naywoon niNovember 3, 20131min2014
အဲဒိမြို့က တစ်​ခြားမြို့​တွေနဲ့ လုံးဝကို မတူတဲ့မြို့ဖြစ်​တယ်​,….. မြို့က ကိုယ်​ချင်​းစာတရားကို ဝါးမြိုလိုက်​​တော့ ကိုယ်​ချင်​းစာတရားကလည်​း အားကျမခံ စည်​းကမ်​းကို ပီ​ကေလိုဝါးပြီး အယူသည်​းမှု​တွေနဲ့ ဟန်​​ဆောင်​ခြင်​း​တွေကို ပြန်​​ထွေးထုတ်​လိုက်​တယ်​ …….. အဲဒိ​နေ့ကစပြီး မြို့ဟာ ……. ​မှော်​ဝင်​သွား​တော့တာပါပဲ စည်​ပင်​က အမှိုက်​လာမသိမ်​းတာနဲ့ပဲ ကိုယ်​့အမှိုက်​ကိုယ်​ မီးရှို့ဖျက်​ဆီးရပါတယ်​ဆိုတဲ့ ဆင်​​ခြေလိုပါပဲ …….. စည်​းကမ်​းမဲ့ချင်​တာနဲ့ပဲ ဓ​လေ့ ထုံးစံ ဆိုတာနဲ့ အကာအကွယ်​ယူထားပြီး အသံချဲ ့စက်​ကိုမီးကုန်​ယမ်​းကုန်​ဖွင်​့ပြီး မိုးလင်​းကတည်​းက မြို့ဟာ သက်​ဝင်​လှုပ်​ရှား​နေ​ပေါ့,……. မိုးလင်​းကတည်​းက အသံချဲ့စက်​ဟာ မိုးစုန်​းစုန်​းချုပ်​တဲ့အထိမနားနိုင်​ရှာ​သေးဘူး…….. မြို့ရဲ့တစ်​​နေရာမဟုတ်​ တစ်​​နေရာ အလှူခံ မင်္ဂလာ​ဆောင်​နဲ့ ထီသည်​ကစပြီး ကြွက်​​ဆေး​ရောင်​းတဲ့သူအဆုံး အသံချဲ ့စက်​ဟာပါရင်​ မပြီး​တော့ဘူး (အရပ်​​လေးကိုမှအားမနာ) ဒါတင်​ပဲလား …..မဟုတ်​​သေးဘူး ဖုန်​း​ပြောတဲ့သူ​တွေများလာပြီး လူ​တွေကိုယ်​တိုင်​ကိုယ်​က အသံချဲ ့စက်​​တွေဖြစ်​လို့ အသံ​တွေကျယ်​လာပြီး […]


naywoon niJuly 7, 20131min3349
အဲဒိနေရာမှာ မြင်မြင်သမျှ အရာအားလုံး ခံစားရသမျှ အားလုံးဟာ မိတ္တူတွေချည့်ပဲ ….. မူရင်းရှာမတွေ့တော့ဘူး …..။ မိတ္တူကို မိတ္တူတွေကူးရင်း မိတ္တူပေါ်မှာ မိတ္တူတွေ ကူးရင်းနဲ့ မူရင်းကိုမေ့နေကြတာကြာလှပါပကောလား……..။ တစ်ကယ်တော့က မူရင်းဆိုတာကိုသတိမရတော့လောက်အောင် မိတ္တူတွေဆင့်ပွားယူလာကြ မိတ္တူပေါ်မိတ္တူတင်ကူးလိုက်နဲ့ အလုပ်တွေရှုပ်နေကြတော့တာပ……။ နေဝန်းနီ


naywoon niJune 30, 20131min53614
အို…. မိခင် နို့ဆာလောင်လို့ ငိုကြွေးနေတဲ့ကလေး ရေကျက်အေးလေးတိုက်ကျွေး ခြူသံလေး လှုပ်လို့ အာရုံကို လွှဲပြောင်းပေးထားတယ်…..။ ပုခက်ထဲက ကလေးငယ်ခမြာမှာတော့ ရေအေးလေးသောက်ပြီး ခြူသံလေးရဲ့နောက်မှာ နို့ချိုချိုတွေ ကျလာမလားလို့ အသံလာရာနောက်ကို ငေးမော မျှှော်လင့်ချက် အရောင်တစ်စ သူ့မျက်ဝန်းလေးမှာ တွဲခိုနေတယ်……။ မိခင် ကတော့ သူ့သားငယ်ကို နို့တစ်နပ် အငတ်ထားလိုက်ပြီး တိုက်ကျွေးရမဲ့နို့ချိုချိုတွေကို လိုနေတဲ့ တစ်နေ့တာအိမ်စရိတ်အတွက် မိခင်နို့ မထွက်တဲ့ တစ်ခြားကလေးငယ်တစ်ယောက်ကို ဒီတစ်နေ့စာ နို့ပေးတိုက်လိုက်ရတယ်…….။ နေဝန်းနီ


