padonmarFebruary 26, 20121min63516
ငြိမ်သက်သွားသော ကိုယ်တွင်းပိုး – ရှူံးနိမ့်မှုများနဲ့.. လူ ကို မန့်ရင်းက FR လိုပဲ ရှည်သွားလို့ တစ်ကြောင်း ဖတ်မိကြစေချင်တာကတစ်ကြောင်း Post အသစ်ရေးတင်လိုက်ပါတယ်။ ရှုံးလူက မြန်မာတွေကြားမှာ သန့်ရှင်းအောင်လုပ်တဲ့ ကိုရှူံး ရန်တောင် အရှာခံရလို့ ကိုရင်ရှူံးသည်ကား လမ်းတွင် မြန်မာများနှင့် တွေ့လျင်သော်မျှ နှုတ်ဆက်ပြုံးပြခြင်းပင် မပြုတော့ပေ။ ပါတဲ့။ သူကြီးကလည်း သူ့လက်စွဲ နှစ်လုံးပြူးကြီးထုတ်ပြီး ပြောနေကျ စကားပြောတော့တာပဲ။ kai says: ယူအက်စ်မှာ.. မြန်မာအများဆုံးနေတာ.. လော့စ်အိန်ဂျလိစ်တဝိုက်မှာပါ..။ ကမ္ဘာ့အကောင်းဆုံးဒီမိုကရေစီစနစ်အောက်.. အဆင်ပြေပြေ.. ဆယ်စုနှစ်ချိုးချပြီးနေလည်း.. မြန်မာဟာ..မြန်မာပဲဖြစ်နေတာ.. တွေ့ရတယ်လေ..။ … အချက်အလက်.. သက်သေနဲ့ပြလို့ရတာတွေ.. အများကြီးပါပဲ..။ ဒီမှာမွေးလာတဲ့.. ဒုတိယမြန်မာ-အမေရိကန်မျိုးဆက်နဲ့ကို.. အဆင်မပြေ..အစေးမကပ်ဖြစ်တော့တာပဲ..။ မိဘနဲ့သားသမီးမှာတင်.. ပြသနာက.. တက်နေလေရော… ဆိုတော့… ? ဦးပါလေရာကလည်း […]


padonmarFebruary 25, 20121min136021
အဲဒီကနေ တရားရိပ်သာတွေမှာ တရားအားထုတ်ဖြစ်လာတော့ ရိပ်သာထဲနေစဉ်ရော ရိပ်သာက အပြန်မှာပါ ကိုယ်နေတဲ့ နေရာပတ်ဝန်းကျင်သာမက ကိုယ်တက်ခဲ့တဲ့ အိမ်သာတွေကိုပါ သန့်ရှင်းရေးလုပ်တဲ့ အကျင့်လေးကျင့်သုံးခဲ့ပါတယ်။ သံသရာကြွေး မပါစေချင်လို့ပါ။ ဘာသာရေးသင်တန်းတွေ တက်ဖြစ်တဲ့အခါမှာလည်း သင်တန်းဖော်တွေနဲ့ အတူ သင်တန်းရဲ့ အိမ်သာတွေ အပတ်စဉ်ကုသိုလ်ယူ ဆေးဖြစ်ကြပါတယ်။ ဆေးသာဆေးရတယ် ဒီအိမ်သာတွေဟာ သုံးသူတွေကလည်း စည်းကမ်းရှိကြတော့ ဖုံတင်တာ ဖိနပ်ရာထင်တာတွေလောက်ကိုသာ သန့်အောင် ကြွေရောင်တောက်အောင် ဆေးပေးရတာမျိုးပါ။အရမ်းညစ်ပတ်နေတာမျိုးမရှိပါဘူး။ (ဒီနေရာမှာ စကားအတင်းစပ်ရရင် သဂျီးပြောပြောနေတဲ့ ဘာသာရေးကြောင့် ဒီတိုင်းပြည်ကလူတွေ စိတ်ဓာတ်ပျော့ညံ့လာတယ်ဆိုတဲ့ သဘောမမှန်ကြောင်း