ကိုမောင်မောင်လေးက ကောင်မလေးရဲ့ အိတ်ကိုဆွဲပြီး အိမ်ထဲကို ဦးဆောင်ဝင်လာခဲ့တယ် ။ ကောင်မလေးကတော့ ချမ်းလို့လားမသိဘူး ။ နောက်ကနေ ကုပ်ကုပ်လေးပါလာတယ် ။ ရေစိုနေတဲ့ သူ့အဝတ်အစားကြောင့် အိမ်ထဲကို မဝန့်မရဲ လိုက်ဝင်လာတယ် ။ ဧည့်ခန်းမှာ ဖွင့်ထားတဲ့ တီဗွီ စကရင်ကို ကြည့်မိပြီး မဝန့်မရဲ မျက်လွှာချသွားတယ် ။ ကိုမောင်မောင်လေးကတော့ ခပ်တည်တည်ပဲ ။ ခုထိလည်း ကောင်မလေးကို ဂရုတစ်စိုက်မကြည့်မိသေးပါဘူး ။ ကောင်မလေးရဲ့ အိတ်ကို ဧည့်ခန်းထောင့်ချပြီး တီဗွီ ကို ပိတ်လိုက်တယ် ။ ကောင်မလေးကို မကြည့်ပဲ အဝတ်လဲချင်ရင် အဲ့အခန်းထဲ သွားလဲလိုက် ။ အဲ့သလိုပဲ ပြောလိုက်ပြီး စောစောက ထိုင်နေခဲ့တဲ့ ခုံမှာ ထိုင်လိုက်ပြီး စောစောက ကျန်တဲ့ သောက်လက်စ […]