အခန်း (၁)   “ခင်လေး သူ့ကို သိပ်ချစ်တယ် အစ်မ…. အစ်မ သိတယ်မို့လားဟင်…”   ကြည်နူးစွာပြောလိုက်သည့် ခင်လေးကို မမနွေးက ပြုံးပြီးကြည့်လိုက်ပါသည်။   “အစ်မ သိတာပေါ့ ညီမလေးရယ်… သူ့အကြောင်းပြောရင် ညီမလေးပြုံးနေတာ… အချိန်ပြည့် သူနဲ့ တွေ့ချင်နေတာ… ဖုန်းတွေပြောချင်တာ… သူနဲ့စရင် ရှက်ကိုးရှက်ကန်းဖြစ်နေတာ… အစ်မ ရိပ်မိပါတယ်… နောက်ဆုံးတော့ အစ်မကို ပြောပြပြီပေါ့…” “ခင်လေး သူ့ကို ချစ်တယ်ဆိုတာ ဘယ်သူ့ကိုမဆို ပြောပြရဲပါတယ်… ချစ်တယ်ဆိုတာ ရှက်စရာလို့လည်း ဘယ်တော့မှ မတွေးခဲ့မိပါဘူး… တစ်ခုပဲ… ဒါကို သူရိပ်မိတယ်ဆိုရင်တောင် တရားဝင်မသိစေချင်ဘူး… သူ့ကို တရားဝင်သွားပြောမယ့်သူတွေကိုတော့ မပြောဖြစ်ပါဘူး…” “သူသိတော့ ပိုမကောင်းဘူးလား ညီမလေးရယ်…” “ခင်လေး ကြောက်တယ် အစ်မရယ်… ခင်လေး ကြုံဖူးခဲ့ပါတယ်… […]


– – +++++++++++++++++++++++++++++++++++++++++ +++++++++++++++++++++++++++++++++++++++++   လောကကြီးထဲ ဝင်လာတုန်းကပေါ့… နာကျင်မှုကို သူမမှု ဝါး…ဆိုတဲ့ ငိုသံနောက်မှာ ပီတိတွေအကုန်စုလို့ ငါ့ကို မွေးဖွားပေးခဲ့တယ်…။ လူလားမြောက်လာချိန်မှာပေါ့… မေတ္တာနို့ရည်ကို တိုက်ကျွေး ရင်ငွေ့နွေးကြားက ငါ့အပေါ် အပြုံးပန်းတွေ ဝေချလို့ ချစ်မဝဖြစ်ခဲ့ပြန်တယ်…။ ကျောင်းတက်စအချိန်မှာပေါ့… ဖြူစိမ်းဝတ်စုံ ပါးကွက်ကျား စုတ်ဖွားလွတ်အိတ်နဲ့ ကျောင်းသူကြီးကို ရှုမငြီးဖွယ် တစိမ့်စိမ့်ကြည့်လို့ ကြည်နူးခဲ့ရပြန်တယ်…။ ပညာသင်ချိန်ကာလမှာပေ့ါ… လိုအပ်တာ အကုန်ဖြည့်ဆည်း “ငါ့သမီး စာကျက်နေရင် ပြီးရော” တဲ့… စာအံသံတွေ နားဆင်ရင်း ဘဝအမောတွေလည်း ပြေခဲ့ရပေါ့…။ ဆယ်ကျော်သက်အရွယ်မှာပေါ့… အရာရာကို နားလည်ပေးလို့ “အမေသာ သူငယ်ချင်းကောင်းပါ” တဲ့… အကြောင်းအကျိုးခွဲခြားတတ်ဖို့ မနားတမ်း သွန်သင်ခဲ့ပြန်တယ်…။ မြို့တော်ကြီးကို စေလွှတ်ကာနီးပေါ့… “ငါ့သမီးတက်လမ်းအတွက်ဆို ခွဲနိုင်ပါတယ်” တဲ့… […]


                  ************* ************* ကံတရားရယ်.. ဒဏ်ရာတွေပဲ ပေးနေလေသလား… ဖွင့်သာမေးလိုက်ချင်တယ်.. ရင်နဲ့လည်း မဆန့်တော့ဘူး မျှော်လင့်ချက်ဆိုတာ စာရေးလို့ပဲ ကောင်းတာပါ.. မိန်းကလေးဆိုတဲ့ ခေါင်းစဉ်အောက် ထွက်ပေါက်ပျောက်နေတဲ့ နှလုံးသား နံရံပါးကြားမှာ မွန်းကျပ်နေပြီ… ကိုယ့်ကိုကိုယ်မုန်းမိတယ်… အပြုံးတွေကြား တိုးဝင်မိတာ.. စကားတွေကြား မျောပါမိတာ.. တည်ငြိမ်ကာစ ငါ့ဘဝလေး မထင်မှတ်ဘဲ လှုတ်ခတ်သွားတာ… နေသားကျနေရင်းနဲ့ မနေတတ်တော့သလို ဖြစ်သွားတာ… ကိုယ့်ကိုကိုယ် အမိန့်ပေးမိတယ်… ဒီအတိုင်း ဆက်နေပါ.. တစ်ယောက်တည်း ရပ်တည်ပါ… ဘယ်သူ့ကိုမှ မလိုအပ်နဲ့.. အပိုတွေ လျှောက်မတွေးနဲ့… တွေဝေမှုတွေကို ရပ်လိုက်ပါ.. ပြီးတော့…တောင်းပန်ပါရစေ.. ကျေးဇူးပြုပြီး.. နင့်ဘက်ကလည်း ရပ်ထားပေးပါ ငါမျှော်လင့်မိမယ့် […]


“အတူတူနေဖို့…ဘယ်လောက်ထိ ဝေးရမလဲ…အတူတူပျော်ဖို့….ဘယ်လောက် ကြေကွဲရမလဲ…”   အချစ်သီချင်းလေးက လွင့်ပျံ့လာတယ် အမေ…. အချစ်ကို မခံစားမိဘဲ အမေ့ကို သတိရသွားတယ်… သမီးတို့တွေရော.. အတူတူနေဖို့ ဘယ်လောက်ဝေးနေရဦးမှာလဲ… “နီးနီးလေးနဲ့ဝေး” တဲ့.. ကျားပေါက်ဆိုထားတဲ့ သီချင်းတစ်ပုဒ်ပေါ့…သမီးတို့တွေလည်း တကယ်ကို နီးနီးလေးနဲ့ဝေးနေတာပါ… (၃)ယောက်တည်းရှိတဲ့ မိသားစုဆိုတာ တကယ်တော့ အရမ်းနည်းလွန်းပါတယ်… အခုတော့ ဒီ (၃)ယောက်က တစ်ယောက်တစ်နေရာစီတဲ့လား… သမီးပဲ အရမ်းညံ့နေတာလား… ကံတရားကိုပဲ မကျော်လွန်နိုင်တာလား.. ဒါမှမဟုတ် သူများကိုပဲ ငဲ့ညှာလွန်းနေတာလား…   အိမ်မှာတစ်ယောက်တည်း အထီးကျန်နေမယ့် အမေ့ကို သနားနေမိသလို “တစ်ယောက်တည်းရုန်းကန်နေရတဲ့ ငါ့သမီးလေး” ဆိုပြီး အမေလည်း စိတ်မကောင်းဖြစ်နေတာလည်း သိပါတယ်… အားတင်းထားကြတာပေါ့နော်… ကားမှတ်တိုင်လေး (၄) ခုလောက်အကွာမှာနေတဲ့ မောင်လေးနဲ့တောင် တစ်ပတ်တစ်ခါ မတွေ့ဖြစ်တာ…ရန်ကုန်နဲ့ (၄၆) မိုင်အကွာက […]


