moonpoemApril 8, 20111min2238
တကယ်လို့ သာ သင့်ကို လူတစ်ယောက်က အဲဒီမေးခွန်းမေးခဲ့မယ်ဆိုရင် သင်ဘယ်လိုဖြေမှာလဲ။ ကျွန်မကိုသာ ဖြေခိုင်းခဲ့မယ်ဆိုရင်တော့ ဟုတ်တယ်လို့ပဲ ဖြေမိမယ်ထင်ပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ကျွန်မတို့တွေဟာ နေ့တစ်ဓူဝ ဝတ်စားဆင်ယင်ကြတဲ့အခါ ပွဲလမ်းသဘင်၊ အချိန်အခါကိုမူတည်ပြီး သင့်တော်ရာ ဝတ်ဆင်ကြရပါတယ်။ သင်ဟာ မြန်မာ့ရိုးရာတိုက်ပုံ၊ပုဆိုး မိန်းကလေးဆိုရင် ချိတ်ထဘီရင်ဖုံး ဝတ်ဆင်ထားတဲ့အချိ်န်ဆိုရင် သင့်စိတ်ဟာ ယဉ်ကျေးနေပြီးတော့ သေချာတာတစ်ခုကတော့ သိမ်သိမ်မွေ ့မွေ ့လမ်းလျှောက်မိနေပါလိမ့်မယ်။ ဂျင်းဘောင်းဘီရှည်စပို့ရှပ် ကိုဝတ်ဆင်ပြီးနေတဲ့လူတစ်ယောက်ရဲ ့စိတ်ဆိုရင်လည်း နူးညံ့သိမ်မွေ ့တယ်မှုမျိုးထက်လွတ်လပ် ပေါ့ပါးမှုက ပိုများပါလိမ်မယ်။ တကယ်လို့များ ညဝတ်အင်္ကျ ီဝတ်ထားခဲ့မယ်ဆိုရင် ပီဘိကလေးတစ်ယောက်သဖွယ် ခံစားမှုတွေ ရှိနေပါလိမ့်မယ်။ ကျွန်မတစ်နေ ့လိုင်းကားစီးတော့ ကောင်မလေးတစ်ယောက်တက်လာပါတယ်။ စကတ်တိုဝတ်ထားပြီး ခြေထောက်တင်တဲ့ခုံမှာ ခြေထောက်လေးတင်ထားတဲ့အချိန် သူ့စကတ်လေးက အင်း ပြောရမယ်ဆိုရင်တော့ ကျွန်မမျက်လုံးထဲမှာတော့ ခိုးလိုးခုလုပါပဲ။ သူ့ကိုကြည့်ရတဲ့အခါ စိတ်မလုံခြုံမှုကိုခံစားနေရတယ်လို့ ထင်ပါတယ်။ […]


moonpoemApril 6, 20111min39818
သမီးရေ အလုပ်ကပြန်လာပြီလား ဟုတ်ကဲ့ ဒေါ်လေး ရာသီဥတု ကလည်း ပူလိုက်တာနော် ဒါဆို အိုက်နေမှာပေါ့ကွယ်။ အေးသွားအောင် အပေါ်ထပ်တက်ပြီးကြမ်းတိုက်လာပါလား ဟမ် အမလေး ရင်ထဲကို ဆို ့နင့်သွားတာပဲ သူပြောတာလည်း ဟုတ်တုတ်တုတ် ရာသီဥတု ပူကြောင်း ပြောမိတဲ့ ကိုယ့်ကိုကိုယ်ပဲ ကျွန်တော်မျိုးကြီး သေသင့်ပါတယ်လို ့ပဲ ပြောလိုက်ချင်ပါရဲ ့။ ဒီလိုနဲ ့ထမင်းစားပြီးတော့ လျှာရှည်တဲ့ ပါးစပ်ကပဲ ဟွန်းစားကောင်းလို့လား မသိပါဘူး ဗိုက်လေးလိုက်တာ ဆိုတော့ ဒေါ်လေးက အေးကွယ် ဒါဆိုလည်း လမ်းလျှောက်ပြီးသားလည်းဖြစ် အိမ်လည်းသန့်ရှင်းသွားအောင် တံမြက်စည်းလေး လှည်းလိုက်ပါလားတဲ့။ အင်း ဒီလျှာတစ်ချောင်းကလည်း အငြိမ်မနေမိပါလား။ ပြောချင်တဲ့ဇာတ်လမ်းက အဲဒီမှာ စတာပဲ။ ခဏနေတော့ ကျွန်မအစ်ကိုပြန်ရောက်လာတယ်။ ယောက်ျားလေးတို့ ထုံစံအတိုင်းပေါ့ ညီမလေး ထမင်းခူးပေး ဒေါ်လေး […]