naywoon niJune 8, 20131min37513
အစစ်များနဲ့ မနီးစပ်နိုင်သေးသမို့ အတုတွေနဲ့ပျော်ပါး ကာလများ ကြာလာတော့ အတုကိုပဲ အစစ်ထင် ထင်ယောင်မိမှာ ဝိုးတဝါးဖြစ်စဉ်………။ တစ်ချို့ အသိနုံနဲ့လို့ အတုကိုသုံးတယ် တစ်ချို့ မတတ်နိုင်လို့ အတုကိုသုံးနေရ တစ်ချို့ ပေါပေါပဲပဲ ရလို့ အတုနဲ့နေတယ် တစ်ချို့ ပညာမတတ်လို့ အတုကို လုပ်ပြီးသုံးတယ် တစ်ချို့ သိရက်နဲ့ အတုကိုစွဲလမ်းနေတတ် အတုနဲ့ပျော်ပါးရတာများလာတော့လည်း အဲဒိဘဝတွေက ခါးသက် ကြာလာတော့ အဲဒိအခါးတွေပေါ်မှာပဲ သကြားပေါက်လာပြီး ချိုသလိုလို အရသာကိုစွဲလမ်း အတုကို အစစ်ထင်မှတ်ပြီး အစစ်ကိုတောင် ရန်လုပ်နေတတ်ကြတော့တာ……….။ နေဝန်းနီ


naywoon niJune 7, 20131min2736
ရုပ်ရှင်တွေမှ ာ ပြဇာတ်ကရာမှာ ဇာတ်ပေါင်းခန်းပြီးရင် ပြီးပါပြီ စာတမ်းထိုး ကန့်လန့်ကာ ချလိုက်ပြီး ပရိဿတ်ကို ပြန်ခိုင်းလိုက်တော့တာ……..။ ဟော့ဒိလောကကြီးရဲ့ လူ့ဇာတ်ခုံကြီးပေါ်မှာတော့ ဇာတ်သိမ်းတယ်ဆိုတာမရှိ ပြီးပါပြီလို့ စာတမ်းလည်းမထိုး ပရိဿတ်ဆိုတာလည်း သီးခြားမရှိ ကန့်လန့်ကာချဖို့ဝေးစွ ပရိဿတ်ကိုမြူဆွယ်ပြီး ဇာတ်ကောင်အဖြစ်ပြန် ဖန်တီး ဇာတ်ကောင်တွေကိုလည်း ပရိဿတ် အဖြစ်ထားလိုထားနဲ့ မရှုပ်သေးတာ ရှုပ်ပြလိုက် မရှင်းသေးတာ ရှင်းအောင်လင်းလိုက်နဲ့ အမှောင်တစ်ဝက်အလင်းတစ်ခြမ်း နောက်ခံကားချပ်တွေ အမျိုးမျိုးပြောင်းလဲရင်းနဲ့ပဲ ညတာကို ဆွဲဆန့်ခဲ့တာက ကမ္ဘာ ….. ကမ္ဘာ ကြာခဲ့ပါပြီကော……..။ နေဝန်းနီ 6-6-2013(23း 45)


naywoon niJune 7, 20131min2434
“ ….$ @! ? ♥ ♦♦ ♣♠☻….#%^ & …. ….)(_ = ျွှ ျ *^☻☺•◘○….” အော်….. အဲဒိလိုလား ဒါဆိုရင်လည်း ဒီဇာတ်လမ်းမှာ ငါက လူကြမ်းပေါ့လေ……။ အတု အယောင် ဆောင် အလိမ်အညာသမားတွေအတွက် ငါ ဗီလိန်ဖြစ်ရရင်လည်း မမှုပါဘူး….။ အမှန်တရားအတွက်ဆိုရင် အသက်ပဲသေသေ ဘဝပဲပျက်သွားသွား ငါရင်ဆိုင်မယ်ဟေ့…..။ ကဲ…….. ခိုင် မင်းရဲ့ခြေဖဝါးအောက်က ခရောင်းလမ်း အင်္ဂေတေဖျော်စက်ထဲ ထည့်ဖျောလို့ လမ်းလျှောက်ဖို့ လမ်းချောခင်းပေးလိုက်မယ် မင်း ရှေ့ဆက်လျှောက်တော့………..။ နေဝန်းနီ 5-6-2013(23း00)


