moonpoemNovember 24, 20141min18810
သူတို့ ထုတ်တဲ့ ဥပဒေတွေကလည်း MPT ငွေဖြည့်ကဒ်လိုပဲ ကြာရှည် မခံဘူး။အရေးယူ မယ့်သူ မရှိတော့ လိုက်နာမယ့် သူလည်း မရှိတာ မဆန်းပါဘူးလေ။ပမာ ပြောရရင် ကြည့်ပါလား လိုင်းကားတွေ ညာဘက်ယာဉ်ကြောကနေသာ မောင်းရမယ်ပြောတာ ဘယ်လိုင်းကား ကများ လိုက်နာလို့တုန်း။ တွေးကြည့်ရင် ကျွန်မတို့ တွေ အခုလို လမ်းပိတ် မြောင်းပိတ် တံတားပိတ် ဘဝမှာ ခံနေရတာ ရှေးဘဝက သူတို့တွေနဲ့ ထုပ်ဆီးတိုးတမ်း ဆော့တုန်းက ညစ်ခဲ့လို့လား မသိ။ဒီဘဝတော့ ကိုယ့်ကြည့် အပိတ်ခံ အတားခံနေရတာ။ ပိတ်ဆို့တာ တင်းကြပ်တာတွေများလာတော့ ကဲငါတော့ မြို့မှာမနေတော့ဘူး။ရွာပြန် လယ်စိုက်မဟဲ့ လုပ်ပြန်တော့ ရွာမှာလည်း လယ်တွေအသိမ်းခံရတာ များသတဲ့။ဪ လယ်စိုက်စားလို့ မဖြစ်တောပြန်ဘူးပေါ့။ ဒါနဲ့ စိတ်ပေါက်ပေါက်နဲ့ အပြီးပိုင် တောထွက်မယ်ဆိုပြီး ထွက်ဖို့တောရှာတယ်။ […]


moonpoemOctober 1, 20141min24014
ကိုကိုMPTရေ ရှင်ဟာ ကျွန်မအပေါ်မှာ နွေးထွေးမူှမရှိဘူး။စိမ်းကားတယ်လို့ ထင်ခဲ့လို့ ကိုကို ooredooနဲ့ ကိုကို telenor အပေါ်မှာ ကျွန်မ စိတ်တွေ တိမ်းညွတ်ခဲ့တာ ကျွန်မ ဝန်ခံပါတယ်။သူတို့က အပြင်ပန်း သိပ်smartကျတာတွေနဲ့ စွဲဆောင်ခဲ့တာကိုး။ ကျွန်မအထင်ကြီးတာ မလွန်ပါဘူး ကိုကိုmpt။ရှင်က နေ့နေ့ ညညခေါ်မကြား အော်မကြား၊ အေးတိအေးစက် ဆက်ဆံရေးတွေနဲ့ ကျွန်မရှင့်ကို စိတ်ကုန်မိတာ ဆန်းသလားလို့ ပြောစမ်းပါ။ ကိုကို Ooredoo နဲ့ ကိုကို Telenor ကို ကျွန်မအပါအဝင် တော်တော်များများ သည်းသည်းလှူပ်ခဲ့ကြတာ မှန်ပေမယ့် သူတို့က ရှင်စိမ်းကားတာထက် ပိုတဲ့ အသည်းမာတဲ့ ရက်စက်တဲ့ နှလုံးသား ပ်ိုင်ရှင်တွေဆိုတာ ကျွန်မ အခု နားလည်ခဲ့ပါပြီ။ အခုလည်း ရှင့်ကို ကျွန်မ သဘောကျ လွန်းလို့ […]


moonpoemSeptember 13, 20141min32016
