moonpoemSeptember 19, 20111min50227
ပြီးခဲ့သော သောကြာနေ ့ကဖြစ်သည်။ ကျွန်မတို ့အိမ်အောက်ထပ်တွင် ဦးလေးက စပီကာ ပစ္စည်း ပြင်ဆိုင်ဖွင့်ထားသည်။ ထို နေ ့က တရုတ်လူမျိုးတစ်ယောက် အိမ်ထဲကို ဝင်လာသည်။ သူ က တက္ကစီပေါ်က ဆင်းလာခြင်းဖြစ်သည်။ တရုတ်ဆိုတော့ အသားဖြူသည် ကြည့်ရသည့်ပုံစံကလည်း တကယ့်ကို သားသားနားနားပင်ဖြစ်သည်။ ထို ့နောက် သူ က တရုတ်လိုတွေ ပြောပါသည်။ ဘယ်သူကမှနားမလည်တော့ အိမ်နားတွင် နေထိုင်သော တရုတ်စကား တတ်သည့် အသိကို သွားခေါ်ပြီး ဘာသာပြန်ခိုင်းရသည်။ ဘာသာပြန်ခိုင်းသောအခါ ထိုတရုတ်သည် မြန်မာနိုင်ငံသို ့ရောက်လာသည်မှာ ၂ရက်ပဲ ရှိသေးပြီး ယခု တရုတ်တန်းမှ အပြန်တွင် ခါးပိုက်နှိုက်ခံလိုက်ရသည်။ သုံးစရာ ပိုက်ဆံမရှိတော့သဖြင့် ပိုက်ဆံလည်း အလကားမတောင်းချင်ပါ။ ထို ့ကြောင့် ပါလာသည့် […]


moonpoemSeptember 15, 20111min35014
ကျွန်တော့်လို တိုင်းပြည်အတွက် အင်တိုက်အားတိုက် တာဝန်ထမ်းဆောင်ဖို ့လိုအပ်လာတဲ့လူတစ်ယောက်အနေနဲ့ကလေးငယ်တွေ လူငယ်တွေ အတွက် အကျိုးရှိရာ အကျိုးရှိကြောင်း ပညာတစ်ခု ပေးချင်လာပါတယ်။ အဲဒါကတော့ ဘာသာစကားတစ်ခုပါပဲ။ယနေ ့ခေတ်ကြီးထဲမှာ လုပ်ကိုင်စားသောက်ဖို ့ဆိုရင် အသိပညာရော ၊အတတ်ပညာနှစ်ခုလုံးပါလိုအပ်ပါတယ်။ ပြီးတော့ ဘာသာစကားတစ်ခုကို တတ်မြောက်မယ်ဆိုရင်လည်း အသုံးဝင်မယ်ဆိုတာ သေချာပေါက်ပါပဲ။ ဆိုတော့ကာ ကျွန်တော့်အနေနဲ ့ကတော့ လူငယ်တွေကို သင်ပေးဖို ့ရာ အတတ်ပညာဆိုလို ့ ဗိုက်ဆာရင် ထမင်းစားရမယ်၊ အိပ်ချင်ရင် အိပ်ရမယ်ဆိုတာကလွဲလို ့မယ်မယ်ရရ မတတ်လှပါဘူး(ဒါကြောင့်လည်း လူကြီး ဖြစ်နေတာပေါ့ ဟင်းဟင်း)။ ဒါပေမယ့် ဘာသာစကားသင်ပေးရမယ်ဆိုရင်တော့ ကျွန်တော်ဟာ အာဆီယံအစည်းအဝေးကိုသွားနေကြလူကြီး တစ်ယောက်ဖြစ်တဲ့အတွက် မိခင်ဘာသာစကားအပြင် အခြားဘာသာစကား၂မျိုးကို ထပ်မံသင်ယူရရှိထားပါတယ်။ အားလုံးသော ကလေးတွေအတွက် ကျွန်တော့်ရဲ ့ပညာကို ဒီလိုလေး မျှဝေပေးချင်ပါတယ်။ ပထမဘာသာစကားကတော့ […]


