ငါတို့မှာ မွေးစကတည်းက လက်ပွန်းတစ်တည်းနေလာခဲ့ရတာက မဲနှိုက်တာနဲ့ ကံစမ်းမဲ ရလိုသူက တစ်ရာ ပေးနိုင်တာက တစ်ဆယ် မဝေလောက်မခြမ်းလောက် သိပ်ခေါင်းခြောက်မခံပါနဲ့ မဲလိပ်နှိုက်မယ်တဲ့……။ မဲနှိုက်တယ် မဲပေါက်တယ်ဆိုတာက လတ်တစ်လော ကံစမ်းတာတဲ့လေ မဲပေါက်တဲ့သူကရွှင်ပြုံး မဲမပေါက်တဲ့သူရှုံ့မဲ့ ကံကောင်းခြင်း မကောင်းခြင်းဟာ မဲပေါက်ခြင်း မပေါက်ခြင်းနဲ့ပဲဆိုင်တယ် ။ ကံဆိုတာအလုပ် ဆိုပေမဲ့ ဘာမှမလုပ်ပဲ ကံကောင်းစေနိုင်တဲ့ ဂါထာ တွေ ရွတ်ဖတ်နေသူတွေရှိနေသ၍တော့ ွ ကံဆိုတဲ့ အဓိပ္ပာယ် ဒီမျှနဲ့ ကိစ္စဖြတ် ဒီနေ့ထိကိုပဲ ကံစမ်းမဲ ဖုန်းကဒ်မဲ ဘာမဲ ညာမဲ တစ်မဲထဲ မဲနေပေါ့ ဘယ်တော့ဖြူလာမှာလဲဟင် တို့တိုင်းပြည် ကံကို မယုံတဲ့နေ့ထိ ဖြူလာမလား ပြာခါကျမလား အင်းတစ်ခုခုတော့ တစ်ခုခုပေပဲ ။ နေဝန်းနီ