ပြချင်ပါတယ် ၊ရိပ်သာတွေ ၊ဘာသာရေးသင်တန်းကျောင်းတွေကို ရောက်လာတဲ့သူတွေ အားလုံးနီးပါးဟာ အလိုလို စည်းကမ်းလိုက်နာတတ်သူများဖြစ်လာတယ်ဆိုတာ အခြား အများသုံးအိမ်သာတွေနဲ့ ယှဉ်ကြည့်ရင် သိသာပါတယ် ၊နောက်ပြီး ရိပ်သာမှာ ဘာသာရေးသင်တန်းမှာ အာဟာရဒါနကြွေးတဲ့အခါ လုယက်ယူတာမရှိပါဘူး၊တစ်ယောက်နဲ့တစ်ယောက် ညှာတာကြတာတွေ […]


padonmarFebruary 24, 20121min89420
နောက်ထပ် မှတ်မှတ်ရရ ဆေးဖြစ်ခဲ့တဲ့ အိမ်သာလေးကတော့ လက်ခုပ်ကုန်းဘုန်းကြီးကျောင်းက အိမ်သာဖြစ်ပါတယ်။ ရောက်ခဲ့တဲ့ အချိန်ကတော့ ကျွန်မ ဆေးကျောင်းနောက်ဆုံးနှစ် အပိုင်း(ခ)မှာ ခြေလျင်တောင်တက် အသင်းနဲ့ ခရီးထွက်စဉ်ကပါ။ ရန်ကုန်တစ်ဖက်ကမ်း ဒလကနေ ကွမ်းခြံကုန်းမြို့ အရောက် ခရီးရှည် လမ်းလျှောက်ပြီး ကွမ်းခြံကုန်းအထက်တန်းကျောင်းမှာ ညအိပ်ကြပါတယ်။ မနက်ကျတော့ ကွမ်းခြံကုန်းကနေမှ မော်တော်စီးပြီး လက်ခုပ်ကုန်းကိုသွားကြပါတယ်။လက်ခုပ်ကုန်းရောက်တော့ ဘုန်းကြီးကျောင်းမှာတစ်ညနား၊ ည မီးပုံပွဲလုပ်ပြီး နောက်တစ်နေ့ နေ့လည်ပြန်ကြပါတယ်။ အတန်းကြီးငယ်အားလုံး လူ၂၀ဝ လောက်မှာ မိန်းကလေး ၁၀ဝ ကျော်ပါပါတယ်။ အဲဒီ ၁၀ဝ ကျော်အတွက် အိမ်သာ ၂ လုံးရှိပါတယ် ။ရေကို အင်တုံလေးနဲ့ ထည့်ပြီး သုံးရတဲ့ ရေလောင်းအိမ်သာမျိုးပါ။ ကျွန်မတော့ အဲဒီအိမ်သာဝင်ကြည့်ပြီး ဝမ်းချုပ်သွားပါတယ်။ ပြဿနာက ပြန်ခါနီး တည်းခဲ့တဲ့နေရာကို သန့်ရှင်းရေးပြန်လုပ်ပေးရတော့ […]


padonmarFebruary 23, 20121min69222
ကျွန်မတို့ငယ်ငယ်က တစ်မြို့လုံးမှာ ပြေးကြည့်လို့မှ ကား၃စီးပဲရှိတဲ့ နယ်မြို့လေးမှာနေပါတယ်။ တစ်စီးက ဘုရားလှည့်ရင်သုံးတဲ့ ဘုရားကားပါ ။နောက်တစ်စီးက မီးသတ်ကားပါ ၊နောက်ဆုံးတစ်စီးက မိလ္လာသိမ်းတဲ့ -ျီးကားပါ။ ဟုတ်ပါတယ်။ကျွန်မတို့မြို့မှာ အိမ်သာတွေက ပုံးအိမ်သာလို့ခေါ်ပါတယ်။ အခုခေတ်ကလေးတွေတော့ မြင်ဖူးမယ်မထင်ဘူး။ သစ်သားဇလားတွေကို အိမ်သာအောက်မှာထားပါတယ်။ နှစ်ရက်သုံးရက် တစ်ခါလောက် မိလ္လာကျုံးတဲ့သူဟာ ပုဆိုးခါးတောင်းကျိုက်၊ဦးထုပ်ငိုက်ငိုက်ဆောင်း ၊မျက်နှာမှာ ပုဆိုးပိုင်းကို နှာခေါင်းပါးစပ်လုံအောင်အုပြ်ပီး ပေါက်တူးတစ်လက်၊လက်ဆွဲပုံးတစ်လုံးနဲ့ အိမ်ကြားကနေ အိမ်နောက်ဖေးဝင် အိမ်သာအောက်ဇလားထဲက အညစ်အကြေးတွေကို လက်ဆွဲပုံးထဲထည့်ပါတယ်။ အခု ဆရာတော်ကြီးတွေရဲ့ အဋ္ဌကထာမြန်မာပြန်တွေမှာပါတဲ့ ပန်းမှိုက်သွန် ဘင်ကျုံးသမားသည် ရလာမည့် အခကြေးငွေကို မျှော်မှန်း၍ အညစ်အကြေးသိမ်းခြင်းကို ဝမ်းမြောက်ဝမ်းသာလုပ်သကဲ့သို့ ဆိုတဲ့ဥပမာဟာ ကျွန်မလိုတောသူအတွက်တော့ ကွက်ကွက်ကွင်းကွင်းပါပဲ။ အဲဒီပုံးထဲက မိလ္လာတွေကို မိလ္လာကားပေါ်က ပုံးကြီးတွေထဲထည့်ပြီး ကားက မြို့ပတ်သိမ်းပါတယ်။ပြီးမှမြို့ပြင်ကတွင်းထဲ သွားသွန်ပါတယ်။ ညနေစောင်း အဲဒီကားကြီးမြို့ပတ်ရင် […]


padonmarFebruary 21, 20121min47716
၁၉ . ၂ . ၂၀၁၂ ည ကျိုက်ဝိုင်းဘုရားပွဲတော် ဈေးတန်း၌ ပိုက်ဆံအိတ်တစ်လုံး ကောက်ရထားပါသည်။ မအေးအေးအောင် သရတောကျေးရွာ တွံတေး ( အသက်- ၃၁ – နှစ်ခန် ့) ၏မှတ်ပုံတင် ပါသည်။ သက်ဆိုင်သူသည် မှတ်ပုံတင်နံပါတ်နှင့် ပါဝင်သော ပစ္စည်းများဖော်ပြ၍ စက်ရုံမှူး မမိုးဝါ ( Tri Diamond အထည်ချုပ်စက်ရုံ) ကျိုက်ဝိုင်းဘုရားအနီး ဖုန်း – ၆၆၅၃၆၈ ထံ တွင်ဆက်သွယ်ရယူနိုင်ပါသည်။


padonmarFebruary 20, 20121min158944
ကိုဘလက်က အလုပ်ပေးထားတာ အိမ်သာတက်ရင်း သေသွားရတဲ့အကြောင်း ဖြေပေးဖို့။ ကျွန်မက အဲဒါလေး အကြွေးထားပြီး အိမ်သာ version တစ်ခုရေးချင်ပါတယ်။ တီချာနုက ကိုသစ်ရဲ့ post တစ်ခု မှာ မန့်တဲ့အထဲ (ဒီစာရေးထားတာကြာတော့ နည်းနည်း အလှမ်းဝေးသွားပါတယ်) အင်မတန်ပြည့်စုံတဲ့ လေဆိပ်ကအိမ်သာမှာတောင် ဆိုတာလေးရေးသွားတော့ မကြာခင်ကရောက်ခဲ့တဲ့ လေဆိပ်အိမ်သာလေးသတိရမိပါတယ်။ ကျွန်မတူမလေး ပြန်လာတာကို သွားကြိုရင်း အချိန်ကလည်းစောသေး၊ရာသီဥတုကလည်းအေးတော့ ဝိတ်လျှော့ဖို့ လေဆိပ်အိမ်သာကိုသွားမိပါတယ်။ (ဒီနေရာမှာကြုံလို့ ကိုပေါက်စကားလိုကြွယ်ပြရရင် ကျွန်မက