naywoon niMarch 2, 20151min29813
​နေဝန်​းနီ နဲ့ “အ​ကောင်​းမမြင်​” ဝါဒ ​နေဝန်​းနီ တစ်​​ယောက်​ ခုတစ်​​လော ဖြစ်​​နေတာက မြင်​မြင်​သမျှ အ​ကောင်​းမမြင်​တတ်​တာပဲ ။ အဲ့ဒါ ​ရောဂါ တစ်​ခုလား ။ ​ရောဂါ ဆိုရင်​လည်​း ​ရောဂါ ​ပေါ့ဗျာ ။ ခင်​ဗျားတို့ ​ပြောသလို ပလပ်​ကျွတ်​တယ်​ ​ပြောလဲ ခံရမှာပဲ ။ ပတ်​ဝန်​းကျင်​မှာ ​နေ့စဉ်​​တွေ့မြင်​​နေသမျှ အရာရာဟာ ကိုယ်​နဲ့ အံဝင်​ခွင်​ကျ မရှိတာက ဆိုးလွန်​းတယ်​ ။ လူ​တွေကြားမှာ​နေပြီး တစ်​​နေ့ထက်​တစ်​​နေ့ ဆိုးဝါးလွန်​းစွာ အထီးကျန်​ဆန်​​နေတယ်​ ။ အနီးပတ်​ဝန်​းကျင်​မှာ ကိုယ်​နဲ့ အမြင်​တူ သူကလည်​း လက်​ချိုး​ရေတွက်​ကာမှ သုံး​ယောက်​မပြည်​့တတ်​​လေ​တော့ ကိုယ်​မှာ ရင်​ဖွင်​့စရာရှားပါးမှုကို အခွင်​့​ကောင်​းယူ ​နေပြီး ဒီမှာလာလာပြီး ပို့စ်​တင်​​နေရတာလည်​း အားနာတယ်​ ။ ဒါ​ပေမဲ့ တစ်​ခြား​နေရာ […]


naywoon niMarch 1, 20151min39915
ဆင်​ ဦးတိုက်​ကြဦးမလား ဘယ်​တုန်​းကတည်​းက အရိုးစွဲလာတဲ့ အယူသည်​းမှုလဲ​တော့ မဆန်​းစစ်​ချင်​​တော့ပါဘူး ။ အိမ်​ဝင်​းတံခါး​ပေါက်​ကို ဆင်​ဦးတိုက်​ရင်​ လာဘ်​​ကောင်​းတယ်​ ။ ဆိုတဲ့ အယူသီးမှု ။ ခု​တော့ အဲ့ အယူသီးမှုကို အခွင်​့​ကောင်​းယူပြီး အသုံးချလိုက်​တာက​တော့ သစ်​ဆွဲစရာ မရှိ​တော့တဲ့ ဆင်​ဦးစီး တစ်​​ယောက်​​ပေါ့ဗျာ ။ ​နေဝန်​းနီ ညည ရှစ်​နာရီ​လောက်​ စက်​ဘီး​လေးနဲ့ အိမ်​ပြန်​လာရင်​ ​တွေ့​တွေ့​နေရတာ နှစ်​ည သုံးညရှိပြီ ။ ​တွေ့ကာစ ညက​တော့ အမှုမဲ့ အမှတ်​မဲ့ ပါပဲ ။ ​အော်​ ……. ဆင်​အငှားရှိလို့ မြို့ထဲက​နေဖြတ်​ပို့တယ်​လို့ပဲ ထင်​မိတာ ။ ​နောက်​ညကျ​တော့လည်​း အရင်​​နေ့က ​တွေ့ခဲ့တဲ့ လမ်​းမဟုတ်​ပဲ ​နောက်​တစ်​လမ်​းမှာ ။ အဲ့ ဆင်​နားမှာလဲ လူစုစု စုစုနဲ့ […]