moonpoemApril 5, 20111min2284
ကျွန်မတတိယတန်းလောက်က အိမ်ကမိသားစုတွေနဲ ့ ကျိုက်ထီးရိုး ကိုပထမဦးဆုံးအကြိမ် စရောက်ဖူးခဲ့ပါတယ်။ ကလေးအတွေးထဲမှာ မှတ်မိနေတာက အိမ်က ကားက တစ်နေရာမှာရပ်တယ်။ Truckကားကြီးစီးရတယ်။ ပြီးတော့ လမ်းလျှောက်တက်မလား Truckကားနဲ့အပေါ်ဆက်တက်မလား လို ့မေးတော့ လမ်းလျှောက်တက်မယ်လို ့အမေဖြေတာရယ်ဘုရားဖူးကြတယ် ချမ်းတယ် ဒီလောက်ပဲမှတ်မိတာပါ။ ဒီလိုနဲ ့ပထမနှစ်ကျောင်းအပြီး ဂျပန်သံရုုံးစာမေးပွဲဖြေဖို ့သူငယ်ချင်း၄ယောက်စုပြီးရန်ကုန်ကို လာကြတယ်။ စာမေးပွဲဖြေပြီးတော့ သူငယ်ချင်း၃ယောက်က ကျိုက်ထီးရိုးကိုတစ်ခါမှမရောက်ဘူးလို ့သွားချင်တယ်လို့ပြောလာတယ်။ ၄ယောက်ထဲမှာ ကျွန်မက ဆရာမကြီးပေါ့။ ငါက တစ်ခေါက်ရောက်ဖူးတယ်ဆိုပြီး သူတို့ကို ဦးဆောင်ပြီး ခေါ်သွားပါတယ်။ ရန်ကုန်ကနေ စီးလာတဲ့ ကားကြီးက ကင်ပွန်းစခန်းမှာရပ်တယ်။ စိတ်ထဲမှာထင်နေတာက ရပ်ပေးတဲ့နေရာက ငယ်ငယ်တုန်းက လိုပဲTruck ကားစီးမလား၊ လမ်းလျှောက်တက်မလားလို ့မေးတဲ့နေရာလို့ ထင်နေတယ်။ ဒါနဲ လမ်းလျှောက်တက်ရတာ ပျော်စရာကောင်းတယ်ဟ ၁နာရီခွဲလောက်ပဲကြာမှာလို့ပြောုတော့ အားလုံးကလည်းသဘောတူကြတယ်။ […]


moonpoemApril 4, 20111min71730
အရင်တစ်ပတ်က ကျွန်မကိုယ်တိုင် ရေးသားခဲ့သော သီချင်းများနဲ ့ရန်ဖြစ်ခြင်း ခေါင်းစဉ် (မလွမ်းရဲသေးဘူးမောင်ရယ်) ကိုTag လုပ်ထားသောပိုစ့်ကို ယခု မနောဖြူလေးမှ အဆိုတော်တွေ ဘာတွေဆက်ဆိုဦးမလဲ ခေါင်းစဉ်ပဲ အမည်ပြောင်းကာ ကူးချထားသည်ကို တွေ ့လိုက်ရပါသည်။ အလွဲသုံးစားလုပ်ခံလို်က်ရသည့် အတွက် စိတိ်မကောင်းပါ။ အယ်ဒီတာအနေဖြင့် တာဝန်ရှိသလောက် ဖြေရှင်းပေးစေလိုပါသည်။ မနောဖြူကိုယ်တိုင်မှလည်း ပိုစ့်တင်ပြီး ကူးချထားတာဝန်ခံကြောင်း သိက္ခာ ရှိရှိနှင့် တောင်းပန်စေလိုပါသည်။ ရွာသူရွာသား အချင်းချင်း ကူးချတာခံလိုက်ရတာ စိတ်မကောင်းပါ


