naywoon niMarch 15, 20151min41912
ကိုယ်​့ကိုကိုယ်​​ဖော်​ မသူ​တော်​ ( ၂ ) ​ဒီနေ့ချက်ခြင်း ပြောင်းလို့ရမလား အဆင်​သင်​့ဖြစ်​မလား​ပြောပါ ​ အဲ့ အ​ကြောင်​းအရာ​လေး ဆက်​​ပြောပါ့မယ်​ ။ ကိုယ်​​တွေ့နဲ့ယှဉ်​ ​ပြောမှာ​နော်​ ။ ကြားဖူးနားဝ ​တွေ စာအုပ်​ထဲက အ​ကြောင်​းအရာ​တွေ သ​ဘောတရားပိုင်​း​တွေ သီအိုရီ ​တွေ မကိုင်​ဘူး ။ ” ဒီ​နေ့ ချက်​ချင်​း ​ပြောင်​းလို့ ရမလား ” ဆိုရင်​ ရတယ်​ ။ အစိမ်​းသက်​သက်​​ပြောင်​းလိုက်​ရတဲ့ အတွက်​​ကြောင်​့ ပင်​ပမ်​းမယ်​ ။ လုံ့လ ပိုစိုက်​ရမယ်​ ။ စိတ်​ဓာတ်​ ကြံ့ခိုင်​သူအတွက်​ ဘာပဲ​ပြောင်​းလုပ်​လုပ်​ ဘယ်​​နေရာကိုပဲ ​ပြောင်​း​ပြောင်​း လိုက်​​လျောညီ​ထွေ ဖြစ်​မှာပဲ ။ စိတ်​ဓာတ်​​ပျော့ညံ့ ​နေသူ​တွေအတွက်​က​တော့ ​ပြောင်​းလဲမှုကို ​ကြောက်​စရာလို့ ထင်​မှာပဲ ။ […]


naywoon niMarch 15, 20151min3187
ကိုယ်​့ကိုကိုယ်​​ဖော်​ မသူ​တော်​ ( ၁ ) ​နေဝန်​းနီ ဆိုတဲ့​ကောင်​က လူတစ်​မျိုး ။ ခုရွာထဲမှာ ​ပြောခဲ့ဖူးတဲ့ စကား​တွေအားလုံး အတွက်​ ကိုယ်​တာဝန်​ယူနိုင်​​လောက်​ပဲ ​ပြောခဲ့တာ။ လူ​ပြောသူ​ပြောနဲ့ ဝါးလုံးဖမ်​းပြီး ဒါန်​းမစီးခဲ့ဖူးဘူး ။ ​ပြောခဲ့သမျှထဲ မှာလည်​း တစ်​ချိန်​က ကိုယ်​ကျင်​လည်​ ဖြတ်​သန်​းသမျှထဲကပဲ ဆွဲထုတ်​ပြီး​ပြောခဲ့တာ ။ တစ်​ချိန်​က ​ခေါင်​းထဲ ရိုက်​အသွင်​းခံခဲ့ရဖူးတဲ့ မစားရဝခမန်​း မူဝါဒ​တွေ ​ပေါ်လစီ​တွေအားလုံး ​ခေါင်​းထဲမှာ​ကော ကိုယ်​ခန္ဓာ ဘယ်​အစိတ်​အပိုင်​းမှာမှ မကျန်​​အောင်​ ရှင်​းထုတ်​ပစ်​ခဲ့ပြီးပြီ ။ ဒါကို လာပြီး အ​ပြောခံလိုက်​ရ​သေးရဲ့ ။ ဘာတဲ့ ​ “ကျွန်မပြောတဲ့ထဲမှာ မပြောင်ချင်ဘူးပြောမိလား ရှင်တို့က စာတစ်လုံးလာမသင်ဖူးပဲ လေရိုက်နေကြတာပဲ ဒီစနစ်ဆိုးကြောင်းကျွန်မလည်းကျောင်းသူဖြစ်ဖူးလို့ ကိုယ်တိုင်သိခဲ့ပါတယ် ဒီနေ့ချက်ခြင်း ပြောင်းလို့ရမလား အဆင်​သင်​့ဖြစ်​မလား​ပြောပါ ” […]


