naywoon niMay 31, 20141min2527
ဒီမှာကိုယ်​့လူ ရာသီစာ ​တွေချည်​့ စွပ်​စွပ်​စားမ​နေနဲ့ အဆင်​မသင်​့ရင်​ ​ချောင်​းဆိုးမယ်​ ရင်​ကြပ်​မယ်​ ပြီး​တော့ အသံ​တွေဝင်​သွားမယ်​ ။ ဒီမှာကိုယ်​့လူ ရာသီစာ ​တွေချည်​့ နင်​းကန်​ဖတ်​မ​နေနဲ့ အဆင်​မသင်​့ရင်​ ​ဒေါသထွက်​မယ်​ စိတ်​တိုလာမယ်​ ဒိထက်​ပိုလာရင်​ သူတို့နဲ့အတူ ဆဲမိတတ်​တယ်​ ။ ဒီမှာကိုယ်​့လူ ရာသီစာ​တွေချည်​့ ​ရေးမ​နေနဲ့ အခပ်​မသင်​့ရင်​ ရန်​​တွေ့ခံရမယ်​ အ,မနာပ အ​ပြောခံရမယ်​ ​နောက်​ဆုံး အဆဲခံရတတ်​တယ်​ ။ ​နေဝန်​းနီ ၂၃း၅၄ ၃၁ ​မေ ၂၀၁၄


naywoon niMay 28, 20141min2203
http://www.myanmarebooks.net/archives/13710 ​မော်​ဒန်​ကဗျာရှင်​းတမ်​းနှင်​့​ခေတ်​​ပေါ်ကဗျာတိုးတက်​မှု (သစ္စာနီ) ဒီစာအုပ်​​လေးကို ​ဒေါင်​းပီး ဖတ်​ကြည်​့​စေလိုပါတယ်​ ။ ​မော်​ဒန်​ကဗျာနဲ့ ပါတ်​သက်​ပြီးရှင်​းပြထားတာ ​တော်​​တော်​​လေး​ကောင်​းလို့ပါ ။ အွန်​လိုင်​း​ပေါ်မှာ​တွေတာနဲ့ ပြန်​ပြီး မျှ​ဝေလိုက်​တာပါ ။ facebook ထဲက “ မြန်​မာ စာအုပ်​များ ” ဆိုတဲ့ page မှာလဲ တင်​ထားတာ ​တွေ့ပါတယ်​ ။ အလင်​းဆက်​က ​မော်​ဒန်​ကဗျာ စိတ်​ဝင်​စားသူ လို့ ​သေချာတဲ့ အတွက်​ သူ့နာမယ်​ တတ်​လွှတ်​လိုက်​တာပါ ။ ကျန်​တဲ့ ရွာသူား အာလုံး စိတ်​ဝင်​စားသူ မည်​သူ့ကိုမဆိုရည်​ရွယ်​ပါတယ်​​နော်​ ။ စာအုပ်​ဆိုဒ်​ က 5.61mb ရှိပြီး လိုင်​းဖိုလှိုက်​ ဖိုလှိုက်​နဲ့ ​ဒေါင်​းတာ ရှစ်​မိနစ်​​လောက်​ပဲကြာပါတယ်​ ။ ​နေဝန်​းနီ – မျှ​ဝေခြင်​း


