ဟုတ်တယ်။ အခုတလော ကျွန်မ အမေ့ကို နားမလည်ဘူး။ အဲဒီလိုပြောမိတိုင်း ကျွန်မကိုယ်တိုင်ပြောဖူးတဲ့ စကားတစ်ခွန်းကို သတိရမိတယ်။ ရုံးမှာ အဆင်မပြေတာတစ်ခုခု ဖြစ်တိုင်း တွေးမိတဲ့အတွေးပေါ့။ ဝန်ထမ်းတွေက သူဌေးမဖြစ်ခဲ့ဖူးတဲ့အတွက် သူဌေးတွေရဲ့အတွေးကို နားမလည်ပေးတတ်ပါဘူး။ ဒါပေမယ့် သူဌေးတွေကတော့ ဝန်ထမ်းဖြစ်ခဲ့ဖူးတဲ့အတွက် ဝန်ထမ်းတွေရဲ့ ခံစားချက်ကို ပိုနားလည်ပေးသင့်တယ်။ အခုလည်း အဲဒီလိုပဲ ဖြစ်နေတယ်။ ကျွန်မလည်း အမေမဖြစ်ဖူးတော့ အမေတွေရဲ့ ခံစားချက်ကို ရာနှုန်းပြည့်နားမလည်ပေးတတ်တာလားလို့ပေါ့။ အမေကတော့ သမီးဘဝကနေ အမေဖြစ်လာတာဆိုတော့ သမီးတွေကို ပိုနားလည်ပေးသင့်သလားလို့။ အမှန်တော့ အမေ့လောက် လူငယ်ဆန်ပြီး သားသမီးကိုနားလည်ပေးတာ အမေပဲ ရှိပါတယ်။ ပြောရရင် အမေကိုယ်တိုင်ကလည်း လူငယ်ကိုး။ သူငယ်ချင်းတွေဆိုရင် ကျွန်မကို အားကျကြတယ်။ နားလည်ပေးတတ်တဲ့ အမေကို ရထားလို့တဲ့။ ကျွန်မတို့ သားအမိတွေကလည်း သူငယ်ချင်းပေါင်းပေါင်းတာ။ ရည်းစားကို […]


ပြခန်း (၁၆) က ကျွန်မအလှည့်လို့ သဂျားက အသိပေးလာတော့ နည်းနည်းတောင် ရင်ခုန်သွားသေးတယ်။ ကျွန်မ မွေးရက်ကလည်း (၁၆) ဆိုတော့ (၁၆ = ၇) နဲ့ ပတ်သက်ရင် အစွဲလေးကလည်း နည်းနည်းရှိတာကိုး။ တစ်ဆက်တည်းမှာပဲ ကဗျာပြခန်းကိုတောင် နှမ်းဝင်မဖြူးဖြစ်တာ အတော်ကြာပေါ့လို့ တွေးမိသွားတယ်။ တကယ်တော့ ကဗျာပြခန်းနဲ့ပတ်သက်ရင် အစအဆုံးလုပ်ရတာ အလင်းဆက် နဲ့ သဂျားမင်း ပါ။ ကျွန်မကတော့ နှမ်းဖြူးရုံသက်သက်။ တစ်ခါတစ်လေတော့ သတ်ပုံတွေဘာတွေ ကြည့်ပေးပါတယ်။ ဒါတောင် သဂျားက သူအားရင် သူပဲ သတ်ပုံကြည့်တာ။ ပုံလုပ်ဖို့ကျတော့လည်း ဒီဇိုင်းအမြင်မရှိတဲ့ ကိုယ့်အကြောင်းကိုယ် သိတာနဲ့ ပထမပြခန်းပြီးကတည်းက မသိချင်ယောင်ဆောင်နေလိုက်တယ်။ သူတို့ကလည်း အကြောင်းသိပုံရပါတယ်။ ထပ်မခိုင်းကြတော့ဘူး။ ဒီလိုနဲ့ ကိုယ့်တင်ရမယ့်ပြခန်းဆို ပို့စ်လေးဘာလေး အသေအချာရေး၊ သူများပြခန်းတွေဆို […]


