ဟောဒီသင်္ကြန် ရောက်လာပြန်တော့ မေ့လျော့မရ ရင်မှမှန်းဆ လွမ်းရဖြစ်အင် ဇာတ်လမ်းစဉ် မှတ်တမ်းဝင်စွာ ရင်နာစေမဆုံး အပြုံးကွယ်စေ့ သီဟပတေ့ရဲ့ ချစ်လှတဲ့စောလုံ ချစ်ဇောအဟုန်ကြောင့် မောင့်နှမငယ်စောလုံရယ် များလှမိဖုရား အဲဒီကြားမှ ဘုရင့်နှလုံးသား ဆွဲထားကိုင်လှုပ် နှုတ်မှမချတမ်း အချစ်စမ်းမိ လောင်းသည့်သင်္ကြန်ရေ ရွှဲပါစေ သို့လေသော်လည်း အရှက်တော်ကွဲရ နာကျည်းလှသမို့  ဆက်ဖို့ပြင်ဆဲ စားတော်ပွဲမှာ မကြံသာအဆိပ် တိတ်တိတ်ထည့်မိ ပေါ်လေသည့်အခါ ဘုရင့်အာဏာ စူးလှစွာပို မီးဖိုထက်တွင် တံလျိုကျင်သတ် တစ်ခွင်ရပ်ရွာ အံ့ပါလေမဆုံး ဖြစ်လေတုန်းမှာ မဟာဘုရင် သိတရားဝင်သည် မှားပြီဆိုလည်း ရင်သာကွဲ၍  မမေ့တစ်သက်တာ ဆိုပါသော်လည်း လွန်ကဲအမျက် ထိုတစ်ချက်ကြုံ မောင့်စောလုံရယ် ပြန်ဆုံဖို့တွေး သင်္ကြန်ရေလေးနဲ့ ကျီစားခဲ့ကြောင်း ပြန်ပြောင်းဗြောင်းဆန် တောင်းပန်လိုလည်း နှောင်းပြီပဲမို့ ဆို့နင့်ရင်မှာ တမ်းတမကုန် အိုဘယ့်စောလုံ မောင့်စောလုံ […]


အဆောင် ၄ ရဲ့ ဘေး ခရေတန်းလေးမှာ ရှေးအခါက မဟုတ်တဲ့ ပုံပြင်တစ်ပုဒ်ဟာ တကယ်သရုပ်ပါစွာနဲ့ ရှိခဲ့ဘူးလေတယ် ၊ ထူးပေကွယ် မဆိုသာပေမယ့် ပျိုကညာနွဲ့ပန်းကြိုက်သူ နန်းထိုက်တမူ လှမ်းလိုက်ယူ ခရေပန်း အကြွေအနွမ်းတောင်မွှေးမြ ရွေးပြလို့သီကုံး ကြည်အပြုံးနဲ့ သူလက်ခံ ချူရတက်မာန်ပွားရသူမို့ ကိုယ့်ဘဝကိုယ်နားလည် အပါးဝယ်ထားရန်ဝေး ပေးသမျှကံ မဟန်လှသူခမျာ မတန်ရာလို့ယူမျှော်တွေးဆ ကယ်ကူရာဖေါ်ဝေးစွ တော်လေးဝဝင်သူပျို တမင်အမူပိုမဟုတ်ပါပဲ ဆုတ်ခါလည်းလမ်းခွဲရ နွမ်းအသည်းကငိုကြွေးသံ ဟိုအဝေးထံလွင့်ပျံ သခင့်ထံစေတဲ့ သည်ဆုစကား ခရေကြိုက်သူလေး ကြားစေသား ၊


တနင်္ဂနွေကလွဲ အမြဲနေ့စဉ် တွေ့မြင်နေကျ သူမမျက်နှာ အေးချမ်းပါဘိ သူရှိနေသမျှ ကြည်စွနှလုံး ပျော်ရွှင်ပြုံးသည် ဟောဒီတစ်သက် ဆက်ဆက်မခွဲခွာ ရှိပါလိုကြောင်း တောင်းဆုပြုသံ သူ့ထံရောက်စေ သူသိစေ ၊


