padonmarFebruary 23, 20111min1400
ပွင့်သောပန်းတိုင်း.. လန်းစေချင်.. (၃) by May Aye Oo on Thursday, September 23, 2010 at 10:35am သူကလေးကတော့ မနှစ်က သီတင်းကျွတ်ကျောင်းပိတ်ရက် မြန်မာပြည် အလယ်ပိုင်း မကွေးတိုင်း၊ ပခုက္ကူ ခရိုင် က `မြိုင်´ မြို့ကလေးမှာ ကလေးယဉ်ကျေးလိမ္မာသင်တန်း ဖွင့်တုန်းက တွေ့ခဲ့ရတဲ့ ၆ တန်းကျောင်းသူလေး ပေါ့… ကျမတို့ ၂၀၀ဝ အဖွဲ့ရဲ့ ကလေးယဉ်ကျေးလိမ္မာသင်တန်း ဆိုရင် ဘယ်မှာဘဲဖွင့်ဖွင့် ကလေးတွေက တအား ပျော်ကြတာ ထုံးစံပါဘဲ.. ယဉ်ကျေးလိမ္မာသင်တန်း ဆိုပေမဲ့ ယဉ်ကျေးလိမ္မာ ဖို့ တရားတော်လာ အကြောင်း အရာ တွေနဲ့ လောကနီတိ သက်သက် တင် မကဘဲ.. ကျန်းမာရေးစစ်ပေးတယ်၊ ကျန်းမာရေး […]


padonmarFebruary 22, 20111min1350
ပွင့်သောပန်းတိုင်း.. လန်းစေချင်.. (2) by May Aye Oo on Wednesday, September 22, 2010 at 3:27pm သည်ကလေးကိုုစတွေ့ခဲ့တာတော့ Nargis အပြီး.. နောက်ဆက်တွဲ ပညာရေး အကူအညီပေးနေတဲ့ အချိန်ပေါ့.. အဲဒီနေ့က .. ၃ဝ နိုဝင်ဘာလ ၂၀၀၈ …။ သူက ၁ဝ တန်းကို ၂၀၀ရ မှာ အောင်ခဲ့တာပါ။ ဂုဏ်ထူး ၃ ဘာသာနဲ့ပေါ့။ ရန်ကုန်၊ မြောက်ဥကလာ ဆေး (၂) မှာ တက်နေတာပေါ့။ တစ်ဦးတည်းသောသားပါ။ မိဘများက သူတို့မြို့ရဲ့ ဈေးကလေးထဲ မှာ ထမင်းဆိုင် ဖွင့်ထား တယ် လေ။ ဆင်းရဲ ပေမဲ့ ရိုးရိုးကုတ်ကုတ်နဲ့ သားကလေးရဲ့ […]


padonmarFebruary 22, 20111min1631
ပွင့်သောပန်းတိုင်း.. လန်းစေချင်.. (1) by May Aye Oo on Wednesday, September 22, 2010 at 9:47am သည်ကလေးကိုမြင်တိုင်း ခွန်အားတွေရတယ်။ သူ့ကိုစတွေ့ခဲ့တုံးကပေါ့…. အဲဒီနေ့က ဒီဇင်ဘာ ၆ ရက် ၂၀၀၉ ပေါ့.. .. မနေ့ညက နယ်က မိတ်ဆွေဆရာတစ်ယောက်က အိမ်ကိုဖုန်းဆက်တယ်လေ၊ `ဆရာမရေ.. ဒီမှာကလေးတစ်ယောက်၊ ဒီနှစ် ၁ဝ တန်းကို အမှတ်ပေါင်း ၄၁၄ မှတ် ရထားတာ၊ ဒါပေမဲ့ ကျောင်းဆက်တက်ဘို့ မတတ်နိုင်လို့ ဆရာမရေ၊ ကူညီနိုင်မလားလို့ပါ။´ `သူ့မိသားစုအခြေအနေက ဘယ်လိုရှိလဲ ဆရာ´ `Nargis မှာ သူ့အဖေနဲ့ အစ်မနဲ့ ဆုံးသွားတယ်၊ အမေကလဲ ဘာမှလုပ်မစားတတ်ဘူးလေ၊ အဲဒါ .. ကျဘမ်း […]


padonmarFebruary 21, 20111min31712
ပွင့်သောပန်းတိုင်း.. လန်းစေချင်.. (၁၁) by May Aye Oo on Monday, February 21, 2011 at 8:42am ဖိုးတုတ်၊ ဆိုက္ကား နဲ့ တစ် လေးလုံး … … ၁၉-၂-၁၁ စနေနေ့က ရွှေပြည်သာ၊ မြိုင် သီလရှင်သင် ပညာရေးကျောင်းကို ရောက်ပါတယ်..။ ဖိုးတုတ်ကလေးကို အလှူ ရှင် တွေ လှူထားတဲ့ နို့မှုန့်တွေ သွားပို့တာပါ..။ ခုတလော ခရီးစဉ်တွေများနေတာနဲ့ ကလေးတွေ အတွက် ပြီးခဲ့တဲ့ လ က ပို့ထားတဲ့ နို့မှုန့်တွေများ.. ကုန်သွားပြီလားလို့ စိတ်ပူနေမိတာမို့၊ ဒီတပါတ် ဘယ်ခရီးမှ မသွားဖြစ်တုန်းလေး၊ အမြန် သွားပို့တာပါ..။ ဟိုတလော..က ဆရာလေးများနဲ့ တရားပွဲ ကိစ္စ […]


padonmarFebruary 8, 20111min36712
ကျွနိမနေတဲ့နေရာက အထူးကုဆေးရုံတွေနဲ့ နီးတော့ ambulance တွေ အမြဲတွေ့နေရပါတယ်၊မနက်ရုံးတက်ချိန် နဲ့ ညနေရုံးဆင်းချိန်တွေမှာ မီးပွိုင့်ကားကျပ်နေရင် ambulance ့ကလည်းsiren မြည်နေပါရက်နဲ့ ဘယ်ကားမှလမ်းဖယ်မပေးကြပါဘူး၊ ကားထဲမှာအရေးကြီးလူနာပါရင်လဲပါနေမယ်၊လူနာကို ဆေးရုံခေါ်ဖို့ သွားတာလဲ ဖြစ်ရင်ဖြစ်မယ်၊ ဘာဘဲဖြစ်ဖြစ် လမ်းဖယ်ပေးသင့်ပါတယ်၊ မော်တော်ပီကယ်ကလဲ လမ်းမရှင်းပေးပါဘူး၊ သူများတိုင်းပြည်တွေမှာ Ambulance အသံကြားတာနဲ့ ကားအားလုံးလမ်း တစ်ဖက်ကပ်ပေးကြတာ တွေ့ဖူးပါတယ်၊ ambulance ၊မီးသတ်ကားတွေဟာ လမ်းပြောငိးပြန်တောင် မောင်းခွင့်ရှိတယ်လို့ ကြားဖူးပါတယ်၊ ambulance ထဲမှာပါတဲ့ လူနာဟာ ကိုယ့်ဆွေမျိူးဆိုရင် လမ်းဖယ်မပေးတဲ့ ကားပိုင်ရှင်တွေ ဘယ်လိုလုပ်ကြမလဲ၊ကိုယ်နဲ့လက်လှမ်းမီသူတွေကို အသိပညာပေးပေးကြစေလိုပါတယ်၊