naywoon niMarch 24, 20121min20113
အဆိုးဆုံး ငို၍ ရယ်၍ မရတဲ့အချိန်တွေဟာ နေဝန်းနီ ဒေါသတွေ ထွက်နေတဲ့ အချိန်ပါ…။ ရယ်ခြင်းငိုခြင်းရဲ့ အခြားတစ်ဘက်က အရာဟာ ဒေါသ လား ? ဒါမှမဟုတ် ရယ်ခြင်းနဲ့ငိုခြင်းကြားထဲမှာ ဒေါသ ရဗိနေသလား မတွေးတတ်တော့ပါ……..။ တစ်ခါတစ်ရံဒေါသတို့သည် အိတ်ကာလမှလာချေ၏။ တစ်ခါတစ်ခါလည်း လတ်တစ်လောအခြေအနေကြောင့်ဖြစ်ပေါ်လာတတ်ချေသေး၏…။ အတိတ်ကာလ မှလာသောဒေါသတို့ကား တစ်နည်းနည်းနှင့် ဖြေသိမ့်ခြင်းငှာ ရပေသောငြား ……လတ်တစ်လော ပေါ်ပေါက်လာသောဒေါသတိ်ု့ကား ဖြေသိမ့်စရာနည်လမ်းမရှိ ….။ တစ်ယောက်ထဲ ဒေါဖောင်းနေရသောအဖြစ်ကားဆိုးဝါးလှချေ၏….။ တစ် ရက်သား ကော်နက်ရှင်မကောင်း၍ အိမ်သို့စောစီးစွာပြန်ရောက်ချေ၏…။ အိမ်၌ကား မာတာမိခင်သည် MRTV ဖွင့်ချေ၏ ….။ ဒီအထိ ပြဿနာမရှိသေး…။ သတင်းပြီးလာလိုက်သည်က ဇာတ်လမ်းတွဲများ ….။ MRTV လူကြီးမင်းများသည် မြန်မာပြည်ရှိ အနုပညာရှင်များနှင့် ရန်ဖြစ်ထားသည်ထင်၏…။ သူတို့ အကြောင်းမလွင့်ပါချေ….။ […]


naywoon niMarch 22, 20121min24616
တို့တွေရဲ့ ကိုယ်တွေပေါ်မှာ တစ်ချိန်လုံး ထမ်းပိုးလာရတဲ့ ပေတံတွေ စံနှုန်းတွေ နီတိတွေ နေစဉ်အမျှ ခေတ္တခဏလေးတောင်ချထားမရတဲ့ဘဝတွေ….။ လူဘဝတစ်သက်တာပတ်လုံး သင်ယူလာခဲ့ရသမျှှ လေ့လာခဲ့ရသမျှ ဖတ်မှတ်လာခဲ့ရသမျှှ တစ်နေ့ထက်တစ်နေ့ ကျောပေါ်မှာပေတံတွေသာတိုးလာတယ်…..။ ပိုပြီးသင်ယူနိုင်လေ ပိုပြီးလေ့လာလေ ပေတံတွေ တိုးလာလေပါပဲ…..။ ကျောပေါ်မှာ……… ပေတံတွေ စံနှုန်းတွေများများသယ်ပိုးနိုင်သူသာ လူတော်တွေအဖြစ်သတ်မှတ်ထားကြ…..။ အကြောင်းကိစ္စတစ်ခုခုနဲ့ကြုံတိုင်း ကျောပေါ်ကပေတံတွေစံနှုန်းတွေချချပြီး တိုင်းတာဆုံးဖြတ်…….။ ပေတံတွေ စံနှုန်းတွေ အမျိုးအစားကလည်းများပါ့ ဘာသာရေး………. လူမှုရေး……… ဓလေ့ထုံးစံ ……… ယဉ်ကျေးမှု………… ဒါတွေနဲ့သာတိုင်းတာဆုံးဖြတ် ဒီထက်ပိုပြိးတော့လည်း ဘာမျှအသုံးချမရပေတံတွေသာ………..။ အဲဒိတော့……………… ဘယ်မှာလဲ? ကိုယ်ပိုင်ပညာ ကိုယ်ပိုင်အသိ တစ်ခုမှမရှိ နတ္ထိ…………….။ နေဝန်းနီ