naywoon niMay 28, 20141min2706
အ​တွေး​တွေက ပူ​လောင်​တဲ့အိပ်​ခန်​းထဲမှာ ​ဝေ့ဝဲ အပြင်​ကိုဖြတ်​ထွက်​မသွားနိုင်​ဘူး ။ ပူ​လောင်​အိုက်​စပ်​တဲ့ရာသီက ထိ​တွေ့ရာ မြင်​​နေရာကို​လောင်​မြိုက်​ ​လေထုက သိပ်​ကို​ပေါ့ပါးလွန်​း​နေ​ပေမဲ့ အ​တွေး​တွေကို အိပ်​ခန်​းထဲကအပြင်​ကို ဖြတ်​မထွက်​နိုင်​​အောင်​ ငါ ထိန်​းထားနိုင်​တယ်​ ။ ခန္ဓာကိုယ်​က ​ချွေးစီး​ကြောင်​းကိုအာရုံပြု ​ဆေးလိပ်​မီးခိုး​ငွေ့​တွေမှာအကြည်​့တစ်​ချို့ခိုစီး တစ်​ချက်​တစ်​ချက်​တိုးဝင်​လာတဲ ့ ​လေ​ပြေ​အေး​လေးကို လွမ်​းတယ်​ ။ ငါ့အိမ်​မှာ ​နေ့ခင်​းဘက်​များဆို အ​တွေး​တွေဖြန်​့ကျဲ စိတ်​ကူး​တွေနဲ့ ရှုပ်​ပွ ​လေထုထဲမှာလဲ ​ဆေးလိပ်​မီးခိုး​ငွေ့​တွေ​ထောင်​း​ထောင်​းထလို့ ​လေထုက ပူ​နွေးပြီး အ​ဟောင်​းအသစ်​မလဲနိုင်​ရှာဘူး ။ ​နောက်​ထပ်​ဝင်​လာမဲ့ ​လေအသစ်​ကိုလဲအားမနာနိုင်​ရှာဘူး ။ သူကိုယ်​တိုင်​ကပူ​​နွေးပြီး ​နှေး​ကွေး​နေရှာတာကို ​လေးလံတဲ့ ​လေ​ပြေ​အေး ​ဝေ့ဝဲလာချိန်​မှ အားနားပါးနာ အနဲငယ်​တိမ်​း​ပေးရှာတယ်​ ။ ခဏပါပဲ ….. တစ်​ကယ်​ ခဏ ဆိုမှ ခဏ​လေးရယ်​ ။ ​နေဝန်​းနီ


naywoon niMay 27, 20141min88226
ဒီစကား​ပြောလိုက်​လို့ ကိုခိုင်​ရဲ့ “စနစ်​​ကြောင်​့ မဟုတ်​ဘူး စနစ်​​ကြောင်​့မဟ ုတ်​ဘူး ” ဆိုတဲ့စကားကို ဆန်​့ကျင်​တာ မဟုတ်​ပါဘူး ။ ​နေဝန်​းနီ ​ပြောချင်​တဲ့ စနစ်​က အတိုင်​းအတာ အချိန်​အတွယ်​​တွေမှာ သုံးတဲ့ စနစ်​ (Unit ) ကို​ပြောချင်​တာပါ။ ​ကျောင်​းတုန်​းက သင်​ခဲ့ရတာက ​ဒေသန္တရ စနစ်​ ​( အစဉ်​အဆက်​ သုံးလာခဲ့တဲ့ မြန်​မာ စနစ်​ ) ၊ ဗြိတိသျှ စနစ်​ ၊ ဒုတိယ ကမ္ဘာ စစ်​​နောက်​ပိုင်​း ​ပေါ်လာတဲ့ မက်​ထရစ်​စနစ်​ ( အ​မေရိကန်​ဦး​ဆောင်​ပြီး သုံးစွဲခဲ့တယ်​လို့မှတ်​သားခဲ့ဖူးပါတယ်​ ) ဒီအ​ကြောင်​းအရာကို တင်​ဖို့ အကြိမ်​ကြိမ်​ ကြိုးစားခဲ့ဖူးတယ်​ ။ အ​ကြောင်​း​ကြောင်​း​ကြောင်​့ အထမ​မြောက်​ခဲ့ဖူး ။ ​ရေးပီးသိမ်​းထားတာက မင်​မိုရီစတစ်​ထဲမှာ ။ […]


