လူထုနှင့် ဒေါ်အောင်ဆန်းစုကြည် အစီအစဉ်ကို RFA မှ အပတ်စဉ် သောကြာနေ့ ညတိုင်းနှင့် ဗုဒ္ဓဟူးနေ့နံနက်တိုင်း တင်ဆက်နေပါပြီ။ဒီ အစီအစဉ်ကနေ ပြည်သူတွေ သိချင်တဲ့ မေးခွန်းတွေကို ဒေါ်အောင်ဆန်းစုကြည်ကိုယ်တိုင် ဖြေကြားပေးနေခြင်းဖြစ်ပါသည်။ ထိုအထဲမှ ကိုခင်မောင်စိုး(မန္တလေး) ရဲ့ အမေး၊ အဖြေလေးကို တင်ပြပေးလိုက်ပါတယ်။ မေး။ ။ကျွန်တော်က မန္တလေးကပါ။ဝင်စတန်ချာချီ ပြောသွားတာ တစ်ခုရှိတယ်ပေါ့ဗျာ။Attitude is a letter thing,But make a big different.တဲ့။ ကျွန်တော်တို့နိုင်ငံမှာ တကယ်တော့ အုပ်ချုပ်သူရော အုပ်ချုပ်ခံလူတန်းစားရော ကျွန်တော်တို့ Attitude တွေပြောင်းဖို့လိုတယ်ပေါ့ဗျာ၊Attitude တွေပြောင်းမှ ကျွန်တော်တို့လည်း အပြောင်းအလဲဖြစ်မှာပေါ့။တကယ်တန်းတော့ ကွန်တော်တို့က အတွေးအခေါ် ပြောင်းပေးရမှာ၊အတွေးအခေါ်ပြောင်းပေးဖို့ဆိုတာ တကိုယ်ကောင်း မဆန်ဖို့၊အတ္တမကြီးဖို့၊ဒေါ်အောင်ဆန်းစုကြည် တစ်ယောက်တည်းနဲ့လည်း လုပ်လို့မရဘူးလေ။လူတွေ အားလုံး အတွေးအခေါ်တွေပြောင်းကြမှပေါ့။ကျွန်တော်တို့က နိုင်ငံတကာနဲ့စာရင် အများကြီးကျန်ခဲ့ပြီ၊နိုင်ငံတကာကိုမပြောနဲ့ အိမ်နီးချင်းတိုင်းပြည်တွေနဲ့ […]