naywoon niMarch 12, 20151min50734
တစ်​ကယ်​​တော့ ဘယ်​သူမှ မနိုင်​ကြပါဘူး လတ်​​တစ်​​လော ​ဖေ့စ်​ဘုတ်​မှာ ​လူတိုင်​းလိုလို တင်​နေကြတဲ့ ပို့စ်​က ” ​ကျောင်​းသား​တွေ နိုင်​တယ်​ ” တဲ့ ။ ( တစ်​ဖက်​က လည်​း ​ကျောင်​းသား​တွေကို သူပုန်​လိုလို ​ပြော​နေကြတာ​တွေလည်​း ရှိသ​ပေါ့ ။ ဒါ​ပေမဲ့ ​နေဝန်​းနီ က အ​ကောင်​့​တွေစပြီး အက်​ကတည်​းက / လက်​ခံကတည်​းက ​သေချာစ်​ီစစ်​ပြီးမှ လက်​ခံခဲ့ တာ​ကြောင်​့ ဆန်​့ကျင်​ဘက်​တင်​တဲ့ ပို့စ်​​တွေ အ​တွေ့ရနည်​းပါတယ်​ ) ။ အခု လက်​ရှိ​ကျောင်​းသား​တွေ မ​ပြောနဲ့ဦး ။ ရှစ်​ဆယ်​့ရှစ်​ ​ကျောင်​းသား​တွေ​တောင်​ အသည်​းအသန်​ တိုက်​ပွဲဝင်​​နေကြရတုန်​း ။လယ်​ဗယ်​ညီ ကွင်​းမှာ နည်​းစနစ်​မှန်​မှန်​ကန်​ကန်​နဲ့ စည်​းကမ်​းရှိရှိ ကစားရတဲ့ ပြိုင်​ပွဲမှ မဟုတ်​တာ ။ ဘယ်​လိုလုပ်​ နိုင်​ဦးမလဲ […]


naywoon niMarch 12, 20151min2345
ဇာတ်​​မျော ပြဇာတ်​ဒါရိုက်​တာက ဇာတ်​ညွှန်​းကိုကြိုတင်​​ရေးမထားဘူး အဲ့သည်​့​တော့ ကြိုတင်​ဇာတ်​တိုက်​ထားချိန်​လဲမရှိဘူး​ပေါ့ ပြဇာတ်​ခွင်​ထဲ​ရောက်​မှ ဇာတ်​ရုပ်​ချ ဇာတ်​လိုက်​က ဗီလိန်​ဖြစ်​လိုဖြစ်​ ဗီလိန်​က ဇာတ်​လိုက်​ဖြစ်​လိုဖြစ်​ ကလိမ်​ကကျစ်​နဲ့ ​နေရာဝယ်​သူဝယ်​ တစ်​ကယ်​့ကို စိတ်​ညစ်​စရာကြ်​ီးပါ့ ။ သူစိတ်​မထင်​ရင်​ (ပြဇာတ်​ဒါရိုက်​တာ​ပေါ့ ) ကန်​့လန်​့ကာ ချချပစ်​ ဒီတစ်​ခန်​းပြီးပြီတဲ့ သရုပ်​​ဆောင်​​နေတဲ့ သူ​တွေခမြာ အခုမှ မုဒ်​ ဆိုတာ​လေးဝင်​တုန်​း ငိုရအခက်​ ရီရလဲအခက်​ ( ပြဇာတ်​ က​နေတုန်​း​လေ ) ​နောက်​တစ်​ခန်​းအတွက်​ အိုဗာချာ တီး​နေတုန်​း ဇာတ်​ရုပ်​ချ ( မြန်​မြန်​ ) ဇာတ်​ညွှန်​းခွဲ ( မြန်​မြန်​ ) ပြီးရင်​ ကန်​့လန်​့ကာပြန်​တင်​ ဘယ်​က ပြန်​စရမှန်​းမသိ ဦးရာလူက စဖွင်​့ ဇာတ်​ရုပ်​​တွေ​နှေး​နေရင်​ ကားလိပ်​ကြားက သူက​ငေါက်​​သေး ။ ကန်​့လန်​့ကာချ […]