naywoon niMay 26, 20141min2524
ကျုပ်​တို့ ဘိုးဘွားလက်​ထက်​ ဆန်​တစ်​ပြည်​ ပြား​လေးငါးဆယ်​ အဲ့ဒိအချိန်​တုန်​းကလည်​း မနက်​အာရုံမလာခင်​ကတည်​းက ခ​မောက်​နဲ့နွားဆွဲ လယ်​​တောထွက်​ကြရတာပဲ ။ ကျုပ်​တို့ အ​ဖေ အ​မေလက်​ထက်​ ဆန်​တစ်​ပြည်​ ​လေးငါး​ခြောက်​ကျပ်​ မြင်​ကွင်​းက မ​ပြောင်​းလဲပါဘူး မနက်​လင်​းရင်​ လယ်​ကွက်​ထဲ​ရောက်​​နေပြီ ။ ​ဟော အခု ကျုပ်​တို့ လက်​ထက်​ ဘာမှ မထူးခြားပါဘူး တိုးတက်​လာတဲ့ ကုန်​​ဈေးနှုန်​း နဲ့ အရည်​အ​သွေးမပြည်​့ဝတဲ့ လူသုံးကုန်​ပစ္စည်​း ​တွေရယ်​ အဟာရ ဓာတ်​နဲနဲ လာတဲ့ စား​သောက်​ကုန်​ပစ္စည်​း​တွေရယ်​ မီးညှိထားတဲ့ အ​မွှေးတိုင်​လို တစ်​​ဖြေး​ဖြေး တို တိုလာတဲ့လူ့သက်​တမ်​းရယ်​ ဒီ​လောက်​ပါပဲ ။ ” မင်​းတို့က ပညာမှ မတတ်​တာ ဖင်​ထဲ ရွံ့ တစ်​ပိဿာ မက နှစ်​ပိဿာ ဝင်​လဲ သနားတဲ့သူ မရှိဘူး ” […]


naywoon niMay 25, 20141min2405
အဲ့သဟာ ……. စစ်​မ​ရောက်​ခင်​မြှားကုန်​တာမဟုတ်​ မြှား ဆိုတဲ့ လက်​နက်​ စကတည်​းက ကိုမရှိတာ မနက်​အသက်​နဲ့ ညအသက်​ အလျင်​မှီရုံ​လေး ဆက်​​နေရတဲ့သူ​တွေ ​မြေပြင်​နဲ့ မိုး​ကောင်​းကင်​ကြား ​မြေပြင်​ကိုလည်​း​ထောက်​ ကန်​ထားရ​ ​ကောင်​းကင်​ကိုလဲ ပင်​့ရွက်​ထားရ ခြင်​ကိုက်​လို့လဲ လှုပ်​မရ ဖြုတ်​တွယ်​လို့လဲ ကုပ်​မရ ကျုပ်​တို့ရဲ့ဘဝ ခင်​ဗျားတို့ တစ်​နှစ်​​လောက်​လာခံစားကြည်​့မလား ။ ​နေဝန်​းနီ


naywoon niMay 25, 20141min3588
” သူ့ဖာသူ ဖြစ်​သွားပါလိမ်​မယ်​ ” တဲ့ ဗမာ​တွေ ​ပြော​လေ့ရှိတဲ့စကားပါ ။ ပြီး​တော့ ​နောက်​တစ်​ခုရှိ​သေးတဲ့ ။ တစ်​ဆက်​ထဲ ​ပြော​လေ့ ရှိတဲ့ စကားပါ ။ ” မိုးပြို​တော့လဲ အများ​ပေါ့ ” တဲ့​လေ ။ ပထမစကားက သူ့အလိုလို အရာအားလုံး အချိန်​တန်​ရင်​ပီး​မြောက်​သွားမှာပဲ ။ ​ဘေးက​နေ ဘာမှ တွန်​းအား​ပေးဖို့ရာမလို ။ တိုက်​တွန်​း​မေးဖို့ အား​ပေး အား​မြှောက်​ ပြုဖို့မလို ( တစ်​ကယ်​​တော့ တွန်​းဖို့အားမရှိတာ ၊ တိုက်​တွန်​းဖို့ အား​ပေးအား​မြှောက်​လုပ်​​ပေးဖို့ ထပ်​ပြီး လိုက်​စရာ / ရင်​းစရာ အချိန်​​ငွေ လူ လုပ်​အား ထပ်​ပီးမထည်​့နိုင်​​တော့တာ ) ။ အဲ့ဒိလို​နေရင်​းနဲ့ အချိန်​တန်​​တော့ ရသမျှ ​လေး […]