တောသူဆိုတော့ အတိတ်နမိတ်တို ့တဘောင်တို ့တော့ အယုံသားကလား။အဲဒါကြောင့်နေမယ် တလောက ရွာက ကြီးတော်ဘုမက ပြောတယ် တို ့များမြန်မာပြည်မယ် ပီအာ စနစ်ကျင့်သုံးမယ် ဘာမယ်ဖြစ်တော့ သူက လက်မခံနိုင်ဘူးတဲ့။ ဘာဖြစ်လို့လည်း ဆိုတော့ စနစ်နာမည်ကိုက ပီအာ ဆိုမှတော့ အသံထွက်အတိုင်း အပီအာ မှာအေ့။ အဲဒါကြောင့် ညည်းလည်း ကန့်ကွက်လို ့ပြောတာ သူပြောလို့ကျွန်မလည်း သံယောင်လိုက်ပြီး အင်းဆိုပြီး ကန့်ကွက်လိုက်တာပဲ။အတိအကျတော့ နားမလည်ပေါင်တော့ကျွန်မက တောသူ မဟုတ်လား။ ရွာထိပ်က ကာလသားခေါင်းဆောင် မောင်သိန်းကလည်း မခေဘူးတော့။ သူက ဗေဒင်တွေ ဘာတွေ တွက်တတ်လို ့နဲ ့တူပါရဲ ့။ ပြောသေးတာ ဘာတဲ့ ဟိုနင်းအလှမယ် ကောင်မလေး ရင်သားခွဲစိတ်ပြုပြင်တာ အဟုတ်လိုလို ကောလဟာလလိုလိုတွေ ဖြစ်နေတာထောက်ပြီး မြန်မာပြည်မှာ […]


moonpoemJuly 16, 20141min28915
အကယ်၍ ကျွန်ုပ်၏ အစ်မအပျိုကြီးသည်အမျိုးသမီးဖြစ်သဖြင့် အမျိုးသမီးထုကို ကိုယ်စားပြုသည်ဆိုကြပါစို့….။ သူနှင့်ကျွန်ုပ်ငယ်စဉ်က အိုးပုတ်ချိုးရုပ် ဝယ်လျှင် သူသည် မည်သည့်အိုးပုတ်ချိုးရုပ်ကို မဆိုဝယ်၏။လှလှ မလှလှ သူမရွေး သူ့မှာရှိသမျှှနှင့်ရအောင်ဝယ်၏။ ဒါသည် ငယ်ရွယ်စဉ် အခါဆယ်ကျော်သက်အရွယ်၌ ဘာပဲဖြစ်ဖြစ်ချစ်တတ်သော အမျိုးသမီးထုကိုကိုယ်စားပြု လေ၏။သူတက္ကသိုလ်တက်မည်ဆိုသောအခါ အိတ်လှလှလေးများကို မြင်လျှင် သဘောတွေကျပြီး ပြုံးတတ်လာပြီ။တကယ်လှသောအိတ်ကိုရွေးချယ်ဝယ်ယူတတ်လာပြီ။မလှလျှင် နေခဲ့လေတော့။ ဒါသည် သစ်ရွက်လှုပ်လျှင် တခိခိရယ်တတ်သောအရွယ် ချောတာလှတာမြင်လျှင် ရင်ခုန်တတ်သည့် ် အသက်၂ဝကျော်ခါစ အမျိုးသမီးထုကိုကိုယ်စားပြုလေ၏။ သူကျောင်းပြီး၍ အလုပ်စဝင်သောအခါ ဖိနပ်သွားဝယ်ရန် လိုက်မိပြန်၏။ ဟိုဖိနပ်က ကြိုးရှုပ်သည် ဒီဖိနပ်က ဒေါက်မြင့်သည် ဟိုဟာက ပုံတုံးသည် စသဖြင့် ချေးများလေသည်။ဖိနပ် တစ်ရန်ရဖို့တော်တော်ရှာယူရလေသည်။ ဒါသည် ချောတာလှတာမြင်လျှင် ပင် သိပ်ရင်မခုန်တတ်ဘဲ ချေးများလာပြီး ကိုယ့်စိတ်တိုင်းမကျမချင်း ခေါင်းမငြိမ့်တတ်တော့သော နှစ်ဆယ်ကျော် အစိတ်ပိုင်း […]


moonpoemJuly 1, 20141min27513