စားသောက်ဆိုင်အသစ်တစ်ခုခုသွားရရင်ဖြစ်စေ၊ မရောက်ဖူးတဲ့နေရာကို အကဲခပ်ချင်ရင်ဖြစ်စေ အိမ်သာကို သွားကြည့်လေ့ရှိပါတယ်။ ရှေ့မှာဘယ်လို ပန်းအိုးတွေ အလှပြထားပါစေ အိမ်သာ သန့်သန့်လေးမှမရှိတဲ့ နေရာကို အထင်မကြီးချင်ပါဘူး။ ( ဒီလိုရေးပြလို့ ကျွန်မကို အိမ်လည်ခေါ်ဖို့တော့ မတွန့်ကြနဲ့နော်၊မကြည့်စေချင်ရင် မကြည့်ပါဘူး):D အိမ်သာက ကျွန်မစိတ်ထင် ၆ […]


padonmarFebruary 16, 20121min141749
ဒီနေရာမှာ double click လုပ်ပါ၊Excel File နဲ့ ဇယားလေးတွေ့ပါမယ်။ SayaHtet တလောက အမျိုးသမီးတစ်လောက်က အဝလွန်နေတယ် ဆရာထက် ဆီမှာ အဆီကျဆေးမရှိဘူးလားမေးပါတယ်။အမျိုးသမီးက အဝလွန်နေပါတယ်။ ဆိုက္ကားမဆန့်အောင်ဝတာပါ။ ကျွန်တော်က အဆီအဆိမ့်ရှောင်ဖို့ ပြောပါတယ် သွေးတိုးရောဂါနဲ့ နှလုံးသွေးကြောကျည်းရောဂါ၊ ဆီးချိုသွေးချိုရောဂါတွေရလာနိုင်ကြောင်းပြောတော့ နှလုံးသွေးကြောကျည်းတယ် သွေးတိုးတယ်လို့ ဖြေပါတယ်။ တကယ် အဆီကျချင်သူတွေက ဆေးထက် မိမိကိုယ်ကို ဂရုစိုက်ရပါမယ်။ အစားအသောက်ကို ဆင်ခြင်ရမယ်။နံနက်စာကို ၁၂နာရီမထိုးမှီစားပြီး ညနေစာကို လျှော့စားရပါမယ် နောက် လမ်းလျှောက်တာလည်း လုပ်ရပါမယ်။ အိပ်တာလည်း ဆင်ခြင်ရပါမယ်။အဓိကတော့ ဝမ်းမှန်ဆီးမှန်ပြီးအားလုံးသမမျှတမူရှိနေရပါမယ်။ ကိုယ်တိုင် ဆင်ခြင်မူ မရှိဘဲ ဆေးအားကိုးရုံနဲ့ တော့ မရနိုင်ပါဘူး။တအားအိပ် တအားစား အဆီအဆိမ့်တွေစား၊ နေရင် လည်း ဘယ်လိုမှ မပိန်နိုင်ပါဘူး။နောက် အမျိုးသမီးကိစ္စတွေ မှန်ကန်နေရပါမယ်။ဓမ္မတာကိစ္စမှန်ကန်မျှတနေရမယ်။ဒါကြောင့်တိုင်းရင်းဆေးအနေနဲ့တော့ […]


padonmarFebruary 16, 20121min2696
ပြည်သူ့ရင်ပြင်မှာ သာသနာနှစ် ၂၆၀ဝ အထိမ်းအမှတ် တရားအလှူပေးဖို့ ပြင်ဆင်နေတာတွေ တွေ့ရတော့ နိဗ္ဗာန် အကျိုးမျှော် နှိုးဆော်လိုက်အုံးမယ်လို့ ကင်မရာစုတ်ကလေးဆွဲပြီး လမ်းလျှောက်ထွက်ခဲ့ပါတယ်။ တရားဟောစင်မြင့်ကြီး ပြင်ဆင်နေဆဲပါ ။ပြည်သူ့ရင်ပြင် နေရာကျယ်ကြီးဆိုတော့ ပရိသတ်ပေါင်းများစွာ နာယူနိုင်ပါတဲ့ နေရာကောင်းပါပဲ ။နေရာရွေး စိတ်ကူးရတဲ့သူ၊တရားပွဲမတည်တဲ့သူ ၊ဝေယျာဝစ္စကူသူတွေကို သာဓုခေါ်မိပါတယ်။ ရွေတိဂံဘုရားကြီးကို မျက်နှာမူပြီး တရားနာရမှာ ကြည်နူးစရာပါ။ ပုံမှာပါတဲ့အတိုင်း ဖေဖော်ဝါရီ ၁ရ ရက်ကစလို့ ၅ည တိုင်တိုင် ည ရနာရီခွဲ စပါမယ်တဲ့။ တရားဟောဆရာတော်တွေကလည်း အသိရော အကျင့်ပါ လေးစားလောက်တဲ့ ဆရာတော်ကြီးတွေပါ။ ၁ရ ရက်နေ့- ယောဆရာတော်ကြီးဟာ တိပိဋကဆရာတော်ကြီး ဖြစ်ပေမယ့် ပါဠိတွေ မရွတ်ပဲ အများနားလည်စေဖို့ မြန်မာလို ရှင်းရှင်းလေးတွေကို ကဗျာလေးတွေနဲ့ နားဝင်အောင် ဟောလေ့ရှိပါတယ်။ ၁၈ရက်နေ့- […]


padonmarFebruary 14, 20121min175945
ချိုချင်ရင် အနီရွေးပါလို့၊ အဆိမ့်လေး အဖြူပါ ပဲပြုတ်လည်းလာ၊ နံနံသာ ထည့်ပါတော့မနှေး၊ နှမ်းထောင်းပါ မကျန်ရတယ်ကွယ်၊ ပျားသလက်တဲ့လေး။ မြန်မာ့စားစရာတွေပုံ ပြက္ခဒိန်ထုတ်ချင်တယ်လို့ သူကြီးစာဖတ်ရတော့ မြန်မာ့ရိုးရာစစ်စစ် မုန့်ပျားသလက်(မုန့်ပျစ်စလက်လို့လည်း ခေါ်တတ်ကြတယ်လေ)ကို သတိရမိပါတယ်။ ဒါနဲ့ စမ်းချောင်းမဟာဘောဂလမ်းက ရွှေရည် လက်ဖက်ရည်ဆိုင်မှာ ရောင်းတဲ့ မုန့်ပျားသလက်သည်လေးကို သွားရိုက်လာပါတယ်။ ပုံကတော့ မကောင်းပါဘူး။ ကလေးမလေးကိုလည်း လုလင်လို သရုပ်မဆောင်ခိုင်းတတ်တော့ ပုံက လှလှပပ မထွက်လာဘူး၊ idea လေးပေးချင်တာပါ။ဒါ့ပုံဆရာတွေ ရိုက်ပေးကြပေါ့။ မရေးတတ်ပဲရေးထားတဲ့ ကဗျာကိုကဗျာဆရာတွေကတော့ ရီမှာပဲ။ ကဲ ဘာပဲဖြစ်ဖြစ် မုန့်လုပ်နည်းလေး ရေးဖူးတယ်ရှိအောင် အိမ်တွင်းမှုစာအုပ်ကကူးပေးမယ်။ (ဂီဂီကပြောတယ်လေ ဦးမာတို့ဦးကြာတို့က မုန့်လုပ်နည်း၊ဇာထိုးနည်းတွေ မရေးလို့ သများတို့ ခြောက်ရပါတယ်တဲ့) တရားခံမဖြစ်အောင် လိုင်းပြောင်းမယ်ရွာစားရေ။ လူ၂ဝဦးစာမုန့်ပျားသလက်လုပ်နည်း ဆန်ကြမ်း နို့ဆီဘူး ၄လုံး […]


padonmarFebruary 11, 20121min115626