naywoon niMarch 17, 20121min34616
ရှိတာလေးနဲ့ဘဲ ရောင့်ရဲ အဟာရမဖြစ်တဲ့ ဝမ်းပြည့်စာတွေနဲ့သာ နေ့စဉ်ဘဝမှာ အူမတောင့်စေခဲ့ရ…..။ ဝမ်းဝ နေပေမဲ့ အဟာရဆိုတာကမှ မပါ အားဆိုတာကအရိုးထဲကညှစ်ထုတ်နေရတော့ ချဉ်ဆီဆိုတာတွေလည်း ခမ်းတော့မပေါ့….။ အစားအသောက်တင်ပဲလား နေရထိုင်ရတာကကော အများနဲ့တန်းတူ ကျောတစ်နေရာစာယူရင်း ဆူညံသံတွေကြားမှာအိပ်စက် မနက်လင်းတော့ကော မနေ့ကလိုပဲ ဝမ်းပြည့်လွယ်မဲ့အစာမာမာတွေနဲ့ပဲ နှစ်ပါးသွားလိုက်ရ……။ အိပ်မက်ဆိုတာလည်း မမက်ဖူးတာကြာပေါ့…။ ဒီလိုနဲ့ပဲနေတော့မလား ဟင် ဘဝကိုကဒီလိုကျနေတာ ဒါဖြင့်…….. ကင်းမြီးကောက်ထောင်နေရမလား ဆိုတော့ မနောက်ပါနဲ့တဲ့….။ ဟုတ်တယ်လေ….။ နေ့စဉ်ဘဝ ဝမ်းရေး ….ဝမ်းရေး ….ဝမ်းရေး…ဗျ အဘယ်သူအလျဉ်မီအောင် လာဖြေရှင်းပေးနေလို့လဲ…..။ အတတ်ပညာ-အရင်းအနှီးနဲ့ အချိန်အခါ ဒေါက်သုံးဒေါက်မဏ္ဍိုင် ပြိုလဲရင် သကြားမင်း နကင်းကြီးနဲ့လာကယ်ရင်တောင်မှ တစ်ကယ် နွားမှတ်လို့ အသားပေါ်ရောင်းမိဦးမယ် မပြောချင်တော့ဘူး…..။ နေဝန်းနီ


naywoon niMarch 13, 20121min20011
*ရာဇတ်ခန်းမဟာ မန္တလေးတက္ကသိုလ်ရဲ့ အသည်းနှလုံး သူ့အောက်ခိုဝင်လာသူတွေကို ပြုံးပြုံးကြီးကြည့်နေရဲ့………။ *ရာဇတ်ခန်းမဟာ အထက်မြန်မာပြည်မှာတော့ သူ့ထက်ကြီးတဲ့ စာကြည့်တိုက်မရှိတော့ဘူးရယ်လို့ ပြုံးပြုံးကြီးအောင်ပွဲခံနေလေရဲ့…..။ *ရာဇာတ်ခန်းမဟာ ဆိတ်ငြိမ်ရာရပ်ဝန်းတစ်ခု ကန္တာရထဲက အိုအေစစ်ကလေးလို စာသင်ခန်းထဲက အပူငွေ့တွေနဲ့ငါတို့ကို အေးချမ်းစေခဲ့တယ်…..။ *ရာဇာတ်ခန်းမမှာ ညာမရတဲ့စာအုပ်တွေရှိတယ်….။ ကျောင်းအားတဲ့အချိန်တိုင်း ငါတို့သွားဖတ်ကြတယ်….