ကျွန်မကလေ တကယ်ပါ ဆံပင်ပုံစံပြင်လို့အကျိုးမပေးတဲ့ အထဲမှာ ပါတယ်။ တက္ကသိုလ်ပထမနှစ်တက်လို့ နှစ်ဝက်ရောက်ချိန်ချစ်စံအိမ် ဇာတ်ကားထဲကအွန်စောဆံပင် အကောက်စတိုင်ခေတ်စားတော့ ကိုယ်လည်းအွန်စောထက် လှလိုလှငြားသွားကောက်တယ်။ Mainနားကအလှပြင်ဆိုင်တစ် ဆိုင်ကိုသွားကောက်တော့ ကံဆိုးချင်တောသင်တန်း တက်နေဆဲဆိုင်က ကောင်မလေးရဲ့အစမ်းသပ်ခံ ဘဝနဲ့သွားတိုးပါလေရောလား။ ဆံပင်အချို့ကနံပါတ်၂၃အလိပ်တံနဲ့အချို့ကနံပါတ်၂၅နဲ့မှားကောက်တာခံရတယ်။ကိုယ်ကတော့ ဘယ်သိမလဲအွန်စောစတိုင်လို့ပ ဲထင်တာ။ပြီးလည်းပြီးရော ဆံပင်တစ်ခြမ်းကပြေပြေလေး ကောက် တစ်ခြမ်းကကျ ခေါက်ဆွဲကောက်သလို ကောက်ချိတ်နေပြီး လူက အသားညိုတော့အွန်စောမဖြစ်ဘဲအိနိ္ဒယစော ဖြစ်သွားလေရဲ့။ စိတ်နာပေမယ့်ကိုယ့်ကိုကိုယ် ဟယ်ရီဘယ်ရီနဲ့နင်လားငါလား ပါပဲလေဆိုပြီး တစ်နှစ်လောက် တော့ သည်းခံလိုက်ပါတယ်။ နောက်နှစ်ကျတော့ ဆံပင်ဖြောင့်ဖို့ စိတ်ကူးမိတယ်။ ဖွင့်ခါစ ဆိုင်တစ်ဆိုင်က လျှော့ဈေးဆိုတော့ စိတ်ဝင်စားလို့သွားဖြောင့်လိုက်မ ိတယ်။ ဖြောင့်ချက်ကလန်းသလားတော ့မမေးနဲ့။ဦးရေပြားထိပ်ကို နည်းနည်းလေးမှ မချန်ဘဲ ဖြောင့်ပေးလိုက်တာ။ထိပ်ကချွန် ပြီးဘေးဆံပင်တွေကားသွား တယ်လေ။အာဖရိကလူမျိုးတွေနေတဲ့ တဲအိမ်ကြီး ကျနေတာပဲ။ အဲသဟာတော့လုံးဝမခံစားနိုင်လို ့၃လလောက်အကြာ ဆံပင်အတိုသွားညှပ်မယ် စိတ်ကူးမိ်တယ်။ညှပ်တာတော […]


moonpoemJune 26, 20141min40516
ကျောင်းဖွင့်ချိန်စိန်ပန်းတွေလည်း ်မြေမှာကြဲပြန့်နေ…။ အဲဒီသီချင်းမဆိုနဲ့တော့ သားရေ စိန်ပန်းကကြွေစရာမရှိတော့ဘူး။ စည်ပင်ကအပင်တွေခုတ်ပစ် လိုက်ပြီတဲ့ကွ။ ဟုတ်ကဲ့ဆရာ သား သီချင်းပြောင်းဆိုလိုက် မယ်နော်။ ကျောင်းဖွင့်ချိန်စိန်ပန်းအပင် လည်းစည်ပင်ခုတ်လို့်သေ…။ အေးဒီလိုမှပေါ့ကွယ်။ကဲနောက် ်တစ်ယောက် အလှည့်။ တစ်မိနစ်နောက်ကျသွားပြီ ရထားကြီးထွက်လို့သွားပြီ။ တစ်မိနစ်မြန်ထားတဲ့ကိုယ့်နာရီ ီလည်းတကယ်တမ်းသုံးလို့ မရဘူးကွယ်။ အဲဒီသီချင်းမဆိုနဲ့သားရယ်။ တို့ဆီကရထားကတစ်နာရီ နောက်ကျပြီးသွားတောင် ထွက်သေးတာ မဟုတ်တော့ဘယ်လိုဖြစ်ဖြစ်မီတယ်။ ဟုတ်ကဲ့ဆရာ သားသိပါပြီ်။ တစ်ရက်လောက်နောက်ကျသွားပြီ ရထားကြီးထွက်လို့သွားပြီ။ ဓာတ်ခဲရပ်သွားတဲ့ကိုယ့်နာရီ ီလည်းတကယ်တမ်းသုံးလို့ မရဘူးကွယ်။ အေးဒီလိုမှပေါ့ကွယ်။ကဲ နောက်တစ်ယောက် အလှည့်။ ်အနိုင်ဂိုးကိုသွင်းသွားတာကိုကိုပါ။အိမ်ရောက်ရင် ပန်းကုံးစွပ်ကာ ကြိုရမှာ။ သမီးရေ ဒီသီချင်းကလည်းလေ..