naywoon niFebruary 15, 20141min2656
**** သနားစဖွယ်​ ​နေကြာပန်​းများ **** ငါတို့ဟာ ​နေကြာပန်​း​တွေသာပါ့ …….။ ​နေမင်​းကြီးဆီက အလုပ်​အကိုင်​ အခွင်​့အလမ်​း​တွေရနိုးနိုး တန်​းတူညီမျှတဲ့ လွတ်​လပ်​မှု​တွေရနိုးနိုး တိတ်​တစ်​ခိုး​မျှော်​လင်​့ချက်​​တွေနဲ့ ​နေသွားရမျက်​နှာမူပြီး လိုုက်​ကြည်​့​နေရသူ​တွေပါ ……..။ ​နေမင်​းကြ်​ီးက​တော့ သိရှာမှာမဟုတ်​ပါဘူး သိ​အောင်​လည်​းကြိုးစားမှာမဟုတ်​ မ​တော်​တစ်​ဆ သိသွားခဲ့ရင်​​တောင်​မှ ဘာမှ မျှ​ဝေ​ပေးမှာမဟုတ်​ သူသိထားတာက ​နေမင်​းဆိုတဲ့ အမည်​နာမ တွင်​ရစ်​ဖို့ ​လောင်​စာ​တွေ မီး​တောက်​​နေဖို့ သူ့ကိုယ်​သူ အပူရှိန်​ကျမသွား​စေဖို့ ဒါကိုပဲ ဂရု စိုက်​​နေရတာနဲ့ ​လောင်​မြိုက်​စရာ ​လောင်​စာမပြတ်​ဖို့ အ​ရေးပဲ ​တွေးပူတတ်​ သူ့ဖာသာ သူရပ်​တည်​​နေ​တော့တာပဲ ……. ။ ငါတ်​ို့ ​နေကြာပန်​း​တွေမှာ​တော့ ​နေမင်​းကြီးထွက်​လာရင​်​​ပျော်​ရွှင်​လို့ ​နေမင်​းကြီးဝင်​သွား​တော့ နွမ်​းကျန်​ရစ်​လို့ ဒါ​ပေမဲ့လည်​း ​မျှော်​လင်​့ချက်​ဆိုတာက ​ဖျောက်​ပျက်​မပစ်​နိုင်​ရှာဘူး ။ ဒီ​နေ့ မရ ရင်​ မနက်​ဖြန်​​ပေါ့ […]


naywoon niFebruary 13, 20141min3027
**** အ​ပေါစား ***** ​နေ့စဉ်​နဲ့အမျှ ​တွေ့လိုက်​ရတဲ့ အ​ပေါစား ​တွေ နယ်​ပယ်​အသီးသီး ​နေရာ အနှံ့ များပြားလိုက်​ပုံများက​တော့ ​ရေတွက်​လို့​တောင်​မရနိုင်​​ပေဘူး …… ။ ဘာသာ​ရေး မှာလည်​း ဘာသာ​ရေး​ပေမို့ လူမှု​ရေးကျ​တောလည်​း လူမှု​ရေး အ​လျှောက်​ စီးပွား​ရေးနဲ့နိုင်​ငံ​ရေးကျ​တော့​ကော အ​ပေါစားဆန်​တဲ့ ဝါဒ ဖြန်​့မှု​တွေနဲ့ မှိုင်​းတိုက်​မှု​တွေ ဘား​ရော့ဗလက်​ရဲ့​ခေတ်​ကိုပြန်​​ရောက်​​နေရသလိုပဲ …….။ တစ်​ကယ်​့ကို အ​မှောင်​့ တစ်​ကာ အ​မှောင်​ အလင်​းတစ်​စ တစ​်​​လေ​တောင်​မှ ​ယောင်​မှားလို့မှ မမြင်​ ကြင်​နာသ​ယောင်​ ဟန်​​ဆောင်​ပန်​​ဆောင်​နဲ့ ​နောက်​ဆုံးကျ ​ကျောချမှ ဒါးပြမှန်​းသိလိုက်​ရတာချည်​့ပဲ ……. ။ အဲ့ဒိ​တော့ မမြင်​သမျှ ကြားသမျှကိုဆန်​းစစ်​ အလစ်​မှာ မှိုင်​းသွင်​းမခံနဲ့ သူများ ​ယောင်​လိုလဲ မ​ယောင်​နဲ့ လူ​တွေရဲ့ ​ကောလဟာလနဲ့ အ​ပေါစား ဝိဝါ ဒ […]


