နွယ်ပင်December 23, 20101min2106
ဟူးကောင်းတောင်ကြား ဒေသမှ မြန်မာကျားတစ်ကောင်.. ယခုအချိန်မှာတော့ ကျားကောင်ရေ ၈ဝကျော်သာ ကျန်ရှိပါတော့တယ်.. တရုတ်နိုင်ငံမှာ ဈေးကောင်းရတဲ့ အတွက် အသတ်ဖြတ်ခံရပြီး ရောင်းစားခံနေရတဲ့ ကျွန်တော်တို့ မြန်မာနိုင်ငံက ကျားသတ္တဝါတွေပါ.. မြန်မာနိုင်ငံက ကျားရေခွံရောင်းဝယ်တဲ့ ဈေးကွက် အခြေအနေကို ဓာတ်ပုံတွေနဲ့ဖော်ပြထားပါတယ်…။ မြန်မာနိုင်ငံက ကျားရေခွံတွေကို တရုတ်နိုင်ငံက ဝယ်ယူတာဖြစ်ပြီး အရေခွံမပျက် ဦးခေါင်းပါ အပျက်အဆီးမရှိတဲ့ ကျားရေခွံတစ်ခုရဲ့ ရောင်းဈေးဟာ မြန်မာငွေ သိန်းတစ်ရာမှ ၁၅ဝထိ ဈေးရှိကြောင်း ပြည်တွင်းမှ ပေးပို့လာတဲ့ မြန်မာပြည်ကလာတဲ့စာ သတင်းတစ်ပုဒ်မှာ ဖော်ပြဘူးပါတယ်..။ ဒီကျားရေခွံတွေကို တရုတ်နိုင်ငံထဲ အထိသယ်ဆောင်ရာမှာ အကျင့်ပျက် ဝန်ထမ်းအဆင့်ဆင့် ကိုလာဘ်ပေး လာ်ယူ ပြုလုပ်ပြီး ဖမ်းဆီးသယ်ဆောင် ရတာဖြစ်ပါတယ်..။ ကျွန်တော်တို့ နိုင်ငံမှာ သယံဇာတတွေ ပေါများကြွယ်ဝတာတင် မကပဲ သဘာဝကပေးထားတဲ့ ရေမြေတောတောင် […]


နွယ်ပင်December 22, 20101min1301
ရင်ထဲစွဲကျန်ရစ်စေတဲ့ ဒီလို တကယ့်အဖြစ်အပျက်လေးတစ်ခု ရှိခဲ့ပါတယ်။ ခရစ္စမတ်ရောက်တော့မယ်။ အမေရိကန် ချီကာဂို အနောက်မြောက်အရပ်မှာရှိတဲ့ Park Pridgeမြို့ရဲ့ နေရာအနှံ့မှာ ခရစ္စမတ်ကိုကြိုဆိုတဲ့ အသက်အငွေ့တွေနဲ့ စည်ကားလို့နေခဲ့တယ်။ အလယ်တန်းကျောင်းတက်နေတဲ့ “ရှယ်လီ”ဟာ မကြာသေးခင်က လက်ခံရရှိခဲ့တဲ့ ခရစ္စမတ်ကတ်တွေကို အထပ်လိုက်ကိုင်ပြီး သူငယ်ချင်း”ဟီလာရီ”ကိုကြွားဖို့ ပြင်ဆင်နေခဲ့တယ်။ ဒါပေမယ့် ဟီလာရီယူလာတဲ့ ခရစ္စမတ်ကတ်က သူ့ထက်ပိုများနေတာကို တွေ့လိုက်ရတယ်။ “နင့်မှာ သူငယ်ချင်းတွေ များလာချည်လား? နည်းတစ်နည်းတော့ ရှိရမယ်?” ရှယ်လီက အားကျကျမေးတယ်။ “နည်းကတော့… တခြားသူအပေါ် ရိုးသားမယ်၊ နွေးထွေးမယ်”လို့ပြောပြီး ဟီလာရီဟာ ရှယ်လီကို လွန်ခဲ့တဲ့(၂)နှစ်က သူတွေ့ကြုံခဲ့တဲ့ အဖြစ်အပျက်တစ်ခုကို ပြောပြခဲ့တယ်။ “အဲဒီအချိန်က နွေဦးရာသီပေါ့။ နွေးနွေးထွေးထွေး ညနေခင်းတစ်ခုမှာ ဖေဖေနဲ့ကျွန်မ ပန်းခြံထဲလမ်းလျှောက်နေခဲ့တယ်။ အဲဒီအချိန်မှာ ရယ်စရာကောင်းတဲ့ အဘွားအိုတစ်ဦးကို ကျွန်မတွေ့လိုက်တယ်။ ဒီလောက်ပူနွေးတဲ့ […]