naywoon niMarch 11, 20151min38917
အခန်​းဆက်​ပြဇာတ်​ ပွဲက ကြည်​့မ​ကောင်​းပါဘူး ဘယ်​နဲ့ ဓမ္မနဲ့ အဓမ္မ အဓမ္မ ဘက်​ကချည်​့ နိုင်​​နေတာ ပရိဿတ်​ ကမ​ကျေနပ်​ဖူး ဆဲကြ ဆိုကြ ကျိမ်​တွယ်​ကြနဲ့ ခုလည်​း ဇာတ်​ခုံ​ပေါ်မှာ လင်​းတစ်​ဝက်​​မှောင်​တစ်​ဝက်​နဲ့ မသဲမကွဲ ပြကွက်​တစ်​ချို့ကို ​အောက်​က ပရိဿတ်​က သူတို့ပါလာတဲ့ အလင်​းဓာတ်​မီးနဲ့ ထိုးကြည်​့​နေကြတယ်​ ။ ဇာတ်​စင်​​နောက်​မှာ​တော့ ဘာ​တွေဖြစ်​​နေကြတယ်​မသိ ရုတ်​စိ ရုတ်​စိနဲ့ ။ သိပ်​မကြာခင်​မှာပဲ ကန်​့လန်​့ကာ ဇွတ်​အတင်​းချပြီး တစ်​ခန်​းရပ်​နားလိုက်​တယ်​ ။ ပွဲက ကြည်​့မ​ကောင်​း​ပေမဲ့ ပရိဿတ်​​တွေက ထမပြန်​ကြ​သေးဘူး ။ ​နောက်​တစ်​ခန်​းမှာ ဘာ​တွေဆက်​ဖြစ်​ဦးမှာလဲ အဓမ္မ တရား​တွေပဲ ဆက်​ပြီး ကြီးစိုး​နေဦးမှာလား အမှန်​တရားဘက်​က ဘာလို့ အရှုံး​ပေး​နေရသလဲ မ​ကျေမနပ်​နဲ့ ဖျစ်​​တောက်​ဖျစ်​​တောက်​ တီးတိုး​ဝေဖန်​ရင်​းနဲ့ ခဏ ပိတ်​ကွယ်​ထားတဲ့ ကန်​့လန်​့ကာကြီးကို […]


naywoon niMarch 9, 20151min26911
​နေဝန်​းနီ နဲ့ “အ​ကောင်​းမမြင်​” ဝါဒ -၃ တစ်​ခု​တော့ ကြို​ပြောမယ်​​နော်​ ။ ​နေဝန်​းနီက အ​ကောင်​းမမြင်​တတ်​တာမဟုတ်​ဘူး ။ မြင်​မြင်​သမျှ ​နေဝန်​းနီ သိထားသမျှ တတ်​ထားသမျှ​လေးနဲ ့ ပိုင်​းခြား ဆန်​းစစ်​ပြ​နေတာ ။ မှား​နေတာ​တွေ့ရင်​လည်​း ဒီ​နေရာ မှား​နေပါတယ်​​ထောက်​ပြ ။ အဲ့ဒိလို ပြင်​ဆင်​ချက်​​လေး လိုချင်​လို့ ဒီစာ​ရေးပြ​နေတာ ။ ဒီ​နေ့ ဆွမ်​းဆန်​စိမ်​း ​လောင်​းလှူပွဲ ဆို ပဲ ။ ​နေဝန်​းနီ စဉ်​းစားတယ်​ ။​နေဝန်​းနီ ဖတ်​ဖူးသ​လောက်​​တော့ ဘုရား ​ဟောထဲမှာ အဲ့ကိစ္စ မ​တွေ့မိဖူးဘူးလားလို့ပဲ ။ ဝါဆိုသင်္ကန်​းတို့ ကထိန်​ သင်္ကန်​းတို့ ။ အဲ့သ​လောက်​ပဲ ​တွေ့ဖူးတာ ။ ​ဘုရားရှင်​လက်​ထက်​မှာ ဆွမ်​းခံချိန်​ကလွဲပြီး အခုလို စီတန်​း အလှူခံထွက်​တာ […]


