OnyxOctober 25, 20121min28417
၁။” မြန်မာနိုင်ငံမှာ လျျှပ်စစ်မီးတွေပိုလျှံလို့ တိုင်းတစ်ပါးကိုတောင် ရောင်းချနေရပါတယ်” ဦးဇော်မင်း (မြန်မာနိုင်ငံ လျှပ်စစ်မီးအကြောင်းပြောကြားခြင်း) ၂။”မိုးတွေရွာတော့မယ်ဆိုတော့ မီးမှန်ဖို့နီးလာပါပြီ” ဦးကိုကိုလှိုင်(မီးပျက်နေသည့်အတွက် ဖြေရှင်းချက်ထုတ်ခြင်း) ၃။ “လဝက ကလာဘ်စားလို့မရတဲ့ ဌာနတစ်ခုပါ” ဦးခင်ရီ (လဝကအကြောင်းရှင်းလင်းခြင်း) ၄။ “ခိုးဝင်လာတဲ့ ဘင်္ဂလီမရှိပါဘူး” ဦးခင်ရီ (တရားမဝင်ခိုးဝင်သည့် ဘင်္ဂလီရှိ/မရှိ မေးခွန်းအပေါ် ဖြေရှင်းချက်ထုတ်ခြင်း) ၅။ “မြန်မာနိုင်ငံရဲ့ အလုပ်လက်မဲ့ က ၄ ရာခိုင်နှုန်းဖြစ်ပါတယ်” ဒေါက်တာမောင်မောင်သိမ်း(ကြွေးမြီနှင့် အလုပ်လက်မဲ့ စာရင်းဖြေရှင်းချက်ထုတ်ခြင်း)   အဲလိုအဲလို ပြောတဲ့ သူတို့ စကားတွေက အမှန်တွေလားမသိလို့မေးတာပါ…………Onyx


OnyxMay 31, 20121min26411
မနေ့က.. နေတွေအရမ်းပူလို့တဲ့ မီးမလာတော့ဘူး ..အဲဒါရှော်တာ တရုတ်ကြီးက ကေဘယ်တာဝါထောင်ပြီးခေါ်သွား .. နေပြည်တော်မှာ မီးအမြဲလာပြီးပျော်ပါး .. ဓာတ်အားပေးရုံးကကောင်.. ဆော့ကစား မီးလာချိန်တောင် အရူးကွက်နင်းပြီ းဖြတ်တာအတော်များ .. … ဒီနေ့… တရုတ်ကြီးဘာတွေတွေးလဲမသိ.. မြန်မာပြည်ပြသဒါး Dam ဆောက်ခွင့်မပေးနိုင်ဘူး .. မြစ်ဆုံကနေထွက်သွား ငါတို့ရဲ့ ..ပက်ကြားအက် မဂ္ဂါဝပ် ..စူပါဂလူးနဲ့ပြ န်ကာကပ်ထား ပြည်သူချဉ်ဖတ်.. ဟိုလူကြီးက ..လက်ညိုးထိုးကာ ရောင်းစား .. နင့်လုပ်ရပ်များ… ရပ်တန်းကရပ်မလား .. မရပ်ရင်ထွက်သွား တရုတ်ပြည်ကိုသွား.. အဖေခေါ်ကျက်စား.. ပြန်မလာရင်အကောင်းဆုံးပဲ.. မြန်မာ့လျှပ်စစ် အကြောင်းကိုအသိဆုံးတဲ့ မဂ္ဂါဝပ် အပိုတွေရောင်းဦးမတဲ့.. ဘယ်ကုလားကို Dam ပါမစ်ပေးဦးမလဲ အစိုးရသီတင်းစာ.. မဂ္ဂါဝပ် တွေအရမ်းပိုလို့တဲ့.. ဓာတ်တွေလိုက်သဗျ.. လိမ်ချင်တိုင်းလိမ်နေရအောင်.. ပြည်သူတွေအရူးလား ဂျပန်တွေလို […]