moonpoemApril 4, 20111min2698
ကျွန်မ သိပ်မကြာခင် သင်္ကြန်ဆိုတော့ အိမ်ပြန်ရတော့မယ်လေ။ အိမ်ပြန်ဖို ့ အိမ်ပြန်လက်ဆောင်ကြိုစုဆောင်းရတာတွေ၊ သူငယ်ချင်းတွေ ဆွေမျိုးတွေကို ဘာပေးရင် ကောင်းမလဲဆိုပြီး လက်ဆောင် ကြိုဝယ်ရတာတွေနဲ ့ အလုပ်ရှူပ်နေရပေမယ့် ကျွန်မသိပ်ပျော်နေပါတယ်။ ညအိပ်ရင်လည်း အင်း အိမ်ပြန်ရင် အားရှိအောင် အိပ်ထားဦးမယ် ပေါ့။ ရုံးရောက်ရင်လည်း ဘာရယ်မသိတက်ကြွနေပြီးတော့ အလုပ်လုပ်ရတာ အင်နာဗွန်စီ မသောက်ရဘဲ လန်းဆန်းလို ့နေပါတယ်။ အရင်ကဆို မနက်မိုးလင်းရင် ရုံးမသွားချင်ဘူး ခွင့်ယူလိုက်တော့မယ်ဆိုပြီး တွေးမိတာအကြိမ်ကြိမ်။ ရုံးရောက်ပြန်တော့လည်း သာမန်ပါပဲ ပေါ့ပေါ့ပါးပါးလည်း မဟုတ် လေးလံထိုင်းမှိုင်းတာလည်း မဟုတ်ဘဲ စိတ်ထဲမှာ နေ ့တိုင်း ဒီ သံသရာထဲမှာ လည်နေရတဲ့ လူသားတစ်ယောက်ဆိုုပြီး စိတ်ကုန်နေသလိုပါပဲ။ အခုကျွန်မလန်းဆန်းနေတော့ တွေးမိတာ ငါအခုလို ပျော်နေတာက ငါ့မှာ အိမ်ပြန်ရမယ် ဆိုတဲ့ […]


moonpoemApril 3, 20111min2875
လေးဖြူက အဖေသီချင်းကိုဆိုတယ်။ ရဲလေး ကထိပ်ဆုံးက အမေသီချင်းကိုဆိုတယ်။ပြီးတော့ ၆နာရီဆိုရင် ပြန်လာပေးပါအဖေဆိုတာနဲ ့နာမည်ကြီးသွားတယ်။ သိချင်တာကဘာကြောင့် အမျိုးသားအဆိုတော်တွေကပဲ အဖေ၊အမေ သီချင်းတွေကို ဆိုနေပြီး အမျိုးသမီး အဆိုတော်တွေက မဆိုကြသေးတာလဲ။ မိန်းကလေးအဆိုတော်တွေက ကိုကြီးကိုကြီး၊ မရဲ ့မောင်လေး၊ ချစ်သောဦးရယ်ဆိုပြီး ဆိုကြတယ်။ ဘာကြောင့် ယောက်ျားလေး အဆိုတော်တွေက မမှမချစ်ရင်ဘဝပျက်သွားနိုင်တယ်။ ညီမလေးရယ် စိုးရိမ်တယ်၊ ကောင်မလေး၊ ကလေးရယ် လို ့သာဆိုကြတယ် ဘာကြောင့် ချစ်သောဒေါ်လေးဆိုပြီး မဆိုကြသေးတာလဲ။ ယောက်ျားလေးအဆိုတော်တွေထဲမှာ မျိုးကြီး၊ဖြိုးကြီး၊ ဟဲလေး၊ရဲလေးဆိုပြီးရှိပေမယ့် မိန်းကလေးအဆိုတော်တွေထဲမှာ ဘာလို ့ဆင်တူနာမည်မရှိသေးတာလဲဟင်။ မသိလို့နော် မေးကြည့်တာပါ။