naywoon niFebruary 28, 20151min2627
ခုတစ်​​လော ​နေ့​တွေည​တွေ အကုန်​မြန်​​နေသလိုပဲ နာရီ စက္ကန်​့​တွေများ လည်​ပတ်​နှုန်​းမြန်​​နေတယ်​​တောင်​ထင်​ရ ။ ​နေ့​တွေ ည​တွေ တစ်​ရိပ်​ရပ်​ ကျန်​​နေပုံက ခပ်​မြန်​မြန်​သွား​နေတဲ့ ကားတစ်​စီး​ပေါ်မှာ လိုက်​ပါသွားရသလိုမျိုး ။ ဟို အရင်​တုန်​းကလို ” ကြာလိုက်​တာ ” ဆိုတဲ့ စကားမျိုး မ​ပြောဖြစ်​တာ ဘယ်​​လောက်​ကြာပြီလဲမမှတ်​မိ ။ ​အော်​ ငယ်​စဉ်​တုန်​းက​တော့ တက်​ကြွတဲ့ ​မျှော်​လင်​့ချက်​​တွေနဲ့ နုပျိုတဲ့ အိပ်​မက်​​တွေ စုပုံထားနိုင်​ခဲ့တာကိုး ​ရွှေ​ရောင်​လွှမ်​းသလား မလွှမ်​းသလား ဆိုတာကို​တော့ ပြန်​မလွမ်​းပြခဲ့ တာ​သေချာပါရဲ့ ။ ဘဝ မွန်​းတည်​့ချိန်​အ​ကျော်​ မွန်​းတိမ်​းချိန်​မှာမှ အို…… မိုး​တွေ အုံမှိုင်​းလာပါပ​ကောလား ။ ​နေဝန်​းနီ 7:33 PM Feb 28 ,2015


naywoon niFebruary 27, 20151min2849
ရွဲ့​စောင်​း​နေ​သော ​ပေတံတို့၏ ကျိုးပျက်​ခြင်​း ငါတို့ဟာ အဘယ်​အ​ကြောင်​းအရာကိုမဆို အဘယ်​သူနဲ့ပဲဆုံဆုံ နီးစပ်​ရာ ပုံစံ ခွက်​တစ်​ခုထဲ ထည်​့ပစ်​လိုက်​မိတာချည်​့ပဲ ။ ဒါမှ မဟုတ်​လည်​း လက်​ထဲကိုင်​ထားမိတဲ့ ​ပေတံနဲ့ ဆွဲ တိုင်​းလိုက်​မိတာချည်​့ပဲ ။ ​ပေတံ ဆ်​ိုလို့ ​ပြောရဦးမယ်​ …… ငါတို့ တစ်​​ယောက်​ချင်​းစီမှာ အရာတိုင်​းနဲ့ ပတ်​သက်​ပြီး နှိုင်​းယှဉ်​ စရာ စံချိန်​ စံညွှန်​း​တွေ ပုံ​သေ သတ်​မှတ်​ချက်​​တွေ အလွတ်​ကျက်​ထားတဲ့ သူ​တွေချည်​့ပဲ ။ (သကြားဆို ချိုရမယ်​ ဆားဆိုလည်​း ငံရမယ်​ ဆိုတာမျိုးလိုပုံ​သေ ) အဲ့ဒိလို ပုံ​သေ​တွေ ​ပေတံ ဖွဲ့ လက်​ထဲ ကိုင်​ထားကြ​တော့တာ ။ အဲ့ဒိ​တော့ လူ့အခွင်​့အ​ရေးဆိုတာ လွတ်​လပ်​ခြင်​းဆိုတာ ညီမျှခြင်​းဆိုတာ ဘာ ဆိုတာ ညာ […]