အဲဒီလို ခပ်ချာချာ ကျွန်မကားမောင်းသွားတုန်း ပြဿနာလေးတစ်ခုနဲ ့တိုးပါတယ် ။ ၄လမ်းသွား လမ်းမတစ်ခုပေါ်မှာ မီးပွိုင့်ကအထွက် ဖြေးဖြေးလေးမောင်းနေတုန်း ရေသန့်လှည်းလေးတစ်စီးက လမ်းဖြတ်ကူးဖို့ လမ်းလယ်မှာ ခပ်စောင်းစောင်းလေးရပ်ထားပါတယ်။ ပလက်ဖောင်းဘေးမှာ ကားတွေကလည်း ရပ်ထားပါတယ်။ အဲဒီအချိန်ကျွန်မရဲ့ ညာဖက်က တက်စီ တစ်စီးဟာ အရှိန်ပြင်းပြင်းနဲ့ ကျွန်မကို ကျော်တက်ဖို့ပြင်ပါတယ်။ လမ်းကလည်း ကျဉ်းတော့ ကျွန်မကို သူဝင်တိုက်မှာစိုးပြီး ကျွန်မကားကို အရှိန်လျော့ပေးလိုက်တဲ့အပြင် ကားခေါင်းကိုပါ နည်းနည်းတိမ်းလိုက်မိပါတယ်။အဲဒီမှာ ရေသန့်လှည်းလေးရဲ့ ထိပ်ကို ကားတံခါးဘေးနဲ့ သွားပွတ်မိပါတော့တယ်။ ကားကလည်း ရှင်းတော့ ကျွန်မ လမ်းလယ်မှာတင်ရပ်ပြီး မှန်ချကြည့်လိုက်ပါတယ်။ ရေသန့်လှည်းတွန်းတဲ့ ချာတိတ်(၁၈နှစ်လောက်ရှိမယ်ထင်ပါရဲ့) က အန်တီကလည်း ကျွန်တော်က ရှောင်ပေးထားတာကိုလို့ အပြစ်တင်ပါတယ်။ ၊အေးအေး ဆောရီးပါသားရယ်။ဘာဖြစ်သွားသေးလဲဆိုတော့ ကျွန်တော့ ရေဘူးတွေ ပြုတ်ကျကုန်ပြီတဲ့။ ဒါနဲ့ကျွန်မလည်း ကားကို […]


padonmarFebruary 9, 20121min173441
အခုခေတ်လူငယ်တွေရဲ ့ မျက်စိရှေ့ကို ရောက်မယ့် ဒီလိုနေရာမျိုးမှာ ကိုယ်ချာတဲ့အကြာင်း ရေးရမှာ အမှန်တော့ ရှက်မိပါတယ် ။ ဒါပေမယ့် လောကကြီးမယ် ငါလိုချာတဲ့ အဖွားကြီးတွေ လည်းရှိအုံးမှာပါဘဲ ။ လူငယ်တွေဘက်က ခပ်ချာချာ အဖွားကြီးတွေပေါ် ညှာတာမှုလေးရှိစေချင်လို့ရယ် ၊ကိုယ်အပြစ်ကိုယ် ဝန်ခံချင်လို့ရယ် ဒီစာလေး ရေးလိုက်မိပါတယ် ။ ခုလိုတိုးတက်နေတဲ ့ခေတ်ကြီးမှာ လူတိုင်းဟာ အင်္ဂလိပ်စာအခြေခံ ၊ ကွန်ပျူတာအခြေခံ ၊ အိမ်သုံးလျှပ်စစ်ပစ္စည်းသုံးစွဲနည်းအခြေခံ ( ဖြစ်နိုင်ရင်တော ့ရုံးသုံးပါပေါ ့ ) ၊ အိမ်သုံးဆေးဝါးအခြေခံ ၊ ရေကူးခြင်း အပြင် ကားမောင်းလေးပါတတ်သင် ့တယ်လို ့ကျွန်မယူဆပါတယ် (သတိ- ကားပိုင်ရှိဖို ့ပြောခြင်းမဟုတ်ပါ ။ ) ကျန်တာတွေကို ဝ လုံးတန်းကနေ ကကြီးခကွေးတန်းရောက်အောင်လေ […]


padonmarJanuary 23, 20121min64858