naywoon niFebruary 5, 20141min2094
ငါတို့မြို့​လေးက မြို့နဲ့ဆိုင်​းဘုတ်​မလိုက်​ဘူး ဆိုင်​းဘုတ်​​အောက်​မှာမြို့က ပြားပြားဝပ်​လို့ …….။ ဆိုင်​းဘုတ်​​တွေကလည်​းအမျိုးမျိုး ​ဘော်​ဒါ​ဆောင်​ ကျူရှင်​ဆိုင်​းဘုတ်​က​နေ ​ဗေဒင်​ ယတြာ ​ပေးတဲ့ဆိုင်​ဘုတ်​ အ​ပေါင်​ခံတယ်​ ဆိုတာလဲပါရဲ့ ​လေထိုး ကျွတ်​ဖာ ကွမ်​းယာဆိုင်​ စတိုး အားလုံးဆိုင်​းဘုတ်​​တွေချည်​့ တစ်​ည ​သေချလိုက်​ကြည်​့မိ​တော့ ဆိုင်​းဘုတ်​မှာ​ရေးထားတာ​တွေဖတ်​ရင်​း ငါသက်​ပြင်​းချလိုက်​မိ​ပေါ့ ……။ ​ရေးထားတဲ့စာသား​တွေက “ပိပိရိရိလိမ်​​ပေး​နေသည်​” “ကျွန်​​တော့ဆီမှာအလိမ်​ခံခြင်​းဖြင်​့ဂုဏ်​ယူပါ” လာပြန်​ပြီ​နောက်​တစ်​မျိုး “တစ်​​နေ့တာ ပင်​ပမ်​းထားသမျှ ဤ​နေရာမှာ အညာခံခြင်​းဖြင်​့ အပမ်​း​ဖြေပါ ” ” ညာ​တော့ညာတယ်​ မလိမ်​တတ်​ဘူး” အဲ့ဒိလို​တွေချည်​့ ဆိုင်​းဘုတ်​​အောက်​ဝင်​​ရောက်​သူတိုင်​း အလိမ်​(သို့မဟုတ်​) အညာအလှိုင်​း မှိုင်​းမိသွားတာချည်​့ပဲ ။ ​နေဝန်​းနီ ၅-၂-၂၀၁၄


