ထိုအချိန်တွင် နှင်းဆီကတော့ အတန်းပုံမှန်တက်၊ စာပုံမှန်လုပ်နှင့် အေးဆေးနေသည်။ အားလုံးကလည်း နှင်းဆီဝင်ပြိုင်မည်မဟုတ်ဟု ထင်မိကြသည်။ စာမူတင်ရမည့်နေ့သို့ ရောက်လာသည်။ “ကဲ…ပြိုင်မယ့်သူတွေအားလုံး ဆရာမကို စာမူလာပေးကြ..” ဝတီက စာမူစာရွက်ကို ထုတ်မည်ကြံကာရှိသေး။ နှင်းဆီက ဆရာမကို စာရွက်အပ်လိုက်သည်။ ထိတ်ကနဲဖြစ်သွားသော စိတ်နောက်မှ မျက်စိကလည်း နှင်းဆီစာရွက်ပေါ်ကို ဖြတ်ကနဲရောက်သွားသည်။ လက်ရေး..နှင်းဆီ အမေ၏ လက်ရေး… သေချာပါသည်… ဆယ်စုနှစ်တစ်ခုနီးပါး အတူတူဖြတ်သန်းခဲ့သည့် ဝတီတစ်ယောက် နှင်းဆီလက်ရေးနှင့် နှင်းဆီအမေလက်ရေးကို ကောင်းကောင်းခွဲခြားတတ်ပါသည်။ ဆရာမကို ကြည့်လိုက်မိကာမှ ပိုဆိုးတော့သည်။ ထိုဆရာမက ရှစ်တန်းက မြန်မာစာဆရာမဖြစ်သည်။ မျက်နှာကြီးရာဟင်းဖတ်ပါ သည့်နေရာတွင် နာမည်ကြီးသည်။ နှင်းဆီတို့အိမ်သို့ တစ်ချိန်လုံးလာလည်၊ စကားများစွာပြော၊ ကျွေးသမျှစား၊ ပေးသမျှယူသည့်နေရာတွင် အခြားဆရာမများထက်သာသည်။ အားလုံးကို ဆက်စပ်မိသွားသည့်အခါ […]