။ (အဲဒိမှာ သူမနဲ့ငါ စတွေ့ခဲ့တာပေါ့) *သူမနဲ့ငါ ရာဇာတ်ခန်းမမှာ ကတ်တလောက်ကစာအုပ်ရွေးရင်း လက်ချင်းထိခိုက် နှလုံးသားအထိရိုက်မိကြတယ်….။ *ရာဇတ်ခန်းမထဲမှာ သူမနဲ့ငါ အကြည့်ချင်းငြိတွယ် စိတ်ကူးတွေ ဖလှယ်မိခဲ့ကြတယ်…..။ *ခန်းမရဲ့အပေါ်ထပ် ရည်းညွှန်းစာဖတ်ခန်း အရမ်းပါပဲ စာအုပ်တွေ စာအုပ်တွေထောင်သောင်း ဖတ်ချင်တာယူ လက်မှတ်ထိုးခဲ့ အောက်မယူရတဲ့ သူမနဲ့ငါ တစ်ချို့နေ့ရက်တွေမှာ တစ်နေကုန်ထိုင် စာအုပ်တွေ တစ်အုပ်ပြီးတစ်အုပ်ဖတ် မှတ်စုထဲကူးနဲ့ အလုပ်တွေရှုပ် တစ်ခါတစ်ရံမှာ လိုချင်တဲ့စာအုပ်တွေတူနေလို့ ရယ်စရာမဟုတ်ပေမဲ့ ရယ်ဖွဲ့ခဲ့ကြရသေးတယ်…….။ *အဲ ….. […]


naywoon niMarch 10, 20121min1866
စကားပြောသံတွေကြားနေရတယ်….။ ဟုတ်တယ်…။ စကားပြောသံတွေကို ကျွန်တော်နားထောင်နေမိတယ်…။ အတင်းအဖျင်းတွေ ပြောနေကြတာ …။ အဲဒိအတင်းအဖျင်းစကားတွေကိုပဲ ကျွန်တော်နားထောင်နေမိတာ….။ အားလုံးကို ခြုံငုံပြီး ကျွန်တော် ခေါင်းစဉ်တစ်ခုပေးလိုက်ပါ့မယ် ။ ဘယ်နေရာ သွားသွားသူတို့ ပြောနေတဲ့ အကြောင်းအရာတွေကို နားမထောင်လည်းကြားနေရတာ…။ “ အသံတွေ ကြားနေရတယ်ပေါ့ ” အဲဒိအသံတွေထဲမှာ ကျွန်တော်ဘဝင်မကျတဲ့ စကားလုံးတစ်လုံး ထပ်ခါတစ်လဲလဲ ပါနေတယ်…။ “ အဟောင်း အသစ်နဲ့ ခေတ်မီတယ် နောက်ကျတယ် ” ဆိုတဲ့ စကားလုံးကိုပေါ့….။ လူတွေအားလုံး ခေတ်မီတယ်ဆိုတဲ့ အသစ်အသစ်တွေ နောက်ကို ပြေးလိုက်နေကြတယ်လေ…။ အဲဒိလူများအတွက် ကျွန်တော် ရေခဲရေ များများ စုဆောင်းထားပါတယ်..။ ပြေးရလွှားရလို့ မောရင်တိုက်ရအောင်လို့ …..။ စာအုပ်တစ်အုပ်ထဲမှာတွေ့ဖူးလိုက်တယ်…။ “ အသစ်/ခေတ်ပေါ်ဆိုတာ ဟာ အချိန်ကာလရဲ့ လှည့်စားချက်တွေပါ […]


naywoon niFebruary 6, 20121min1667