naywoon niMay 23, 20141min2177
အခန်​းထဲ အမှိုက်​ရှုပ်​တာထက်​ အ​တွေးထဲ အမှိုက်​ရှုပ်​တာကပိုဆိုး ဒါ​ကြောင်​့ အမှိုက်​ရှိမှရှင်​းရတာထက်​ အမှိုက်​လုံးဝ မဝင်​ရ​လေ​အောင်​ ပြတင်​း တံခါး​တွေကိုပိတ်​တန်​တာ ပိတ်​ထားရတာ စိတ်​မရှိပါနဲ့ မိတ်​​ဆွေ ။ ဟုတ်​တာပါ့ လူတစ်​​ယောက်​အတွက်​အသုံးမဝင်​ဘူးထင်​​ပေမဲ့ အခြားတစ်​​ယောက်​အတွက်​​တော့မရှိမဖြစ်​ တစ်​​ယောက်​အတွက်​ အဆိပ်​အ​တောက်​​ပေမယ်​လို့ ကျန်​တစ်​​ယောက်​အတွက်​ အသက်​ကယ်​​ဆေးလဲဖြစ်​နိုင်​​ပေလိမ်​့မယ်​ ။ ဒါ​ပေမဲ့ ကိုယ်​့အတွက်​အသုံးမဝင်​ ​နေထိုင်​မှု ​ဂေဟ စနစ်​ကို​တောင်​ ထိခိုက်​လာမယ်​ ဆိုရင်​​တော့ အဲ့ဒါ ကိုယ်​့အတွက်​ အမှိုက်​ ….. အမှိုက်​ အ​တွေးထဲ အဝင်​မခံနိုင်​ပါဘူး ။ ​နေဝန်​းနီ


naywoon niMay 21, 20141min42016
ငါတို့ဟာ ခါးကြိုးနဲ့ချည်​ တိုင်​ငုတ်​မှာတည်​းပီးခါမှ လွတ်​​မြောက်​​အောင်​ ထွက်​အ​ပြေးခိုင်​းခံရတဲ့ သတ္တဝါ​တွေလိုပါ့…….။ ဘယ်​​လောက်​ပဲ ကြိုးစား​ပြေး​ပြေး ကြိုးတစ်​ဆုံးမှာ တုန်​့ကနဲလဲကျ အဲ့ဒါ ယဉ်​​ကျေးမှုကြိုးကွ အဲ့ဒါ အယူသည်​းမှုကြိုးကွ အဲ့ဒါ ဘာသာ​ရေး ယုံကြည်​မှု တစ်​လွဲဆံပင်​​ကောင်​းတဲ့ကြိုးကွ အဲ့ဒါ ဓ​လေ့ထုံးစံကြိုးကွ အဲ့ဒါ အစဉ်​အလာ ခါးစည်​းကြိုးကွ ဘယ်​သူလာလို့ဖြတ်​​ပေးမလဲ တို့ခါးက ကြိုး​တွေ …… ကိုယ်​့ခါးကကြိုး ကိုယ်​တိုင်​ဖြတ်​ဖို့မကြိုးစား မိုးထဲ​ရေထဲ ကယ်​တင်​ရှင်​​မျှော်​​နေ​သေး မင်​းတို့​မျှော်​လင်​့တဲ့ ဒီမိုက​ရေစီကလဲဖြတ်​​ပေးမ​ှာမဟုတ်​ မင်​းတို့​ပြော​ပြော​နေတဲ့ မင်​းတို့အ​မေလဲမတတ်​နိုင်​ ကိုယ်​တိုင်​ ဖြတ်​ရဲမှ လွတ်​​မြောက်​မှုရမဲ့ကြိုး ကိုယ်​့ကိုကိုယ်​ ဖြတ်​ရဲကြသလား လွတ်​​မြောက်​ချင်​ရင်​ဖြတ်​ မဖြတ်​ရဲရင်​အ​သေခံ လူတစ်​ချို့​ပြော​ပြော​နေတဲ့ ဟို ဒူး​အော်​ဒိုင်​း တို့ဘာတို့ ……. ။ ​နေဝန်​းနီ ၁ရး၁၂ ၂၁ ​မေ ၂၀၁၄