ခရီးသွားပို့စ်ရေးနေရင်းနဲ့ အရင်တုန်းက အကြောင်းအရာလေးတစ်ခုကို စဉ်းစားမိတာနဲ့ပဲ ကြားဖြတ်ပို့စ်အနေနဲ့ ရေးဖြစ်လိုက်ပါတယ်။   အချိန်ကတော့ လွန်ခဲ့တဲ့ (၄) နှစ်လောက်ကပေါ့။ ၂၀၀၉ ခုနှစ် နိုဝင်ဘာလမှာ ခရီးသွားကုမ္ပဏီမှာ အလုပ်ဝင်ပြီး သိပ်မကြာဘူး၊ သူငယ်ချင်းတစ်ယောက်က ဖုန်းဆက်လာတယ်။ ကျောင်းက တီချယ်က ဖုန်းလှမ်းဆက်တယ်…ပြည်ထဲရေးက အလုပ်ခေါ်တယ်တဲ့။ သူငယ်ချင်းတွေကိုလည်း ဆက်သွယ်ပေးပါလို့ ပြောတယ်… လျှောက်ချင်တဲ့သူ လျှောက်ရအောင်တဲ့။ ကျွန်မက ဘာအတွက်ခေါ်တာလဲဆိုတော့ ပြင်သစ်စကားပြောတတ်တဲ့သူ လိုချင်လိုတဲ့။ သူတို့ဆီက မူးယစ်ပရောဂျက်တို့ ဘာတို့အတွက် နိုင်ငံခြားက လူတွေလာရင် ခရီးစဉ်တစ်လျှောက် ဘာသာပြန်အဖြစ်ရော၊ travel assistance အတွက်ပါ ကူညီလို့ရအောင်ပါတဲ့။ လူဆိုးဖမ်းတာတော့ မလုပ်ရဘူး။ ပြည်ထဲရေးလက်အောက်မှာ လုပ်ရမှာဖြစ်တဲ့အတွက် ဒုရဲအုပ်ရာထူးတော့ ပေးမယ်တဲ့။ တီချယ်တွေကလည်း လောလောလတ်လတ် BA ပြီးထားတဲ့ ကျောင်းသားတွေက ပိုအဆင်ပြေမယ်ထင်လို့ […]


၂၀၁၄ ခုနှစ်၊ ဇန်နဝါရီ (၂၅) ရက်   နှိုးစက်သံကြောင့်ရော စက်သံကြောင့်ပါ နိုးလာခဲ့သည်။ နာရီကို ကြည့်လိုက်တော့ မနက် (၆) နာရီခွဲအတိ။ အပြင်ကို ကြည့်လိုက်တော့ အလင်းရောင်က ဝိုးတဝါး။ ခေါင်းရင်းဘက်က အပြည့်ကာထားသော မှန်တွင်မူ ပိုးဖလံများက အပြည့်။ ညက မီးရောင်ကို ပြုံတိုးခဲ့သလောက် ယခုမူ အေးစက်သော နှင်းရည်တို့ကြားထဲတွင် အသက်မဲ့သူကမဲ့၊ လှုပ်နေသူက လှုပ်။ ကျွန်မစိတ်ထဲတွင်လည်း အမျိုးအမည်မသိ ဝေဒနာတစ်ခု ခံစားလိုက်ရသည်။ သို့နှင့် အသာပြန်ငြိမ်နေလိုက်ပြီး ပြန်ကြည့်မိတော့ ကောင်းကင်က လိမ္မော်ရောင် သန်းနေပြီ။ နေထွက်ချိန် မမီမည်စိုးသောကြောင့် ကမန်းကတန်း အိပ်ယာထ၊ မျက်နှာသစ်ပြီး Sundeck ပေါ် ပြန်တက်ခဲ့၏။   အပြင်ဘက်တွင်တော့ သင်္ဘောဝန်ထမ်းများက သန့်ရှင်းရေးလုပ်နေကြသည်။ ပတ်ဝန်းကျင်ကတော့ […]