moonpoemApril 1, 20111min2617
သူကြီးသည် မန ္တလေးဂေဇက်သတင်း အသင်းဝင်များကို ဒေါ်လာ၈၀ဝတန် ဖိတ်စာများပို ့ကာ အကြောင်းကြားလိုက်သည်။ အသင်းဝင်တို့ သည်လည်း ပျော်ရွှင်စွာဖြင့် ကိုယ်ပိုင်လေယာဉ်ငယ်၊ ဟတ်စကီးများစီးကာ ဖိတ်ကြားထားရာ ဆန်ဒိုးနားဟိုတယ်သို့ သွားကြလေသည်။ လူစုံသောအခါ သူကြီးက ယခုလာမည့်သင်္ကြန်တွင် အသင်းဝင်များအားလုံးပျော်ပွဲရွှင်ပွဲအတွက် ပွိုင့်ပြည့်သည် ဖြစ်စေ မပြည့်သည်ဖြစ်စေ တစ်ယောက်ကို ၁ဝသိန်းထုတ်ပေးမည်ဆိုသည့်အကြောင်း ထို ့ပြင် အသင်းဝင်များထဲမှ ကံစမ်းမဲပေါက်သူ၃ယောက်ကို ရွေးချယ်ကာ ဟာဝါရီကျွန်းသို ့ လွှတ်မည် ဆိုသည့်အကြောင်းများ ဖြစ်လေသည်။ အသင်းဝင်တို ့သည် ထုံးစံအတိုင်း ဝမ်းနည်းကြေကွဲစွာဖြင့် အော်ဟစ်ခုန်ပေါက်ကြလေသည်။ ထို့ပြင် ကမာ္ဘအေးလမ်းမပေါ်တွင် မြန်မာ့ရိုးရာ သင်္ကြန်မဏ္လပ်ဆောက်ပြီး အသင်းဝင်သူများအနေဖြင့် ယောက်ျားလေးဖြစ်ပါက တူရိယာတစ်ခု တီးခတ်ရန် မိန်းကလေးဖြစ်ပါက ယိမ်းကရန်နှင့် ယိမ်းသင်ပေးရန် တစ်ခို်င်လုံးရွှေ ဒေါ်အေးအေးမြင့်ကိုခေါ်ထားသည့်အကြောင်း စသော လိုအပ်သည်များကို […]


moonpoemMarch 31, 20111min44211
ချောစုခင်က ရဲ ့သီချင်းတစ်ပုဒ်က ပြောတယ် ဒါအချစ်လားကွယ် တဲ့။ ထူးအိမ်သင်နဲ ့မေဆွိကလည်း ပြန်ဖြေတယ် ရင်ခုန်ရင်အချစ်ပဲကွယ် တဲ့။ ခက်တာက ချောစုခင်က ပြနြ်ငင်းလိုက်တယ် ရင်ခုန်လိုက်တိုင်းအချစ်မှ မဟုတ်တာ ဆိုတော့ အငဲက အချစ်က ခါး ခါးခါး လွန်းလှပါတယ်တဲ့။ ချမ်းချမ်းက အဲဒီ အဆိုအမိန် ့ကို သဘောမတူဘူး ရန်ဖြစ်လိုက်တယ် တကယ်ဆိုရင် အချစ်ပဲလိုတာတဲ့လေ။ အဲလက်စ်နဲ ့မျိုးကျော့မြိုင်ကတော့ ထောက်ခံတယ်။ တကယ်ချစ်ရင် မာနတွေ ခဝါချပြီး အချစ်ရဲ ့အောက်မှာ ဒူးတွေ ထောက်ကျတယ်ဆိုပြီး အချစ်သီချင်း ဆိုပြန်ရော။ ဘယ်သူတွေ ဘာပြောပြော ရိန်မိုးက အချစ်ဆိုတာဟာ ကောင်းကင်က ငှက်တစ်ကောင်ပါပဲတဲ့။ နောက်ဆုံးတော့ ထွန်းအိန္ဒြာဗိုလ်ကပြောလိုက်တယ် အချစ်ဆိုတာ ဖြေရှင်းမရတဲ့ပုစ္ဆာပါပဲ။ ကျွန်မကတော့ Blach Hole […]