။ ဟုတ်ကဲ့ဆရာ သမီး သဘောပေါက်ပါတယ်။ ်အနိုင်မရရင်ခဲနဲ့ထုတာကိုကိုပါ ဒိုင်တားရင်ဆွဲလို့ထိုးကာအပီ ကြွေးတာ ။ သမီးလေးတော်တယ်ကွယ် ကဲနောက်တစ်ယောက်လာပါဦး။ ဟဲလိုဒါလင် မတွေ့ရတာကြာပြီ နော်။အရင်လိုကြည့်ကောင်းနေ တုန်းပဲအချစ်ရယ်ဆုံတွေ့ရတာတို ့ဝမ်းသာ။ […]


moonpoemJune 23, 20141min1929
အသက်၁၆နှစ်ကနေ အသက်၁၈နှစ်အရွယ်အတွင်း ကောင်လေးတွေကောင်မလေး တွေအချင်းချင်းစကားပြောနေ ရင်း ပြုံးရင် သေချာကြည့်ကြည့် အဲဒါ ရှက်ကိုးရှက်ကန်းအပြုံး။ ရိုးရိုးသားသားရှက်လို့ပြုံးမိတာမျိုးကိုခေါ်တာ။ အသက်၁၉နှစ်ကနေ အသက်၂၃နှစ်အရွယ်အတွင်း ကောင်လေးတွေကောင်မလေး တွေအချင်းချင်းစကားပြောနေ ရင်း ပြုံးရင် သေချာကြည့်ကြည့် အဲဒါ မခို့တရို့အပြုံး။သွားလူဆိုး ဆိုပြီး တွန်းလိုက် တိုက်လိုက်နဲ့ ကြိတ်ပြုံးလေးပြုံးမိကြတာကို ခေါ်တာ။ အသက်၂၄နှစ်ကနေ အသက်၂ရနှစ်အရွယ်အတွင်း ကောင်လေးတွေကောင်မလေး တွေအချင်းချင်းစကားပြောနေ ရင်း ပြုံးရင် သေချာကြည့်ကြည့် အဲဒါ ငါးခူအပြုံး။ဒီလောက်ဆိုရင် လည်း မဆိုးပါဘူး။ဂေါ်လိုက်ရင် ရနိုင်မဟဲ့လို့ တွေးပြီးပျော်လို့ အပေါ်နှုတ်ခမ်းလေးကွေးပြီး ပြုံးမိကြတယ်နဲ့ တူပါရဲ့။ အသက်၂၈နှစ်ကနေ အသက်၃၅နှစ်အရွယ်အတွင်း ကိုကိုတွေ မမတွေအချင်းချင်း စကားပြောနေရင်း ပြုံးရင် သေချာကြည့်ကြည့် အဲဒါ တပ်ကြပ်ကြီးအပြုံး။ကြာလှပြီ ငါ့ဘဝ အခုတော့ ထူးတော့မလားမသိဆိုပြီး ်မိန့်မိန့်ကြီး ပြုံးမိကြတယ်နဲ့ တူပါရဲ့။ […]


moonpoemJune 21, 20141min25611
အဆိုတော် မိစန္ဒီ၏ ရေခဲရိုက်အပြုံးသီချင်းကို ရေခဲချောင်းစက်ရုံတွင် MTV ရိုက်မည် ပြုစဉ် မီးပျက်သွားသဖြင့်ရေခဲမရိုက်နိုင်တော့ဘဲအရည်ပျော်သွားကြောင်း သိရပါတယ်။ ထို ့အတွက် ရိုက်ကွင်းမန်နေဂျာမှရေခဲရိုက်အပြုံး သီချင်းအစား ရေခဲချောင်းများအရည်ပျော်နေသောအပုံပေါ်တွင် မိစန္ဒီအားထိုင်ခိုင်းစေကာ ဇော်ဝင်းထွဋ်၏အရည်တွေ ပျော်ကုန်ပြီ သီချင်းဖြင့် အစားထိုး ရိုက်ကူးလိုက်ရကြောင်း သတင်းရရှိထားပါတယ်။ ထို ့နောက် ခိုင်ထူး၏ အားလုံးကို ကျော်ဖြတ်ရမယ် သီချင်းရိုက်ကွင်းတည်နေရာအဖြစ် ရွေးချယ်ထားသည့် ရန်ကုန်၊မော်လမြိုင် အဝေးပြေးလမ်းသည်လည်း တိုးဂိတ်များပြီး ပိုက်ဆံပေးရလွန်းသောကြောင့် ရိုက်ကွင်းမန်နေဂျာအနေဖြင့် အားလုံးကို မပြောနှင့် တိုးဂိတ်ကိုပင် မကျော်ဖြတ်နိုင်ကြောင်း သိရပါတယ်။ ဒီအတွက်လည်း အားလုံးကို ကျော်ဖြတ်ရမယ်သီချင်း အစား အဆိုတော်ခိုင်ထူးမှ တိုးဂိတ်တစ်ခုတွင် ငွေချေနေပုံကို ရိုက်ကူးကာ အဆိုတော်ကော်နီ၏ ရော့ယူလိုက် သီချင်းဖြင့် အစားထိုးရိုက်ကူးသွားကြောင်းလည်း ထပ်မံ သတင်းရရှိထားပါတယ်။ နောက်ဆုံးရ သတင်းတစ်ရပ်အနေဖြင့် အကယ်ဒမီရ […]


moonpoemJune 19, 20141min1598
၂၀၁၄ခုနှစ်ကမ္ဘာဖလားပြိုင်ပွဲတွင် ထပ်တိုးအသင်းအဖြစ်မြန်မာ အသင်းမှ ဝင်ရောက်ယှဉ်ပြိုင်ခွင့် ရသွားကြောင်းအရေးပေါ် ထုတ်ပြန်ချက်များအရသိရပါတယ်။ သတင်းခေါင်းစဉ်ပါရှင်။ အကြောင်းမှာပေါ်တူဂီအသင်း သည် ဂျာမနီအသင်းကို 4ဂိုးဂိုးမရှိဖြင့် ရှူံးနိမ့်ပြီးနောက် မြန်မာအသင်းသာဆိုပါက ဂျာမနီကို နိုင်ချေရှိသည်ဆိုပြီး မြန်မာအာကစားအဖွဲ့ချုပ်မှ တွက်ဆမိပါတယ်။ ထို့အတွက် လက်ရွေးစင် ဘောလုံးသမားများအား နွားနို့တိုက်ကာ အားမွေးကစားခိုင်းရာမှ ယခုကဲ့သို့ စံချိန်မီသွားခြင်း ဖြစ်သည်ဟု သိရသည်။ ် အခြားသော လိုအပ်သည့် ပြင်ဆင်မှုများအနေဖြင့် ဘောလုံးကို ခေါင်းတိုက်ချိန် ချောမွေ့မှု ရှိစေရန် ရွှေအုန်းပင် အုန်းဆီမှ တာဝန်ယူထားပြီး ဘောလုံးဖမ်းရာတွင် ဂိုးမိစေရန် ဂိုးသမားအတွက်ဆင်ကော်ပါသောလက်အိတ်ကိုသိမ်ကြီးဈေးမှတာဝန်ယူထားပါတယ်ရှင်။ အဝတ်အစားဒီဇိုင်နာကတော့ အာကာထွန်းဘောင်းဘီမှ ဖြစ်ပြီး ဘောပွဲတွင် နိုင်စေရန်အတွက် ဗေဒင်ပညာရှင်များမှအစွမ်းထက် ်သောအင်းအိုင်လက်ဖွဲ့များဖြင့် ယတြာချေပေးသွားမှာပဲ ဖြစ်ပါတယ်ရှင်။ ကမ္ဘာဖလားမှာ ဗိုလ်စွဲခဲ့ရင် အသင်းသားအားလုံးအတွက် ဒုသမ္မတမှတစ်ယောက်လျှင် ်၂ထောင်နှုန်းချီးမြှင့်မှာ ဖြစ်ပြီး […]