ဒီနေ့ (၁၇.၂.၂၀၁၄) ရက်နေ့ဟာ ဆိုရင်ဖြင့် ရွာထဲက နာမည်ကြီး (ယနေ့ပို့စ်ပိုင်ရှင်) ခြောက်မျက်နှာ သဂျိုး အံစရာ (မဟာရာဇာအံစာတုံး) ရဲ့ မွေးနေ့ဖြစ်ပါတယ်.. (ခိ.. နာမည်စုံသွားပြီ..) ဘယ်နှစ်နှစ်ပြည့်တာလဲဆိုတာတော့ သူ့ကို မေးကြည့်ပေါ့နော်.. Happy Birthday ပါ ကိုကိုအံ… ပျော်ရွှင်စရာမွေးနေ့လေး ဖြစ်ပါစေ.. (ညနေမှ ခရီးက ပြန်ရောက်မှာ..) နောင်နှစ်ပေါင်းများစွာတိုင် ချစ်တဲ့သူတွေနဲ့အတူတူ အေးချမ်းပျော်ရွှင်တဲ့ ဘဝကို ဖြတ်သန်းနိုင်ပါစေ… ဖြစ်ချင်တာတွေ အမြန်ဆုံး ဖြစ်ပါစေ.. လိုချင်တာတွေ အမြန်ဆုံး ပိုင်ဆိုင်နိုင်ပါစေ… ချစ်တဲ့ ချစ်သူနဲ့လည်း အမြန်ဆုံး လက်တွဲနိုင်ပါစေ.. (ဟိဟိ.. )   ချစ်မြတ်နိုးစွာဖြင့် (ဂျူး စာအုပ်ထဲမှ တိုက်ရိုက် ကူးချသည်..) လုံမလေးမွန်မွန်  


ရွာထဲသို့ လျှောက်လည်ကြသည်။ ရန္တပိုတစ်ရွာလုံးက အိုးလုပ်ငန်းလုပ်ကိုင်သည်ဟု ထင်မိသော်လည်း တကယ်တမ်းက ရွာမြောက်ပိုင်းကသာ အိုးလုပ်ကြခြင်းဖြစ်သည်။ ရွာတောင်ပိုင်းကမူ စိုက်ပျိုးရေးလုပ်ငန်းကို လုပ်ကိုင်သည်ဟု သင်္ဘောမန်နေဂျာက ရှင်းပြသည်။ ရွာတစ်ခြမ်းတည်းကို ပတ်ကြည့်သည်ပင် အချိန်အတော်ကြာသည်။ (၁) နာရီခွဲအချိန်အတွင်း ကြည့်စရာတွေက မကုန်နိုင်။ အိုးလုပ်သည့်ရွာ ပီသစွာ အိုးများက လက်ညှိုးထိုးမလွဲ။ လမ်းတစ်လျှောက်၊ ခြံစည်းရိုးများတစ်လျှောက်၊ ခြံဝန်းများထဲ၊ အိမ်တွေထဲ.. အိုး..နေရာတိုင်းပင်။ ကလေးများကျောင်းဆင်းချိန် ဖြစ်သောကြောင့် ကျောင်းပြန်လာကြသော ကလေးများကို စက်ဘီးကိုယ်စီနှင့် တွေ့ရသည်။ ကျွန်မအတွက် ထူးဆန်းသည်က ထမင်းချိုင့်များကို နောက်ထိုင်ခုံပေါ်တွင် ကြိုးနှင့်ဆိုင်းထားကြခြင်းပင်။ ကျွန်မတို့ကတော့ ထမင်းချိုင့်ရော၊ လွယ်အိတ်ရောကို ရှေ့ခြင်းထဲတွင် ထည့်သည်။ သူတို့ကတော့ လွယ်အိတ်ကို ခြင်းထဲထည့်ပြီး ချိုင့်ကို နောက်ခုံတွင် တင်သည်။ အခြားသူများက မထူးဆန်းသော်လည်း ကျွန်မကတော့ ယခုမှပင် […]


