ကမ်းခြေမှသူဌေးကအိမ်သို့ ဖုန်းဆက်နေသည်။ “ဟေ့ကောင်ကြီး….အိမ်မှာဘယ်လိုအခြေအနေရှိလဲ.. အေးဆေးပဲလား “ဟာ….မအေးဆေးဘူးဆရာ….ဆရာမွေးထားတဲ့..ကြက်တူရွေးကြီးသေသွားပြီ” “ဟေ…မင်းဂရုစိုက်ပြီးအစာမကျွေးဘူးလားဟေ့ကောင်…” “ကျွေးပါတယ်ဆရာရယ်…” “အေး…ကျွေးရင်ပြီးရော….သေတာကသေသွားပြီ..ရှိစေတော့…ရှိစေတော့ ဒါနဲ့ ဘယ်လိုဖြစ်ပြီးသေသွားတာလဲ…အအေးမိတာလား” “မဟုတ်ဘူးဆရာ….အဲဒီကောင်ကအသားအပုပ်တွေစားမိလို့သေသွားတာ” “ဟင်!!!!ဘယ်ကအသားအပုပ်တွေတုန်းဟ..မင့်ဥစ္စာက” “ဆ..ဆရာ…စိတ်မဆိုးရဘူးနော်.. ပြီးတော့…ကျွန်တော့်ကိုအလုပ်မထုတ်ပါနဲ့နော်…..” “အေးပါ…မြန်မြန်ပြောစမ်းပါ…” “ဟိုလေ….ဆရာမြင်းကြီး….အဲလေ…ဆရာ့မြင်းကြီးအသားအပုပ်တွေ…..” “ဘာ….ငါ့မြင်းကြီး…ဟုတ်လား..” “ဟုတ်…ဟုတ်…သေသွားပြီဆရာ..” “ဟေ!!!!….” “သူကတော့ပင်ပန်းပြီးသေတာဆရာ” “ဘာကွ…မြင်းကြီးကိုမင်းတို့လျှောက်စီးကြတာပေါ့ ဟုတ်လား..” “မဟုတ်ဘူးဆရာ…ရေ…ရေသယ်ရလို့ပါ…” “ဘာ!!!!…ရေ………ဟုတ်လား….Huh??.ဘာလုပ်ဖို့လဲဟင် ဘာလုပ်ဖို့လဲ” “ဟို..ဟိုလေ….မီးလောင်လို့…” “ဘာ!!!!!! မီးလောင်လို့ဟုတ်လား….ဘယ်သူ့အိမ်လဲ..ပြောစမ်းမြန်မြန်..” “ဆရာ.အိမ်ပေါ့ဆရာရယ်” “ဘာကွ…ဟေ့ကောင်….ဘယ်လိုဖြစ်တာလဲ ပြောစမ်းမြန်မြန်” “ဖယောင်းတိုင်မီးကလောင်တာဆရာ..အသုဘရှိလို့ထွန်းထားတဲ့ဖယောင်းတိုင်က” “…အ..အ…အသုဘ…ဘယ်..ဘယ်သူလဲဟင်” “ဆရာ့အမေ….” “ဘာကွ..ငါ့အမေသေပြီ…ဟုတ်လား…အမယ်လေး..ပြောစမ်း..ပြောစမ်း..ဘယ်လိုဖြစ်တာလဲ” “ဒီလိုပါဆရာရယ်…အဲဒီနေ့ကပေါ့..ဘုရားခန်းထဲမှာ…လူရိပ်တစ်ရိပ်…ဖျတ်ခနဲမြင်တာနဲံ့.. ဟ..သူခိုးဟ..ဆိုပြီး…အနားမှာတွေ.တဲ့ဂေါက်ရိုက်တံနဲ့နှက်ထည့်တာ..ဆရာ့အမေဖြစ်နေတယ် တခါတည်းပွဲချင်းပြီးသွားတယ်…ဆရာ..” “ဘာ.ရှီးထဲမှပဲ..သောက်ရမ်းသောက်ရမ်းလုပ်ရလားဟ.. ..အဲဒီဂေါက်ရိုက်တံကောက်သွားလို့ကတော့..မင်း…မင်း..သေပြီသာမှတ်.” မှတ်ချက်။   ။ အီးမေးလ်သို့ ရောက်ရှိလာသောဟာသဖြစ်ပါတယ်။ အများအတွက် ပြန်လည်မျှဝေလိုက်ပါတယ်။