ပန်းပွင့်လေးတွေဟာ အချိန်တန်ရင် ကြွေတာပဲလို့ချည့်ပြောနေကြ လူတွေကတော့ မသေတဲ့အတိုင်း…..။ ပန်းကြွေလေးတွေတောင် သူတို့ရနံ့နဲ့ လူတွေကိုလွမ်းအောင်လုပ်နိုင်သေးရင်….. ငါတို့တွေလည်း နေစဉ်ခဏ ရိက္ခာ ပြည့်အောင် ကြိုးစားချိန်မှာ လူထဲကလူ လူ့အသိစိတ် လူ-လူ ချင်း လူလိုမြင်တဲ့ လူသားဆန်တဲ့ စိတ်ပြည့်ဖို့တော့ လိုလိမ့်မယ်နော်……။ နေဝန်းနီ


naywoon niFebruary 1, 20121min33221
ခြောက်သွေ့တဲ့ မြေမာအက်အက်ထဲက နှင်းဆီပန်းပင်လေးပေါ်မှာ ပန်းဖူးလေး တစ်ဖူး ပွင့်အာထွက်လာပြီး အောက်ခြေကိုစောင်းငဲ့ကြည့်ရင်းပြောလိုက်တယ်….။ “ အံမယ်…. ငါ့မှာ ကိုယ်ရံတော်တွေအပြည့်ပဲ” တဲ့…..။ အနားက kiss me ပန်းအိုးကလည်းအားကျမခံ “အေး ငါ့မှာလည်း ကိုယ်ရံတော်တွေနဲ့” တဲ့……။ အဲဒိတော့ အနီးမှာရှိတဲ့ စပယ်ရုံ အသာပြုံးရှာတယ်…။ သူပြောလိုက်တာကတော့ “ ဖြူစင်သန့်ရှင်းပြီး မွှေးရနံ့ သင်းပျံ့နေသူတွေအတွက် ကိုယ်ရံတော်ဆိုတာက အပိုတွေပါပဲ” တဲ့လေ………။ နေဝန်းနီ


naywoon niJanuary 30, 20121min1214
အဲဒိနေ့ကပေါ့…… ပျင်းပျင်းရှိတာနဲ့ ငါ့ရင်ဘတ်ထဲ ဖွက်ထားဖူးခဲ့တဲ့ မသိခြင်းသေတ္တာကို ပြန်လည်တူးဆွ နားမည်ခြင်း password နဲ့ဖွင့်လိုက်တော့ တံဆိပ်သာမြင်ဖူးပြီး အရသာမမြည်းစမ်းဖူးသေးတဲ့ အရက်ပုလင်းတွေရယ်………… ခေါင်းစဉ်သာတွေ့ဖူးပြီး ခုထိမဖတ်ဖြစ်သေးတဲ့ ဝတ္ထုစာအုပ်တွေရယ်…….. ခေါင်းစဉ်သာတပ်ထားပြီး မရေးဖြစ်ခဲ့တဲ့ ကဗျာခေါင်းစဉ်သာပါတဲ့စာရွက်အလွတ်တစ်ချို့ရယ်………….. ထွက်ကျလာခဲ့ပေါ့…..။ အဲဒိနေ့ကပေါ့ ဂျွမ်းမထိုးတတ်တာရယ် ကြိုးတန်းပေါ်လမ်းမလျှောက်တတ်တာရယ်နဲ့ ဟော့ဒိဇာတ်ခုံပေါ်မှာ မင်းသားမဖြစ်လိုက်ရဖူး……။ ခွေးလိုအူပြီး မျောက်လိုကနေတဲ့ကောင်ကိုကျတော့ ဆုတွေဘာတွေချလို့………… ငါ့ကိုကျတော့ မသိချင်ယောင်ဆောင်နေကြရဲ့ ဒါနဲ့ ငါလည်းနေရာကလှည့်ထွက်ခဲ့တော့တယ်…..။ အဲဒိလိုနဲ့………….. မသိခြင်းသေတ္တာကို ငါ့ရင်ဘတ်ထဲမှာပဲ သေသေချာချာ ပြန်ဖွက်ထားပြီး နေ့တစ်နေ့ဆီကို ခရီးဆက်ခဲ့တာပေါ့……………..။ နေဝန်းနီ