တဝုန်းဝုန်း တဒိုင်းဒိုင်း မုန်တိုင်းရိုင်းကြီးပမာ မနောမြေမဟာဆီက တိုက်ပွဲ အလဲလဲ အကွဲကွဲ အသည်းနာရတဲ့အဖြစ် ပစ်နေကြတာက ကိုယ့်အချင်းချင်း စစ်တလင်းကြားက မြေဇာပင် ကချင်ပြည်က စစ်ပြေးများ ရစ်ထွေးထားတဲ့ ဒုက္ခတွေအောက် အားလုံးကို ကြောက်နေရ တဖြောက်ဖြောက်ကြွေနေတဲ့ အသက်တွေ အနှစ်မရှိလေတဲ့ ငြိမ်းချမ်းရေး စကားဝိုင်း နေပြည်တော်တိုင်းမှာ လက်ဆွဲလို့နူတ်ဆက် ကျုပ်တို့မြေဘက်မတော့ ဗုံးကြဲ ကဲ  ကောင်းကြသေးရဲ့ လား အမုန်းတရားအတွက် အပြုံးများပျက် အသက်တွေ စတေးသွား ဝေးဝါးဝါး အနာဂတ်အတွက် ဘာဆက်လုပ်ကြဦးမည်နည်း ၊၊


နွယ် တဲ့လား ကြားလိုက်ရချိန်မှာ အိမ်အထိပါလာတဲ့အတွေး ခဏလေးနဲ့မပြီးနိူင် ကီးယိုုင်တဲ့ သီချင်းလို ဟိုရောက် ဒီရောက် အမည်ပေါက် မဟုတ်တဲ့ဖုန်း သုံးရသူတစ်ယောက်လို ပျောက်မှာကို အသေကြောက် ရေမရောက်လို့ ခြောက်တဲ့ပန်း ဘယ်လိုမှ မလန်းနိူင် အဲဒီဘဝပိုင်ခဲ့ရသူခမျာ အချစ်ဆိုတာ ကြောက်လှ ချောက်ကျမယ် ထင်ပေမယ့် စင်လေတဲ့ နွယ့်ကို မြင်လေခဲ့အခါမတော့ လာလေရော့ရယ်လို့ အားခဲ နွဲတော့မယ့် အချစ်ပွဲမယ် အောင်စေကွယ် ဆုရည်မှန်း ပြည့်လေစမ်းကွယ့် ပြည့်လေစမ်း ၊


( ဇာတ်လမ်း ) ၂ ( ဟော  ဦး ၊ ဘယ်လိုလုပ် ဒီကိုရောက်နေတာလဲ ? ) ဟုတ်ပ ၊ ကျနော်က ဆင်ရေတွင်း မှတ်တိုင်မှာ ၊ သူ့ကို မတွေ့တာကြာလို့ အိမ်ကစောစောထွက် ၊ ဒီမှတ်တိုင်နားက လဘက်ရည်ဆိုင်ကနေလာစောင့်နေတာ ၊ သူ ကားလမ်းကူးလာတာမြင်မှ ထလာတာလေ ၊ ( ဪ ဟုတ်တယ်နွယ် ၊ ဟို မြကန်သာလမ်းထဲက အသိအိမ်မှာ အလှုလုပ်လို့ ) ( ဪ မသိပါဘူး ၊ တစ်ယောက်ယောက်ကိုများ လာစောင့်နေသလားလို့ ) သေစမ်း ၊ ငါ့ဗျူဟာက အတော်ခေတ်နောက်ကျသွားပြီထင်တယ် ၊ သူက ပြုံးစိစိနဲ့ ကျမသိပါတယ် ဆိုတဲ့ ပုံစံ […]


( ဟော  ဦး ဒီကားနဲ့ပါလာတာလား ) ( ဪ  ဟုတ်တယ် ) ( ထမင်းချိုင့် မပါဘူးလား ) ( အင်း  ဆိုင်မှာပဲ ဝယ်စားတာ ) ( ပိုကုန်တာပေါ့ ၊ အမျိုးသမီးက မထည့်ပေးဘူးလား ) ( ဘယ်က ဘာအမျိုးသမီး ဘာမိန်းမမှ မရှိပါဘူးဗျာ ) ( အမယ် ဟုတ်လို့လား ဦးရယ် ) ( ဒါ လိမ်စရာလားဗျ ၊ ကိစ္စသေးသေးလေးကအစ ဦး မလိမ်တတ်ဘူး ) စကားပြောရင်း လှိုင်မင်းလဘက်ရည်ဆိုင် ရောက်လာပါတယ် ၊ ဒီတစ်ခါ သူရှင်းမယ်ဆိုတဲ့ ကတိနဲ့ အတူ ဝင်ထိုင်ဖြစ်ပါတယ် ၊ ( ဒါနဲ့ […]


