နွယ်ပင်December 15, 20101min2568
ပန်းဂေါ်ဖီဆိုရင် အများအားဖြင့်က ကြော်စားကြတာများပါတယ် ။နွယ်ပင်ကတော့ တစ်ခါတစ်လေ အပြောင်းအလဲလေးအနေနဲ့ သုပ်စားလေ့ရှိပါတယ် ။ ပန်းဂေါ်ဖီကို သုပ်စားမယ်ဆိုရင် ပါ0င်တဲ့ ပစ္စည်းတွေက အရွယ်တော် ပန်းဂေါ်ဖီ အပွင့်ကို လေးပုံပုံ တစ်ပုံစာလောက်ပဲ လိုအပ်ပါတယ် ။ ခရမ်းချဉ်သီး (2) လုံး ကြက်သွန်ဥနီ (2) လုံး အကြော်စုံ အနည်းငယ် (လက်ဖက်ထဲ တည့်စားသော) ၊ ပုစွန်ခြောက်မှုန့် နဲ့ သံပုရာသီး (1) လုံး ။ ငရုတ်သီးစိမ်း အနည်းငယ် ။ ဆီ စိမ်းအနည်းငယ် နှင့် ယိုးဒယားငံပြာရည် အနည်းငယ် လိုအပ်ပါသည် ။ ရေစင်စင်ဆေးထားသော ပန်းဂေါ်ဖီကို ခပ်သေးသေး (သေးနိုင်သမျှသေးအောင်) လှီးပါ ၊ အရိုးတံများမပါပါစေနှင့် ။ ထို့နောက် […]


နွယ်ပင်December 14, 20101min32913
ကန်စွန်းရွက်ကို ရေစင်စင် ဆေးပြီးစစ်ထားပါ ။ ပြီးရင် ကန်စွန်းရွက်ကို ရေနွေးဖျောပြီး မနွမ်းအောင် ချက်ချင်း ပြန်ဆယ်ပြီး ဇကာနဲ့ စစ်ထားပါ ။ ကြက်သွန်ဖြူ 3 /4 မွှာ ငရုတ်သီးတောင့် (8)တောင့် ( အစပ်ကြိုက်ရင်များများထည့်ပါ ) ၊ ငရုတ်ကောင်း အနည်းငယ် ၊ ထို့နောက်အားလုံးကို လှော်ပြီး ထောင်းပါ ။ ကြက်သွန်ဖြူ ၊ ငရုတ်သီး နှင့် ငရုတ်ကောင်းများ ညက်ခါနီးရင် ငါးပိထောင်းလေးပါ အနည်းငယ် ထည့်ထောင်းပါ ။ (ငါးပိထောင်း အဆင့်သင့်မရှိပါက ငပိစိမ်းစားကို ဖုတ်ပြီးထည့်လျှင်လဲရပါသည် ။) ကန်စွန်းရွက် ၊ ပုဇွန်ခြောက်မှုန့် အနည်းငယ် နှင့် ခုနက ထောင်း ထားတာတွေ၊ အားလုံးကိုရောပြီး နယ်ပါ […]


နွယ်ပင်December 14, 20101min36813
(29/11/2010) နေ.ကမဟာမြတ်မုနိ ကိုယ်တော်မြတ်ကြီး မျက်လုံးတော်ပွင့်နေစဉ် ဖူးတွေ. ရပုံဖြစ်ပါသည်။ မဟာမုနိ ရုပ်ရှင်တော်မြတ်စွာဘုရား မျက်လုံးတော်ပွင့်သည်ကို မေလ်မှ ပေးပို့ထားတာလေးကို ကြည်ညိုရအောင် မျှဝေခြင်းဖြစ်ပါတယ် ဘုရားရှင်တော် သပ္ပါယ်စွာ ကြည်ညိုဖွယ်ရာ ဖူးမျှော်ကြစို့လား ။ ဒါကတော့ ဓါတ်ပုံလှဲ့စားချက်လည်းဖြစ်နိုင်သလို တစ်ကယ်အမှန်ထူးခြားဆန်းကျယ်တာလဲဖြစ်နိုင်ပါတယ် ယုံကြည်သည်ဖြစ်စေ မယုံကြည်သည်ဖြစ်စေ ပုံတော်ကိုပုံတော်အတိုင်းပဲ ဖူးစေချင်ပါတယ်။


နွယ်ပင်December 13, 20101min1270
မြန်မာနိုင်ငံတွင်းမှနေ၍ သတင်းရေးသားပေးပို ့နိုင်မည့် သူ အလိုရှိသည်။စာနယ်ဇင်းလုပ်သက် အနည်းဆုံး ၃ နှစ်ရှိရမည်ဖြစ်ပြီး ကိုယ်ရေး ရာဇဝင် အကျဉ်း နှင့် တကွ မျှော်မှန်း လစာ နှင့် အတူ freedomnewsgroup@gmail.com သို ့ လျှောက်ထား နိုင်သည်။ သူငယ်ချင်းတစ်ယောက်က မေးလ်ထဲကို လှမ်းပို့ပေးတာနဲ့ စိတ်0င်စားမယ့်သူများအတွက် တင်ပေးတာပါ .. စိတ်0င်စားတဲ့ သူငယ်ချင်းတွေ အတွက် လက်လွှတ်ရမှာဆိုးလို့နော် … နောက်ပြောင်တာ မဟုတ်ပါ …