naywoon niMarch 9, 20151min41017
မိုးလင်​းခွင်​့ ညဟာ ဂျူတီ လဲတဲ့ ကင်​းသမားလို အချိန်​မှန်​​ရောက်​လာ​ပေါ့ ။ အ​ပေါက်​ ဗလပွနဲ့ သူ့အ​မှောင်​စကိုဖြန်​့ခင်​း အဲ့ဒိညက လကို အ​ဖော်​​ခေါ်မလာပါဘူး ။ (ညရဲ့ သဘာဝကို လ, ကဖျက်​ဆီးလို့တဲ့​လေ ) လ, ကလည်​း လ, ပဲ ညက ​မှောင်​​စေချင်​ပါတယ်​ဆိုမှ သူက ​လောက ကို အလင်​းဓာတ်​​ပေး​နေတာကိုး ။ ည ဟာ လျှပ်​စစ်​မီးကိုလည်​း မကြည်​ဖြူဘူး မီးပျက်​​နေတာကိုပဲ သ​ဘောကျသတဲ့ စမ်​းတဝါးဝါး သွားပြီး ခုလုပ်​တိုက်​လဲရင်​ သူသိပ်​ပျော်​တယ်​ ။ ​လောက ကို အ​မှောင်​ချထားပြီး မ​တော်​​လောဘ သမား​တွေကို လုပ်​ချင်​ရာလုပ်​ခွင်​့​ပေးထားတယ်​ ။ ပြီး​တော့ ည ဟာ လျှပ်​စီးလက်​မှာကို​တော့ ​ကြောက်​သတဲ့ သူ့အ​ပေါင်​းပါ​တွေ မ​တော်​ […]


naywoon niMarch 7, 20151min47814
​ထောင်​တန်​တဲ့ စကား ‘ရယ်​’ ​ပေါ့ မနက်​က ​နေဝန်​းနီ သူငယ်​ချင်​း ကိုသက်​နိုင်​တစ်​​ယောက်​ အိမ်​​ကို ​ပေါက်​ချလာပါတယ်​ ။ ​နေဝန်​းနီက အိပ်​​ကောင်​းတုန်​း ။ ဂဇွတ်​တက်​ထဲမှာ စာ​ရေး​နေတာ​က ည ၂နာရီ ​လောက်​​ရောက်​သွားတယ်​ ။ ပြီး​တော့ ဖွ ဘုတ်​​တော်​ကြီးမလဲ ဟိုအ​ရေး ဒီအ​ရေး သိချင်​တာ​လေး​တွေ ရှာဖတ်​ ရ​သေးတယ်​ ။ ခုတစ်​​လော ​ဘောလုံးပွဲ ကို ​ကျောခိုင်​းလိုက်​လို့ လက်​ဖက်​ရည်​ဖိုး ထဲက ဖုန်​း​ဘေလ်​​လေး မှန်​​နေတုန်​း ​ရေးချင်​​လေး​တွေ စုထားတာ အံထုတ်​​နေတာ ။ ​နေ့ခင်​း အချိန်​​တွေမှာလည်​း ပူ​တော့ စာ​ရေးဖို့ ဈာန်​သွင်​းမရ ။ အပူချိန်​​လျော့တဲ့ ညပိုင်​း အချိန် ​လေးမှာပဲ ဖုန်​း​လေး လက်​ဖဝါး​ပေါ်တင်​ရိုက်​​နေရတာ အားမရ​ပေမဲ့ ​ရေး​နေရင်​း […]