Sunday ရောက်ပြန်ပြီ… အလွမ်းမျက်ရည်ပေါက်တွေနဲ့ အသည်းနှလုံး ပျောက်သွားသလိုပဲ…   မေ့နေလောက်ပြီ ထင်ပါရဲ့… တစ်နေ့လုံး ဖုန်းပြောခဲ့တဲ့ Sunday ခဏခဏ ရန်ဖြစ်ကြတဲ့ Sunday ခဏခဏ ပြန်ချော့ကြတဲ့ Sunday လွမ်းနေမိတယ် ချစ်သူ…   ကြမ်းတမ်းတဲ့ စကားလုံးတွေ အခုထိ ကြားယောင်နေတုန်းပဲ.. အကြောင်းမသိလို့ပါ တဲ့လား…   ဘာအကြောင်းပါလိမ့် ချစ်သူ.. ငါ့ပတ်ဝန်းကျင်နဲ့ မပေါင်းဖူးဘဲ… ငါ့အကြောင်းလည်း မစုံစမ်းဖူးဘဲ… “ဘူး” ဆိုတာကို အကြောင်းပြလို့ ငါ့အချစ်ကို နင်းချေ ငါ့မာနကို ရိုက်ချိုး ရိုးနေတဲ့ အထာတွေနဲ့ မိဘစကား နားထောင်တဲ့သား တဲ့လား ထားခံခဲ့ရတဲ့ ငါ့မှာသာ ဘဝကြီးက ခါးလို့…   နားလည်ပေးခဲ့ပါတယ်… ဘေးကျပ်နံကျပ် ခံစားချက်ကို ချစ်ရက်နဲ့သာ ထားသွားခဲ့ရင် […]


++++++++++++++++++++++++++++++++++++++ ++++++++++++++++++++++++++++++++++++++ မှားခဲ့တာ.. တကယ်တော့ ငါမှားခဲ့တာ.. ပကာသနနဲ့ ပြည့်စုံတဲ့ နင့်ကို လူတော်စာရင်းထဲပါတဲ့ နင့်ကို အများကအားကျတဲ့ နင့်ကို သမီးရှင်တွေ ဝိုင်းနေတဲ့ နင့်ကို ပြောရရင်… ဘာပြစ်ချက်မှ မရှိဘူးလို့ ထင်နေကြတဲ့ နင့်ကို… ချစ်မိခဲ့တာလည်း မှားတယ်.. ရူးမိခဲ့တာလည်း မှားတယ်… ဂရုစိုက်မိခဲ့တာလည်း မှားတယ်.. အမှားဆုံးကတော့… အချစ်ကို အပြစ်လို့ မမြင်ခဲ့တဲ့ ပတ်ဝန်းကျင်ကို ထီမထင်လုပ်ခဲ့တဲ့ ခပ်ပိန်းပိန်း ငါ့ဦးနှောက်ကြီးပဲ… နင့်နာမည်ကို ကြားတာနဲ့ ပကာသနကို ပြေးမြင်သူကမြင် နင့်မိဘပြည့်စုံမှုကို သတိရသူကရ နင့်ပညာတွေကို တွေ့သူကတွေ့.. အဲဒီလူတွေကြား.. ငါ့အချစ်တွေလည်း ဖုံးသွားခဲ့ပေါ့… ရယ်ချင်လိုက်တာ… ငါဆိုတဲ့ မိန်းမက အဲ့ဒါတွေကို မက်သတဲ့လား… တားမရတဲ့ နှလုံးသားဆိုတဲ့ ဒင်းကြောင့် ငါ့မာနတွေ ရိုက်ချိုးခံရ […]


လေယာဉ် changes၊ cancel တွေထဲမှာ သံတွဲလေယာဉ်က တစ်ခြား sector တွေထက် ပိုကြောက်ဖို့ကောင်းပါတယ်။ ငပလီဆိုတာ ခရီးစဉ်ရဲ့နောက်ဆုံးမှ အပန်းဖြေသွားတဲ့ နေရာပါ။ ငပလီကပြန်လာရင် တန်းပြီး departure ထွက်ရင်ထွက်၊ နေရင်လည်း ရန်ကုန်မှာ တစ်ညလောက်ပဲ ထပ်နေ၊ နောက်နေ့ဆို departure၊ အဲဒီလိုမျိုးတွေပါ။ ဆိုတော့ မနက်လေယာဉ်နဲ့ပြန်လာပြီး ညနေ departure ထွက်မယ့် ဧည့်သည်ဆိုရင် လေယာဉ်နောက်ကျလို့ မရသလို၊ နောက်တစ်နေ့မနက်ပြန်မယ့် ဧည့်သည်အတွက်ဆိုရင်လည်း လေယာဉ် cancel ဖြစ်လို့ မရပါဘူး။ departure လွတ်သွားနိုင်ပါတယ်။ တစ်ခါတစ်လေ ဧည့်သည်မှာ အချိန်မရှိလို့ ညနေဘက် တန်းပြီး departure လုပ်ပေးထားရပြီဆိုရင် ဘုရားတနေရပါတယ်။   တစ်ခါသား ကျွန်မတို့တစ်ရုံးလုံး ဘန်ကောက်ကို ခရီးထွက်နေတဲ့အချိန်မှာ MD ဆီကို […]


