ဒီအကြောင်းလေးကို စရေးဖြစ်လိုက်တဲ့အကြောင်းလေးက ဒီနေ့မနက်မှာစလိုက်တာပါ။ တကယ်တော့ကိုယ်သိထားတဲ့ HIV/AIDS အကြောင်း ရေးချင်နေခဲ့တာ တော်တော်လေးကြာပါပြီ။(သိလွန်းလှတယ်လည်း ကိုယ့်ကိုကိုယ် မဆိုလိုပါဘူး) အခုဒီ Post လေးကလည်း ကျွန်မသိလိုက်ရတာလေးကို Share လုပ်ရုံသက်သက်ပါ။ ကျွန်မ လူတော်တော်များများကိုHIV/AIDS အကြောင်းမေးခဲ့ဖူးပါတယ်….(မေးရတဲ့အကြောင်းက..ကျွန်မကိုယ်တိုင်လည်း စိတ်ဝင်စားတယ်…ပြီးတော့အဲဒီလူတွေအတွက်ဘာ တွေလုပ်လို့ရလည်း….လုပ်နိုင်သေးလဲ…သူတို့တွေအတွက်ဘယ်အရာတွေဟာအရေးကြီးလဲ…စသည်ဖြင့်ပေါ့) ကျွန်မတို့လိုလူငယ်တွေထဲမှာ ဒီအကြောင်းနဲ့ပတ်သက်ပြီး သိပ်လက်မခံချင်သေးတဲ့လူတွေရှိနေသေးတာဟာ ယနေ့ခေတ် လူငယ်တစ်ယောက်အနေနဲ့ စိတ်မကောင်းစရာလို့မြင်မိပါတယ်။(စာရေးသူ၏အမြင်သက်သက်သာ) ဒီနေ့မနက် ကျွန်မနဲ့ရင်းနှီးတဲ့ သူငယ်ချင်းတစ်ယောက်က..သူတို့ Donation တစ်ခုသွားချင်တယ်…နေရာရှိရင်ပြောပါအုံးဆိုတာနဲ့ ကျွန်မကလည်း မ/ဒဂုံဘက်မှာ HIV/AIDS မိဘမဲ့ကလေးတွေကိုထားတဲ့ မိဘမဲ့ ကျောင်းတစ်ကျောင်းတော့ရှိတယ်…လောလောဆယ်မှာလည်း အလှုရှင်လိုအပ်နေတယ်လို့ပြောလိုက်တော့…သူကပြန်ပြောပါတယ်…. (ဟင်…အဲဒီကျောင်းကြီးလားတဲ့….ဒါဆိုရင်တော့မသွားချင်ပါဘူးတဲ့…အဖွဲ့ထဲကလူတွေကလည်းသွားချင်ကြမှာ မဟုတ်ဘူးတဲ့..ကျွန်မကဘာလို့လဲဆိုတော့….အဲဒီ HIV ပိုးရှိတဲ့လူ စကားပြောလိုက်လို့ရှိရင် သူ့ပါးစပ်ကထွက်လာတဲ့လေထဲမှာ ပိုးတွေပါလာတာတဲ့…ပြီးတော့အဲဒီပိုးတွေကလည်း အမြင့်ပေ 15 ပေလောက်ထိခုန်တယ်တဲ့…ဒါကြောင့်သူတို့ကြောက်ကြတယ်တဲ့လေ…) ကျွန်မအရမ်းဝမ်းနည်းသွားမိတယ်…..တကယ်ဆိုသူကိုယ်တိုင်လည်းခေတ်ပညာတတ်တစ်ယောက်ပါ..တတ်တာမှ ဘာသာစကားကျွမ်းကျင်မှုရောရှိတာပါ….ဒီခေတ်လူငယ်ပညာတတ်တစ်ယောက်အနေနဲ့ ဒါဟာမှားယွင်းတဲ့အယူဝါဒ တစ်ခုလို့ဘဲမြင်မိတယ်။ ကျွန်မသူ့ကို တစ်ခွန်းတော့ […]