နွယ်ပင်December 10, 20101min1255
နေအိမ်အကျယ်ချုပ် ကျနေစဉ်အတွင်း ဒေါ်အောင်ဆန်းစုကြည်ကိုယ်တိုင် ကွန်ပျူတာဖြင့် ရေးဆွဲထားသော ပန်းချီကား ရ ကားကို ပို့စ်ကတ် အဖြစ် ယနေ့ စတင် ရောင်းချနေပြီဖြစ်သည်။  ပို့စ်ကတ် တခုလျှင် ကျပ် ၁ ထောင်ဖြင့် စတင် ရောင်းချခြင်းဖြစ်ပြီး ရရှိသောငွေများကို နိုင်ငံရေး အကျဉ်းသား မိသားစုများအား ကူညီရေး၊ HIV/ AIDS ဝေဒနာရှင်များအား စောင့်ရှောက်ရေး စသည့် လူမှုရေး ကိစ္စရပ်များအတွက် အသုံးပြုမည်ဖြစ်ကြောင်း အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် (NLD) လူငယ်တဦးက ပြောသည်။ ပို့စ်ကတ်များကို ယနေ့ ဒေါ်အောင်ဆန်းစုကြည်နှင့် အမေရိကန်နိုင်ငံ အရှေ့အာရှနှင့် ပစိဖိတ်ရေးရာ လက်ထောက် နိုင်ငံခြားရေးဝန်ကြီး မစ္စတာ ဂျိုးဇက် ဝိုင် ယွန်းတို့ တွေ့ဆုံချိန် ဒေါ်အောင်ဆန်းစုကြည်၏ နေအိမ်ခြံအတွင်း လာရောက် […]


နွယ်ပင်December 9, 20101min1060
တရုတ်နယ်စပ် ကျယ်ဂေါင်မြို့ တက်ခန်းဟိုတည်အနီး ခိုးပေါက်မှ မူစယ်ဘက်သို့ ခြံစည်း ရိုးကျော်ဝင်လာသည့် အရပ်သား တစ်ဦးကို ဆင်ဖြူဂိတ်ရဲကင်းမှ ရဲအရာရှိ ဒုရဲအုပ် သန်းလှိုင်က တွေ့ရှိ ရှာဖွေနေစဉ် အဆိုပါ အရပ် သားက “ဓါးပြ ၊ ဓါးပြ” ဟု အော်ဟစ်ခဲ့ကြောင်း အာဏာပိုင်နှင့်နီးစပ်သူ တစ်ဦးက ပြောသည်။ “ရဲက အရပ်ဝတ်နဲ့ပေါ့ဗျာ တက်ခန်းခိုးပေါက်ကနေဝင်လာတဲ့ အရပ်သားရဲ့အိပ်ကို မွေနောက်ပြီးရှာတာပေါ့ အဲဒါ အရပ်သား က ဓါးပြ ဓါးပြဆိုပြီး အကူအညီတောင်းတာပေါ့ ရဲလည်းဘာလုပ်ရမှန်းမသိဘူးဖြစ်သွားတယ် ဖုန်း ဆက်ပြီး ဆင်ဖြူရဲကင်းကို အကူအညီတောင်းမှ ရဲတွေရောက်လာပြီး ဝိုင်းချုပ်ဖမ်းလိုက်တယ် ” ဟုလည်း သူက ဆိုသည်။ ရဲကို ဓါးပြအထင်ဖြင့် အော်ဟစ်ခဲ့သော အရပ်သားမှာ မူစယ်ရဲစခန်းအချုပ်တွင် ယနေ့အထိဖမ်းဆီး ခံထားရကြောင်း […]


နွယ်ပင်December 8, 20101min1151
ဒေါ်အောင်ဆန်းစုကြည် သံဃာတော်များကို သင်္ကန်းကပ်လှူနေစဉ် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ရုံးရှေ့မှာ ယနေ့ နံနက် ၈ နာရီခန့်က သံဃာတော်များကို သင်္ကန်းတစုံစီ ကပ်လှူခဲ့ကြောင်း သိရပါတယ်။ အထွေထွေအတွင်းရေးမှူးချုပ် ဒေါ်အောင်ဆန်းစုကြည်နှင့်ပါတီဝင်များက အပတ်စဉ်အင်္ဂါနေ့တိုင်း ပါတီရုံးချုပ်ရှေ့တွင် ဆွမ်းခံကြွခဲ့ကြတဲ့ သံဃာတော် ၇၈၅ ပါးကို သင်္ကန်းတစုံစီ ကပ်လှူခဲ့ကြပြီး သီလရှင် ၁၁၉ ပါးကိုလည်း တဘက်တထည်စီ လှူဒါန်းခဲ့ကြောင်း ပါတီဝင် တဦးက ပြောကြားခဲ့ပါတယ်။