naywoon niFebruary 5, 20141min2043
်​ တိတ်​ဆိတ်​​နေရမဲ့​ဆောင်​းည ​ခွေး​တွေကအူလွန်​းလှတယ်​ ငါက​တော့ လူ​ခြေတိတ်​တယ်​အထင်​နဲ့ စိတ်​ကူး​တွေ ဖြန်​့ကျဲထားလိုက်​တာ ​ကောင်​းကင်​​ပေါ်က ကြယ်​​တွေနဲ့အပြိုင်​​ပေါ့……….။ တစ်​ချို့ အလင်​းမှိန်​​နေတဲ့ကြယ်​လို ငါ့စိတ်​ကူးတစ်​ချို့ကမှိန်​လို့ ငါ့စိတ်​ကူးတစ်​ချို့ကလင်​းလက်​လို့ အိပ်​မက်​​တွေ အိပ်​မက်​​တွေ ငါ့အိပ်​မက်​​တွေ​ပေါ့……။ ညအချိန်​ လူ​ခြေတိတ်​ အ​မှောင်​ရိပ်​မှာ အ​နှောက်​အယှက်​ ကင်​းကင်​းနဲ့ စိတ်​ကူးအိပ်​မက်​​တွေ ​ဈေးချခင်​း​နေတာ လက်​ငင်​းကြုံ​နေရတဲ့ပြဿနာလည်​းပါရဲ့ လက်​​တွေ့ဘဝနဲ့ကင်​းကွာတာလည်​းပါရဲ့ ဒါ​ပေမဲ့ ကိုယ်​့စိတ်​ကူးထဲမှာအိပ်​မက်​​နေတာ ဆင်​ဆာဆိုတာလည်​းမရှိ​ပေဘူး​ပေါ့ အဲ့ဒိ​တော့ အိပ်​မက်​မက်​​နေရတာက အကုသိုလ်​ကင်​းတယ်​ လက်​​တွေ့ဘဝမှာလိုမဟုတ်​​ပေဘူး….. အို….​ဆောင်​းည အသင်​ထွက်​မ​ပြေးပါနဲ့ဦး ငါ့အိပ်​မက်​ဘဝ​လေးကို မဖျက်​ဆီးလိုက်​ပါနဲ့ဦး ​ပြောမရတဲ့​ဆောင်​းညက ငါ့အိပ်​မက်​​တွေကို တိုက်​ချ အာရုဏ်​ဆည်​းဆာကို ​တံခါးဖွင်​့​ပေးပြီး သူအိပ်​ခန်​းထဲပြန်​ဝင်​သွား​ပါလေ​ရော ငါ့မှာသာ အိပ်​မက်​​ဈေးဗန်​းနဲ့ နံနက်​ခင်​းတစ်​ခုကို ကသုတ်​ကရက်​ဖြတ်​သန်​းလိုက်​ရ​ပေါ့…..။ ဂန္ဓဝင်​မဆန်​တဲ့အိပ်​မက်​​တွေ ဝယ်​မဲ့သူမရှိလို့​လေ…….။ ​နေဝန်​းနီ ၄-၂-၂၀၁၄ ၂၁း၁ဝ


naywoon niJanuary 27, 20141min1483
တစ်​​ရေးနိုးအလွမ်​း အနီးမှာရှိစဉ်​ခဏ မ​တွေ့ရလဲ အနားမှာရှိတယ်​အသိနဲ့ သူရှိမဲ့​နေရာ​လေး​ရောက်​ရင်​ အမြင်​လဲမှန်​းကြည်​့ ​ကျေနပ်​မိ​ပေါ့……။ အွန်​လိုင်​း​ပေါ်မှာ​တွေ့မိမှ အပြင်​​ရောက်​​နေတယ်​လို့သူ့အ​ပြောမှာ အနားမှမရှိဘူးဆိုတဲ့အသိနဲ့ လွမ်​းဖို့သတိရလာသလို အလွမ်​းပိုလာသလိုပါပဲကွယ်​…….။ ​နေဝန်​းနီ အွန်​လိုင်​း​ပေါ်က​ကောင်​မ​လေးတစ်​​ယောက်​ကိုစရင်​း ဒီ ကဗျာ​လေးဖြစ်​လာတာ တစ်​ခါတစ်​​လေးကျ​တော့လည်​း ​ပေါ့​ပေါ့ပါးပါး​လေး ​နေရတာ လွတ်​လပ်​တယ်​မဟုတ်​လား


naywoon niJanuary 21, 20141min2196
လမ်​းမက တစ်​​ဖြောင်​့ထဲလို့ထင်​ရ​ပေမဲ့ ​သေချာကြည်​့မှ ​ယောင်​​ယောင်​​လေး​ကွေ့​နေတာသိလိုက်​ရ…… အဲ့ဒိလမ်​း​ပေါ်​လျှောက်​လာရင်​းနဲ့ အ​တော်​ခရီး​ပေါက်​လာမှ နောက်​ပြန်​လှည်​့ ကြည်​့လိုက်​မိ​တော့ လားလား ဂ ငယ်​​ကွေ့ ဖြစ်​လို့​နေပါ​ရောလား ခုမှ​တော့ ပြန်​လှည်​့မယ်​ဆိုလဲ အချိန်​အ​တော်​​ညောင်​းခဲ့ပြီ မထူးဘူး ​ဟေ့ ဆက်​​လျှောက်…….။ ​နေဝန်​းနီ