moonpoemMarch 30, 20111min67229
မန ္တလေးဂေဇက်မှာ အရင်တစ်ပတ်ကမှ စပြီး Registerလုပ်၊ အခုမှ ဘလော့ဂ်တွေ စရေးနေရတဲ့လူအဖို ့ ပွိုင့် ဆိုတာ နေကြာစေ့လားလို ့မေးရမလောက်ပါဘဲ။ ရတဲ့ ပွိုင့် တွေကလည်း အားငယ်စရာ။ Top Tenဝင်နေတဲ့သူတွေကို ကြည့်ပြီး အားကျလိုက်တာလို ့လည်း တွေးမိပါတယ်။ ကျွန်မကတော့ ကိုယ့်ဖာသာကိုယ်စဉ်းစားမိတာကတော့ တစ်နေ ့မှာ Log In ဝင်ပြီး တစ်ပုဒ်ရေးရင်တောင် စုစုပေါင်းမှ ပွိုင့်၅၀၊ တစ်နေ ့တစ်ပုဒ်နှုန်းနဲ ့တစ်လဆိုတော့ ပွိုင့်ပေါင်း ၁၅၀၀၊ တစ်နှစ်လုံး ထိုင်ရေးရင်တောင် ပွိုင့်က ၁၈၀၀ဝပဲရဦးမှာ။ ၆နှစ်လောက်နေမှ ပွိုင့်က တစ်သိန်းပြည့် မှာ။ အတွေးနဲ ့တင် ဟူး မောလိုက်တာ။ ရေရှည်စီမံကိန်းကြီးပါလား။ ကျွန်မက အခု သာရန်ကုန်မှာမို ့လို […]

images-1.jpg

moonpoemMarch 29, 20111min2282
ကျွန်မသည် ကလေးဘဝက ဆံပင် မကြာခဏ ညှပ်ရတာ ကြိုက်သူတစ်ယောက်ဖြစ်ပါသည်။ အဲဒီတုန်းက အမရပူရ မှာ အခုလိုမျိုး ဆံပင်ညှပ်ဆိုင်တွေ အများကြီး မရှိသေးပါ။ မှတ်မိသလောက် ဆိုရင်တော့ ကျွန်မတို ့နေသော အနီးတစ်ဝိုက်တွင် ဆံပင်ညှပ်ဆိုင်သည် ၁ဆိုင်တည်းသာရှိပါသည်။ ထိုရှိသောတစ်ဆိုင်ကလည်း ဆံပင်ပုံစံ၂မျိုး ကလွဲပြီး ဒိ့ထက်ပို မညှပ်တတ်သောဆိုင်လည်းဖြစ်ပါသည်။ သူ ့ကို ဆံပင်အတို ညှပ်မည်ဟုပြောလိုက်လျှင် ရှေ့တစ်လက်မလောက် ဆံပင်အသိုက်လေးထားပေးပြီးနောက်စေ့အပြောင် ဒီဇိုင်း ၊ မတိုမရှည်ဆိုလျှင်တော့ ဗိုက်ကလေးပုံစံ ရှေ့ရော နောက်ရော ဆံပင်ကိုအုန်းမှုတ်ခွက်ကဲ့သို ့ညှပ်ပေးသော ဒီဇိုင်း ဖြစ်ပါသည်။ ယောက်ျားလေးဖြစ်ဖြစ်၊ မိန်းကလေးဖြစ်ဖြစ် သူ ကတော့ ဒီပုံကိုပဲ တရားသေညှပ်ပေးသူ ဖြစ်ပါသည်။ ဖေဖေက သမီးမိန်းကလေးမို ့ဆံပင်အရှည် ထားစေချင်သော်လည်း မေမေကဆံပင်ကိုတိုမှကြိုက်ပါသည်။ ထို ့ကြောင့် […]


moonpoemMarch 26, 20111min36410
ဪ ဆရာမြို ့မငြိမ်း သီချင်းတွေ နာမည်ကြီးတာ ကြီးလောက်ပါပေရဲ ့လို ့ အခုတစ်လော တွေးမိနေတယ်။ သင်္ကြန်သီချင်းဆိုလည်း သင်္ကြန်ပုံရိပ်တွေ၊ နိမိတ်တွေနဲ ့ ဆိုတော့ သီချင်းနားထောင်ရတဲ့လူအဖို ့ မရိုးနိုင်ပါဘူး။ သင်္ကြန်နီးပြီဆိုတာနဲ ့ ဆရာ့သီချင်းတွေနားထောင်ရတာကိုက အရသာတစ်မျိုးပဲလေ။ အခုနောက်ပေါ်လာတဲ့ သင်္ကြန်သီချင်းတွေတော့ တစ်ချို ့တစ်လေကလွဲရင် ခံစားလို ့မရဘူးလို ့လဲ အောင်းမေ့မိပါတယ်။ တစ်ခါတစ်လေ သင်္ကြန်၊ပိတောက်၊ တန်ခူး၊ ရေလောင်းတဲ့ မြင်ကွင်းတွေ မပါဘဲ လူကြိုက်များတဲ့ သီချင်းတွေဆိုပြီး ခဏခဏဖွင့်နေတော့ မေးတောင်ကြည့်ယူရတယ်။ ဘာတဲ့ ဟိုသီချင်းလေ တင်းတယ်တင်းတယ် အိုးတင်းတယ်တင်းတယ်ဟေ့ လူမသိငါ့တစ်ယောက်ထဲ ကြိတ်ကာ တဲ ့ အဲဒါ မနှစ်က သင်္ကြန်သီချင်းထဲမှာ အပေါက်ဆုံးဆိုပဲ။ ဪ တင်းတယ်ဆိုတဲ့ဟာက သင်္ကြန်သီချင်းလားလို […]