ငယ်ငယ်ဘဝ အသက် ၈ လမှာ ငါ အဖေနဲ့ ဝေးခဲ့ သိတတ်တဲ့ အချိန်ကစ လွမ်းရ ၊ ၂ တန်းအောင်တဲ့ ရ နှစ်အရွယ် ငယ်သူငယ်ချင်းတွေကိုထား ရန်ကုန်သားဖြစ်ရတဲ့အခါ ငါ သူတို့ကို လွမ်းရပြန် ၊ ၁ဝ တန်းအောင်တော့လည်း ခွဲခဲ့ရ သူငယ်ချင်းတို့ ငါ လွမ်းလို့နေပြန် မဟန်ပါဘူးလေ ၊ တက္ကသိုလ်မြေက အချစ်ဦး ဘယ်လိုထူးအောင်ချစ်ချစ် ထားပစ်ခဲ့ပြန်တော့ မပေါ့တဲ့ဝေဒနာ ရှည်ကြာစွာပြန်ကုစားရ ဒုက္ခ ၊ အဟုတ်ရခဲ့ ငါ့ကြင်ယာ မမြင်သာ မဟုတ်တဲ့ မတူညီခြင်း လူစည်ခြင်း မရှိတဲ့ ကွာရှင်းပွဲ နာခြင်းက နည်းလှ ကွဲတာကမှ ပိုကောင်းသမို့ ကိုယ့်လမ်းကိုယ်သွား ကိုယ့်ဘဝကိုယ်ပိုင် ယိုင်နဲ့တာ မရှိ လျှောက်သည့်လမ်းမှာ တွေ့လာရသူတစ်ယောက် […]


( ကျွီ   ကျွီ       ဒုန်း ) ဘရိတ်အုပ်သံ ကားဘော်ဒီချင်းတိုက်မိသံတို့နဲ့အတူ ကျနော့်ကိုယ်ပေါ် ပစ်ကျလာတာက အိစက်နွေးထွေး မွှေး နေတဲ့ ခန္ဓာကိုယ်တစ်ခု ၊ ရုတ်တရက် သူ မထနိူင် ၊ သူ့မျက်နှာက ကျနော့်ပါးပေါ်မှာ ၊ ကျနော်ကလည်း မလှုပ်ရှားဖြစ် ၊ နောက်တော့ ကန်တော့နော် ကန်တော့ နွယ် တောင်းပန်ပါတယ် ဆိုတဲ့အသံလေး ထွက်လာပြီး သူ ကြိုးစားပြီး ရပ်လိုက်ရှာတယ် ၊ ကျနော် သူ့ကိုမော့ကြည့်တော့ ဒီမျက်နှာ ဒီယူနီဖေါင်း ၊ ဪ  ငါတို့ အမ်အိုင်စီတီဝင်းထဲကပဲ ၊ ဒီလိုဗျ  ဒီမနက် ရုံးအလာ ၂၂၆ ကားပေါ်မှာ ဒီလိုဖြစ်ခဲ့တာ ၊ ကားက အရှိန်တင်မောင်းနေချိန် သုခ နဲ့ […]


တောင်ပေါ်သားFebruary 28, 20151min1618
နွေဦး လေရူး နေဘူးတဲ့ငါ ကြွေကျလာတဲ့ သစ်ရွက်တွေအောက် ရောက်ဖြစ်လို့လာလေတိုင်းး စိတ်တွေဟာမှိုင်းခဲ့ ရိုင်းတဲ့ရာဇဝင်ကြား ပျော်ဝင်သွား ဒီဘဝ မညီမျှလေသော ကံတရား ဉာဏ်မများတတ်သူကိုု ဖိထောင်း ကောင်းခြင်းဆိုတာ ဝေလာဝေး အဖြေလာမပေးသူကိုု တွေး ပူဆွေးခြင်းတွေက လွှမ်း ဪ အလွမ်း အလွမ်း ကမ်းမမြင် လမ်းမမြင် ခရီးနှင်နေရ ကြင်ပြသူက မဲ့ အိုဘယ့် ကံဇာတ်ဆရာ တစ်ခါလောက်လေးများ အခွင့်မပေးသနားတော့ဘူးလားကွယ် ၊