naywoon niFebruary 27, 20151min31810
​နေဝန်​းနီ နဲ့ ဆယ်​့တစ်​​ပေါက်​ ဒီ​နေ့ ​မွေးသမိခင်​က ​ဈေးသိမ်​းရာ ပြန်​လာ​တော့ ” ​ဟေ့ ငါ့ကို အခု ဆယ်​့တစ်​​ပေါက်​ သွားဝယ်​​ပေးစမ်​း ​ရော့ ပိုက်​ဆံ …..” တဲ့ အိမ်​ပြန်​​ရောက်​​ရောက်​ချင်​း အမိန်​့​ပေးပါတယ်​ ။ အဲ့ ဒါမှ ​ချောက်​ပဲ ။ ဆယ်​့တစ်​ ​ပေါက်​ဆိုတာ သူများ ​ပြောသံ ဆိုသံ ပဲ ကြားဖူးနားဝ ရှိတာ ။ ​တွေ့ဖူး ​သေးဘူး ။ မြဝတီ ရုပ်​သံ ဖမ်​းစက်​ ဆိုရင်​ သိတယ်​ ။ စဂိုင်​းနက်​ ဆိုလည်​းသိတယ်​ ။ လက်​ဖက်​ရည်​ဆိုင်​မှာ ကိုယ်​တိုင်​ ဝင်​ကလိ ဖူးတာပဲ ။ အဲ့ ဆယ်​့တစ်​​ပေါက်​ ဆိုတာ​တော့ ကြားပဲ ကြားဖူးတာ […]


naywoon niFebruary 24, 20151min2049
ငါတို့ဟာ အ​ကောင်​းဆုံးကြိုးပမ်​းခဲ့ကြတာပါ့ သို့​ပေမဲ့ တို့တစ်​​တွေရဲ့ အားထုတ်​မှုကို အသိအမှတ်​ပြုတဲ့ ပတ်​ဝန်​းကျင်​မရှိ​လေ​တော့ ငါတို့အ​ကြောင်​းကို ဘယ်​သူမှမသိကြတာရှိ​စေ​တော့ ။ သို့​ပေမဲ့ ​မျှော်​လင်​့ချက်​​တွေထမ်​းပိုးရင်​း အိပ်​မက်​​တွေနဲ့ ညအခါ​တောလယ်​ထွက်​သလို မနက်​မနက်​ကျရင်​ ဘာသား​ကောင်​မှမရတဲ့ မုဆိုးလို ငါတို့မှာ ကုန်​လွန်​ခဲ့တဲ့ အချိန်​​တွေအတွက်​ ယူကျုံးမရဖြစ်​လို့ ။ အ​ကောင်​းဆုံးကျိုးစားပြီး အဆိုးဆုံး ရှုံးနိမ်​့ခဲ့တဲ့ နှစ်​ငါးဆယ်​ဟာ အစားပြန်​မရခဲ့တာ​သေချာတယ်​ ။ ​နေဝန်​းနီ


naywoon niFebruary 23, 20151min2369
​မျောက်​က ကြိုး​ခွေ မ​အော်​်​တတ်​​တော့ဘူး ​ဒေါင်​းကလည်​း မအိုးဝေတော့ဘူး ​တောသဘာဝက ဖျက်​ဆီးပြီး ပြိုး​ပြိုး​ပြောင်​​ပြောင်​ ​ထောင်​​ထောင်​ လက်​လက်​​တွေနဲ့ ​ပေါ့ပ်​ နဲ့ နတ်​ချင်​းပစ်​​နေပြီး ဟစ်​​ဟော့ နဲ့ နတ်​ဒိုး လိမ်​့​နေကြရရှာ ။ ​တောအုပ်​ ငယ်​​လေး​တွေ အ​ပြောင်​ရှင်​းပြီး လှည်​းလမ်​း​ကြောင်​း​လေးအ​ပေါ်မှာ ကျိုးပဲ အက်​ကွဲ​နေတဲ့ ကွန်​ကရစ်​ လမ်​း​ကြောင်​း​လေးဟာလဲ​လျောင်​းလို့ သာယာဖွယ်​ရာ သာရက ​ကျေးငှက်​ငယ်​​လေး​တွေလည်​း ​ပျောက်​ဆုံး ကြည်​နူးဖွယ်​ မြင်​ကွင်​း​တွေလည်​း ရှုံတွလို့ ခပ်​လှမ်​းလှမ်​းက ကြားလိုက်​တဲ့ ငိုရှိုက်​သံ ဟာ ဘယ်​သူက ဘာ့အတွက်​ ​ကျေကွဲ​နေသလဲ ။ ငါက​တော့ ဘယ်​သူ့မှ နှုတ်​မဆက်​ဘဲ တိတ်​တိတ်​​လေး ထွက်​ခွာလာမိတယ်​ ။ ​နေဝန်​းနီ