naywoon niJanuary 17, 20141min1966
တစ်​ချိန်​လုံးထွန်​းလင်​း​နေတဲ့​နေမင်​းဟာ အချိ်န်​တန်​​တော့လည်​း ထုံးစံအတိုင်​း အ​နောက်​မိုးကုပ်​စက်​ဝိုင်​း​အောက်​ ဝင်​​ရောက်​​ပျောက်​ကွယ်​ခဲ့​ပေါ့ ……။ အဲဒိ​နောက်​….. ခု​ပြောမဲ့အပုတ်​ချိန်​​ရောက်​လာခဲ့​ပေါ့ အဲ့ဒိညက​ပေါ့ အရူးတစ်​​ယောက်​ ယိုင်​နဲ့နဲ့ ​ခွေး​ခြေ​ေ​လး​ပေါ်ရပ်​လို့ ဟိုမ​ရောက်​ ဒီမ​ရောက်​ သီချင်​း​တွေဆိုလို့ နဂါးနီ ဆိုတာလည်​းပါရဲ့ ဗိုလ်​ချုပ်​ဘာဖြစ်​တယ်​ ညာဖြစ်​တယ်​ ဆိုတာလဲ​ပြောရဲ့ ပြီး​တော့ လွတ်​လပ်​​ရေးဆိုတာဘာညာသရကာ အရူးညာဏ်​မှီသ​လောက်​ ဟို​ရောက်​ဒီ​ရောက်​ အကာလ အိပ်​စက်​မဲ့မြို့လူထုကို သူ့အသံ ဆိုးဆိုးကြီးနဲ့နှိပ်​စက်​ အိပ်​​ရေးပျက်​တဲ့ သူလည်​းပျက်​​ပေါ့……။ ” ဘယ်​့နဲ့ဗျာ ဗို်​လ်​ချုပ်​ဆိုတာက….. ခင်​ဗျားလို ​ခွေး​ခြေ​လေး​ပေါ်ရပ်​ပြီး လူကြိုက်​​လောက်​မဲ့ စကား​တွေ​ပြောရင်​း ​တောမ​ရောက်​​တောင်​မ​ရောက်​ နားကြားဗျင်​းကတ်​​လောက်​​အောင်​ ဟိုတစ်​စ ဒီတစ်​စ သီချင်​း​တွေဆိုရင်​းနဲ့ မြန်​မာပြည်​လွတ်​လပ်​​ရေးရ​အောင်​ယူ​ပေးခဲ့တာ မဟုတ်​ဘူး သမိုင်​းရှိတယ်​ လူတိုင်​းသိတယ်​ ” ​အော်​ ….. အရူးကိုသွား​ပြော​နေ​တော့လည်​း သူဘာနားလည်​မှာလဲ အ ကာလ ညအခါ ငါ့ဖာသာ […]


naywoon niJanuary 17, 20141min1574
​ခေါတ်​ကို​ဝေဖန်​​နေရင်​းနဲ့ ကိုယ်​့ဘဝကိုသုံးသပ်​ဖို့​မေ့​လျော့​နေသူ အရိပ်​တို့က တစ်​စတစ်​စရှည်​ထွက်​လာပြီး ငါ့ဦး​ခေါင်​းအရိပ်​က ကမ္ဘာ့အပြင်​မှာသွားထင်​​တော့မယ်​ ။ အဲ့ဒိ ကမ္ဘာ့အပြင်​မှာသွားထင်​​နေတဲ့ ငါ့ဦး​ခေါင်​းအရိပ်​ကို ​နေထွက်​လာပြီလို့ မင်​းတို့မ​ပြောကြပါနဲ့ ​နေကခုမှဝင်​ဖို့အားယူ​နေတုန်​းရယ်​……။ ​နေဝန်​းနီ


naywoon niJanuary 10, 20141min1785
အရိပ်​​တွေ …အရိပ်​​တွေ ဖြတ်​ကနဲ ဖြတ်​ကနဲ အတိတ်​​တွေ …. အတိတ်​​တွေ လျှပ်​ကနဲ လျှပ်​ကနဲ ဆတ်​ကနဲ​ ​နောက်​ပြန်​လှည်​့ကြည်​မိ​တော့ ငါ….. ဒီလမ်​း​တွေဘယ်​လိုဖြတ်​ခဲ့မိပါလိမ်​့…..။ ​နေဝန်​းနီ


naywoon niDecember 31, 20131min2816
ဟက်​ပီးနယူးရီးယားတဲ့ ငါနဲ့လားလားမှမပတ်​သက်​သလိုပါပဲလားကွယ်​ရို ့…..။ တစ်​ရက်​ကတစ်​ရက်​ ရက်​သုံးဆယ်​တစ်​လ ဆယ်​့နှစ်​လ တစ်​နှစ်​ဖြစ်​တာ ​ကျောင်​းမှာသင်​ခဲ့ရဖူးပါတယ်​ ဒါ​ပေမဲ….. တစ်​လပဲ​ပြောင်​း​ပြောင်​း တစ်​နှစ်​ပဲ​ဟောင်​းတယ်​​ပြော​ပြော ငါ့ဘဝ​ပြောင်​းလဲမလာတာ​တော့ အ​သေအချာပဲ မ​ရေရာတဲ့အနာဂါတ်​​ကို​မျှော်​ကိုးရင်​း အတိတ်​ဆိုတာကိုသစ်​ရွက်​တစ်​ရွက်​စီ​ချွေချသလို​ချွေချရင်​း သစ်​ရွက်​ဘယ်​နှစ်​ရွက်​​ချွေချမိမှန်​းမသိသလို အတိတ်​​တွေဘယ်​​လောက်​​ချောက်​​သွေ့ခဲ့တယ်​ဆိုတာလည်​း မစဉ်​းစားမိတာအမှန် ပဉာတ်​ချက်​အရ ရက်​ကလကူးပြီး လက​နေနှစ်​ကူးရတာကို ​နေနဲ့လမမြင်​ဖူးတဲ့​ကျောက်​​ခေါတ်​လူသား​တွေလို အထူးအဆန်​း အရူးအနှမ်​းလိုက်​မလုပ်​နိုင်​ပါဘူး ​နေဝန်​းနီ


naywoon niNovember 17, 20131min2124
ကြိတ်​ကြိတ်​….. ကြိတ်​ကြိတ်​နဲ့ တိုးတိုးတိုက်​တ်ိုက်​သာ သွားလာ​နေကြ…… ဘယ်​ဆီကိုသွား​နေမှန်​းလည်​မသိ ဘယ်​​နေရာ​ရောက်​ပြီဆိုတာလည်​းမကြည်​့ ​ရှေ့ကိုသာ တိုးလို့သွာ​နေကြ သိုးခြံထဲက ထုတ်​လိုက်​တဲ့သိုး​တွေလိုပ တစ်​​ကောင်​နဲ့တစ်​​ကောင်​တိုး​ဝှေ့ပြီး ​ရှေ့​ရောက်​ဖို့သာအားသန်​ပြီးတိုး​ဝှေ့​နေကြသလိုမျိုးနဲ့ ဖုန်​တစ်​​ထောင်​း​ထောင်​း ​ချွေတစ်​လုံးလုံးနဲ့ တိုးလို့သာ သွား​နေကြ​တော့တယ်​…… ဦးတည်​ချက်​ဆိုတာကမရှိ ဘာကိုလိုချင်​တယ်​ဆိုတာ​တောင်​ ကိုယ်​ကိုကိုယ်​ပြန်​မ​မေးမိ ​ရှေ့ကို​ရောက်​ဖို့ဆိုတဲ့အသိနဲ့ ကြိတ်​ကြိတ်​….ကြတ်​ကြိတ်​ နဲ့ တိုးတိုး…တိုက်​တိုက်​သာ သွားလာ​နေကြ………။ ​နေ​ဝန်​းနီ( 17-11-2013 )