naywoon niMay 28, 20131min37913
အတု…… ငါအခုရောက်နေတဲ့နေရာကိုတောင်မှ အတုလား အစစ်လား မဝေခွဲတတ်တော့ပါဘူး….။ ငါ့အနားမှာရှိနေတဲ့အရာတွေကိုတောင်မှ ဘယ်ဟာကဖြင့် အတု ဒီအရာကတော့ အစစ်ရယ်လို ငါမခွဲခြားတတ်တော့တာကြာပေါ့……….။ လူအတု မိန်းမအတု ယောက်ျားအတု ပစ္စည်းအတု… ဆေးဝါးအတု နာမယ်တောင်အတု ရှိသေးရဲ့…..။ ရုပ်ရှင်တွေထဲမှာလို အတုကို သေမပေးလေတော့ အားလုံးက သူတို့ဟာ အစစ်တွေပါလို့ အော်ဟစ်လို့……….။ တစ်ချို့ အတုကို ငွေကြေးကြောင့်တုတယ်။ တစ်ချို့….. ကျော်ကြားမှုကိုလိုချင်လို့တုတယ်။ တစ်ချို့ …….. ချစ်လို့လိုက်တုတယ်။ တစ်ချို့ကျပြန်တော့ ……. မုန်းလွန်းလိ်ု့ကို သူ့နာမယ်ပျက်အောင်တုသတဲ့…။ တစ်ချို့က အတုကို ပညာရည်နိမ့်ပါးလို့သုံးကြတယ်…။ တစ်ချို့က အတုကို ငွေကြေးမတတ်နိုင်လို့ သုံးရတယ်…။ တစ်ချို့က အတုကို သုံးချင်လို့ကိုသုံးကြတယ်….။ ဘာကြောင့်ပဲတုတု ဘယ်လိုကြောင့်ပဲသုံးသုံး နောက်ဆုံးတော့ အတုဟာ အတုပါပဲ…။ ဒါသေချာတယ်……. အတုဆိုကတည်းက အစစ်ကိုမှီပြီးမှပေါ်လာရတာ […]


naywoon niMay 22, 20131min40013
ဒီအကြောင်းအရာလေးက ကဗျာတစ်ပုဒ်အဖြစ် ဖန်တီးလိုက်ရင် တော်တော်လှမှာ ……။ ဒါပေမဲ့ ကဗျာအဖြစ်ဖန်တီးလိုက်ပြီးရင် ဒီရွာထဲကို ထိုးဖောက်ဖို့ မလွယ်တာက ခက်တယ်….။ ကိုယ့်ကလည်း မြင်မြင်ကရာ ကဗျာလိုပဲ တွေးတတ်တော့လည်းခက်သား…..။ ဒီတစ်ခါတော့ ဖတ်မိသူတွေလည်း ကဗျာနဲ့ပတ်သက်လို့ တွေးလုံးလေးတွေ စကားလုံးယူပုံလေးတွေ ဘယ်လိုဖန်တီးတယ်ဆိုတာလေးတွေ ပေးရင်းနဲ့ စတိုင်တစ်မျိုးနဲ့တင်ပြချင်ပါတယ်…..။ စတိုင်ဆိုလို့ ကြုံတုန်းတစ်ခုပြောချင်သေးတယ်…။ ခုခေတ်စားနေတဲ့ အိုဗာ ဂန်းနားစတိုင် မဟုတ်ပါဘူး…။ ပြန်မာဆန်ဆန်လေး ဆန်ဆန်လေးပဲ ဦးသိန်စိန် -ဒေါ်စု စတိုင်လောက်လုပ်ရအောင်ပါ….။ အိုဘာမားနဲ့ ဂန်းနား အတွဲလှသလို မြန်မာတွေအတွက်ကလည်း ဦးသိန်းစိန်နဲ့ ဒေါ်စုအတွဲက လှပါတယ်….။ သူတို့နှစ်ယောက်တွဲက ခိုင်းလိုက်ရကောင်းဘူးလား …….။ စင်ပေါ်မှာ …. ဟားဟား…..။ ပြောရင်းနဲ့ချော်တော့ငေါ့ကုန်ပါပြီဗျာ….။ ဒီအကြောင်းအရာ လေး ရေးဖြစ်ဖို့ စေ့ဆော်ပေးတဲ့ အကြောင်းလေးကနေစပြောရရင်ကောင်းမလား ….။ တစ်နေ့ […]


