အိပ်ရေးပျက်တဲ့ ‘ည’ လေတိုက်လို့ သစ်ပင်လှုပ်တာလား သစ်ပင်လှုပ်လို့ လေတိုက်တာလား မကွဲပြားပေမယ့် ခုတော့ လှုပ်စရာ သစ်ပင်လည်းမရှိတော့ဘူး လေလည်းမတိုက်တော့လို့ ပူလောင်အိုက်စပ်နေတဲ့ ညထဲမှာ အိပ်မရလို့ ‘ည’ ဟာ တိတ်ဆိတ်တဲ့ လမ်းမပေါ် လမ်းလျှောက်ထွက်လာတယ် ။ မှုံရီရီ ဓာတ်မီးတိုင်အောက်ရောက်တော့ ‘ည’ဟာ ဆောင်းထားထဲ ကတ္တီပါ ဦးထုပ် မဲမဲလေးကို ခပ်ငိုက်ငိုက်လေးဆောင်းပြီး ဓာတ်ရှင်မင်းသားလို အိုက်တင်ပေးလို့ ။ အချိန်တန်တော့လည်း အိပ်ရေးမဝတဲ့ညဟာ သူ့နေရာသူပြရဦးမှာပေါ့ ။ အဲ့ဒိလိုနဲ့ ‘ည’ဟာ အိပ်ရေးပျက်နေခဲ့ရတာကြာပေါ့ ။ နေဝန်းနီ 10:53 PM 2015 Mar 25