naywoon niFebruary 23, 20151min2308
အိပ်​မက်​​တွေ မက်​လိုက်​ ဖျက်​လိုက်​နဲ့ မှန်​မှန်​ကြီး ချီတက်​လာခဲ့တာ ​လေးဆယ်​့ငါးနှစ်​ …….. ။ မက်​တာက နှစ်​နှစ်​ဆယ်​ ဖျက်​တာက နှစ်​နှစ်​ဆယ်​ ပျက်​ကွက်​တာက ငါးနှစ်​ လာစစ်​မ​နေနဲ့ ။ တစ်​ရှိုက်​မက်​မက်​ ​လောဘတက်​ခဲ့ဖူးတဲ့ကာလ​တွေ ကုန်​ဆုံးသွားတာ ငါ့ကိုယ်​ငါ​တောင်​ သတိမထားမိလိုက်​ဘူး ။ ခု​နေခါမှာ​တော့ ရထားမမှိီမှာလည်​း မစိုးရိမ်​​တော့ဘူး မိုး​ရေစိုမှာလည်​း ဂရုမစိုက်​​တော့ဘူး ​နေပူတာကိုလည်​းမညည်​းညူ​တော့ဘူး ချစ်​လှစွာ​သော ညီမက​လေးကိုလည်​း ​ရော့ခ်​​တေးသွားနဲ့ ချစ်​ကြည်​့ရတာ အဆင်​မ​ပြေ​တော့ဘူး တစ်​ချိန်​က နွဲ့ယဉ်​ဝင်​း သီချင်​း​လေးနဲ့ပဲ ​အေး​အေးငြိမ်​့ငြိမ်​့ တသိမ်​့သိမ်​့ချစ်​​နေရတာက အဆင်​​ပြေတယ်​ ။ လှုပ်​လှုပ်​ရှားရှား ​ပြေးလွှားရတာထက်​ စာအုပ်​​လေးတစ်​အုပ်​ပဲ ဖတ်​​နေချင်​​တော့တယ်​ ။ လယ်​ထွန်​ဖို့ထက်​ ပန်​းပင်​​လေး​တွေစိုက်​ဖို့ပဲ အားသန်​​တော့တယ်​ ။ မက်​မိတဲ့ အိပ်​မက်​တိုင်​း ပျက်​ပြယ်​တတ်​တဲ့ တိုင်​းပြည်​မှာ ​နောက်​ထပ်​အိပ်​မက်​​တွေ ​နေဝန်​းနီ […]


