နွယ်ပင်November 30, 20101min1917
စစ်အစိုးရက ဖမ်းဆီးထားသော လူငယ် အဆိုတော် ဇေယျာသော် အပါအဝင် ၆ ဦး ကို လမ်းမတော်မြို့နယ် တရားရုံးက ယနေ့ ထောင်ဒဏ် ၅ နှစ် မှ ၆ နှစ် အထိ ချမှတ် လိုက်ကြောင်း အကျိုးဆောင်ရှေ့နေနှင့် မိသားစု ဝင်များက ပြောသည်။ မျိုးဆက်သစ် လူငယ်များ အစည်းအရုံး(GW)ခေါင်းဆောင်နှင့် ဟစ်ပ်ဟော့ပ် အဆိုတော်တဦးဖြစ်သူ ဇေယျာသော် အသက်(၂၇) နှစ်ကို နိုင်ငံခြားငွေ ကိုင်ဆောင်မှု ပုဒ်မ ၂၄/၁ အရ ထောင်ဒဏ် ၁ နှစ်၊ တရားမဝင် အသင်းအဖွဲ့ ပုဒ်မ ၆/၈၈ နှင့် ၅ နှစ်၊ စုစုပေါင်း ထောင်ဒဏ် ၆ နှစ် ချမှတ်လိုက်ပြီး ကိုအောင်ဇေဖြိုး၊ ကိုအာကာဗိုလ်၊ […]


နွယ်ပင်November 30, 20101min1916
ယခုလက်ရှိ သ့သယဖြစ်နေသူ (2) ဦး ရန်ကုန် မြို့တော်ခန်းမ အနီးရှိ Star Net အင်တာနက်ဆိုင်အတွင်း ဗုံးထောင်ခဲ့သည်ဟု သင်္ကာမကင်း ဖြစ်ခံရသူ ၂ ဦး၏ ပုံများကို အာဏာပိုင်တို့က ပြောင်းလဲ ထုတ်ပြန်လိုက်သည်။ ပြန်လည်ရုပ်သိမ်းလိုက်သည့် ပုံထဲမှ အမျိုးသား ၂ ဦးမှာ ကုလသမဂ္ဂဝန်ထမ်း ဖြစ်နေသည်ဟု ဆိုသည်။ ပုံ ပြောင်းလဲရသည့် အကြောင်းရင်းကို အာဏာပိုင်တို့က ထုတ်ပြန်ခြင်း မရှိသေးပေ။ ပြောင်းလဲ ထုတ်ဝေသည့် ခပ်ဝါးဝါး ပုံတွင် အမျိုးသား ၂ ဦးကို တွေ့ရသည်။ ထိုပုံကို အင်္ဂါနေ့ ရက်စွဲဖြင့် ထုတ်ဝေသော TRUE NEWS သတင်းဂျာနယ်တွင် ဖော်ပြထားသည်။ ဤသို့ ပုံအပြောင်းအလဲ ပြုလုပ်သော်လည်း အာဏာပိုင်တို့ကို ယုံကြည်ခြင်း မရှိကြောင်း […]


နွယ်ပင်November 29, 20101min31711
၂၀၁ဝ ခုနှစ် နိုဝင်ဘာလ ၂၂ ရက် နံနက် ၁၁းဝဝ နာရီအချိန်တွင် ရုပ်ရှင် သရုပ်ဆောင် ဒါရိုက်တာ ဦးကျော်သူ နှင့် ဇနီးဒေါ်ရွှေဇီးကွက်၊ စာရေးဆရာမ သန်းမြင့်အောင်၊ အဆိုတော် အနဂ္ဂ၊ သံသာဝင်း၊ဟန်ထူးလွင် (ကျားပေါက်) နှင့် ဇနီး၊ ဒါရိုက်တာ မင်းထင်ကိုကိုကြီး စသည့် စာပေ၊ ရုပ်ရှင်၊ ဂီတအနုအညာမောင်နှမများသည် တောင်ဒဂုံရှိ အမျိုးသား ဒီမိုကရေစီ အဖွဲ့ ချုပ် လူငယ်အမျိုးသမီးခေါင်းဆောင် မဖြူဖြူသင်း ထူထောင်ဖွင့်လှစ်ထားသော HIV ရောဂါဝေဒနာရှင်များ နားခိုရာဂေဟာသို့ သွားရောက်လှူဒါန်းခဲ့ပြီး ရက်သတ္တပါတ်အတွင်းမှာပင် အခုလို ပိတ်ပင်ခံရတာ ဖြစ်ပါတယ်။ အနုပညာမောင်နှမများရဲ့ လူသားချင်းစာနာမှု အကြင်နာ၊ ဂရုဏာ၊ မုဒိတာပွားများမှုများကို မြန်မာနိုင်ငံ ဆင်ဆာအဖွဲ့နဲ့ စာပေးစိစစ်ရေး အဖွဲ့က ယခုလို့ တုန့်ပြန်လိုက်တာပဲဖြစ်ပါတယ် […]


နွယ်ပင်November 27, 20101min2281
လူထုနဲ ့ဒေါ်အောင်ဆန်းစုကြည်” အစီအစဉ်ကို အာအက်ဖ်အေက အပတ်စဉ် သောကြာနေ့ ညတိုင်း တင်ဆက်နေပါပြီ။ ဒီ အစီအစဉ်ကနေ ပြည်သူတွေ သိချင်တဲ့ မေးခွန်းတွေကို ဒေါ်အောင်ဆန်းစုကြည် ကိုယ်တိုင် ဖြေကြားပေးမှာ ဖြစ်ပါတယ်။ မေးမြန်းလိုသူတွေ အနေနဲ့ မိမိတို့ မေးခွန်းတွေကို ရန်ကုန်မြို့က အင်အယ်လ်ဒီ ရုံးချုပ်ကို တိုက်ရိုက် ပေးပို့နိုင်သလို၊ အာအက်ဖ်အေကိုလည်း အင်တာနက်ကနေ ပေးပို့ နိုင်ပါတယ်။ အာအက်ဖ်အေ အီးမေးလ် လိပ်စာကတော့ burmese@rfa.org ဖြစ်ပါတယ်။ မးခွန်းတွေကို တိုတိုနဲ့ လိုရင်းသာ ရေးသားစေလိုပါတယ်။ အဲဒီစာတွေကို အင်အယ်လ်ဒီရုံးချုပ်ကို တိုက်ရိုက် ပေးပို့သည်ဖြစ်စေ၊ အာအက်ဖ်အေကို ပေးပို့သည်ဖြစ်စေ၊ အမည် လိပ်စာ နဲ့ ဆက်သွယ်နိုင်မယ့် တယ်လီဖုန်း နံပါတ်တွေကို ဖော်ပြဖို့ လိုပါတယ်။ အဲဒီ တယ်လီဖုန်းနံပါတ်ကို […]


နွယ်ပင်November 27, 20101min40920
နေအိမ်အကျယ်ချုပ် ချခံထားရတဲ့ စစ်ကောင်စီအတွင်းရေးမှူး (၁) ထောက်လှမ်းရေးမှူးချုပ်ဟောင်း၊ ဗိုလ်ချုပ်ကြီးဟောင်း ခင်ညွန့်နဲ့ ရဲချုပ် ဗိုလ်မှူးချုပ်ခင်ရီတို့ တွေ့ဆုံ ဆွေးနွေးကြတာတွေကို ရိုက်ကူးထားတဲ့ ဗွီဒီယိုတခုဟာ နာမည်ကျော် Facebook စာမျက်နှာကတဆင့် ပြည်ပရောက် မြန်မာနိုင်ငံသားတွေအကြား အင်တာနက်ပေါ်မှာ ပြန့်နှံ့နေပါတယ်။ ဘယ်တုန်းက တွေ့ကြတယ်ဆိုတဲ့ရက်ကို အတိအကျမသိရသလို ဘာတွေဆွေးနွေးကြတယ်ဆိုတာကိုလည်း အသံမပါတဲ့အတွက် မသိကြရပါဘူး။ ဗိုလ်ချုပ်ကြီးဟောင်း ခင်ညွန့်ရဲ့ ကမာ္ဘအေးဘုရားနားကနေအိမ်မှာ တွေ့ဆုံကြတာဖြစ်ပြီး အဲဒီနောက် သူ့ကို တခြားနေရာတခုကို ခေါ်သွားခဲ့ပါတယ်။ သူ့ကို ဘယ်နေရာကို ရွှေ့လိုက်တာဖြစ်နိုင်တယ်၊ ဘာအတွက်ကြောင့် ရွှေ့လိုက်နိုင်တယ် ဆိုတာတွေကို ဗိုလ်ချုပ်ကြီးခင်ညွန့်လက်အောက်မှာ အမှုထမ်းခဲ့ဖူးတဲ့ စစ်ထောက်လှမ်းရေး အရာရှိဟောင်းတဦးလည်းဖြစ်၊ အမေရိကန်နိုင်ငံ ဆိုင်ရာ မြန်မာသံရုံးမှာ သံရုံးယာယီတာဝန်ခံအဆင့်ထိ တာဝန်ထမ်းဆောင်ခဲ့ဖူးတဲ့ ဗိုလ်မှူးဟောင်း အောင်လင်းထွဋ်က အခုလို သုံးသပ်ပြပါတယ်။ “ခေါ်သွားတဲ့နေရာကတော့ နောက်ပိုင်းပေါ့လေ။ […]