တောင်ပေါ်သားFebruary 27, 20151min46735
ကဲ   အဲဒီ မှန်းရခက်လှတဲ့ အချစ်ဆိုတာအတွက် ဟောဒီရင်ဘတ်ကြီးနဲ့ ရင်းပြီး ကြေငြာလိုက်တဲ့အချိန်မှာ မြှောက်ပင့် အဲ အဲ ဟုတ်ပါဘူး အားပေးမှုများစွာ ရခဲ့လို့ ကျုပ်ရဲ့   အချစ်ရှာပုံတော်တိုက်ပွဲ ဆင်နွဲတော့မယ်လို့ နှလုံးသားလွှတ်တော်က ကန့်ကွက် နဲ့ ကြားနေမဲ မရှိပဲ တခဲနက်ထောက်ခံအတည်ပြုလိုက်ပါပြီ ၊ ဒီတော့ကာ ဘယ်လိုဗျူဟာ သုံးရမယ်ဆိုတာ အရေးပါခဲ့ပြီပေါ့ ၊ ၁ ၊ ပစ်မှတ်က ဘယ်လိုလူမျိုးကို ထားမလဲ ? ကျုုပ်က အသက် ၅ဝ ၊ စပွန်ဆာပေးဖို့ နေနေသာသာ လမကုန်ခင် ဘိုင်ပြတ်တဲ့ကောင် ၊ ရုပ်ကလည်း ပြေတီဦးတို့ နေတိုးတို့နဲ့ တစ်ခြားစီ မွှေးကြိုင်နေတဲ့ စမတ်ကျကျ ပုံလည်းမဟုတ် ၊ ရိုးလ်အွန်လေးတောင် ကျုပ်သားဟာ ခိုးသုံးနေရတာ ၊  […]


တောင်ပေါ်သားFebruary 26, 20151min47244
တွံတေးသိန်းတန်က လေးဆယ်ကျော်အချစ်တဲ့ ၊ ဪ လေးဆယ်ကျော်ဆိုတော့ ချစ်ခွင့် လွမ်းခွင့် တမ်းတခွင့်ရှိသင့်တယ်လို့ ဆိုရမလား ၊ ဒါဖြင့်  ငါးဆယ်စွန်းစွန်းသမားတွေမှာကော အဲဒီလိုုအခွင့်အရေး ရှိသေးဦးမလားးလို့ မေးချင်တယ်ဗျာ ၊ ဘာလို့လည်းဆိုတော့ အဲဒီ ငါးဆယ်ကျော်ကြီးရဲ့   အချစ်အကြောင်း ရေးချင်လို့ ၊ သတင်းတွေထဲမှာတော့ ၆ဝ ၊ ၇ဝ ကျော်တွေ ချစ်သွားကြတာတို့ လက်ထပ်ကြတာတို့ ဖတ်ဘူးလို့ပါ ၊ ဒီတော့ ဟောဒီ ငါးဆယ်ကျော်ကြီးမှာ အချစ် ရှိနေတာ မလွန်လောက်ပါဘူးလေ နော့ ၊ သိကြတဲ့အတိုင်း ကျုပ်က အိမ်ထောင်ပျက် ၊ ကလေး ၃ ယောက်နဲ့ ၊ ဒီခေတ် ကုန်ဈေးနှုန်းကို မမီမကမ်းနဲ့ အသေအလဲ လိုုက်ရင်း ရုန်းနေရသူ ၊ တစ်ခါတစ်လေတော့လည်း […]


တောင်ပေါ်သားFebruary 25, 20151min30922
ဒီမနက် သူ့ကိုဖွင့်ပြောမယ်ဆိုတဲ့စိတ်ကြောင့် ညက ကောင်းကောင်းအိပ်မပျော်ပါဘူး ၊ မနက် ၅ နာရီကတည်းက နိူးနေပြန်ရပါတယ် ၊ ၅ နာရီခွဲမှာတော့ အိပ်ယာကထ ရေချိုးလိုက်တယ် ၊ ကျနော်တို့အိမ်က ၂ ထပ် ၊ အပေါ်ထပ်မှာ အမေ ကျနော်ကအောက်ထပ် ၊ ရေက အိမ်ရှေ့ထောင့် မာလကာပင်အောက်မှာ တိုင်ကီနဲ့ပါ ၊ ရေစက်မရှိ ၊ ဝယ်သုံးရတာပါ ၊ စောစောစီးစီးကြီး ရေချိုးနေတဲ့ကျနော့်ကို ဝရန်တာကနေ အမေက အံ့အံ့ဩဩ ကြည့် လို့ ၊ လှည်းတန်းဘူတာအလာ အာတီးယားလမ်းထဲမှာ တိတ်ဆိတ်စွာပေါ့ ၊ ကျေးဇူးှင်ရထားက အချိန်မှန်လို့ ၆ နာရီခွဲမှာ ဟုမ်းလမ်းဘူတာ ရောက်လာပါတယ် ၊ ထုံးစံအတိုင်း ရွာမလက်မှတ် ၂ စောင်ဝယ်ပြီး […]