nangnyiNovember 20, 20101min1146
မပြောဘူး မပြောဘူးနဲ့ နေနေတာ.. ခုတော့ မနေနိုင်တော့ဘူး ပြောတော့မယ်.. စီးပွားရေးတက္ကသိုလ်က ဖိုင်နယ်လ်ကျောင်းသူ သီရိတို့အကြောင်းပေါ့.. နောက်ဆုံးနှစ်ဆိုတော့ ထုံးစံအတိုင်း စာတမ်းတင်ရတယ်မဟုတ်လား.. စာတမ်းရေးဖို့ကို တစ်ယောက်တစ်ခု မရေးရဘဲနဲ့ ၈ ယောက်တစ်ဖွဲ့စီဖွဲ့ပြီး စာတမ်းတစ်စောင်တင်ရတယ်တဲ့.. စာတမ်းတစ်စောင်အတွက်ဆိုရင် Gurdian ဆရာမ တစ်ယောက်စီရှိတယ်.. အဲ့ ဆရာမလက်အောက်မှာမှ တခြားကြီးကြပ်သူ ဆရာမ ၅ ယောက်လောက် ထပ်ရှိတယ်ပေါ့.. ကျောင်းသူကျောင်းသားတွေက အဲ့ ၅ ယောက်ထဲက ကိုယ်အဆင်ပြေရာဆရာမနဲ့ အဆင်ပြေသလို တိုင်ပင်ဆောင်ရွက်ကြရတယ်.. စာတမ်းကြီး စပြီ ဆိုကတည်းက ဆရာမAက ဆရာမBနဲ့ မတည့်လို့ Aကို စာတမ်းအကြမ်းပြထားဖူးရင် Bက မကြည့်ပေးဘူး ဆိုတာမျိုးတွေ.. စာတမ်းအတွက်အချက်အလက်တွေ လိုက်ယူတဲ့အခါ C နဲ့ ကြုံလို့ မေးမြန်းလုပ်ထားတဲ့ဟာတွေကို D ကသိတော့ […]


nangnyiNovember 9, 20091min39612
အရောင်ရဲ့အဓိပ္ပါယ်တွေကို ပြောပြချင်ပါတယ်.. အဲ့ဒါကို မပြောခင် အရင်ဆုံး အရောင်စက်ဝိုင်းကြီး (Color Wheel)ကို နည်းနည်းပြောပြဦးမယ်လေ.. အရောင်စက်ဝိုင်းမှာ အခြေခံအရောင်က ၃ ရောင်ပဲရှိပါတယ်.. အဝါ အနီနဲ့ အပြာပါ.. သူက အရောင်ရဲ့ပြင်းအားအတိုင်း အစဉ်လိုက်ခေါ်တာမို့လို့ အပြာ အနီ အဝါလို့ ပြောင်းပြန်ခေါ်လို့မရဘူး.. အဲ့ဒိအခြေခံ ၃ ရောင်ပေါင်းပြီးမှာ တခြားအရောင်တွေ ဖြစ်လာပါတယ်.. အောက်က ပုံကိုကြည့်လိုက်ရင် သဘောပေါက်မှာပါ..


nangnyiNovember 5, 20091min2136
ရင်နွေး ဆေးဝါးတွေကို စွဲလန်းနေသူကို ဆေးသမားလို့ခေါ်ရင် မင်းကို စွဲလန်းနေတဲ့ ငါ့ကို ဘယ်လိုခေါ်ဆိုရမှာပါလဲ ရင်နွေး မင်းဖတ်ဖို့တော့မဟုတ်ပေမယ့် မင်းကိုရည်ညွှန်းပြီး ဒီကဗျာကိုရေးပါတယ် ဒါထက် မင်းကို ဒီလိုနာမ်စားသုံးတာ သဘောကျပါရဲ့လား ငါ့ ရင်ကိုနွေးထွေးစေလွန်းသူမို့ မင်းနဲ့တော့ လိုက်ဖက်နေပါရဲ့ ရင်နွေး “အနေတွေနီးကြဖို့ ဘယ်ထိဝေးရဦးမှာလဲ မင်းနဲ့နီးချင်တယ်” လို့ ဟန်ထူးလွင်က ဆိုဖူးပါတယ် တကယ်တော့ မင်းနဲ့မနီးချင်ပါ ရင်နွေး စက္ကန့်မလပ် မင်းနာမည်ကို သတိရနေရင်း မင်းအကြောင်းခေါင်းစဉ်များစွာဖြင့် ငါအသက်ရှင်နေရပါတယ် ဒါ အချစ်တော့ မဟုတ်ပါ