naywoon niJanuary 26, 20121min1335
မဆုံးတဲ့သီချင်း………၄၄ သင်္ကြန်ပြီးတာတောင် မသိလိုက်ရဘူး…။ မွေးသဖခင်ဆင်းရတဲ့ရွာတွေ လိုက်သွားရတာနဲ့…..။ သင်္ကြန်တွင်း စလင်းမှာရှိနေလည်း ဘယ်မှသွားစရာရှိတာမှမဟုတ်….။ ရွာတွေလိုက်နေရတာပဲကောင်းပါတယ်….။ သင်္ကြန်အတက်နေ့က ဧရာဝတီ မြစ်ထဲမှာ….။ လှေနဲ့ …။ လှေက သိပ်မကြီးလှဘူး…။ လေးယောက်ပဲစီးလို့ရတယ်…။ မဲရွာကျွန်း ဆိုတဲ့ ရွာကိုသွားတာ…။ ကိုပြည်ကျော်ပါလာတယ်…။ တစ်ဖျစ်တောက်တောက်နဲ့…။ “ ဆရာ ကြီးမှူးက ဘာမှပြန်မပြောလို့ ခင်မောင်စိန်က လူလယ်လုပ်လွှတ်လိုက်တာ…။ ဒီရွာက အရင်တုန်းက ည အိပ်ရင် အောက်က လှံနဲ့ ထိုးလို့ ပေပါခွံတွေ ဖြန့်ပြီး ခင်းအိပ်ရတဲ့ရွာ…။ သူတောင်တစ်ခေါက်မှ မရောက်ဖူးဘူး…။ ပြီးတော့ ဘဏ်လုပ်ငန်း မှာ လှုပ်ရှားသက်ဝင်မှု (active) ဖြစ်နေတဲ့ရွာလည်းမဟုတ်ဘူး…။ ကျွန်တို့တို့ရုံးနဲ့ အဆက်အသွယ်ပြတ်နေတာကြာပြီ…။” အဲဒိရွာက မြစ်လယ်ခေါင်မှာ …။ အရင်ကတော့ ကုန်းမြေ တစ်ဆက်ထဲပေါ့…။ နောက်ပိုင်း […]


naywoon niJanuary 24, 20121min28518
တစ်နေ့က ဗစ်တာစိုးမိုးရဲ့ စာအုပ်အငှားဆိုင်လေးမှာ ဂျာနယ်လေးတွေဖတ်ရင်း နေဝန်းနီတို့ထုံးစံအတိုင်း ဘကုန်းသုံးလုံးလုပ်ပြီး လေကန်နေမိတယ်….။ ဘကုန်းသုံးလုံးဆိုတာက နေဝန်းနီတို့အရပ်ဘက်က အသုဘအိမ်ကနေ စပြောမှဇာတ်ရည်လည်မယ်…။ နေဝန်းနီတို့ အရပ်က အသုဘအိမ်မှာ ညလူစောင့်အိပ်ဖို့ တစ်ညလုံးပေါက် ဖဲဝိုင်းခံလေ့ရှိပါတယ်….။ ဖဲရိုက်ဖို့ ဝါသနာပါတဲ့သူတွေက ဘယ်နေ့ ဘယ်သူ့အသုဘရှိတယ် စနည်းနာပြီး လိုက်လံကစားလေ့ရှိပါတယ်…။ တစ်ချို့လည်း တစ်ကယ်ဖဲရိုက်မဲ့သူနဲ့ အဖော်လိုက်လာပြီး ဖဲမီးလှုံတာပါ…။ ဘေးကနေ အားပေးတယ်ပေါ့…..