OnyxMay 8, 20121min16112
ဒီတစ်ခါလဲ ပဲ တော်တော်လေးကို ဆိုးလွန်းပါတယ်ဗျာ ။ ဖြစ်ပုံက ဂလိုပါ ။ နေပြည်တော်ကို အလုပ်ကိစ္စနဲ့ သွားတာက နေ စတာ ။ ဆေးကုမ္မဏီ မှာ အလုပ်ဝင်ပြီး နေပြည်တော်ကို အလုပ်ကိစ္စနဲ့ သွားသွားနေရတာပါ ။အဲဆေးကုမ္မဏီဆိုတော့ ကား အစားအသောက်နဲ့ ဆေးဝါး ကွပ်ကဲရေးရုံး (၄၇)ကို ပေါ့ဗျာ။ ဆေးဝါးတွေ လိုက်စင် လျှောက်တာ သက်တန်းတိုးတာ စတာတွေပါ ။ တစ်ရက် ဆေးဝါးစီစစ်ခ တို့Assement Fees /Registration Fees တွေကို FEC နဲ့ သွင်းရတယ် ခင်ဗျ ။အဲမှာ စတွေ့ တော့တာပဲ အမြင်မတော်တာတွေကို ….. ပိုက်ဆံတွေကို(FEC)  ဒီအတိုင်း သွားသွင်းလို့ မရဘူးတဲ့လေ ။ ဒါနဲ့ […]


OnyxMay 2, 20121min1057
မီးမလာ အညာတစ်ခု” ♫♪မီးစက်သံတညံညံပေးတဲ့နေရာလေးတွေ ♫♪ပြေးကာကြည့်ရင်သတိရနေတယ်ကိုဇော်မင်းရေ ♫♪တို့များမှောင်နဲ့မည်းမှာခြင်တွေကိုက်ပါလို့ရယ်♫♪ယပ်တောင်ပိုက်ကာ ♫♪အိုက်စပ်နေရတာတွေလေ♫♪မေ့နိုင်ပါမလားမင်းရဲ့ပိုတဲ့မဂ္ဂါဝပ်မီးတွေ ♫♪အညာကြီးအညာလေးတွင်တွင်ပေး♫♪တို့ဘဝအခြေကကြိမ်းကာမောင်းကာ ♫♪ခြောက်ကာလှန့်ကာအညာတွေပေး♫♪ဆရာသမားရဲ့လှိမ့်လုံးလေးတွေ ♫♪နွေများရောက်ခဲ့ပါရင်လေ♫♪မီးများပြတ်လို့တို့တတွေဒုက္ခရောက်နေ ♫♪မင်းသိပါလေစလေ♫♪ ♫♪တို့နိုင်ငံ လွတ်တော်တွင်းက ကိုဇော်မင်းရေ. ♫♪မင်းကတော့ မီးရမှာပါလေ..♫♪ ♫♪တောကြားတောင်ကြား နယ်အများ.. တို့များအတွက် မီးကို ဖြတ်လို့လေ.. ခွဲတမ်းနဲ့ နေ နေရပါသလေ..♫♪ မှတ်ချက်။       ။သိပြီးသားဖြစ်ရင်လဲ ဖြစ်မှာပါ အနော့်ရဲ့ တစ်ယောက်သော သူစီကနေရတာပါ သူ့ကို ခွင့်တောင်းပြီးတော့ MG မှာ တင်မယ်လို့ပြောပြီး ယူထားတာတော့ တော်တော်လေးကြာနေပါပြီ ။ အခုမှ မီးတွေက ခဏခဏလာနေတော့ (ခဏခဏပျက်လို့ ခဏခဏ လာတာပါ) မှ တင်လိုက်ရတာ ဖြစ်ပါကြောင်း…..


OnyxApril 29, 20121min22919
ဒီပိုစ်ကို တင်မယ်တင်မယ်နဲ့ လုပ်နေတာ ကြာပါပြီ ။ ဒီကြားထဲ ခရီးပါ ထွက်လိုက်ရတော့ ပိုပြီး ကြာသွားပါလေရော ဖြစ်ကြောင်းအစက ဂလိုပါ …………. ရန်ကုန်မှာ နေပြီး ဘတ်စ်ကား စီးပြီး ရုံးတက်ရတဲ့ လူတွေ နေစဉ် လိုလိုကြုံတွေ့နေကြ ပါ ။ ရုံးတက်ရုံးဆင်း ဆို မီးပွိင့်တွေမှာ ကားတွေက ပိတ်တာ တော်ရုံနဲ့ မလွတ်နိုင်ပါဘူး တစ်ခါတစ်ခါဆို မီးပွိင့်မှာ နှစ်ခါ သုံးခါ လောက်ကို ပြန်မိ နေတက်ပါတယ် ။သာမန် သူလိုကို လို ရုံးတက် မမှီတာတို့ ကားလမ်းပိတ်လို့ အိမ်ပြန်နောက်ကျ တာကတော့ ဘာမျှ မပြောလိုပါဘူး ။ဘာလို့ဆို ထွက်ချိန်ကို မိနစ် ၂ဝ နာရီဝက်လောက်စောထွက်ရင်လွတ်နိုင်သေးတယ်မဟုတ်ပါလား ။အဲဒါက ထားတော့ မီးပွိင့်မှာ […]