နွယ်ပင်December 7, 20101min1755
မြန်မာ့ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်က လူမှုရေးဆိုင်ရာ ဖွံ့ဖြိုးရေး လုပ်ငန်းများ ဆောင်ရွက်ရန် ရန်ပုံငွေရှာ ဖွေသည့် အနေဖြင့် ၎င်းရေးဆွဲထားသော ပန်းချီကား ရ ကားကို ပို့စ်ကတ်ထုတ်၍ ရောင်းချသွားမည် ဖြစ်ကြောင်း သတင်းရရှိပါသည်။


နွယ်ပင်December 6, 20101min1897
ယခုအခါတွင် ခင်ညွှန့် ဗွီဒီယို တတိယပိုင်း ဟုဆိုကာ zip ဖိုင်ဖြင့် ဒေါင်းလုပ် လုပ်ယူရန် လင့်ခ်ပေးနေမှုများအား ဒေါင်းလုပ် လုံးဝ မလုပ်ယူရန် သတိပေးအပ်ပါသည်။ အဆိုပါ ဖိုင်သည် ဗိုင်းရ်စ်ဖိုင် ဖြစ်ပါကြောင်း အသိပေးအပ်ပါသည်။ထို zip ဖိုင်များကို ဖွင့်လိုက်ရာတွင် ကွန်ပျူတာ လုပ်ဆောင်မှု စနစ်ကို ဖျက်ဆီးသည့် နည်း ပညာ ပိုးမွှားများ နှင့် တရုတ် Pornography ဗီဒီယိုများ လည်း သိုလှောင်မှု မှတ်ဉာဏ် အပြည့် ကျလာသည်ကို တွေ့ ရှိရပါသည် ။ထိုကြောင့် အဆိုပါ ဖိုင် အား သတိပြုကြပါရန် အသိပေးအပ်ပါသည် ။


နွယ်ပင်December 6, 20101min1765
မန်မာ စစ်အစိုးရ သည် လက်ရှိ နိုင်ငံတွင်း ဖြစ်ပေါ်နေသည့် အင်တာနက်လှိုင်းသစ် လှုပ်ရှားမှုများ ဖြစ်သော အစိုးရ ထိမ်ချန် ထားမှုများ ဖွင့်ချ ဖော်ထုတ် နေမှုကြောင့် အင်တာနက်သတင်း စီစစ်မှုတွင် ပြိုင်ဘက်ကင်း နိုင်ငံတစ်ခု ဖြစ်သည့် တရုတ် နိုင်ငံမှ နည်းပညာ အရေးအပေါ် အကူအညီ ( Emergency Technology Aid) ကို ယူနေရပြီ ဖြစ်ကြောင်း သတင်းရရှိသည်။ ဒီဇင်ဘာလ ၄ ရက်နေ့မှ စ၍ အင်တာနက် သုံးစွဲသူ လူငယ် အချို့သည် ဂူးဂယ် ရှာဖွေရေး အင်ဂျင်၏ အင်တာနက် စာမျက်နှာကို ဖွင့်လိုက်ပါက ယခင်လို www.google.com မပေါ်တော့ဘဲ www.google.cn ဆိုသည် တရုတ် အစိုးရ ၏ […]


နွယ်ပင်December 3, 20101min1421
အနည်းဆုံး အနုပညာရှင် ၁၁ ဦး၏ ဖျော်ဖြေတင်ဆက်မှုနှင့် အင်တာဗျူးများ မပြုလုပ်ရန် နိုင်ငံတဝှန်းရှိ FM အသံလွှင့်လုပ်ငန်း ၈ ခုကို ပြန်ကြားရေး ဝန်ကြီးဌာနက နိုဝင်ဘာလ နောက်ဆုံးပတ်အတွင်း ညွှန်ကြားခဲ့ကြောင်း FM အသံလွှင့်ဌာနတခု အပြောအရ သိရသည်။ ပြန်ကြားရေးဝန်ကြီးဌာနက နိုင်ငံတဝှန်းရှိ FM အသံလွှင့်လုပ်ငန်း အားလုံးသို့ အကြောင်းကြားစာ ပေးပို့ရာတွင် အဆိုတော် ဆောင်းဦးလှိုင်၊ အနဂ္ဂ၊ သံသာဝင်း၊ ကျားပေါက်နှင့် မဇ္ဈိမလှိုင်း ဂီတဝိုင်းမှ Bass တီးခတ်သူ ကိုရဲလွင်၊ ရုပ်ရှင်ဒါရိုက်တာများဖြစ်သည့် မောင်မျိုးမင်း (ရင်တွင်းဖြစ်)၊ မင်းထင်ကိုကိုကြီးနှင့် ချိုတူးဇော်၊ သရုပ်ဆောင် ဦးကျော်သူနှင့် ဇနီး ဒေါ်ရွှေဇီးကွက်၊ စာရေးဆရာမ သန်းမြင့်အောင်တို့၏ သီချင်းများ အသုံးမပြုရန်နှင့် အင်တာဗျူး မလုပ်ရန် ညွှန်ကြားထားသည်ဟု ဆိုသည်။ […]