moonpoemSeptember 12, 20111min76448
ပြီးခဲ့တဲ့ စနေနေ ့ကပါ။ သူငယ်ချင်း ၃ယောက်နဲ ့ကျွန်မ ကြေးအိုးသောက်ဖို ့မြေနီကုန်းက YKKO ကိုထွက်ခဲ့ပါတယ်။ သူတို ့က ဝက်ကြေးအိုးဆီချက်ပွဲသေး၃ပွဲမှာပြီးတော့ ကျွန်မက ကြက်ကြေးအိုးအရည်နဲ ပွဲသေး ့၁ပွဲမှာပါတယ်။ ၅မိနစ်လောက်နေတော့ စားပွဲထိုးကောင်လေးပြန်ရောက်လာပြီး ကြက်ကြေးအိုးအရည်နဲ ့ မရနိုင်ကြောင်း ပြောတော့ ကျွန်မက ဒါဆိုလည်း ဆီချက်ပဲ လုပ်လိုက်ပါလို ့မှာလိုက်ပါတယ်။ တအောင့်လောက်နေတော့ ကြက်ကြေးအိုးဆီချက် ပွဲကြီး ၁ပွဲလာချပါတယ်။ ကျွန်မက ပွဲသေးပဲမှာတာကြောင့် မှားနေတယ်ဆိုတာရယ် ၄ပွဲလုံးကို မြန်မြန်ယူလာခဲ့ဖို ့ပြောလိုက်တယ်။ ပြီးတော့ သူငယ်ချင်းတွေစုံတာကြောင့် ရယ်လိုက်မောလိုက်နဲ ့ပေါ့။ အဲဒီအချိန်မှာ မှာထားတာ မိနစ်၂ဝလောက်ရှိနေပါပြီ။ ခဏနေတော့ မိသားစု လေးယောက်ဝင်လာပြီး ကျွန်မတို ့မှာတဲ့အတိုင်း မှာပါတယ်။ ကျွန်မတို ့စားပွဲဝိုင်းကို ဆားဗစ်ပေးတဲ့ကောင်လေးက လိုက်မှတ်ပြီး […]


moonpoemSeptember 7, 20111min48318
(ဖတ်မိတဲ့ ဟာသတစ်ခုကို ကိုးကားပြီး ကိုယ့် စိတ်ကူးနဲ ့ပြန်လည် ရေးသားထားခြင်းလို ့ဦးစွာ ဝန်ခံပါရစေ။) ဖတ်ထားတဲ့စာက အနောက်နိုင်ငံက စီးပွားရေးလုပ်ငန်း ကြီး တွေက သူတို့ ရဲ့ ဝန်ထမ်းခန့်ထားရေး မှာ အမျိုးသားဝန်ထမ်းနဲ့ အမျိုးသမီး ဝန်ထမ်းတွေအပေါ်ထားရှိတဲ့သဘောထားလေးတွေကို သရော် ထားတာလေးပါ။ ဖတ်ပြီးပြီးချင်းတော့ အမျိုးသမီးထုကြီးဘက်ကနေ စိတ်တိုမိပေမယ့် သေချာစဉ်းစားကြည့်တော့ ကိုယ်လည်း သူပြောသလို တွေ းနေမိပါလားလို ့ပြုံးမိပါတယ်။ အမျိုးသားတယောက်သာ မနက်စောစောစီးစီး ရုံးတက်ချိန်သမ်းဝေနေရင် မနေ ့ကဘောလုံးပွဲကြည့်လို ့နေမှာပေါ့။အမျိုးသမီးတယောက်သာ စောစောစီးစီး အိပ်ချင်မူးတူးဖြစ်နေရင် မိန်းကလေးဖြစ်ပြီး အစောကြီးရှိသေးတယ် လူမြင်မကောင်းဘူး အိပ်ချင်နေတာ လွန်လွန်းတယ်လို ့တွေးပါသတဲ့။ အမျိုးသားတယောက်ကသူ့စားပွဲပေါ်မှာမိသားစုဓာတ်ပုံတင်ထားရင်သူဟာ အရာရာကိုအလေးအနက်ထားသူဖြစ်တယ်လို့ ယူဆတယ် အဲဒါဟာအမျိုးသမီး တယောက်ဆိုရင်တော့သူမအတွက်မိသားစုဟာ အလုပ်ထက်အရေးကြီးတယ်လို့ ယူဆတယ်တဲ့ အမျိုးသားတယောက်က အကြောင်းကိစ္စတစ်ခုကြောင့် […]