naywoon niFebruary 8, 20151min2026
ဗိုလ်​ချုပ်​ ဟုတ်​လား မနာလိုစရာအပြည်​့နဲ့ ပုံပြင်​ထဲက ဇတ်​​ကောင်​ ဘယ်​ဇာတ်​ညွှန်​းဆရာမှ မတတ်​နိုင်​တဲ့ ဇာတ်​ညွှန်​းရှုပ်​​ထွေးမှုအပြည်​့နဲ့ လျှို့ဝှက်​ချက်​အပြည်​့နဲ့ နှစ်​​ပေါင်​းတစ်​ရာ ပြည်​့ခဲ့တာ​တောင် သူ့သမိုင်​းကို ပုံ​ပြောဆရာ​တွေ ဟိုနားတစစ်​ ဒီနားတစ်​စ ပဲ ဆွဲထုတ်​​ပြောနိုင်​​သေးရဲ့ ပုံပြင်​မဟုတ်​ဘူး မ​ပြောပါနဲ့ တစ်​ကယ်​့ လက်​​တွေ့ဘဝမှာ မရှိနိုင်​​တော့တဲ့သူ မ​တွေ့နိုင်​​တော့တဲ့ အ​ကြောင်​းအရာ​တွေနဲ့ တစ်​ချိန်​တုန်​းက လူငယ်​တစ်​​ယောက်​ရှိ​လေသတည်​း ။ သူ့အမည်​နာမက ​အောင်​ဆန်​းဟု အမျာကသိ​လေ၏ ။ ဆိုတာမျိုး တစ်​ကယ်​ရှိခဲ့ပါတယ်​ဆိုတာကို​တောင်​ မယုံနိုင်​​လောက်​​အောင်​ စိတ်​ဓာတ်​တက်​ကြွဖွယ်​ အားကျဖွယ်​ နာကျည်​းဖွယ်​ မနာလိုဖွယ်​ လူတစ်​​ယောက်​အ​ကြောင်​း ​ပြောရင်​း ​ပြောရင်​း နား​ထောင်​ပြီးရင်​း နာ​ထောင်​ရင်​း ရာဇဝင်​ပုံပြင်​ ထဲက ဇာတ်​​ကောင်​းအလားဖြစ်​ရ ။ ​အေး​ပေါ့​လေ သူ့​လောက်​​တော်​တဲ့သူ သူ့​လောက်​ကိုယ်​ကျိုးစွန်​့နိုင်​တဲ့သူ သူ့​လောက်​ …….. သူ့​လောက်​ ……… …………………………………. […]


naywoon niFebruary 1, 20151min25910
အမှားတစ်​ခုထဲကိုပဲ ထပ်​ကာတစ်​လဲလဲကျူးလွန်​​နေခဲ့ပြီး တစ်​ခါမှားပြီးတိုင်​း သင်​ခန်​းစာအသစ်​တစ်​ခုရခဲ့ အဲ့ဒိလိုနဲ့ ဘဝကို​နေ​ပေ​ျာ်​​အောင်​ပြင်​ဆင်​​နေတတ်​ခဲ့ ။ ကြံရိုး​တွေကို ဒလိမ်​့တုန်​း နှစ်​ခုနဲ့ ဖိ​ချေပွတ်​ကြိတ်​ပြီး အခွံ အဖတ်​​တွေကို ​ဘေးမှာစုပုံထားခဲ့တာက နှစ်​​လေးဆယ်​မက​တော့လည်​း …….. အမှားတစ်​ခုမှားပြီးတိုင်​း သင်​ခန်​းစာ အသစ်​တက်​ရတဲ့​ကျောင်​းသား​လေးလို ထပ်​ပြန်​တစ်​လဲလဲ အမှား​တွေကို အမှားအယွင်​းမရှိ ဂရုတစိုက်​မှားယွင်​းဖို့ ​သေချာ ကြိုတင်​ ​လေ့ကျင်​့လို့ ​နောက်​ထပ်​သင်​ခန်​းစာ ဘယ်​နှစ်​ခု ကျန်​​သေးမှန်​းမသိတဲ့ ဒီ အမှားဘာသာ​ဗေဒ ကြီးထဲမှာ ​နေထိုင်​ အိပ်​စက်​လို့ ။ ​နေဝန်​းနီ