ဟိုတယ်ပိုင်းမှာ ကျန်ခဲ့တာလေးတစ်ခုက contract rate ထွက်တာ နောက်ကျတာပါ။ ဒီလိုအချိန်မျိုးမှာ အလုပ်တွေအပြည့်လုပ်နေရတဲ့ဘဝကို နားလည်ပါတယ်။ ဟိုတယ်စီမံခန့်ခွဲရေးပိုင်း၊ reservation ပိုင်းတွေကြောင့် ဖုန်းမဖြေနိုင်၊ paper work တွေမနိုင်တာ ဖြစ်နေတာတွေကို တွေ့နေရတော့ စာချုပ်တွေဘက်ကို မလှည့်နိုင်တာကိုလည်း သဘောပေါက်ပါတယ်။ ဒါပေမယ့် ကျွန်မတို့ဘက်မှာကျတော့ rate က အရမ်းအရေးကြီးပါတယ်။ အနည်းဆုံးတော့ တစ်နှစ်စာလောက် ကြိုရနေမှ အဆင်ပြေမှာပါ။ အရင်ကတော့ rate မထွက်သေးလည်း အရင်နှစ်တွေကိုကြည့်ပြီး မှန်းပေးလိုက်တာမျိုးတွေ၊ တစ်ခါတစ်လေကျတော့လည်း “ဘယ်ဈေးနှုန်းလောက် ဖြစ်သွားနိုင်လဲ၊ ခန့်မှန်းခြေလေး ပြောပေးပါလား“ လို့ ဟိုတယ်ကိုမေးပြီး ဈေးတွက်ပေးလိုက်တာမျိုးတွေ လုပ်လေ့ရှိပါတယ်။ ဒါပေမယ့် မနှစ်က အခန်းဈေးနှုန်းတွေက 300% လောက်အထိ ခုန်တက်သွားတာကို ကြုံရပြီးတဲ့နောက်ပိုင်းတော့ ဈေးလည်း မမှန်းရဲတော့ပါဘူး။ ဟိုတယ်တွေကလည်း မှန်းမပေးတော့ပါဘူး။ […]


ဒီရက်ပိုင်း ခရီးသွားလုပ်ငန်းနဲ့ ပတ်သက်တဲ့ ပို့စ်တွေကို ဖတ်ရပါတယ်။ ဝင်ပြီးလည်း ဆွေးနွေးဖြစ်ခဲ့ပါတယ်။ ခရီးသွားကုမ္ပဏီမှာလုပ်နေတဲ့ ကျွန်မအတွက်တော့ ကြုံတွေ့နေရတဲ့အကြောင်းအရာတွေက တစ်နေ့တစ်မျိုး မရိုးနိုင်အောင်ပါပဲ။ အခုလောလောဆယ်မှာ ကျွန်မတု့ိအတွက် အလုပ်လုပ်ရတာ တော်တော်လေးအဆင်မပြေပါဘူး။ ရုံးမှာအလုပ်လုပ်တဲ့အတွက် ရုံးဘက်ကအမြင်နဲ့ နည်းနည်းလောက်ပြောချင်ပါတယ်။ (အင်္ဂလိပ်အသုံးအနှုန်းတွေ များသွားရင် သည်းခံပေးကြပါ။)   ဟိုတယ်များ- ခရီးသည်နဲ့ အခန်းအရေအတွက် မမျှတဲ့အတွက် အခန်းတင်ရတာ အရမ်းကျပ်ပါတယ်။ ဘယ်လိုဟိုတယ်မျိုးနဲ့ပဲ proposal ပေးထားပါစေ…ရရာဟိုတယ်၊ ရရာအခန်းနဲ့ပဲ finalize လုပ်လိုက်ရတာများပါတယ်။ တစ်ခါတစ်လေများဆို ဈေးနှုန်းပေးဖို့အတွက် ဟိုတယ်အခန်းလွတ်မလွတ် အရင်မေးရပါတယ်။ ဘယ်လို စတားမျိုးပဲ လိုချင်ပါတယ်လို့ ဧည့်သည်က ပြောနေပါစေ၊ လွတ်တဲ့အခန်းနဲ့ပဲ ဈေးပေးနိုင်ပါတယ်။ နောက်ဆုံး ဟိုတယ်အကုန်ပြည့်နေတဲ့အတွက် နေစရာတစ်ခုရှိနေအောင်ဆိုပြီး guesthouse အသေးလေးတွေကအစ လိုက်ရှာရပါတယ်။ မြို့တစ်မြို့မှာ အခန်းတစ်ခန်းရဖို့ ဟိုတယ်တိုင်းကို […]