OnyxApril 22, 20121min1179
ကျွန်တော်နေတဲ့ မြို့နယ်က ရေပေးရေး ရေကို အားလုံးမရတဲ့ နေရာလေးပါ။ အဲလိုနေရာတွေမှာ ရေစက်ကြီးများကိုသာ အားထားနေရသူတွေပါ။ အခုချိန်ထိအောင်ကို သူများစီကနေ ရေကိုဝယ်သုံးရနေသူတွေအများကြီးလဲ ရှိပါသေးတယ် အဲလိုရပ်ကွက်တွေမှာ ရေရဖို့ဆို ရင် မီးကို အချိန်ပြည့်နီးပါရမှသာ အဆင်ပြေကြတာပါ။ သောက်ရေသုံးရေတွေက အစပေါ့ မီးရှိမှ အဆင်ပြေကြတာပါ။သင်္ကြန်တွင်းမှာ မီးကို အချိန်ပြည့် ပုံမှန်ရနေတော့ အတော်လေးကိုစိတ်ချမ်းသာမိပါတယ် ။နို့သိပ်တော့မခံပါဘူး သင်္ကြန်လဲ တက်ကရော မီးပါ ပါသွားလေသလားအောင်းမေ့ရတယ် လားလား မီးများပျက်ချက်က 9လောက်ကိုရှိပါကောလား ။ မနေ့ကဆို သန်းခေါင်မှ မီးလာလို့ ရေစက်ကို ဘေးအိမ်တွေအားနာနာနဲ့ပဲ တင်လိုက်ရပါတယ် ။ မနက်ရောက်တော့မှ တောင်းပန်ရတော့တာပေါ့ ။ ဒါပေမဲ့ ဘေးအိမ်ကလူများက နားလည်မူပေးလို့ တော်သေးရဲ့ နို့ပေမဲ့ သူတို့လဲ ရေရှည် ဆို သီးခံနိုင်ပါမလားပေါ့။ […]


OnyxApril 5, 20121min13515
ကျွန်တော် မဟူရာ ကနေပြည်တော်ကို အလုပ်နဲ့ တစ်လကို နှစ်ခါလောက်တော့ အမြဲ သွားဖြစ်သူပါ ဟိုတည်တွေမှာ ဈေးကြီးလို့ သူငယ်ချင်းကျေးဇူးကြောင့် စည်ပင်ဧည့်ရိပ်သာ ဆိုတာကို တည်းဘူးသွားပြီး ဈေးနှုန်းလဲ သင့်တယ် သန့်ရှင်းမှုလဲ ရှိတယ်ဆိုပြီး သွားတိုင်း အဲမှာပဲ တည်းဖြစ် တာပါ။ တစ်ခါတော့တည်း နေတုန်းညဘက်ကြီး ကို အဆောင်ပြောင်းပေးရမယ်တဲ့ အခန်းမလွတ်ရင် ပေါင်းတည်းပေးရမယ် လို့ပြောလာတယ်။ ဒါနဲ့ ဘာကြောင့်လဲလို့ မေးတော့ ကြံဖွတ်က လူတွေလာမှာမို့ ဖယ်ပေးရမယ်တဲ့လေ ။ အဲဒီညက ဘုံပျောက်ပြီး (အခန်းက မရတော့တာပါ) ကောင်တာမှာပဲ အိပ်လိုက်ရတော့တယ် ။ ပိုက်ဆံလဲ ပြန်မရဘူး ။ ရွာသူားများသာ စဉ်းစားကြည့်ပါတော့ ။ တစ်ခြားမှာ သွားတည်းဖို့ ဆိုတာကလဲ ည သခေါင်ကြီး မို့ […]