thu yaApril 23, 20121min1262
အရှေ့တောင်အာရှတွင် မြန်မာနိုင်ငံအတွင်း၌ ကချင်ကယားကရင် ချင်း မွန်မြန်မာရခိုင်ရှမ်း..အစရှိသောတိုင်းရင်းသားများနှင့် နိုင်ငံသား ဘာသာခြားများနေထိုင်သောနိုင်ငံတော်ကြီးဖြစ်ပါသည်။မြန်မာနိုင်ငံမှာ ဗုဒ္ဓ ဘာသာနိုင်ငံဖြစ်သောကြောင့် အများစုမှာ ဗုဒ္ဓဘာသာများဖြစ်၍ အချို့မှာ ဟိန္ဒူ အစ္စလာမ် ခရစ်ယန်များဖြစ်ကြပါသည်။နိုင်ငံတွင်း၌နေထိုင်သောနိုင်ငံသားများသည်မိမိတို့ ယုံကြည်ရာ ဘာသာကို ကိုးကွယ်ကြရင်း ဘာသာကွဲပြားမူ ၊လူမျိုးခွဲခြားမူ အရောင်အသွေးခြားနားမူများဖြင့် ခွဲခြားနေထိုင်ခဲ့သော အလေ့အထမှာ ယနေ့အချိန်တိုင်အောင်ရှိနေခဲ့ပါသည်။ မည်သို့ပင်ကွဲပြားစေကာမူ ၎င်းတို့အားလုံးသည်နှလုံးသားရှိသောလူသားများဖြစ်သောကြောင့်ထပ်တူညီမျှသော တူညီသော ကောင်းမူ၊မကောင်းမှု စိတ်စေတနာများသည် လူတိုင်းရင်ထဲတွင်တူညီစွာ ရှိနေကြပါသည်။ ဗုဒ္ဓရှင်တော်မြတ်ဘုရား ဟောကြားခဲ့သောမေတ္တာ၊ ကရုဏာ၊မုဒိတာ ဥပေက္ခာ ဗြဟ္မစိုရ်တရားလေးပါး(၄)ပါးသည် ကွဲပြားခြားနားသော အယူအဆမတူညီသော၊ လူမျိုးနှင့်ကိုးကွယ် ယုံကြည်မူ ကွဲပြားနေသော လူသားတို့၏ရင်ထဲတွင် တူညီစွာရှိနေကြပါသည်။ အမိဝမ်းတွင်းမှ ကျွတ်သော သန္တေသားသည် လောက၏ကွဲပြားခြားနားသော အရောင်မစွန်းထင်းခင်  ၎င်းကလေး၏အော်ငိုသံမှာ အူဝဲ (သို့) အူငှဲဟူသောအသံထွက်ပါသည်။ကွဲပြားခြားနားသောအော်မြည်သံ မထွက်ပါ။ဘာသာခြားလူမျိုးပေါင်းစုံမှ သားသည်မိခင်အပေါင်း တို့သည် […]