– – – – – – – – – ကျွန်မ ပူလောင်နေတယ်..အရမ်း ပင်ပန်းနေတယ်..စိတ်တွေ ရှုပ်ထွေးနေတယ်… ဖြစ်နိုင်ရင် အားလုံးနဲ့ အဝေးကို ထွက်ပြေးချင်တယ်… ဘယ်သူမှ မရှိတဲ့နေရာ… ပတ်ဝန်းကျင်နဲ့ ဝေးကွာရာ…အို… နောက်ဆုံး မာနတရား နဲ့ ကင်းလွတ်ရာ… မြတ်စွာဘုရား..တပည့်တော်မရဲ့ ပူလောင်ခြင်းတွေအတွက် ငြိမ်းချမ်းရာ မြတ်ဓမ္မတရားကို လျင်မြန်စွာ သိမြင်ရပါလို၏ အရှင်ဘုရား…. နားထဲမှာ..နားထဲမှာ..အသံတွေကြားနေတယ်… ကျေးဇူးပြုပြီး အားလုံးထွက်သွားပေးပါ… ငါ… ငါလည်း လူတစ်ယောက်ပါ… ငါ့ခံစားချက်တွေနဲ့ ငါ ရပ်တည်ပါရစေ… ငဲ့ကွက်ထောက်ထားမှုတွေကို ခဏလောက်… မေ့ခွင့်ပေးပါ…. ငါ အရမ်းပင်ပန်းနေချိန်မှာ..ခဏလောက် နားပါရစေ… ပေါ့ပါးချင်တဲ့ ငါ့စိတ်ကို … ခဏလောက် လွတ်လပ်ခွင့်ပေးပါ…. “သမီး..အားတင်းပြီး […]