ဂျာနယ်လစ်များ၏ စုံစမ်းဖော်ထုတ်ရေးသားမှုများ (Investigative Reporting) အတွက် အပြည့်အဝကာကွယ်ပေးသည့် ဥပဒေပြဋ္ဌာန်းပြီးနောက် အိုက်စလန်နိုင်ငံသည် ကမ္ဘာပေါ်တွင် သတင်းဖော်ပြမှု လွတ်လပ်ခွင့် အရှိဆုံးနိုင်ငံ ဖြစ်လာခဲ့ကြောင်း သိရသည်။ ဇွန်လ ၁ရ ရက်နေ့က ပါလီမန်တွင် ကန့်ကွက်သူမရှိ ထောက်ခံမှုအပြည့် ရရှိခဲ့ပြီးနောက် အိုက်စလန်အစိုးရသည် ဂျာနယ်လစ်များ၏ သတင်းရင်းမြစ် ကာကွယ်ပေးနိုင်မှုနှင့် သတင်းထောက်များအား ပြည်ပမှ တရားစွဲဆိုလာနိုင်မှုများမှ ကာကွယ်ပေးနိုင်မှုကို အားကောင်းလာစေရေး ဥပဒေ ပြင်ဆင်တော့မည်ဖြစ်သည်။ နိုင်ငံ၏ ပွင့်လင်းမြင်သာရှိမှုကို မြှင့်တင်ပေးနိုင်ရန် အဓိကရည်ရွယ်ပြီး အင်တာနက် အခြေစိုက်မီဒီယာများကို စွဲဆောင်နိုင်ရန်နှင့် ကမ္ဘာတစ်ဝန်း လွတ်လပ်စွာပြောဆိုရေးသားနိုင်မှု ဗဟိုချက်မဖြစ်လာစေရန် ဦးတည်သော စည်းမျဉ်းများကို ပြဋ္ဌာန်းပေးနိုင်ရန် စီစဉ်ခဲ့ခြင်းဖြစ်သည်။ စီးပွားရေး အကျပ်အတည်းကာလအတွင်း အကြွေးဒဏ်နှင့်အရှုပ်အထွေးများ ရင်ဆိုင်ခဲ့ရသောကြောင့် အိုက်စလန်အပေါ် ယုံကြည်စိတ်ချရမှု လျော့ပါးလာခြင်းကို ပြန်လည်ပြင်ဆင်ရန်အတွက် လွတ်လပ်စွာပြောဆိုရေးသားခွင့်ဆိုင်ရာ […]


ခလရ (-) ၏ တပ်သားသစ် သင်တန်းဆင်းပွဲတွင်ဖြစ်သည်။ အခမ်းအနား အစီအစဉ်တွင် ဆုရရှိသော သင်တန်းသားများမှ ကြွရောက်လာသော ဧည့်သည် တော်များကို ကျေးဇူတင်စကား ပြန်လည်ပြောကြားရန် အစီအစဉ်လည်း ထည့်သွင်း ထား၏။ သင်တန်းမဆင်းမီကတည်းက သင်တန်းမှုးက ဆုရရှိသော ရဲဘော်များကို ၎င်းတို့ ကျေးဇူးတင်စကား ပြောကြားရာတွင် ဘဘကြီး (ဗိုလ်ချုပ်မှုးကြီး) ၏ ဂုဏ်ကျေးဇူးကြောင့် ၎င်းတို့ ယခုကဲ့သို့ ထူးချွန်ထက်မြက်သူများ ဖြစ်လာရကြောင်း မဖြစ်မနေ ထည့်သွင်းပြောကြားရန် အမိန့်ချထား၏။ သင်တန်းဆင်းသောနေ့။ ပထမ … အကောင်းဆုံးစံပြဆုရရှိသော သင်တန်းသား အောင်မြင့်က “ကျနော် ယခုလို စံပြဆုရရှိခြင်းဟာ ဘဘကြီးရဲ့ ဂုဏ်ကျေးဇူးကြောင့်ဖြစ်ပါတယ်။ ကျနော် ဘာဘဲလုပ်လုပ် ဘဘကြီးကို အမြဲနှလုံးသွင်းပြီး လုပ်တဲ့အတွက် အခုလို စံပြဆု ရရှိခြင်းဖြစ်ပါတယ်။” လက်ခုပ်သံများ […]


ယနေ့ နံနက် ၈ နာရီဝန်းကျင်ခန့်က လှိုင်မြို့နယ် ၁၂ ရပ်ကွက် မြန်မာအင်ဖိုတက်ခ်(MICT Park) ဝင်းအတွင်းရှိ အဆောင်(၁) နှစ်ထပ်အဆောက်အအုံ၌  မီးလောင်မှုဖြစ်ပွားခြင်းခဲ့ကြောင်း သိရသည်။ ယင်းမီးလောင်မှုသည် ဆေးလိပ်တိုမီးမှ စတင်လောင်ကျွမ်းခဲ့ခြင်းဖြစ်ပြီး  ထိုမှ ဆိုဖာအဟောင်းသို့ကူးစက်၍ မီးအရှိန်ပြင်းသွားခြင်းဖြစ်ကြောင်း၊ ပစ္စည်းအနည်းငယ်သာ မီးလောင်ကျွမ်းသည့်အထဲပါသွားခဲ့ကြောင်း  သိရသည်။ အဆိုပါမီးသည် နံနက် ၈နာရီဝန်းကျင်မှ ၉နာရီဝန်းကျင်ထိလောင်ကျွမ်းချိန်ကြာမြင့်ခဲ့ကြောင်း သိရသည်။ ယင်းမီးလောင်မှုသို့ မီးသတ်ယာဉ် ၆ စီး၊ အုပ်ချုပ်မှုယာဉ် ၁စီး၊ သန္ဓေမီးသတ် ၂၉ ဦး၊ အရံ ရဦးဖြင့် မီးငြှိမ်းသတ်ခဲ့ကြောင်း၊ ထိုမီးလောင်မှုအတွက် သက်ဆိုင်သူကို အရေးယူထားကြောင်း သိရသည်။


ဇွန်လ ၅ ရက် ကမ္ဘာ့ပတ်ဝန်းကျင်ထိန်းသိမ်းရေးနေ့ကို ဂုဏ်ပြုသည့်အနေဖြင့် ပြုလုပ်သော ပြပွဲဖြစ်သည့် ”Save the Ayarawaddy” ပြပွဲကို ဇွန် ၅ ရက်မှ ရ ရက်အထိပြသရန်စီစဉ်ထားသော်လည်း လာရောက်သူတို့အနေအထားပေါ်ကြည့်၍ ယင်းပြပွဲအား နှစ်ရက်ထပ်မံတိုးမြှင့်၍ ဇွန် ၉ ရက်ထိ ပြသခဲ့ကြောင်းသိရသည်။ ၎င်းပြပွဲသည် ရန်ကုန်မြို့ ဒဂုံမြို့နယ် ယောမင်းကြီးလမ်းရှိ Gallery 65 တွင် ပြုလုပ်ခြင်းဖြစ်ပြီး သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးနှင့်သက်ဆိုင်သည့်ပြပွဲတစ်ခုဖြစ်သည်။ ယခင်နှစ်ကလည်း ထိုနည်းတူပြပွဲတစ်ခုကိုလည်းပြုလုပ်ခဲ့ကြောင်း၊ ယခုနှစ်တွင်မူ သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးထဲမှ အထူးပြုအနေဖြင့် ယနေ့ကာလတွင် ပျက်စီးယိုယွင်းမှုများနှင့်ရင်ဆိုင်နေရသော ဧရာဝတီမြစ်ကြီး၏အကြောင်းကို အသားပေးပြုလုပ်ခဲ့ခြင်းဖြစ်ကြောင်း၊ ထို့ကြောင့်လည်း Save the Ayarawaddy ဟု အမည်ပေးခဲ့ခြင်းဖြစ်ကြောင်း၊ ယင်းပြပွဲတွင် ဓာတ်ပုံကားပေါင်း ၁၅ဝကျော်နှင့် ပန်းချီ၊ ကာတွန်းလက်ရာများပါ ပူးတွဲပြသထားကြောင်း သိရသည်။ ပြပွဲသို့ […]


မကြာသေးမီအချိန်က မြန်မာစာနယ်ဇင်းလောကတွင် အသံများဆူညံသွားစေခဲ့သည့်ဖြစ်ရပ် တစ်ခုဖြစ်ပျက်ခဲ့ပါသည်။ ရင်းဖြစ်ရပ်မှာ ရုပ်ရှင်သရုပ်ဆောင်ထက်ထက်မိုးဦးနှင့် သတင်းထောက်မအေးသူစံတို့ ဖျော်ဖြေရေးကဏ္ဍအတွက် အင်တာဗျူးရာမှဖြစ်ပေါ်လာခဲ့သည့် မကျေမလည်မှုမှစတင်ခဲ့သည့် ဖြစ်ရပ်တစ်ခုဖြစ်သည်။ ယင်းဖြစ်ရပ်တွင် သတင်းထောက်တစ်ယောက်၏ လုပ်ပိုင်ခွင့်အတွင်းမှ မအေးသူစံက လုပ်ဆောင်ခဲ့သလို သတင်းရင်းမြစ်ဘက်မှ ထက်ထက်မိုးဦး၏ လုပ်ပိုင်ခွင့်ဖြစ်သည့် မေးခွန်းများအား ပြန်လည်ဖြေကြားခြင်းမပြုဘဲ ငြင်းဆိုပိုင်ခွင့်ကို ပြုသည်မှာ မှန်ကန်သောတုန့်ပြန်မှုဖြစ်သော်လည်း နောက်ပိုင်းတွင် ထက်ထက်မိုးဦးမှ မိမိ၏ စိတ်ကို မထိန်းနိုင်ဘဲ ကိုယ်ထိလက်ရောက် ကျူးလွန်သည်အထိဖြစ်ခဲ့သည်မှာ သတင်းရင်းမြစ်ဘက်က အမှားတစ်ခုကို ကျူးလွန်လိုက်ခြင်းဖြစ်သည်။(ထက်ထက်မိုးဦးနှင့် အေးသူစံတို့တွေ့ဆုံမှုကို The Voice Weekly တွင် မူရင်းအသံဖိုင်အတိုင်း ဖော်ပြထားသည်ကို ဖတ်ရှုရခြင်းအားဖြင့် ထက်ထက်မိုးဦးမှ “သွားလိုက်တော့….နင်သွားလိုက်တော့´´ဟုဆို၍ သတင်းထောက်တစ်ဦးအား မိမိနှင့်တွေ့ဆုံမှုကို ရပ်တန့်သည့်ကာလအချိန်အထိ မှန်ကန်သောလုပ်ရပ်ဖြစ်သည်။ သတင်းရင်းမြစ်က မေးမြန်းလာသောမေးခွန်းကို မဖြေကြားခြင်း၊ တွေ့ဆုံမေးမြန်းမှုအား ရပ်တန့်စေခြင်းသည် သတင်းရင်းမြစ်ဘက်မှ လုပ်ပိုင်ခွင်ဖြစ်သည်။ […]