သီချင်းလေးတစ်ပုဒ်ကို ကြားဖူးကြပါလိမ့်မယ်။ မိန်းကလေးလက်ရေးသီရင် ခွင့်လွှတ်စေချင်တဲ့။ သူ့ချစ်သူကို ပေးတဲ့ မေတ္တာစာလေးမှာ သူ့ရဲ့ လက်ရေး ကသီကရီလေးကို အပြစ်မမြင်စေချင်ပါဘူးလို့ တောင်းပန်ထားတဲ့ သီချင်းကလေးပါ။ လက်ရေးကနေ လူတစ်ယောက်ရဲ့ စိတ်နေစိတ်ထားကို အကဲခတ်လို့ရတယ်ဆိုတဲ့ ပညာရှင်တွေလည်းရှိပါရဲ့။ ကျွန်မပြောချင်တဲ့ လက်ရေးကတော့ အဲဒီလို ချစ်ခြင်းမေတ္တာနဲ့ စိတ်နေစိတ်ထားအကြောင်းတွေ မဟုတ်ရပါဘူး။ ကိုယ်ရေးလိုက်တဲ့ စာဟာ လှတာမလှတာထက် ဖတ်ရှုသူရဲ့ သဘောပေါက် နားလည်မှုရရှိဖို့ အဓိကလို့ပြောချင်ပါတယ်။ လက်ရေးမလှလို့ စာမေးပွဲ တစ်ခုမှာ ကျွန်မဆုမရခဲ့တဲ့ အဖြစ်လည်းကြုံခဲ့ဖူးပါတယ်။ ဒီနေရာမှာ ကာတွန်းတွေနဲ့တောင် လှောင်ပြောင်ခံရတဲ့ “ဆရာဝန်လက်ရေးပီသဖို့ သူများ ဖတ်မရအောင်ကျင့်ရေးနေတယ်” ဆိုတာလေးနဲ့ ပတ်သက်ပြီးပြောချင်ပါတယ်။ ဆေးကျောင်းသားတွေ လက်ရေးဆိုးရတာ အကြောင်းရှိပါတယ်၊ ကျောင်းသားတွေ ဆယ်တန်း(ကျွန်မတို့ကတော့ Regional college ) အထိ ဖတ်စာအုပ်တွေ အဆင်သင့်နဲ့ […]


padonmarJanuary 8, 20124min885108
ရွှေဘိုသားရဲ့ အမျိုးဂုဏ်ကို မဖျက်ဆီးပါနဲ့ ကိုဖတ်ရတော့ ရွှေဘိုသားကိုလည်း ထောက်ခံပေးရင်း စိတ်ထဲက ဖြစ်စေချင်တာလေးတွေ post တစ်ခုတင်ချင်ပါတယ်။ လွန်ခဲ့တဲ့ ၁-၂ လလောက်က ဂျာနယ်တစ်ခုထဲမှာ ဒါရိုက်တာ ကြည်ဖြူရှင် စင်္ကာပူမှာ ရုပ်ရှင် သင်တန်းတက်ပြီး ပြန်အလာ အင်တာဗျူးဖြေထားတာလေး ဖတ်လိုက်ရပါတယ်၊ ကြည်ဖြူရှင်က စင်္ကာပူမှာ သူ မြန်မာဝတ်စုံဘဲတောက်လျှောက် ဝတ်ခဲ့ပါတယ်တဲ့။ ဒီလိုဝတ်တဲ့အတွက် သူ့ကို မြန်မာမှန်းသိပြီး အကူအညီတောင်းရင် အလွယ်တကူရခဲ့ပါတယ်တဲ့။ အရင် ကြည်ဖြူရှင့် ဓာတ်ပုံတွေ မဂ္ဂဇင်း ဂျာနယ်တွေမှာတွေ့ဖူးတာ သူလည်း ခေတ်ရဲ့ သမီးပျိုလေးပီပီ ဘောင်းဘီနဲ့ တီရှပ်နဲ့ အလုပ်လုပ်လို့ လွယ်ကူမယ့် ပုံစံဝတ်ဆင်တာတွေ့ဖူးပါတယ်။ နိုင်ငံခြားထွက်တဲ့အခါ မြန်မာဝတ်စုံလေး အသားပေးပြီး ဝတ်တယ်ဆိုတော့ သူ့စိတ်ဓာတ်ကလေး ကျွန်မတော့ ချီးကျူး မဆုံးပါဘဲ။ ဒါနဲ့ တဆက်တည်း […]