နေရောင်အောက်က ဧရာဝတီမြစ်ပြင်ကား အလှကြီးလှနေတော့သည်။ မြစ်ဝကျွန်းပေါ်သူ ကျွန်မအတွက်တော့ အညာဒေသ၏ မြစ်ပြင်အလှသည် အံဩထူးဆန်းဖွယ်ရာပင် ဖြစ်၏။ အထူးသဖြင့် ဟင်္သာ၊ ကြိုးကြာစသော ငှက်များ ပျော်ရွှင်မြူးထူးနေကြသော သဲသောင်ပြင်ဖြူဖြူများ၊ နုန်းတင်မြေပေါ်က စိုက်ခင်းများက ကျွန်မ မမြင်ဖူးသည့် အရာများပင်။ ကြည့်နေရင်းနှင့်ပင် အတွေးတစ်ခုက ဝင်လာ၏။ အမိဧရာဝတီကား သောင်ထွန်းနေပေပြီ။ ယခင်က မည်သို့မည်ပုံရှိခဲ့သည် မသိသော်လည်း ယခုအခါ မြစ်လမ်းကြောင်းတစ်လျှောက် သဲသောင်များက နေရာယူနေသည်။ ငှက်များမှလွဲ၍ ဗလာနတ္ထိ၊ ဘာမှမရှိ။ ရေကြောင်းကျပ်သည်ဟူသော စကားကို ကြားဖူးသော်လည်း အသေအချာ နားမလည်ခဲ့ပေ။ နွေပေါက်တော့ ရေနည်းသည်၊ ရေနည်းတော့  မြစ်ကျဉ်းသည်၊ မြစ်ကျဉ်းတော့ သင်္ဘောအများကြီးကြားထဲ ကိုယ့်သင်္ဘောက သွားရတာကျပ်သည်၊ ကျွန်မ အတွေးနှင့် ကျွန်မ နားလည်ထားခဲ့သည် သဘောတရား။ ယခုမှ သေချာသိလိုက်ရသည်က […]


                ခရီးသွားရမည်ဆိုသောကြောင့် အလွန်ပင် စိတ်လှုပ်ရှားမိသည်။ အလွန်သွားချင်နေသည့် မြန်မာ့ရှေးဟောင်းမြို့တော် ပုဂံသို့ ပထမဆုံးအကြိမ် သွားရမည့်ခရီးဖြစ်ခြင်း၊ မန္တလေးမှ ပုဂံသို့ စင်းလုံးငှားအပျော်စီးရေယာဉ်ဖြင့်သွားမည့် ဧည့်သည်များနှင့်အတူလိုက်ပါပြီး ရေယာဉ်အခြေအနေကို ကြည့်ရှုရမည့်ခရီးဖြစ်ခြင်း၊ ပထမဆုံးအကြိမ်အဖြစ် ကိုယ်တိုင်ဦးဆောင်ပြီး သွားရမည့် ခရီးဖြစ်ခြင်း၊ မန္တလေးမြို့ရှိ ရွာသူားများနှင့် တွေ့ရမည်ဖြစ်ခြင်း စသည်တို့ကြောင့်ပင် ဖြစ်သည်။ သို့သော် ခရီးစဉ်အတွက်မူ သေချာပြင်ဆင်ချိန် သိပ်မရှိ။ ခရီးသွားမည့်ရက်အတွင်း အလုပ်ကြွေးကျန်မရှိအောင် ရှင်းလင်းနေရသောကြောင့် သွားခါနီးလေ ပိုပင်ပန်းလေ ဖြစ်လေသည်။ မည်သို့ပင်ဆိုစေ ရှုပ်ယှက်ခက်နေသည့် အချိန်များကြားထဲကပင် ခရီးသွားမည့်နေ့သို့ ရောက်လာခဲ့လေသည်။ ၂၀၁၄ ခုနှစ်၊ ဇန်နဝါရီလ (၂၃) ရက် ညနေ (၅) နာရီတွင် ရုံးဆင်းမည်ဟု […]


နှစ်ဝက်တိုင်ခဲ့ပြီ.. ချစ်လက်ကို ခိုင်ခိုင်တွဲရင်း ဘဝကို အနိုင်ယူကြမယ်..။   ပူပန်စရာတွေ ခဏမေ့ထား တို့တွေရဲ့ ကံကြမ္မာကို ကိုယ်တိုင်ဖန်တီးယူကြမယ်။   နားလည်မှုတစ်ခုပါပဲ.. နှလုံးသားချင်းသာ နီးပါစေ နံဘေးမှာ ရှိနေသလိုပေါ့..။   အခက်အခဲဆိုတာ စာမေးပွဲ တို့တွေ ဖြေရဲဖို့ပဲလိုတယ် ယုံကြည်မှုတစ်ခုနဲ့လေ…။   စကားတွေနဲ့မှ မဟုတ်ဘူး.. ရိုးသားတဲ့ အချစ်နဲ့ ကြင်နာမှုကို နက်ရှိုင်းစွာ ခံစားမိဆဲ.. .. .. ။ ။        