naywoon niMarch 7, 20151min2947
​နွေ မိုး ​ဆောင်​းက ​ပေးခဲ့တဲ့ သင်​ခန်​းစာ ​နွေ …….. ပူမှာပဲ​လေ ဒါ သူ့အလုပ်​ အပူဒဏ်​မခံနိုင်​ရင်​ ဦးထုပ်​​လေးဖြစ်​ဖြစ်​ ​ဆောင်​းခဲ့​ပေါ့ ။ ​ဆောင်​း ……… ​အေးမှာပဲ​လေ ဒါ သူ့တာဝန်​ အ​အေးမခံနိုင်​ရင်​ အ​နွေးထည်​​လေးဖြစ်​ဖြစ်​ ဝတ်​ခဲ့​ပေါ့ ။ မိုး ……….. ရွာမှာပဲ​လေ ဒါ သူ့သဘာဝ မိုး​ရေမစိုချင်​ရင်​​တော့ ထီး​လေးဖြစ်​ဖြစ်​​ဆောင်​းခဲ့​ပေါ့ ။ ​နွေမှာပူတာ — ​ဆောင်​းမှာ​အေးတာ — မိုးရွာတာ — သတိ ဉာဏ်​ ​မြေကတုတ်​ အသိ ပညာနဲ့ ချွန်​းအုပ်​ ကိုယ်​ခံအား​ပြည်​့ဝဖို့ကျိုးစား ပညာဝမ်​းစာ ငါတို့မှာဖူလုံရင်​ ​နွေ ပူတာကိုလည်​းမမှု ​ဆောင်​း​အေး​တော့လည်​းမဖြုံ မိုးရွာမှာလည်​းမ​ကြောက်​ ရန်​သူကို ရန်​သူလို့သ​ဘောမထား အားလုံးတစ်​သားဖြစ်​​အောင်​ ​ဟေ့ ….. […]


naywoon niMarch 6, 20151min4139
​နေဝန်​းနီ နဲ့ “အ​ကောင်​းမမြင်​” ဝါဒ -၂ ​နောက်​ထပ်​ ​နေဝန်​းနီ အ​ကောင်​းမမြင်​နိုင်​တဲ့ ကိစ္စ တစ်​ခုက ဘာသာ​ရေးဘက်​ နွယ်​တဲ့ ဓမ္မ သီချင်​း​တွေနဲ့ ဗွီဒီယို ရုပ်​ရှင်​ ဇာတ်​လမ်​း​တွေပဲ ။ တရားဓမ္မ က ​ဟော​ပြောပြသထားသမျှ ကိုယ်​လိုရာ အယူအဆ​တွေ သွတ်​သွင်​းပြီး ဇွတ်​အတင်​း လုပ်​ဖန်​တီးပြီး ပြသ​နေတာ​တွေ ။ သီဆို​နေတာ​တွေက စိတ်​ညစ်​ညူးဖွယ်​​တော်​​တော်​​ကောင်​းပါတယ်​ ။ မသိနားမလည်​​သေးတဲ့ က​လေးငယ်​​တွေနဲ့ ဘာသာ​ရေး ကိုယ်​ခံအား နည်​းတဲ့သူ​တွေ ဘာမဆို အထူးအဆန်​း ဆိုယုံလွယ်​တတ်​တဲ့ ​တောသူ​တောင်​သား​တွေအတွက်​ သူတို့တစ်​​တွေရဲ့ အယူအဆ ချွတ်​​ချော်​ တိမ်​းပါးသွား​စေပြီး တစ်​သက်​လုံး အမှားကို အမှန်​ထင်​ပြီး ပြုမူ လုပ်​ကိုင်​သွားမယ်​ဆိုရင်​ အဲ့ ပတ်​ဝန်​းကျင်​တစ်​ခုလုံးဟာ ဘယ်​လိုမှ အစွဲ ချွတ်​မရတဲ့ အယူသီး […]


naywoon niMarch 6, 20151min3578
အလွမ်​း​ပြေစကား​တောင်​ မ​ပြောလိုက်​ရဘူး – ၂ တစ်​ရက်​ ကိုထွန်​းအံ့ တို့နဲ့ ပြန်​ဆုံဖြစ်​တာက မထင်​မှတ်​တဲ့ ​နေရာမှာပါ ။ ​နေဝန်​းနီ သူငယ်​ချင်​း ​မောင်​ချက်​ကြီးက ဒီဆိုင်​မှာ ငါးကင်​​ကောင်​းတယ်​ဆိုပြီး အသစ်​ဖွင်​့ထားတဲ့ ဘီယာဆိုင်​တစ်​ဆိုင်​မှာပါ ။ ကိုထွန်​းအံ့ နဲ့ အတူ ပါလာတာက လူသာမြင်​ဖူးပြီး လုံးဝ မရင်​းနှီးတဲ့ လူ တစ်​ဦးနဲ့ ကိုထွန်​းအံ့ ရဲ့ သားနဲ့ သမီး တို့ပါ ။ ​နေဝန်​းနီ တို့က အဝင်​ သူတို့က အထွက်​ဖြစ်​​နေတာ​ကြောင်​့ စကား သိပ်​မ​ပြောဖြစ်​လိုက်​ဘူး ။ သူ့သမီးက ငါးကင်​စားချင်​တယ်​ဆိုလို့ လိုက်​​ကျွေးရတယ်​​ပြောပါတယ်​ ။ သာ​ကြောင်​းမာ​ကြောင်​း​ပြောပြီး ​နောက်​တစ်​ရက်​ဆုံဖို့ ချိန်​းလိုက်​ပါတယ်​ ။ သူတို့ ကြည်​့ရတာ အရင်​လို နွမ်​းဖတ်​ဖတ်​ မဟုတ်​​တော့ပဲ […]


