 at 1:14 pm

      ကာစတန်မာဆားဗစ်ဆိုတော့လည်းဗျာ . . .
      ဒါပေမယ့် တချို့ ပညာရှင်အုပ်စုတွေကတော့ ကိုယ့်ပညာရပ်ကလွဲရင် တခြားဟာတွေစိတ်မဝင်စားတတ်ကြဘူး ။အဲ့ဒီလိုလူမျိုးတွေတော့တွေ့ဖူးပါရဲ့

  • sorrow

    June 16, 2017 at 6:22 pm

    တီလေးရဲ့…အာရပ်တော်တော်များများလူတွေ ဒေါ်စုကိုမသိပါဘူး ..ကျော်..အခုဒူဘိုင်းကကုန်ပဏီတစ်ခုနဲ့ အလုပ်လုပ်နေလို့သိတာ..
    ဒူဘိုင်းဆိုတာ အာရပ်ကမ္ဘာက အတော်ပွင့်လင်းတဲ့နေရာနော်….သူတို့မသိကျဘူး …

    ..ကျောက်စ်ကိုမေးကြည့်ပါလား …. ဘယ်လောက် ဂလိုဘယ်အိုင်ကွန် ပြောပြော ..ဒီမိုကရေစီတောင်မသိတဲ့ဟာပဲကို …မာတင်လူသာကင်းလဲမသိ…မာသာထရီစာလဲ မသိ… နယ်ဆင်မင်ဒဲလားလဲမသိ…

    • surmi

      June 16, 2017 at 6:58 pm

      တချို့က ကိုယ့်ပညာရပ်အကြောင်းဘဲစိတ်ဝင်စားတာ . .
      ကမ႓ာကြီးဘာဖြစ်ဖြစ်

    • ဦးကျောက်ခဲ

      June 16, 2017 at 7:15 pm

      အာရပ်တွေကို ဘွားတော်ပုံပြပြီး သိလား သွားမမေးနဲ့ …
      ကိုယ်ပဲ လူသတ်တရားခံဖြစ်သွားလိမ့်မယ်…
      မိန်းမချောချောလှလှဆို တော်ကောက်ဖို့လောက်ပဲ စိတ်ဝင်စားတာ…
      သူတို့ဓလေ့ထုံးစံကိုက မိန်းမဆို ဘယ်မိန်းမမှ အထင်မကြီး…
      သံမဏိလေဒီ မာဂရက်သက်ချာကို ဘယ်လိုမှတ်ချက်ပေးတယ်ဆိုတာသိရင် လေသွားမယ်… :k:

  • ဘယ်လိုလူလား..
    ကိုယ်လာမယ့်နိုင်ငံ ဘာလဲတောင် မလေ့လာထားဘူးလား.. မုန်းဖို့ကောင်းတာ..
    ဟိ.. စမီးတုန်းကလည်း ၂၄ ပစ္စည်း ဘာလဲ လာမေးနေလို့ ပတ်ပြေးခဲ့ဖူးတယ်.

Leave a Reply