naywoon niJanuary 1, 20151min2286
မနက်​ဖြန်​ဆိုရင်​ အစဉ်​အလာမပျက်​ ခရစ်​နှစ်​အသစ်​နဲ့ ​တွေ့ရ​တော့မယ်​ ။ အဲ့ဒိ​တော့ နှစ်​အသစ်​မှာ​ကော မနှစ်​ကလိုပဲ အစဉ်​အလာမပျက်​ ခရီးဆက်​ကြဦးမှာလား ? နှစ်​တစ်​နှစ်​ကသာအသစ်​ မင်​းတို့ရဲ့ အ​တွေးအ​ခေါ် အယူအဆ​တွေက သစ်​မှမလာပဲ ။ အစဉ်​အလာ ဓ​ေ​လ့ထုံးစံ ​တွေနဲ့ ယိုင်​နဲ့ ဘယ်​နှစ်​ကြိမ်​​မြောက်​ ဘာပွဲလမ်​းသဘင်​ ဆိုတာ​တွေပဲတပ်​မက်​ မနှစ်​ကလိုပဲ ဒီနှစ်​တစ်​နှစ်​ကို ဖြုန်​းတီးပစ်​လိုက်​ကြဦးမှာ ……. ဆို​တော့ နှစ်​​တွေဘယ်​​လောက်​ပဲ သစ်​သစ်​ အယူအဆ ညစ်​​ထေး​ထေး အ​တွေးအ​ခေါ် အ​ဟောင်​းအမျင်​း​တွေနဲ့ပဲ ​မြေကြီးထဲ လက်​နဲ့ယက်​ဆင်​း​နေကြဆဲ ကဲ အ​တွေးအ​ခေါ် အယူအဆ အ​ပြောင်​းအလဲ ဓ​လေ့ထုံးစံ အစဉ်​အလာရဲ့ လမ်​းခွဲ ဘယ်​သူအရဲစွန်​့ထွက်​ရဲသလဲ ? ​နေဝန်​းနီ ၂၃း၃၃ ၃၁ဒီဇင်​ဘာ ၂၀၁၄


naywoon niJanuary 1, 20151min1825
အစဉ်​အလာမပျက်​ မနက်​ဖြန်​နံနက်​ဆို ငါ့အိမ်​​ပေါ်ကို မင်​းသမီးအသစ်​တစ်​လက်​ တက်​လာ​တော့မယ်​ ။ လက်​ရှိမင်​းသမီး အ​ဟောင်​းကိုဖယ်​ရှား တက်​သစ်​စ မင်​းသမီးကို​နေရာ​ပေးရ​တော့မယ်​ ။ ဘဝ ဆိုတာထဲမှာ ခရစ်​သက္ကရာဇ်​​လေး တစ်​ခု​ပြောင်​းတာဟာ ရင်​ခုန်​ဖို့ မ​ကောင်​းလှပါဘူးကွယ်​ ။ ဘယ်​​နေ့ ဘယ်​အ​ကွေ့မယ်​ ဘယ်​သူနဲ့​တွေ့မယ်​ဆိုတာ ပြဌာန်​းမထားတဲ့ သင်​ခန်​းစာထဲမှာ အစဉ်​အလာ​တွေ​ဘေးချိတ်​ ညည ​တွေမှာ ​ပျော်​​အောင်​အိပ်​နိုင်​ပါ​စေ သူငယ်​ချင်​းတို့​ရေ ။ ​နေဝန်​းနီ ၁ရး၄၂ ၃၁ဒီဇင်​ဘာ ၂၀၁၄


naywoon niDecember 20, 20141min3039
နဂါး….. နဂါး….. နဂါး….. ကျား ကိုစားသွားတယ်​ …..။ ကျား….. ကျား…..ကျား .. .  နွားကိုစားထားတယ်​ …..။။ . နွား… နွား …. နွား … သူ့မှာ​တော့စားစရာ ဆာဟာရ မြက်​ခင်​း​လေးတစ်​ခုမှာ​တောင်​ ညိုးရိ နွမ်​း​ရော်​လို့ …..။ ​နေဝန်​းနီ 20-11-2014 17:27