။ ရှေ့ကရိုက်တဲ့သူ ဖဲသေသွားရင် သူကအစားဝင်ပြီး ကစားပေးတတ်တယ်…။ သူကဖဲရိုက်ဖို့ဝါသနာပါတယ်…။ ပိုက်ဆံမရှိဘူး…။ ဆိုတဲ့ ဝါသနာရှင်ပေါ့လေ…။ တစ်ခါတစ်လေ ရှေ့က ကစားတဲ့သူကနိုင်ရင် သူ့ကိုမုန့်ဖိုးပေးတတ်ပါတယ်..။ အဲဒိပိုက်ဆံလေးနဲ့ သူက နောက်တစ်ဝိုင်းကစားဖို့ လူစုဖန်တီးပေးလိုက်ပါတယ်…။ သူများပေးတဲ့မုန့်ဖိုးပဲဖိုးနဲ့ ကစားမယ်ပေါ့လေ…။ အသုဘဝိုင်းဆိုတာက တရားဝင်ခွင့်ပြုထားတာတော့ မဟုတ်ဘူး..။ ဒါပေမဲ့ အရပ်ထုံးစံဖြစ်နေတော့ မသိချင်ယောင်ဆောင်နေကြတာများပါတယ်..။ ပြဿနာတော့ မဖြစ်စေနဲ့ပေါ့လေ…..။ […]


naywoon niJanuary 18, 20121min1839
ကိုယ့်မေ့နေတဲ့ ကိုယ့်အကြောင်းများ လူတွေလား…….. အို……….အားလုံးပါပဲ…….. ဆိုရိုးစကားတွေတွင်တွင်ကျယ်ကျယ်သုံးပြီး ဇာတ်လမ်းတွေဆင်……. ဇာတ်ကွက်တွေချ ဝတ္ထုတွေ ရေးနေလိုက်ကြတာ လူတစ်ယောက်ချင်းစီမှာ ဝတ္ထုတစ်ပုဒ်အနဲဆုံးရှိတယ်……….။ လူတွေလား…….. အို……….အားလုံးပါပဲ…….. ကာရံတွေညှိ နဘေတွေထပ်ပြီး ပုံသေနည်းတွေ နည်းပညာအသစ်တွေနဲ့ စကားလုံးတွေစီပြီး ကဗျာတွေရေးဖွဲ့နေကြ လူတစ်ယောက်ချင်းစီမှာ ကဗျာတစ်ပုဒ်အနဲဆုံးရှိတယ်….။ လူတွေလား…….. အို……….အားလုံးပါပဲ…….. ဖလင်မသုံး ကင်မရာမပါပဲ ကြည့်မှန်တစ်ချပ်နဲ့တင် အိုက်တင်တွေပေး ဒိုင်ယာလော့ဒ်တွေပြောပြောပြီး ဆက်တင်အမျိုးမျိုးဆောက်ရင်း ရုပ်ရှင်တွေရိုက်နေကြ လူတစ်ယောက်ချင်းစီမှာ ရုပ်ရှင်တစ်ကားတော့ ရှိကြ အဲဒါအနဲဆုံးပါပဲ….။ အဲဒိလိုတွေရှိနေပါရဲ့နဲ့ ကိုယ့်ဝတ္ထုထက်သူများဝတ္ထုကို ပိုစိတ်ဝင်စားနေကြ ကိုယ့်ကဗျာထက်သူများရေးတဲ့ကဗျာ ပိုသဘောကျနေကြ ကိုယ်တိုင်ပါဝင်တဲ့ရုပ်ရှင်ထက် သူများတွေရဲ့ရုပ်ရှင်တွေကိုပဲ အကယ်ဒမီတွေပေးလိုက်ကြ ကိုယ့်ဝတ္ထုကိုယ်မေ့ ကိုယ့်ကဗျာကိုယ်သတိမရ ကိုယ့်ရုပ်ရှင်ကိုယ်စိတ်မဝင်စားတော့ပဲ ညညဆိုရင် ကိုရီးယားဇာတ်လမ်းတွေ ပဲ ထိုင်ကြည့်နေကြတော့တာပေါ့…………။ နေဝန်းနီ