moonpoemJune 17, 20141min23413
လကမာ္ဘသို ့သွားရန် မွန်းပိုအမ်တို ့သူငယ်ချင်းများ ကြိုးစားပြီး ငွေရှာနေကြသည်။မိဘများ ပိုက်ဆံအိတ်ထဲတွင် လည်းကောင်း၊ ဦးလေးများ ပိုက်ဆံအိတ်ထဲတွင်လည်းကောင်း ကြိုးစားပမ်းစား ရှာဖွေခြင်း ဖြစ်ပြီး အိမ်တိုင်းတွင် အပေါဆုံးက ပိုက်ဆံဖြစ်လေရာ တစ်ပတ်အတွင်းတွင်ပင် လကမ္ဘာသွားရန် ငွေပြည့်ပြီ ဖြစ်လေသည်။ လကမ ္ဘာတွင် နေထိုင်စဉ် လိုအပ်မည့် ပစ္စည်းတစ်ခုသာ ယူခွင့်ပြုလေရာ သူငယ်ချင်းတစ်ယောက်က နေ ့တိုင်း ဖေ့ဘွတ်တွင်ဓာတ်ပုံရိုက်ပြီး တင်နိုင်ရန် လေထဲတွင်ဝဲပျံနိုင်သည့် ကင်မရာ၊ နောက်တစ်ယောက်က လကမ္ဘာရှိ ဂြိုလ်အစားအစာများကို မကြိုက်ပါက အစာပြေစားနိုင်ရန် ပဲကြီးလှော်နှင့် မွန်းပိုအမ်က နေ ့တိုင်း စာရေးနိုင်ရန် ဒေါ်လာ၁.၅ဘီလီယံတန်ဖောင်တိန်တစ်ချောင်းကို ယူသွားကြမည်ဟု ဆုံးဖြတ်ထားကြသည်။ လကမ္ဘာသွားမည့် သတင်းကို သိကြသည့် သူငယ်ချင်းများကလည်း ရေချိုးချိန် ချေးတွန်းရန် ကျောက်ခဲကောက်ခိုင်းသူများ၊ ကျွန်ုပ်အစ်မ အပါအဝင်၊သူငယ်ချင်းအပျိုကြီးများ […]


moonpoemJune 11, 20141min23115
ပြောရမယ်ဆိုရင်ဖြင့် ပေါ့ဗျာ။ရန်ကုန်မှာ ကားကြပ်ခြင်းတွေကို အမြန်ဆုံး အဆင်ပြေအောင် လုပ်နိုင်တဲ့ နည်းလမ်းက မရှိဘူး မဟုတ်ဘူးနော် ရှိတယ် ခင်ဗျ။ကျွန်တော် မပြောတာ ကျွန်တော့်အကြောင်းနဲ ့ကျွန်တော်ရှိတယ်။ ဘယ်သူမှတော့ မသိစေနဲ ့ခင်ဗျားကို ကျွန်တော် ပြောပြမယ် နားထောင်နော်။ ပြီးရင် ဘယ်သူ ့မှ ပြန်မပြောရဘူးနော်။ ကျွန်တော်တွေးမိတယ်ဗျ။ ရန်ကုန်မြို ့တော်တွင်း ဆိုင်ကယ်မဝင်ရ ဆိုင်ကယ်မစီးရဆိုပြီး သတ်မှတ်မယ့်အစားရန်ကုန်မြို ့တော်တွင်း ကားမဝင်ရ ကားမစီးရဆိုပြီး သတ်မှတ်လိုက်ရင် ကားကြပ်ခြင်းတွေဟာ အချိန်တိုအတွင်းမှာပဲ ပျောက်ကွယ်သွားမယ်ဆိုတာ ကျွန်တော်သိနေတယ်ဗျ။ ပြည်သူတွေက ဆိုင်ကယ်စီးရင်စီး၊ မစီးချင် စက်ဘီးစီးပြီး အလုပ်သွားလေဗျာ။အားလုံးအေးဆေးပဲ။မိသားစုလိုက်သွားချင်လာချင်ရင် ဆိုက်ကားစီးသွား။တောကဆွေမျိုးတွေ လာရင် မြင်းလှည်းစီး နွားလှည်းစီး။ နိုင်ငံခြားသားတွေကိုလည်း လေယာဉ်ကွင်းကနေ မြင်းလေးတစ်ကောင်ဆွဲပြီး သွားကြို။အုပ်စုများရင် မြင်း၄ကောင်ဆွဲတဲ့ မြင်းရထားကြီးနဲ ့ကြို။ဒါဆို ကားပါမစ်တွေ […]