ခရီးသွားခြင်းက အကောင်းဆုံးသင်ယူတဲ့နည်းလမ်းဆိုတာ အစောကတည်းက ကျွန်တော် နားလည်ခဲ့ပါတယ်။ ကျွန်တော့်ရင်ထဲမှာလည်း ခရီးသွားဝိဉာည်က စိုးမိုးနေတုန်းပါပဲ။ နောက်ပြီး ကျွန်တော်ရရှိခဲ့တဲ့ သင်ခန်းစာတွေကိုလည်း လက်ဆင့်ကမ်းမျှဝေသင့်တယ်လို့ တွေးမိခဲ့ပါတယ်။ ကျွန်တော့်လိုပဲ တစ်ခြားခရီးသွားတွေ အသုံးဝင်နိုင်ကောင်းရဲ့ဆိုတဲ့ မျှော်လင့်ချက်နဲ့ပေါ့။   (၁) ပြတိုက်တွေကို ရှောင်ပါ။ ဒီအချက်ကတော့ ရူးနှမ်းနှမ်းအကြံဉာဏ်ဖြစ်ကောင်းဖြစ်နိုင်ပါတယ်။ ဒါပေမယ့် ကျွန်တော်တို့ နည်းနည်းလောက် တွေးကြည့်ကြရအောင်။ တကယ်လို့များ ခင်ဗျားတို့တွေ နိုင်ငံရပ်ခြားမြို့တစ်မြို့ကို သွားလည်မယ်ဆိုရင် ပြီးဆုံးသွားတဲ့အတိတ်ထက် လက်ရှိပစ္စုပ္ပန်ကို ရှာဖွေလေ့လာရတာ ပိုစိတ်ဝင်စားဖို့ မကောင်းဘူးလား။ တကယ်တော့ လူတွေက ပြတိုက်ဆိုတာ မဖြစ်မနေသွားရမယ့်အရာလို့ ခံယူထားခဲ့ကြပါ။ ဒါကလည်း ခရီးသွားခြင်းဆိုတာ ပြတိုက်ထဲက ယဉ်ကျေးမှုတစ်ရပ်ကို ရှာဖွေခြင်းလို့ ဟိုးငယ်ငယ်ကတည်းက သင်ကြားခဲ့ရလို့ပါပဲ။ အမှန်တကယ်တမ်းတော့ ပြတိုက်တွေက အရေးကြီးပါတယ်။ ဒါပေမယ့် အချိန်နဲ့ရည်ရွယ်ချက် လိုအပ်တယ်။ အဲဒီပြတိုက်မှာ […]


– – – – – – – – – – ++++++++++++++++++++  ++++++++++++++++++++ အင်မတန်စိတ်ဝင်စားစရာကောင်းတဲ့ခေါင်းစဉ်လို့ မြင်ပါတယ်…ဘာမှမသိတဲ့ မွန်မွန်ကတော့ သိချင်လို့ သွားနားထောင်ပါမယ်… ရွာသူားတွေအတွက် သတင်းပေးလိုက်ပါတယ်..   ခင်တဲ့ လုံမလေးမွန်မွန်