နွယ်ပင်December 20, 20101min1592
ရန်ကုန်မြို့ မြောက်ဥက္ကလာပ ၆ ကွေ မှတ်တိုင်မှာ လိုင်းကားတ စီးပေါ်က တပ်မတော်ကို စည်းရုံးတဲ့စာတွေ ကြဲချသွားတယ်လို့ သိရှိရပါတယ်။ စာထဲမှာပါဝင်တဲ့ အကြောင်းအရာတွေကတော့ “စစ်သည်တော်အပေါင်းတို့ တိုင်းရင်းသားပြည်သူများအပေါ် အနိုင်ကျင့်ကျူးကျော်သော ထိုးစစ်များကို စွန့်ခွာခဲ့ပါ။ စစ်အာ ဏာရှင် စစ်ကျွန်မှ ပြည်သူ့စစ်သည်တော်အဖြစ် ဘက်ပြောင်း ခိုလှုံကြပါ” စတဲ့ စာသားများပါဝင်ပါတယ်။ စာတွေကို တွေ့တဲ့ အနီးအနားက လူတွေက ကောက်ဖတ်ကြပါတယ်။ နောက်ပိုင်း ရဲ တပ်ဖွဲ့ဝင်တွေပါ ကောက်ဖတ်နေကြတယ်လို့ တွေ့ရှိသူတဦးက ပြောပြပါတယ်။ စာကိုဖတ်တဲ့ လူတချို့ကတော့ ဒီလိုစာတွေဖြန့်တာ ကောင်တယ်၊ ဒါမှ သူတို့တွေ အမြင် မှန်ရလာကြမယ် စတဲ့ မှတ်ချက်တွေကိုလည်း ပြောနေကြတယ်လို့ သိရှိရပါတယ်။ နအဖဟာ ၂၀၁ဝ ရွေကောက်ပွဲပြီးနောက်ပိုင်း နယ်ခြားစောင့်လုပ်ခိုင်းလို့မရတဲ့ အပစ် ရပ်အဖွဲ့တွေရဲ့ […]


နွယ်ပင်December 17, 20101min1173
ရခိုင်ပြည်နယ် ကျောက်ဖြူမြို့နယ်မှ အသက် ၂၁ နှစ် အရွယ် လူငယ် တစ်ဦးကို စစ်တပ်မှ ပစ်သတ်ခဲ့ကြောင်း သတင်း ရရှိသည်။ သေဆုံးသွားသူ လူငယ်မှာ ကျောက်ဖြူမြိ့နယ် မင်းတပ်ချောင်းကျေးရွာမှ ဦးလှခင် ၏သား မောင်ဝင်း (၂၁)နှစ် ဖြစ်သည်။ မောင်ဝင်းကို ယမန်နေ့ (ဒီဇင်္ဘာလ ၁၄ ရက်နေ့) နေ့လည်ပိုင်းက ရန်ကုန်-ကျောက်ဖြူ ကားလမ်း ပေါ်တွင် တည်ရှိသော မင်းချောင်း တံတားတွင် တာဝန်ကျနေသော စစ်တပ်က ပစ်သတ်ခဲ့ခြင်း ဖြစ်ကြောင်း ဒေသခံ တစ်ဦးက ပြောသည်။ “ သူတို့က စက်လှေ တစီးနဲ့ ဘုတ်စပ်မယ့် သစ်တွေကို တင်ပီး အလာမှာ စစ်တပ်က စက်လှေကို ကမ်းကပ်ခိုင်းတယ်လို့ သိရပါတယ်။ စက်လှေက ကမ်းအကပ်မှာ ကြိုးကို […]


နွယ်ပင်December 16, 20101min1363
စီးပွားရေး လုပ်ငန်းရှင် ဦးဌေးမြင့်၏ ယုဇန ကုမ္ပဏီက ကချင်ပြည်နယ် ဖားကန့်မြို့နယ် အနီး ကျေးရွာများမှ မြေယာများ သိမ်းယူခဲ့ပြီးနောက် ဒေသခံများ အသစ်ရှာဖွေ လုပ်ကိုင်ထွန်ယက် စိုက်ပျိုးနေသည့် လယ်ယာမြေများကိုပါ မြေတူးစက်ဖြင့် ဖျက်ဆီးမှုများ ပြုလုပ်နေကြောင်း တောင်သူများက ပြောသည်။ ယခုကဲ့သို့ ယုဇန ကုမ္ပဏီ၏ လုပ်ရပ်ကြောင့် ရာပေါင်းများစွာသော တောင်သူများ အခက်အခဲ ဒုက္ခနှင့် ကြုံနေကြရကြောင်း ဖားကန့်မြို့နယ် ဘန်ကောက် ရွာသားတဦးက ပြောသည်။ “ကျနော့် အခင်းတောင် တဝက်လောက်ပါသွားတယ်။ ကျနော့်မိန်းမက သွားတားတယ်။ ဒါပေမယ့် အဲဒီအချိန်မှာ သူတို့က မထိုးဘူး။ သူပြန်လာတဲ့နောက် မိုးချုပ်ခါနီးမှာ ဝင်ထိုးသွားတယ်” ဟု ၎င်းက ဆိုသည်။ တောင်သူ တဦးဖြစ်သည့် ဦးလမုံဇုန်ကလည်း “သိမ်းထားတဲ့ မြေတွေမှာ စိုက်ဖို့ […]


နွယ်ပင်December 15, 20101min2913
ရခိုင်ပြည်နယ်ရှိ ဂီရိဆိုင်ကလုန်းဒဏ်အများဆုံး ခံခဲ့ရသော မြေပုံမြို့နယ်တွင် ပြီးခဲ့သည့်ရက်ပိုင်းက မိုးသည်းထန်စွာ ရွာသွန်း၍ လေပြင်းမုန်တိုင်း တိုက်ခတ်ခဲ့သောကြောင့် အနည်းငယ်ကျန်ရှိခဲ့သည့် စပါးခင်းများ ထပ်မံပျက်စီးသွားပြီး ယာယီ နေအိမ်များ ပျက်စီးသွားပါသည် ။သို့သော် ထိုသို့ အခက်အခဲများ ဆက်တိုက် ကြုံတွေ့နေရသော်လည်း NGO အဖွဲ့တချို့မှလွဲ၍ အာဏာပိုင်များက တစုံတရာ ကူညီဆောင်ရွက်ပေးခြင်း မရှိသေးကြောင်း ကြားသိရသည်။