၂၄-၅-၂၀၁ဝ နံနက် ၈နာရီဝန်းကျင်အချိန်တွင်စတင်လောင်ကျွမ်းခဲ့သည့် မင်္ဂလာဈေးမီးသည် နောက်တစ်နေ့ ညနေပိုင်းရောက်မှသာမီးငြိမ်းသွားခဲ့ရပြီး ယင်းဈေးမီးလောင်ကျွမ်းခဲ့ရာ အဓိကအားဖြင့် ရန်ကုန်မြို့နှင့်အနီးပတ်ဝန်းကျင်ဒေသများ၏ဈေးကွက်ကိုထိခိုက်နိုင်သည့်အပြင် မြန်မာတစ်နိုင်ငံလုံးအတိုင်းအတာအနေဖြင့်ပါ အားထားရသည့် ကုန်စည်များ ရောင်းဝယ်ဖြန့်ဖြူးရာ အချက်အချာကျသည့်နေရာလည်း ဖြစ်သည့်အတွက် ကုန်စည် စီးဆင်းမှုတွင် များစွာထိခိုက်နိုင်ကြောင်း၊ အထူးသဖြင့် ဆေးဝါးဈေးကွက်ကို ထိခိုက်မှုကြုံတွေနိုင်ကြောင်း ဈေးကွက်ကျွမ်းကျင်သူများက သုံးသပ်ကြသည်။ ထိုသို့အားထားရသည့် ဈေးကြီးတစ်ခုမီးလောင်ကျွမ်းခဲ့သည်နှင့်ပတ်သက်၍ နောက်ဆက်တွဲ ဖြစ်ပေါ်လာမည့် အခြေအနေများနှင့် စပ်လျဉ်း၍ “မင်္ဂလာဈေးဆိုတာက အခြေခံလူတန်းစားတွေအတွက် အဓိကကုန်စည်ဖြန့်ဖြူးရာနေရာလို့ လည်းပြောလို့ရသလို လူတန်းစားပေါင်းစုံအတွက် လိုအပ်ချက်ရှိတဲ့ အဓိကကုန်စည်တွေကို ဖြန့်ဖြူးပေးရာနေရာတစ်ခုဖြစ်တယ်။ အဲဒီအတွက်နောက်ပိုင်းမှာဖြစ်လာမယ့်ပြဿနာတွေက အဲကုန်စည်တွေ ဈေးကွက်ပျောက်သွားသလိုဖြစ်ပြီး ကုန်ဈေးနှုန်းကလိုက်လာမှာစိုးရိမ်ရတယ်။ ချက်ချင်းလည်း အဲဒီဟာကွက်ကို ဘယ်လိုမှ ဖြည့်နိုင်မှာမဟုတ်ဘူး။ အမြန်ဆုံးစီစဉ်ရင်တောင်မှ တစ်လနှစ်လလောက်တော့အနည်းဆုံးကြာနိုင်တယ်။ အဲဒီအတွက် စိုးရိမ်တာက သူ့ဆီကဖြန့်ဖြူးနေရတဲ့ ကုန်စည်တွေ အထူးသဖြင့် အလှကုန်ပစ္စည်းနဲ့ ဆေးဝါးပေါ့။ အဲဒါတွေဈေးမြောက်သွားမှာ […]


…မင်္ဂလာဈေးမီးလောင်မှု နောက်ဆုံးရဓာတ်ပုံများ… – – – – – – – – – – – – – – – – – – – – – – – – – – – – – – – – – – – – – – – – – – – – – – – – – – – – – […]


