ဆန္ဒတွေခပ်ကျဲကျဲ အရည်ပျော်ကျ အလွမ်းဆိုတာဝိုင်ဖေါက်လို့ရရင် ဘယ်လောက်ကောင်းမလဲ ။။ ဖြေလျော့ဖို့မောင်းတင်ရင်း လောကမှာမနေတက်သေးဘူး။။ တစ်ရွာပြောင်းပေမဲ့သူကောင်းမဖြစ်တဲ့ ငါ့နှလုံးသားက နဂိုအတိုင်းပဲ ။။ စနေဂြိုလ်ရဲ့အထိန်းအကွပ်ကြောင့်လား လမ်းပျော်တဲ့စရိုက်ကြောင့်လား ငါ တေလေတော့ဖြစ်ခဲ့တယ် အဖြေလွှာတွေစံသွေနေလား ကမ္ဘာအစောင်းကြီးနဲ့ထောင့်မှန်ကျဖို့ မကြိုးစားမိခဲ့ဘူး။။ အမေငါကိုချစ်နေတုန်းပဲ….. ခြေလှမ်းအစတွေမြေကျတာသေချာတယ်။ ဖမ်းကိုင်စရာတော့မရှိခဲ့ဘူး။။ ဒီလိုနဲ့ပဲ အပျက်ပျက်နဲ ့ တစ်ခန်းရပ်တဲ့ဇတ် ငါအလံဖြူကိုင်ရင်း ငြိမ်သက်……… အဖေပြောတယ် ‘နောင်တဆိုတာထမင်းစားသလို ခဏခဏစားကောင်းတာမဟုတ်ဘူး’ နေမုန်း