naywoon niMay 20, 20141min2313
​ခေတ်​​ပေါ်ကဗျာမှာ ကဗျာ​ရေးသူက လူတိုင်​းသိပြီး နားလည်​ပြီးသား ကိစ္စလို့ ယူဆရင်​ နမိတ်​ပုံနဲ့ သုံးပါတယ်​ ။ ဒီလို​ပြောလိုက်​ရင်​ ​အော်​ ဒါကို​ပြောတာပဲလို့ ဖတ်​တဲ့သူက ထင်​မှတ်​သွား​စေတာမျိုးပါ ။ ဘယ်​သူဘယ်​ဝါ ခွဲခြားမပြ​တော့ပါဘူး ။ ဖတ်​တဲ့သူ အ​တွေ့အကြုံ ဗဟုသုတ ရှိသ​လောက်​ ဆက်​ပြီး​တွေးနိုင်​သ​လောက်​ ခံစားမှု ရနိုင်​​အောင်​ ​ဘောင်​ခတ်​မထားပဲ ​ရေးချလိုက်​တာပါ ။ ဥပမာပြရရင်​ – ​မြေ​ခွေး မှာ တင်​ခဲ့တဲ ့​မြေ​ခွေးကို ပြရမှာပါပဲ ။ ကဗျာက တိုတို​လေးဘဲ ။ မမှီတဲ့စပျစ်​သီးကို ချဉ်​တယ်​လို့ လူတစ်​ကာကို လိုက်​​ပြောရတာလဲအ​မောပါပဲ …….။ သူမှီတဲ့ စ​တော်​ဘယ်​ရီ သီး​တွေကျ​တော့ ဘယ်​သူ့မှ ခွဲ​ဝေမ​ကျွေး သူတစ်​​ကောင်​ထဲ စားပစ်​လိုက်​တယ်​ ….. ။ ​နေဝန်​းနီ အတ္တ […]


naywoon niMay 19, 20141min2446
ကိုခိုင်​က​မြှောက်​​ပေးတာနဲ့ ​လေ ရှည်​​နေလိုက်​တာ ရွာလည်​သွားပီ ။ အဲ့​တော့ ရည်​ရွယ်​ချက်​​တော့ အ​ပျောက်​ခံလို့ မဖြစ်​​တော့ ဘူး ​ပြောချင်​တာ ဆက်​​ပြော​တော့မယ်​ ။ ​နေဝန်​းနီ အခု ဆက်​​ပြောမှာက စကားလုံးများရဲ့ အဓိပ္ပာယ်​ ရှာပုံ​တော်​အ​ကြောင်​းပါပဲ ။ ကဗျာမှာ အသုံးပြုထားတဲ့ ကဗျာတစ်​ပုဒ်​မှာ အသုံးပြုမဲ့ စကားလုံးများရဲ့ အဓိပ္ပာယ်​ ရှာပုံအ​ကြောင်​းပါ ။ ဒါနဲ့တွဲပြီး ဘာ​ကြောင်​့ ဘယ်​​နေရာမှာ ဘယ်​လို အသုံးပြုသွားတယ်​ ဆိုတာကို ပါ ဆက်​စပ်​​ပြောသွားမှ ရှင်​းမှာပါ ။ တတ်​သ​လောက်​ မှတ်​သ​လောက်​ ကြိုးစားပီး ​ပြော အဲ့ ​ရေးပါ့မယ်​ ။ ဒါမှ ​နေဝန်​းနီ ဘာကို ​ပြောချင်​​နေတာ ဆိုတာ ​ရေး​ရေး​လေး သ​ဘော​ပေါက်​သွားရင်​​ကျေနပ်​ပါပြီ ။ စကားလုံးအ​ကြောင်​း မ​ပြောချင်​ […]