မီးလောင်ကြွမ်းမှုကို အချို့က ဝါယာရှော့ဟုပြောကြသော်လည်း မီးလောင်ကြွမ်းရာ အထပ်မှ မျက်မြင်တစ်ဦးကမူ အလှကုန်အရောင်းဆိုင်(ဆိုင်အမှတ် —)ဆိုင်ခန်းတွင် စတင်သော အင်ဗာတာရှော့မှဖြစ်သည်ဟုဆိုသည်။ မီးလောင်ကြွမ်းစဉ် ဆိုင်ရှင်ရောက်မလာသေးသော်လဲ ဆိုင်မှအရောင်းသမ ရောက်ရှိနေပြီဖြစ်ပြီး လောင်ကြွမ်းမှုကိုသိရှိသည်နှင့် ဆိုင်ရှင်ကို ဖုန်းဆက်ရန်ကြိုးစားခဲ့ပြီး ဆိုင်တံခါးဖျက်ဝင်ရန် လည်းကြိုးစားခဲ့ကြောင်းသိရသည်။ မီးလောင်ကျွမ်းစဉ်မီးသတ်အဖွဲ့မှဆက်တိုက်ကြိုးစားငြိမ်းသတ်သို့သော် ဆေးနှင့် အလှကုန်များကြောင့် အရှိန်ကောင်းလွန်းသောမီးကို လှေခါးပါကားလေးစီးဖြင့် ငြိမ်းသတ် သော်လည်း မီးကို အပြီးတိုင် မငြိမ်းသတ်နိုင်ပဲဖြစ်ခဲ့ကြောင်း၊ ရေအားကောင်းနေချိန်တွင် မီးစွယ်ကျိုးသကဲ့သို့ ဖြစ်ခဲ့သော်လည်းရေပက်ခဏနားချိန် (ရေဖြည့်နေချိန်)အတွင်းတွင် မီးတောက်ပြန်လည် ဖြစ်လာကြောင်း၊ မင်္ဂလာဈေးမီးနှင့် မီးသတ်တို့ အပြန်အလှန် အားပြိုင် နေကြကြောင်း၊ မွန်းလွဲ ၁၂နာရီ ကျော်တွင်မူမိုးရွာသွန်းခဲ့သော်လည်း အပေါ်ဆုံးထပ် အမိုးအကာများကြောင့် မိုးကမီးငြိမ်းသတ်ရန် အထောက်အကူမဖြစ်ခဲ့ဘဲ တစ်နေကုန်နားလိုက် လောင်လိုက်ဖြစ်နေရာမှညနေ ၅ နာရီအချိန်ခန့်တွင် အနောက်ဖက်အခြမ်းမှ မီးစွယ်ကျိုးကျသွား သဖြင့် မီးလောင်ကျွမ်းရာအထပ်သို့မီးသတ်တို့ […]


အနုပညာရှင်တစ်ယောက်ဖြစ်သည့် ရုပ်ရှင်သရုပ်ဆောင်ထက်ထက်မိုးဦးနှင့် စာနယ်ဇင်းသမားတစ်ယောက်ဖြစ်သည့် 7 Day News Journal မှ သတင်းထောက်မအေးသူစံတို့၏ ဖြစ်စဉ်နှင့်ပတ်သက်ပြီး အများပြည်သူသိရှိစေရန် တင်ပြလာခဲ့သည့် စာနယ်ဇင်းများဖြစ်သည့် The Voice Weekly နှင့် The First Music ဂျာနယ်တို့ကို စာပေစိစစ်ရေးက ခေတ္တဆိုင်းငံ့ပြစ်ဒဏ်ပေးလိုက်ကြောင်းကို ယနေ့(၂၃-၅-၂၀၁၀)တွင် အဆိုပါဌာန၌ အတည်ပြုကြေငြာထားကြောင်းသိရသည်။


ယခုရက်ပိုင်းအတွင်း စာနယ်ဇင်းလောကအတွင်းသာမက ပြည်သူများအထိပါ ပျံ့နှံ့စေခဲ့သည့် သတင်းတစ်ခုကတော့ ရုပ်ရှင်သရုပ်ဆောင်ထက်ထက်မိုးဦးက 7 Day News Journal သတင်းထောက် မအေးသူစံကို ကိုယ်ထိလက်ရောက်ကျူးလွန်ခဲ့တဲ့ကိစ္စပဲဖြစ်ပါတယ်။