moonpoemSeptember 1, 20111min37720
ယခင်က ရန်ကုန်၊ မန ္တလေးကားတွေစီးရင် ကုမ္ပဏီ တစ်ခုနဲ ့တစ်ခု မတူကြပါဘူး။ တစ်ချို ့ က ဝန်ဆောင်မှုကောင်းတယ်။ တစ်ချို ့ကဝန်ဆောင်မှုမကောင်းဘူးအစားစားပေါ့။ ဒါပေမယ့် ပိုက်ဆံပေးရတာချင်းတော့ အတူတူပါပဲ။ ဒီတော့ ပိုက်ဆံပေးရတာချင်းအတူတူ ကားကောင်း၊ဝန်ဆောင်မှုကောင်းတာကိုပဲ လူတွေကရွေးစီးတယ်။ သို ့သော်လည်း အခုနောက်ပိုင်းတော့ ကုမ္ပဏီ တစ်ခုနဲ ့တစ်ခု ကားရော ဝန်ဆောင်မှုရော အတူတူလောက်ဖြစ်လာပြီး စိတ်ကြိုက်ကားစီးယုံပေါ့။ ဟိုနေ့က သတင်းစာထဲမှာတော့ ကုမ္ပဏီ တစ်ခုက ကြော်ငြာထားတယ်။ သူတို ့ကားစီးရင် မုန် ့နဲ ့ကော်ဖီပါ ဝန်ဆောင်မှုုပေးပါတယ်ဆိုပြီး တော့ပါ။ ဒါပေမယ့် တကယ်တမ်းကားလက်မှတ်ဝယ်ဖို ့စုံစမ်းတဲ့အခါ ကျသင့်ငွေက တစ်သောင်းလေးရာကို သူတို ့ကတစ်သောင်းတစ်ထောင့်လေးရာ တောင်းပါတယ်။ ဈေးတက်တာလားဆိုတော့ မဟုတ်ပါဘူးတဲ့။ ကော်ဖီနဲ ့မုန် […]


moonpoemAugust 19, 20111min2829
ကောင်မလေးငါ့ကို ကြိုက်တယ်ခိုက်တယ်ဆိုပြီးတော့ သီချင်းဟာ အရင်ကတည်းက သီဆိုသူတွေ ရှိခဲ့ပါတယ်။ဒါ ပေမယ့် ၂၀၀၃၊၂၀၀၄လောက်က အဆိုတော်စိုင်းစိုင်းခမ်းလှိုင်နဲ ့တက်သစ်စအဆိုတော်လေးကြိုးကြာရဲ ့အသံချိုချိုအေးအေးလေးကြောင့် အဲဒီအချိန်က ပေါက်သီချင်းတစ်ပုဒ်ဖြစ်ခဲ့ပါတယ်။ အဲဒီနောက် သူ ့အစ်မ စင်ဒီနဲ ့တွဲဆိုတဲ့ မိန်းကလေးအချစ်၊ အိပ်မက်မက်ခွင့်ရရုံနဲ ့ေကျနပ်ရသူပါ သီချင်းတွေကြောင့် နာမည်ရလာပါတယ်။ သူတို ့ဟာ အားလုံးသိကြတဲ့အတိုင်း အိုင်းရင်းခရော့စ်က ဂစ်တာသမား ဦးခင်မောင်သန် ့ရဲ ့သမီးတွေလည်း ဖြစ်ပါတယ်။ စင်ဒီက အဆိုတော် Ah Boyနဲ ့အိမ်ထောင်ကျသွားပါပြီ။(အခုကွဲနေတယ်လို ့လည်း ဆိုကြတယ်) ကြိုးကြာကလည်း သူမမင်္ဂလာဆောင်ကိုမကြာခင်မှာ ပြုလုပ်သွားမှာဖြစ်ပြီး သူ မရဲ ့လက်တွဲဖော်ဟာ အနုပညာအသိုင်းအဝိုင်းထဲကလို ့ဆိုပါတယ်။ ကြိုးကြာက ခရစ်ယာန်ဘာသာဝင်ဖြစ်တဲ့အတွက် ဘုရားကျောင်းမှာပဲ လုပ်မယ်လို့ သိရပါတယ်။ (8Days Journal ကို […]