naywoon niMay 14, 20131min2979
ငါ……… ဒီလမ်းလေးထဲကို ကာလအတန်ကြာ ကြိမ်ဖန်များစွာ ဖြတ်သန်းသွားလာဖူးပါရဲ့…….။ လမ်းနံဘေးက မြက်ရိုင်းပင်တို့ရှည်လာတာ ခင်းထားတဲ့ ကျောက်ခဲလေးတွေ ယိုယွင်းလာတာကလွဲပြီး ဘာမှမပြောင်းလဲသေးပါဘူး……။ လမ်းနံဘေးက ရေနံဝနေတဲ့ အိမ်အိုကြီးကလည်း အရင်အတိုင်းပါပဲ….. အိန္ဒြေယ နေလိုက်တာ တိတ်ဆိတ်လို့ ဘာသံမှမကြားရဘူး……။ အိမ်ရှေ့က ရေမြောင်းလေးမှာတော့ ဒိုက်တွေ ပိုများလာတာကလွဲပြီး အရင်အတိုင်းပါပဲ…..။ အတိတ်ကို ထိန်းသိမ်းထားနိုင်တာ ဂုဏ်ယူရမလား မပြောင်းလဲ(မတိုးတက်တာ) ကို ဝမ်းနည်းရမှာလား လမ်းကလေးထဲကိုဝင်လာရင်း အတွေးတွေ ရှုပ်နေလိုက်တာ………… အိမ်ကို တောင်ကျော်လာခဲ့ပါပကောလား……။ နေဝန်းနီ


naywoon niMay 11, 20131min2577
ယဉ်ကျေးမှု ဆိုတာက မထိန်းထားနိုင်ရင် သိမ်းထားလိုက်ရမဲ့အရာ အခုတော့ကွာ မင်းတို့ဟာက ထိန်းတာလည်းမရှိ သိမ်းတာလည်းမရှိ ဗရမ်းဗတာအသိနဲ့ လူကြည့်လို့မကောင်းအောင်ဖျက်ဆီးနေတာ အရမ်းကာရောလွန်လာပြီနော် ဟိုနေရာ ဒီနေရာ အရူးချိီးပန်း လျှောက်လုပ်နေတာက အိမ်ဦးခန်းတောင် မကျန်တော့ဘူး…..။ ကိုယ့်လက်ထဲမှာ ကောင်းသထက်ကောင်းအောင် ထိန်းမထားနိုင်ရင်တော့ ပြတိုက်ထဲမှာပဲ သိမ်းထားလိုက်တာကောင်းမယ်ထင်တယ်……။ နေဝန်းနီ • ထမင်းတစ်လုပ်စားဖို့ ယဉ်ကျေးမှု ဖျက်ဆီးနေသူများသို့ • 1970 လောက်က ယဉ်ကျေးမှုဆိုတာနဲ့ အခုယဉ်ကျေးမှုဆိုတာ တော်တော်လေး ပြောင်းလဲပျက်စီးသွားတာ နှမြောစရာကောင်းလွန်းလို့ ဒီကဗျာလေးရေးဖြစ်တာပါ…………။


naywoon niMay 4, 20131min43413
ပြင်နေတယ် ….. ပြင်နေတယ်နဲ့ ဘယ်နားသွားပြင်နေကြသလဲဟေ့…….။ အမိုးပေါက်တာ ဖာနေရုံပဲလား ထုပ်တန်းမှာ ပိုးကိုက်နေတာကို အသစ် လဲမပစ်ကြဘူးလား? ပြင်နေတယ် ….. ပြင်နေတယ်နဲ့ ဘယ်နားသွားပြင်နေကြသလဲဟေ့…….။ ဧည့်ခန်းဆောင် ဆက်တီ လဲရုံပဲလား ဘုရားဆောင်မှာ ပေါက်ပြဲနေတာတွေ မပြင်ကြတော့ဘူးလား? ပြင်နေတယ် ….. ပြင်နေတယ်နဲ့ ဘယ်နားသွားပြင်နေကြသလဲဟေ့…….။ နံရံတွေကို ချေးပြောင်အောင်မချွတ်ပဲ ဆေးအသစ်ထပ်သုတ်နေကြသလား တံခါးပေါက်တွေ ရွဲ့စောင်းနေတာ ကြည့်ကောင်းနေကြသလား? ပြင်နေတယ် ….. ပြင်နေတယ်နဲ့ ဘယ်နားသွားပြင်နေကြသလဲဟေ့…….။ …………………………………………………………. …………………………………………………………. ?? အဲဒိလိုနဲ့ အဓိကကျတာနဲ့ အပေါ်ယံ အပြင်အဆင် အထားအသိုက လွဲနေတာ စဉ်းစားကြပါဦး……။ နေဝန်းနီ