နွယ်ပင်November 26, 20101min50925
ဗိုလ်ချုပ်မှူးကြီး သန်းရွှေ မိသားစုသည် တန်ဖိုးကြီးစိန် ဝယ်ယူ စုဆောင်းမှု အများဆုံးဖြစ်ပြီး လွန်ခဲ့သည့် ၆ နှစ်တာ အတွင်း ဝယ်ယူသော စိန်တန်ဖိုးမှာ အမေရိကန် ဒေါ်လာ သန်း ၂၀ဝ ထက် မနည်းကြောင်း ရန်ကုန်မြို့ရှိ စိန်ကုန်သည်ကြီး တဦး က ခန့်မှန်း ပြောဆိုလိုက်သည်။ “စိန် တန်ဖိုး ဒေါ်လာ သန်း၂၀ဝ ဆိုတာက ၂၀၀၄ ခုနှစ်လောက်ကနေ ၂၀၁ဝ အထိ ဝယ်ခဲ့တဲ့ ပမာဏကိုပဲ ခန့်မှန်းတာပါ။ ၂၀၀၄ မတိုင်ခင်တုန်းက အခြေအနေကိုတော့ မသိဘူး”ဟု ယင်းကုန်သည်က ရှင်းပြသည်။ ဗိုလ်ချုပ်မှူးကြီး သန်းရွှေ မိသားစုသည် “စိန်” ကို အလွန် နှစ်ခြိုက်သူများ ဖြစ်ကြပြီး စိန် လက်ဝတ် ရတနာများကို ဦးစားပေး […]


နွယ်ပင်November 26, 20101min38321
သျှမ်းပြည်တောင်ပိုင်း လင်းခေအခြေစိုက် ခမရ ၅၇၈ နအဖ တပ်သားတဦးက နောင်လုံကျေးရွာအုပ်စု ဟွေ့ဆင်မ် ရွာသူတဦး၏ မိဘနှစ်ပါးကို ပစ်သတ်၍ (၁၆ နှစ်အရွယ်) မိန်းခလေးအား မုဒိန်းကျင့်ခဲ့သည်ဟု စုံစမ်းသိရှိရပါသည်။ “စနေနေ့ ကလေ ဗမာစစ်သားက ကောင်မလေးကို ဆွဲခေါ်သွားတော့ မိဘတွေဝင်တားလို့ အဲဒီစစ်သားက မိဘ နှစ်ယောက်စလုံးကို သေနတ်နဲ့ ပစ်တော့ ပွဲချင်းပြီးသေတာ။ ကောင်မလေးကို ဆွဲဖမ်းပြီး တခြားနေရာသွား မုဒိန်းကျင့်တယ်။ အဲ့ကောင် အိပ်ပျော် နေတုန်း ကောင်မလေးက ထွက်ပြေးပြီး ရွာလူကြီးတွေဆီ ငိုကြီးချက်မနဲ့ သွား တိုင်တယ်” – ဟု လင်းခေး ဒေသခံ ခေတ်ပညာတတ် လူငယ်တဦးက ပြောသည်။ နိုဝင်ဘာ ၂၁ ရက် လင်းခေးမြို့ပြင် (မိုင်းပန်အထွက်လမ်း) နမ့်အွန်ရွာ အခြေစိုက် […]