ကျွန်မ နယ်ကို တစ်ခါပြန်ရင် ပြောစရာတစ်ခု ရလာတတ်ပါတယ်။ သုံးလေးလနေမှ တစ်ခါ၊ တစ်ခါတစ်လေများ တစ်နှစ်နေမှ တစ်ခါလောက်ပြန်ဖြစ်တဲ့အတွက်ရယ်၊ နယ်က သူငယ်ချင်းတွေနဲ့ကလည်း အမြဲတမ်း မဆက်သွယ်ဖြစ်တာရယ်၊ အိမ်နဲ့ဖုန်းပြောရင်လည်း မိသားစုကိစ္စလောက်ပဲ ပြောဖြစ်တာရယ်ကြောင့် နယ်မြို့လေးရဲ့ သတင်းတွေနဲ့ အဆက်ပြတ်နေတတ်ပါတယ်။ ဒီတစ်ခေါက်ပြန်တော့ ကြားရတဲ့သတင်းတွေကတော့ စိတ်မသက်သာစရာတွေပါပဲ။ ပြောရင်လည်း ကိုယ်ပေါင်ကိုယ်လှန်ထောင်းသလို ဖြစ်မှာဆိုပေမယ့် ရန်ကုန်မြို့နဲ့ (၄၆) မိုင်သာဝေးတဲ့ နယ်မြို့လေးမှာ ဘာတွေဖြစ်နေလဲဆိုတာ ပြောပြချင်လို့ပါ။ ကျွန်မ အိမ်ပြန်တိုင်း ကျွန်မရဲ့ ငယ်ဆရာမဆီကို အရင်ဆုံးသွားလေ့ရှိပါတယ်။ ပညာရေးကို စိတ်ဝင်စားတဲ့ ကျွန်မနဲ့ ဆရာမတို့ နှစ်ယောက်သား ပညာရေးအကြောင်း၊ ဆရာတွေအကြောင်း၊ ကျောင်းသားတွေအကြောင်း၊ ကျောင်းအကြောင်း စသဖြင့် အကြောင်းအရာပေါင်းစုံ စကားလက်ဆုံကျဖြစ်ပါတယ်။ ဒီတစ်ခါတော့ နည်းပညာတိုးတက်မှုနဲ့ အချိန်မတိုင်သေးတဲ့ သင်ကြားမှုနောက်ကွယ်က ကျောင်းသားတွေအကြောင်းကို သိခဲ့ရပါတယ်။ […]


– – – – – – – – – – နှစ်ထောင့်ဆယ့်သုံး အပြုံးလေးနဲ့ ကြိုရအောင်… ထားခဲ့ကြစို့.. အရုံးတွေ…အမုန်းတွေ… ချုံးပွဲချငိုဖူးတာတွေ အဆုံးမဲ့ကြေကွဲမှုတွေ… ပျိုမျစ်ခြင်းတွေ ရင့်ကျက်ချိန် ခြေလှမ်းသစ်နဲ့ စတင်မယ် အမှားတွေ နည်းမိသွားဖို့ ချစ်ခြင်းတွေ ဖြန့်ကျက်ထားဖို့… ဘဝမြစ်က မရေရာဘူး နှစ်သစ်နဲ့ ကြုံရပြန်ပြီ ဆုံခွင့်ရတာ ကျေးဇူးပါ… အတိတ်မှာ အများကြီးပဲ အမှားတွေကို သင်ခန်းစာယူ ယုံကြည်မှုအတူဆက်လို့ နှစ်သစ်ကို ချီတက်ကြမယ်.. Happy New Year…။ ။ ***ရွာသူရွာသားအားလုံးကို နှစ်သစ်မှာပျော်ရွှင်ပါစေလို့ နှုတ်ခွန်းဆက်ပါတယ်… ကဗျာလေးကို မနန်းတော်ရာသူရဲ့လက်ရာ ပုံလေးတွေနဲ့ တွဲပြီး ခံစားပေးပါလို့.. ချစ်တဲ့ လုံမလေး.. +++++++++++++++++++++