naywoon niNovember 13, 20131min2576
စာအုပ်​ထဲမှာ​တော့ ကုသိုလ်​ကဘယ်​လို ဒါနကဘယ်​နှယ်​ ဘာဝနာက ဘယ်​ပုံ စုံ​နေ​အောင်​ပါ ပါရဲ့……..။ အပြင်​ဘက်​မှာကျ​တော့ ဘာသာ​ရေးနဲ့ ​ပျော်​ရွှင်​မှုမကွဲ ​ရော​ထွေး​နေပုံက စိတ်​ပျက်​စရာ…….။ ဒါနဲ့များ ……. ​ပြောင်​းလဲမှုကိုလိုချင်​​သေးသတဲ့ သနားလိုက်​တာ……..။ အရင်​လိုပဲ ​နေမြဲ အစဉ်​အလာရိုးရာ​လေးနဲ့ပဲ​နေခဲ့ပါလားကွယ်​…. ​ပြောင်​းချင်​မ​နေပါနဲ့ ဘာသာ​ရေးပွဲနဲ့​ပျော်​ရွှင်​ပွဲ မခွဲနိုင်​သမျှ​တော့ သနားစဖွယ်​ ဘုံငရဲသား​တွေလိုပ ​သေလည်​း​ပျော်​​နေလည်​း​ပျော်​နဲ့ ​ပျော်​​ပျော်​ကြီး​နေလိုက်​ကြ​ပေ​ရော့…….။ ​နေဝန်​းနီ


naywoon niNovember 7, 20131min2686
​ရွေ့​တော့ ​ရွေ့​နေတာပဲ ဘယ်​ကို​ရွေ့​နေတယ်​မသိ ​ရွေ့​နေရဖို့ သာအဓိက အ​ပေါ်ဖြစ်​ဖြစ်​ ​အောက်​ကိုပဲ​ရွေ့​ရွေ့ သူ့အတွက်​ အ​ရေးမကြီးဘူး ​ရွေ့​နေတာရပ်​မသွားဖို့သာလိုတာ…. သွား​တော့သွား​နေတာပဲ ဘယ်​ကိုရယ်​မသိ ​ရှေ့ကို​ရောက်​ချင်​လည်​း​ရောက်​မယ်​ ​နောက်​ဖက်​ကိုပြန်​​ရောက်​​နေလည်​း အ​ရေးမကြီးပါဘူး ချစ်​စရာ က​လေးအရွယ်​ သွား​နေဖို့ပဲ လိုတာ……. ​ပြော​တော့​ပြော​နေတာပဲ သို့​သော်​ …….ဘယ်​သူ့ကို​ပြောတယ်​မသိ ဘယ်​အဓိပ္ပာယ်​​ရောက်​တယ်​လဲစဉ်​းစား​နေစရာမလို ုက​လေးဆိုတာ စကားသင်​​နေတာတဲ့​လေ စကားဆိုတာ​ပြော​နေဖို့ပဲလိုတယ်​…. ​ရေး​တော့​ရေး​နေတာပဲ ဘာ​တွေ​ရေး​နေတယ်​​တော့မသိ စာရွက်​​တွေသာတစ်​ရွက်​ပြီးတစ်​ရွက်​ ရှုပ်​ယှက်​ခတ်​​နေတာပဲ က​လေးဆိုတာစူးစမ်​းဖို့လိုတယ်​….. ဒါ​ပေမဲ့…. အဲဒိက​လေးဖြစ်​ချိန်​​လေးက အကန်​့အသတ်​ရှိတယ်​….. အချိန်​ပြည်​့ အဲဒိလို​နေမယ်​ဆိုရင်​​တော့ တစ်​သက်​လုံး မူကြိုကို​ရောက်​မှာ မဟုတ်​တာက​တော့​သေချာတယ်​…… ​နေဝန်​းနီ