ခေါင်းစဉ်ကို ထွေထွေထူးထူး ပေးမနေတော့ပါဘူး။ ကြွားချင်လို့ တင်တဲ့ပို့စ်ဆိုတော့လည်း အကြွားပို့စ်လို့ပဲ ခေါင်းစဉ်တပ်လိုက်တယ်။ ငယ်ငယ်တုန်းက အကြောင်းလေးကို ကြွားမလို့ပါ။ အားနာပါးနာ အကြွားခံကြပါဦးနော..။ စာရေးစာဖတ် ဝါသနာပါတဲ့သူဆိုတော့ ငယ်ငယ်ကတည်းက စာစီစာကုံးတွေ ရေးဖြစ်တာတော့ မထူးဆန်းဘူးပေါ့နော်။ စာစီစာကုံး ပြိုင်ပွဲတွေဆိုလည်း ဝင်ပြိုင်ဖြစ်တယ်။ ဆုရတာလည်းရှိ၊ မရတာလည်း ရှိ ပေါ့။ ဘာပဲဖြစ်ဖြစ် အတွေ့အကြုံရတယ်လို့ သဘောထားပြီး ဘာပြိုင်ပွဲမဆို ဝင်ပြိုင်ဖြစ်နေတော့ ပါလေရာပေါ့။ (ဦးဦးပါလေရာ မဟုတ်။) တစ်ခါသားကျတော့ ကိုးတန်းနှစ်မှာ စာစီစာကုံး ပြိုင်ပွဲတစ်ခုအတွက် စာကြည့်တိုက်ထဲ စာသွားဖတ်ရင်းနဲ့ မင်္ဂလာမောင်မယ် ဆိုတဲ့ စာစောင်လေးကို သွားတွေ့တယ်။ အဲဒီမှာ လစဉ် စာစီစာကုံးပြိုင်ပွဲရှိတယ်။ ခေါင်းစဉ်တွေကို သုံးလလောက် ကြိုပေးထားတယ်။ ရေးပြီးရင် စာတိုက်ကနေ ပို့ရတယ်။ ကျွန်မတို့ သူငယ်ချင်းတွေ စိတ်ဝင်စားသွားကြတယ်။ […]


စကားပလ္လင်အနေနဲ့ ပြောရရင် ဒီစာဟာ ဦးမာဃ နဲ့ လုံမရဲ့ အမြင်တွေကို ရေးထားတာပါ။ တစ်နည်းအားဖြင့်တော့ ၁၉၈၈ နောက်ပိုင်း မျိုးဆက်တွေရဲ့ ခံစားချက် တစ်စိတ်တစ်ပိုင်းပါ။ နောက်တစ်ခုကတော့ အဆဲခံရရင်လည်း အဖော်ရအောင်ပါ။ ငယ်ငယ်က မောင်ပေါက်ကျိုင်းပုံပြင်ကို ဖတ်ဖူး မှတ်ဖူးတဲ့အခါမှာ စကားကြီးသုံးခွန်း ဆိုတာကို ကြားဖူးခဲ့တယ်။ မေးပါများစကားရ၊ သွားပါများခရီးရောက်၊ မအိပ်မနေအသက်ရှည် ဆိုတဲ့ စကားသုံးခွန်းပေါ့။ စကားပုံ၊ ဆိုရိုး၊ နီတိတွေ၊ စကားတွေဟာ ကျယ်ပြန့်ပါတယ်။ အကြောင်းအရာတစ်ခုကိုပဲ ဥပမာ ဥပမေယျ အမျိုးမျိုးနဲ့ အဆိုးဘက်ကရော အကောင်းဘက်ကပါ လှည့်ပြီး ပြောသွားလို့ရတယ်လေ။ မြန်မာစကားဟာ ဝေါဟာရကြွယ်သလို အသုံးအနှုန်းလဲကြွယ်လှသကိုး။ စကားနဲ့ပတ်သက်ရင် ပြောသူရဲ့ စကားလုံး အသုံးအနှုန်း၊ လေယူလေသိမ်း၊ မျက်နှာအမူအယာ၊ ပတ်ဝန်းကျင်အခြေအနေ၊ အပြောခံရသူကိုလိုက်ပြီးတော့ စကားတစ်ခွန်းဟာ အကောင်းဘက်ရောက်သွားတာရှိသလို […]