naywoon niMay 1, 20131min58613
လိမ်တယ် …. လိမ်တယ် ….. လိမ်တယ် တစ်ဦးတစ်ယောက်ချင်းလည်းလိမ်တယ် အုပ်စုဖွဲ့လို့လည်းလိမ်တယ် လိုင်စင်ဆောင်ပြီးတော့လည်း လိမ်တယ် လိုင်စင် မဆောင်ရသေးဘဲနဲ့လည်း လိမ်တယ်…..။ တရားဝင်လည်း လိမ်တယ် ….။ ဇယားမဝင်ဘဲလည်း လိမ်တယ် …..။ တစ်ချို့ ဝမ်းရေးအတွက် လိမ်တယ်…။ တစ်ချို့ လွမ်းရေးခက်လို့ လိမ်တယ် …..။ တစ်ချို့ အသပြာအတွက် လိမ်တယ် …..။ တစ်ချို့ ဘလချာနဲ့ လိမ်တယ်…..။ တစ်ချို့ မလိမ်မိုး မလိမ်မာမို့ လိမ်တယ်….။ တစ်ချို့ ဆန်ဘိုးဆီဘိုး အိမ်ပါဖို့ လိမ်တယ်….။ တစ်ချို့က ဝါသနာ ပါလို့လိမ်တယ် ……။ တစ်ချို့က လိမ်တာကို အကျင့်လို စွဲနေလို့ကို လိမ်တယ်….။ တစ်ချို့က ချစ်လို့ လိမ်တယ်….။ တစ်ချို့က မုန်းလို့ကို လိမ်လိုက်တယ် […]


naywoon niApril 24, 20131min30413
စိတ်ထဲမှာရှိသလိုသာ ဖြိုခွဲပစ်လိုက်ရရင်တော့ ဒီကမ္ဘာမြေကြီးသည်လည်း အစ အနတောင်တောင်မှ ကျန်မယ်မထင်……။ သူတို့နဲ့နှိုင်းလို့ မရိုင်းစိုင်းနိုင်တဲ့ဘဝမို့သာ အော်…….. မနိုင်၍သည်းခံရခြင်းသည်လည်းကောင်း လို ့ မှတ်ယူပြီး ငြိမ်နေခဲ့ရတာ………။ တို့တစ်တွေ ရင်းနှီးထားခဲ့ရတဲ့ သွေးတွေချွေးတွေကို သိမ်းပိုက်သွားပြန်ပြီလား တစ်သက်တာမက်ခဲ့တဲ့ အိပ်မက်တွေ ပျောက်ဆုံးကုန်ပါပေါ့ အနှီ သတောင့်သားများ စာနာမှု မရှိလိုက်ပုံကဖြင့် ရိုင်းစိုင်းပက်စက်လွန်းလို့ စာနာတယ်ဆိုတဲ့ ဟိုအကောင် အကောင်မများကလည်း ငဒို့အနားမှာ တစ်နာရီတောင်ပြည့်အောင်မသီဘူးလေတော့ သူတို့အပြောတွေက မသတီစရာ နားဝမှာခါးလို့ မကြားလိုတော့ပါဘူး အချိန်တန်တော့လည်း မင်းတို့တစ်တွေ မင်းတို့အိမ်ပြန်ကြမှာပါ တို့အနားမှာ သစ္စာရှင် ဂုတ်ကျားနဲ့ မြေကမ္ဗလာပေါ်ပေါ်က အိပ်ယာ အကာကဗလာ အမိုးကနတ္ထိနဲ့ ရင်ထဲမချိလည်း တေးဆိုလို့ချော့သိပ်မဲ့သူမရှိတော့လည်း ပျော်အောင်သာအိပ်လေပေါ့တစ်ည အိုးးးးးးးးး ဒီကာလမျိုး ဖြတ်သန်းဖူးသူတို့သာလျှင် အစစ်အမှန် ကိုယ်ချင်းစာနိုင်ပေလိမ့်မယ် …………။ နေဝန်းနီ