naywoon niJanuary 16, 20121min27515
တစ်ရက်က သူငယ်ချင်းတစ်ယောက်က ခေါ်လို့ လ္ဘက်ရည်ဆိုင်ကို အင်တာနက်ဆိုင်က နေထလိုက်သွားတယ်….။ ဟိုရောက်တော့ ဘောလုံးပွဲနဲ့ တိုးနေတယ်…။ နေရာတောင်မရချင်ဘူး…။ ဘာပွဲလဲလို့ မေးကြည့်တော့ “ မန်”ပွဲတဲ့….။ နေဝန်းနီတို့ ရောက်သွားတော့ ဒုတိယပိုင်းတောင်ရောက်နေပြီ…။ မန်နဲ့ ဘော်တန် …။ မန်ကချည့်ဖိပြီးကစားနေတာ ……။ ဘောလုံးပွဲမကြည့်ဖြစ်တာကြာလို့လားမသိဘူး….။ ကစားပွဲက လိုအပ်တာထက်မြန်လွန်းနေသလိုပဲ…။ မြန်ရုံတင်မဟုတ်ဘူး အပေးအယူ အချိတ်အဆက်ကလည်း တိကျလွန်းနေတော့ ပွဲက ကြည့်ကောင်းနေတာပေါ့…။ ဘော်လ်တန်က လည်း အသေအလဲ ခုခံကာကွယ်လို့….။ ဒါပေမဲ့ တစ်ချက်ဟသွားလိုက်တာနဲ့ သွားပြီး တစ်ဂိုးပဲ…။ ဘောလုံးသမားနာမယ်တွေ မသိပါဘူး…။ ကြည့်နေ ကျ မှမဟုတ်တာကို…။ ဒါပေမဲ့ သူတို့ ဘောလုံးပွဲကိုကြည့်နေရင်းနဲ့ ခေါင်းထဲအတွေးတစ်ခုဝင်လာခဲ့ပေါ့….။ တစ်ကယ်တော့ ဒီလိုပွဲတွေဟာ နေဝန်းနီ နားလည်သလိုပြောရရင် မြို့နယ်ပွဲတွေပါ…။ သူတို့ ဆီကမြို့နယ်ပွဲတွေပေါ့….။ […]


naywoon niJanuary 10, 20121min1655
ပုပ်သိုးနေတဲ့ အရာတစ်ခုကို နံ့သာလူးဖို့ ကြံစည်နေပါသလား…………..? တွေဝေမှုကင်းစွာနဲ့ ပျော်ရွှင်လာခဲ့ရတဲ့ နေ့ရက်တွေကို ပြန်လည် တ,သ နေစရာမလို အတိတ်ကိုချော့သိပ်နေမဲ့အစား အနာဂါတ်ကို နှိုးလိုက်စမ်းပါ…..။ ဘယ်အရာမဆို သူ့အလိုလိုတော့ ဖြစ်မလာ ကြမ္မာနှိုးစက်တစ်ပတ်လည်ချိန်မှာ ငါ………. သို့မဟုတ် ရုပ်ဝတ္ထုတစ်ခု ပျက်စီးခြင်းအမှု ကိုယ်တိုင်အမှုရဲ့ အကျိုးရလာဒ် ကျေနပ်စွာခံယူရင်း လောကရဲ့ အကောင်းအဆိုး ဖြစ်သမျှ အကောင်းဖြစ်သမို့ ထပ်လောင်းလို့ ပြောလိုက်ချင်တယ်…..။ ပုပ်သိုးနေတဲ့ အရာတစ်ခုကို နံ့သာလူးဖို့ ကြံစည်မနေနဲ့လို့လေ………..။ နေဝန်းနီ