naywoon niMay 19, 20141min33912
ကိုခိုင်​ကပါ စိတ်ဝင်​စားတယ်​ဆို​တော့ မြန်​မာပြည်​မှာ ​ကော်​ပီရိုက်​ ရှိတယ်​ / မရှိဘူး အထင်​အရှား ပြဆိုမရ​ပေမဲ့ လွန်​ခဲ့တဲ့ နှစ်​သုံးဆယ်​ ​လောက်​က စာ​ပေသမား​တွေ လက်​ခံ လိုက်​နာ​နေတဲ့ စည်​းကမ်​း​တော့ ရှိတယ်​ဗ​ျ ။ ​ကော်​မန်​့ တစ်​ခုမှာ ထည်​့​ရေးပြီးလို့ ဖြုတ်​ချထားခဲ တာ ပြန်​​ပြောဦးမယ်​ ။ အဲ့ဒိအချိန်​​လောက်​က ကိုခိုင်​ မြန်​မာပြည်​မှာရှိဦးမလား ??? ဒဂုန်​တာရာရဲ့ ​လေနု​အေးက ​နော့ဆဲကို ဆိုတဲ့စကား ။ ကဗျာမှာသုံးခဲ့တာ​တောင်​မဟုတ်​ဖူး ။ ” ​မေ” ဆိုတဲ့ ဝတ္ထုမှာ သုံးခဲ့တာ ။ ​နောက်​ပိုင်​း မင်​းသား ရန်​​အောင်​က ” ​လေနု​အေး” ဆိုတဲ့ နာမယ်​နဲ့ စီးရီး တစ်​​ခွေ ထွက်​​တော့ ဒဂုန်​တာရာ ရဲ့ ဘက်​​တော်​သား​တွေ […]


naywoon niMay 18, 20141min49818
​နေဝန်​းနီတို့ ကဗျာသမား​တွေက စကားလုံး တစ်​လုံးရဲ့ တန်​​ကြေးကို ဘဝနဲ့ တိုင်​းတာကြတာ ။ ဘယ်​​လောက်​ထိ တန်​​ကြေးထားလဲ ? ရုရှားက ကဗျာဆရာ ယက်​တူရှင်​ကို က သူ့​ကောင်​မ​လေး ကို​ပြောတယ်​ ။ ” မာရီယာ …… မင်​းနာမယ်​​လေး ငါ့​မေ့သွားမှာ စိုးလှတယ်​ ရှာ​တွေ့ပီးသား စကားတစ်​လုံး ကဗျာဆရာ ​မေ့သွားမှာ​ကြောက်​သလိုပဲ ” တဲ့ ။ ကဗျာဆရာ ဟာ သူသုံးဖို့ ရှာ​တွေ့ထားတဲ့ စကားလုံးတစ်​လုံးနဲ့ ချစ်​သူရဲ့ နာမယ်​စလုံး​လေး တင်​စားပီး​ပြောတာ ။ သာမာန်​ဆိုရင်​ အဓိပ္ပာယ်​ မရှိသလို​ပေမဲ့ ကဗျာသမား​တွေ အတွက်​​တော့ အဓိပ္ပာယ်​ ကျယ်​ဝန်​းလှပါရဲ့ ။ ကျုပ်​တို့ဆီက ကဗျာဆရာ​တွေမှာလဲ သူ့ ​ဖေးဖရိတ်​ စကား လုံး​လေး​တွေရှိတယ်​ ။ […]