နွယ်ပင်November 26, 20101min51935
(25)ရက်နေ့ မနက်တွင် ရွှေဂုံတိုင်ရှိအမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ရုံးရှေ့သို့ နအဖ၏ အာဘော်များကို အထူးရေးသားပေးနေသော (ငါးမင်းဆွေ) ဆိုသူ ရောက်ရှိလာပြီး အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်အထွေထွေ အတွင်းရေးမှုးဒေါ်အောင်ဆန်းစုကြည်နှင့် တွေ့ဆုံလိုကြောင်း အော်ဟစ်ဆန္ဒပြခဲ့သည်။ ၎င်း (ငါးမင်းဆွေ) ရေးသားခဲ့သော မော်နီတာ ဂျာနယ်ပါ ဆောင်းပါးနှင့် ပတ်သက်ပြီး ရှင်းလင်းပြောကြားလိုကြောင်း၊ ဒေါ်အောင်ဆန်းစုကြည်ကြောင့် အနောက်နိုင်ငံများမှ စီးပွါးရေးပိတ်ဆို့ထားမှုအား ဖယ်ရှားပေးစေလိုကြောင်း အော်ဟစ်တောင်းဆိုခဲ့ပါသည်။ ငါးမင်းဆွေအား အမျိုးသားဒီမိုကရေစီရုံးရှေ့သို့ လာရောက်ရန်အတွက် ဖုန်းဆက်ခေါ်ဆိုခဲ့သူမှာ လျှပ်တပြက်ဂျာနယ်မှ နအဖဖော်လံဖား မြတ်ခိုင်၏ သား ဇေယျာမြတ်ခိုင် ဖြစ်ပါသည်။ ငါးမင်းဆွေသည် အဖွဲ့ချုပ်ရုံးရှေ့ ထောက်လှမ်းရေးများထိုင်သော လက်ဖက်ရည်ဆိုင်တွင် ကြိုတင်ရောက်ရှိနေပြီး မော်နီတာဂျာနယ်၊ လျှပ်တပြက်ဂျာနယ်မှ ဇေယျာမြတ်ခိုင်မှ ဖုန်းဖြင့် (အကိုလာလို့ရပြီ၊ အဆင်သင့်ဖြစ်ပြီ) ဟု ပြော၍ လှမ်းခေါ်လိုက်ရာ ငါးမင်းဆွေရောက်လာပြီး ၎င်း၏ ဆောင်းပါးမိတ္တူများ တပွေ့တပိုက်နှင့် စတင်အော်ဟစ်ဆန္ဒပြပါတော့သည်။ […]


နွယ်ပင်November 25, 20101min1637
ရန်ကုန် မြို့တော်ခန်းမ အနီး မဟာဗန္ဓုလ ပန်းခြံလမ်း ပေါ် က အင်တာ နက် ကဖေးဆိုင် တစ်ခု ဖြစ်တဲ့ Net Sky မှာ မပေါက်ကွဲ သေးတဲ့ ဗုံးတွေ တွေ ့ရှိပြီး နောက် အာဏာပိုင်များ က CCTV ကင်မရာကနေ မှတ်တမ်း ယူထား တဲ့ ဗုံး သံသယ ရှိ သူ နှစ်ဦး ရဲ ့ပုံ ကို အင်တာနက် ဆိုင်များ မှာ မကပ်မနေရ လိုက်လံ ကပ်ခိုင်း တယ် လို ့ရန်ကုန် က အင်တာနက် ကဖေး ဆိုင် ပိုင် ရှင် တစ်ဦးက Freedom News Group […]