ပုံမှန်အားဖြင့်တော့ အင်တာနက်တစ်ခွင်မှာ ရေပန်းအစားဆုံး အကြောင်းအရာတွေနဲ့ ပတ်သက်ရင် ပို့စ်မတင်ဖြစ်ပါဘူး။ သူများတင်တာကိုပဲ စောင့်ဖတ်ဖြစ်တယ်။ ကိုယ့်အမြင်ကို ပြောချင်ရင်လည်း သူများပို့စ်ထဲမှာ ကွန်မန့်ဝင်ပေးတယ်။ ဒါပေမယ့် အခုတော့ ရုံးမှာ ဖဆပလ သုံးခြမ်းကွဲတာကို အကြောင်းပြုပြီးတော့ ဘောလုံးကွင်းနဲ့ ပတ်သက်တာကို ပို့စ်တင်ဖြစ်သွားပါတယ်။ အခုလတ်တလော ကိစ္စနဲ့ ပတ်သက်ပြီး (၇) ယောက်ရှိတဲ့ရုံးမှာ သုံးဖွဲ့ကွဲနေပါတယ်။ အမြင်မတူတဲ့ နှစ်ဖွဲ့ရယ်၊ သူတို့ကြားက ကြားနေမဟုတ်ဘဲ ပြောသမျှအမှန်ထင်ပြီး အကုန်ခေါင်းညိမ့်၊ like & share လုပ်တဲ့ ပုတ်သင်ညိုအဖွဲ့ရယ်။ ဆိုတော့ ဘာမဟုတ်တဲ့ကိစ္စကို professional ဆိုတဲ့အလုပ်ထဲ ဆွဲထည့်ပြီး မျက်မောင်းကျိုးနေတဲ့သူတွေကို ဘာမှထပ်မပြောချင်တော့တာနဲ့ပဲ ဒီမှာပဲ ရေးလိုက်ပါတယ်။ ကျွန်မရဲ့ တစ်ဦးတည်းကိုယ်ပိုင်အမြင်ပါ။ လွတ်လပ်စွာ သဘောကွဲလွဲခွင့်ရှိပါတယ်။ (၁) ဘောလုံးပွဲရှုံးပြီး အုပ်စုထဲက ထွက်ပေးရတဲ့ကိစ္စ […]


တီ……………………… ကွိ..ကွိ………………… ဟဲလို..တက်စတင်… ဝမ်း..တူး..သရီး… ဟဲလို… ဟဲလို…. အဟမ်း..ဟမ်း.. ကျက်သရေမင်္ဂလာရှိလှပါသော ဒီမိုဂဇက်ရွာနေ ရွာသူရွာသားအပေါင်းတို့ခင်ဗျား…. (၆) လတစ်ခါ ကျင်းပနေကျဖြစ်သော မန်းဂဇက်…အဲ.အခုတော့ မြန်မာ့ဂဇက်ဖြစ်ပြီထင်တယ်..မြန်မာ့ဂဇက်ချစ်သူများ တွေ့ဆုံပွဲနဲ့ စာပေဆုပေးပွဲအတွက် ရံပုံငွေများ အလှူခံပါတယ်ခင်ဗျား…သဒါတရား နည်းများမဆို ပါဝင်ကြပါဦးလို့ နှိုးဆော်ပါတယ်ခင်ဗျား… ဟုတ်ကဲ့ပါခင်ဗျား… ရံပုံငွေပါ… မြန်မာ့ဂဇက်ချစ်သူများ တွေ့ဆုံပွဲနဲ့ စာပေဆုပေးပွဲအတွက်ပါ..အစဉ်အလာမပျက် ကျင်းပနိုင်ရန်အတွက်… အုတ်တစ်ချပ် သဲတစ်ပွင့်အနေနဲ့ ပါဝင်ကူညီနိုင်ကြပါတယ်လို့… မွေးဌာနီ ~~ အညာရပ်ဆီသို့ ~~ မျှော်ရည်မျှော်မှန်း စိတ်ဝယ်တမ်းတ ~ လွမ်းလျပါသည် ~ မှန်းဆကာအတည် ~~ လှည်းလမ်းကြောင်းတစ်လျှောက် ဖုန်လုံးကြီးတွေ ~ တလိမ့်လိမ့်တက်တာ မြင်ယောင်သေးတော့သည် ~ အညာဌာနီ ~~ တစ်ခါလာမည် ~~ ကျွန်တော့်အတွက်တော့ ~ မေ့မရပါလေအတည် […]