moonpoemJune 9, 20141min23213
ကျွန်ုပ်သည် ပန်းနာမည်များ အပင်အမည်များကို ဂျပန်လို သာကျက်ထားသည်က များပြီး အင်္ဂလိပ်လို သိပ်မကျွမ်းကျင်ပါ။ ဂျပန်တော်တော်များများကလည်းး သိပ်ပြီး အင်္ဂလိပ်လို မေးလေ့မရှိပါ။ ကံဆိုးမိုးမှောင် ကျချိန်တန်သော မွန်းပိအမ်သည်ပြီးခဲ့သော တစ်လခန့်က အင်္ဂလိပ်လို သိချင်သော ဧည့်သည်နှင့် ကြုံကြိုက်လေ၏။ နှင်းဆီပန်းကို Rose စံပယ်ပန်းကို Jasmine နှင့် ခရေပန်းကို Star Flowerဟု ရင်ကော့ပြီး မားမားမတ်မတ် ရှင်းခဲ့လေရာ စိန်ပန်းနှင့် ငုဝါပန်းတွင် လည်ချောင်းပိတ်ဆို့မှု ဖြစ်ပွားလေ၏။ မသိသည့်အတွက် မသိတာကို ရိုးရိုးသားသား ဝန်ခံသော်လည်း စိုက်ပျိုးရေး သုတေသီသေလို့ ဝင်စားခဲ့သော ဧည့်သည်သည် ကျွန်ုပ်အား အကယ်၍ ကျွန်ုပ်သည်သာ ဤပန်းမျိုးစိတ်ကို ရှာတွေ့သူ ဖြစ်ခဲ့သော် မည်သို့ နာမည် ပေးချင်ပါသနည်းဟု ထပ်မံ၍ ဒုက္ခပေးပြန်၏။ အင်္ဂလိပ်စာ […]


moonpoemJune 7, 20141min19911
ရှင့်ကို ကျွန်မ တကယ်ကို စိတ်တိုတယ် သိလား။ကျွန်မဓာတ်ပုံ Upload တင်တာကျ Like မလုပ်ဘဲမေမြတ်နိုးတို ့မိုးစက်ဝိုင်တို ့Status တင်ရင်ကျတော့ Comment ဝင်ဝင်ပေးနေတာလေ ကျွန်မ မသိဘူးများ ထင်နေလား။ပြီးတော့ အရေးကြီးတဲ့ သတင်းတွေ Post ကိုကျတော့ Share မယ် မရှိဘူး။ ရှင့်သူငယ်ချင်းတွေနဲ ့လျှောက်သွား၊ သွားသမျှနေရာ Check-in ဝင်ပြီး ဟိုလူဒီလူ Tagged လုပ်ဖို ့ပဲ စဉ်းစားနေတယ်။သတင်းကလည်း ရပြီးသားနော်။ဘာတဲ့ အရက်ကြိုက်တတ်သူများGroup တို ငမ်းချင်ရင် ဒီကိုလာ Group ဆိုတာတွေလျှောက်ဖွဲ ့ပြီး ပေါက်တတ်ကရတွေ လုပ်နေတာတဲ့။အမလေးလေး ရှင်က Group ဝင်တဲ့သူသာ Notification ဝင်မယ့် Setting ချိန်ထားတယ်ဆိုပြီး ကျွန်မကို လျှော့တွက်တာကိုး။ကျွန်မကလည်း ရှင့်အကြောင်း နောကျေနေလို […]