နွယ်ပင်November 25, 20101min1181
NLD ရဲ့ နိုင်ငံရေး ဦးဆောင်မှုနဲ့ လူငယ်အဖွဲ့ဝင်တွေ ဖွင့်လှစ်ထားတဲ့ တောင်ဒဂုံမြို့နယ် အတွင်းက HIV/AIDS စောင့်ရှောက်ရေး ဂေဟာမှာ နေထိုင်နေကြတဲ့ လူနာတွေဟာ မနက်ဖြန် သူတို့နေထိုင်ခွင့် ဧည့်စာရင်း သက်တမ်း ကုန်ဆုံးတော့မှာ ဖြစ်ပေမဲ့ ဒီနေရာမှာပဲ သူတို့ ဆက်ပြီး နေထိုင်သွားကြဖို့ ဆုံးဖြတ်ထားတယ်လို့ ဆိုပါတယ်။ ဒါ့အပြင် ဒီလူနာတွေကို ကြည့်ရှု စောင့်ရှောက်ပေးနေတဲ့ ဂေဟာဟာ ကျန်းမာရေးဆိုင်ရာ သတ်မှတ်ချက်တွေနဲ့ မကိုက်ညီဘူးလို့ စစ်အစိုးရ သတင်းစာတွေမှာ ရေးသား ဖော်ပြနေတာဟာလည်း မှန်ကန်မှု မရှိတဲ့အကြောင်း ဒီလူနာတွေကို ကြည့်ရှု စောင့်ရှောက်ပေးနေတဲ့ မဖြူဖြူသင်းက ပြောပါတယ်။ အပြည့်အစုံကို ဆက်သွယ် စုံစမ်းထားတဲ့ ကိုဇော်ဝင်းလှိုင်က တင်ပြပေးထားပါတယ်။ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်က မဖြူဖြူသင်းနဲ့ လူငယ်အဖွဲ့ဝင်တွေ ဦးဆောင်ဖွင့်လှစ်ထားတဲ့ […]


နွယ်ပင်November 23, 20101min37315
ဒေါ်အောင်ဆန်းစုကြည်ရဲ့ အတ္ထုပ္ပတ္တိကို ရုပ်ရှင် ရိုက်ကူးရာမှာ မလေးရှားဖွား ဟောလိဝုဒ် သရုပ်ဆောင် မစ်ရှဲယိုးက ဒေါ်စုအဖြစ် သရုပ်ဆောင်ပါမယ်တဲ့။ ရုပ်ရှင်နဲ့ ပတ်သက်လို့ အသေးစိတ် မသတ်မှတ်ရသေးပါဘူး အစီအစဉ်များညှိနှိုင်းနေဆဲဖြစ်ပြီး မလေးရှား နိုင်ငံသားတရုတ်လူမျိုး သရုပ်ဆောင် မီရှဲရိုးကို ရွှေးချယ်လိုက်ကြောင်း ဒေါ်အောင်ဆန်းစုကြည် ဘဝဇတ်ရုပ်ကိုပီပြင်အောင်သရုပ်ဖော် ရိုက်ကူးသွားမည်ဖြစ်ကြောင်း BBC သတင်းဌာနကဖော်ပြသွားပါတယ် ဇာတ်လမ်းနဲ့ ပတ်သက်ပြီး ဘယ်မှာရိုက်မယ် ဘယ်လိုစသဖြင့် မကြော်ငြာသေးပါဘူး ။ ပြောဆိုခွင့်ရှိသူတွေကတော့ ဒေါ်အောင်ဆန်းစုကြည် ရဲ့ ဘဝနဲ့နိုင်ငံရေး အတွေ့ကြုံတွေကို အခြေခံသွားမယ်လို့ ထုတ်ဖော်ပြောဆိုသွားပါတယ် ။ လက်ရှိတော့ ဒီမျှပဲ သိခွင့်ရခဲ့ပါတယ် ယနေ့ရိုက်ကူးရန် သတင်း စတင်ခဲ့တာဖြစ်လို့ ဆက်လက်ထူးခြားပါကတင်ဆက်သွားပါ့မယ် ။ BBC သတင်းဌာနရဲ့ သတင်းများမှ ဗိုလိချုပ်နေဝင်း ခေတ်မှစတင်ပြီး သတင်းများကို စုစည်းပြီး ဇာတ်လမ်း […]