moonpoemMarch 25, 20111min1882
နိုင်ငံတိုင်းနိုင်ငံတိုင်းမှာ ရုံးပိတ်ရက်တွေ၊ အထိမ်းအမှတ်နေ ့တွေ သူ ့နေရာနဲ ့သူ ရှိကြပါတယ်။ မြန်မာနိုင်ငံရဲ ့ ရုံးပိတ်ရက်နဲ ့ကျောင်းပိတ်ရက်နေ ့ကတော့ အားလုံးသိကြတဲ့အတိုင်း စနေ၊တနင်္ဂနွေ ဖြစ်ပါတယ်။ ဈေးနဲ ့တခြားပုဂ္ဂလိက ကုမ္ပဏီတွေရဲ ့ပိတ်ရက်တွေကတော့ အသီးသီးပါပဲ။ ယခင်က မြန်မာနိုင်ငံမှာ ရှိတဲ ့ ပြတိုက်တွေက တည်ရှိတဲ့ နေရာနဲ ့ပြတိုက် အမျိုးအစားကိုလိုက်ပြီး မတူညီကြပါဘူး ။ ဒါပေမယ့် ၂၀၁၁ ခုနှစ်၊ ၄လပိုင်း ၊ ၁ရက်နေ ့က စတင်ပြီး တင်္နလာ၊ အင်္ဂါနဲ ့ အခါကြီးရက်ကြီး ရုံးပိတ်ရက်တွေကိုမြန်မာမှာရှိတဲ့ပြတိုက်အားလုံးရဲ ပြတိုက်ပိတ်ရက်အဖြစ် တပြေးညီ သတ်မှတ်သွားမယ်လို ့ ဟိုတယ်နှင့်ခရီးသွားလာရေး ဝန်ကြီးဋ္ဌာန မှ ထုတ်ပြန်ကြေညာလိုက်ပါတယ်။ မြန်မာနိုင်ငံမှာ ရှိနေတဲ […]


moonpoemMarch 25, 20111min2736
အားလုံးပဲမင်္ဂလာပါရှင့်။ ဒီနေ ့တော့ ဆွေမျိုး တော်စပ်ရင်ခေါ်ပုံခေါ်နည်းတွေနဲ ့ ပတ်သတ်ပြီး ကျွန်မ မသိတာလေးတွေရှိနေလို ့မေးမြန်းချင်ပါတယ်။ ဒီပုံပြင်လေးကို သိပြီးသားဖြစ်ကောင်းဖြစ်ပေမယ့်လို ့တကယ်တမ်းတော ့ ကျွန်မကိုယ်တိုင် ဆွေမျိုးမစပ်တတ်လို ့ သူငယ်ချင်းတွေ ကို မေးရခြင်းသာဖြစ်ပါတယ်။ ပုံပြင်လေးက ဒီလိုပါ။   အိနိ္ဒယ လူမျိုးတစ်ယောက်နဲ ့ အမေရိကန်လူမျိုး တစ်ယောက် အချင်းချင်း ဆွေးနွေးနေကြပါတယ်။ အိနိ္ဒယ လူမျိုး၊  ၊ ငါတော့ စိတ်ညစ်တယ်ကွာ။ အိမ်က ငါ့ကို တစ်ခါမှ မမြင်ဘူးတဲ ့ မိန်းမတစ်ယောက်နဲ ့ အခုငါ့ ကို ပေးစားတော့မလို ့တဲ ့။ ငါ့နိုင်ငံပြန်ရောက်ရောက်ချင်း မင်္ဂလာဆောင်ရမှာ ဆိုတော့ ငါစိတ်ညစ်နေတယ်။ ငါ့မှာချစ်သူ ရှိတယ်ကွ။ သူ ့ကိုပစ်ပြီး […]