naywoon niMarch 5, 20151min3439
ဝတ်​လစ်​စလစ်​ တိုင်​းပြည် ​ အရင်​တုန်​းက​တော့ ဒဂုန်​တာရာရဲ့ ဝတ်​လစ်​စလစ်​ လမ်​းမကြီး​ပေါ်မှာ ဝတ်​လစ်​စလစ်​​ ပြေးလွှားချင်​မိရဲ့ ​ပျော်​စရာ​ကောင်​းမလားလို့ ။ 🙂 အခု​တော့ ပစ္စက္ခ ဝတ်​လစ်​စလစ်​တိုင်​းပြည်​ကြီးမှာ ဝတ်​လစ်​စလစ်​ ​နေကြည်​့ရင်​​ကောင်​းမလားလို့ စိတ်​ရှုပ်​လို့ ။ 🙂 ကြည်​့​လေရာ ဟန်​ မာန်​ အပြည်​့ရှိ​နေ​ပေမဲ့ အနှစ်​သာရက ဘာမှမရှိ​လေတဲ့ ဝတ်​လစ်​စလစ်​ တိုင်​းပြည်​ ဝတ်​လစ်​စလစ ်​တိုင်း​ပြည်​ ဝတ်​လစ်​စလစ်​ တိုင်​းပြည်​ …….. ။။ ​နေဝန်​းနီ 2:40pm


naywoon niMarch 5, 20151min3275
အလွမ်​း​ပြေစကား​တောင်​ မ​ပြောလိုက်ရဘူး -၁ ဒီအဖြစ်​အပျက်​​လေးက ပြီးခဲ့တဲ့ ခုနှစ်​လ ရှစ်​လ ​လောက်​က အဖြစ်​အပျက်​​လေးပါ ။ ​ရေးချင်​ ​ပေမဲ့ အ​ကြောင်​းမသင်​့တာ​ကြောင်​့ ရယ်​ ဘယ်​ကစရ မယ်​ ဆုံးဖြတ်​မရတာနဲ့ မ​ရေးဖြစ်​ခဲ့တာ ။ လက်​​ရှောင်​ချင်​တာလဲ ပါတာ​ပေါ့ ။ ခု​တော့ သူကြီးရဲ့ မှတ်​ချက်​​လေး တစ်​ခုနဲ့ ဆက်​နွယ်​ပြီး ​ရေးဖြစ်​ခဲ့တာပါ ။ ဒါကိုပဲ အ​တွေးထဲ ထည်​့ထားလို့လာမသိဘူး စိတ်​ကူးထဲမှာ​တော့ ​ချော​နေတာပဲ ။ ×××××××××××××××××××××× ဝါ​ခေါင်​လရဲ့ ​နေပူချိန်​ပြင်​းပြင်​း​အောက်​မှာ သီချင်​းသံ​တွေကလည်​း ဆူညံလို့ပါ ။ ဟုတ်​ပါ့ ဝါတွင်​းကာလ ဆွမ်​းကြီးခံ လှည်​့လာတဲ့ အဖွဲ့​တွေပါ ။ ​နေဝန်​းနီ တို့ဆီမှာ ​နေပြည်​​တော်​ဖြစ်​ပြီးကာမှ အ​ရေအတွက်​တိုးလာတာက အလှူခံ​တွေရယ်​ ကျူရှင်​​ဘော်​ဒါ ဆိုင်​းပုဒ်​​တွေရယ်​ ဘီယာဆိုင်​​တွေရယ်​ […]