Customize Consent Preferences

We use cookies to help you navigate efficiently and perform certain functions. You will find detailed information about all cookies under each consent category below.

The cookies that are categorized as "Necessary" are stored on your browser as they are essential for enabling the basic functionalities of the site. ... 

Always Active

Necessary cookies are required to enable the basic features of this site, such as providing secure log-in or adjusting your consent preferences. These cookies do not store any personally identifiable data.

No cookies to display.

Functional cookies help perform certain functionalities like sharing the content of the website on social media platforms, collecting feedback, and other third-party features.

No cookies to display.

Analytical cookies are used to understand how visitors interact with the website. These cookies help provide information on metrics such as the number of visitors, bounce rate, traffic source, etc.

No cookies to display.

Performance cookies are used to understand and analyze the key performance indexes of the website which helps in delivering a better user experience for the visitors.

No cookies to display.

Advertisement cookies are used to provide visitors with customized advertisements based on the pages you visited previously and to analyze the effectiveness of the ad campaigns.

No cookies to display.


padonmarNovember 12, 20134min86320
ဒီတခါတော့ သူတို့ဆီမှာလည်း မကောင်းတာတွေ တွေ့ပေမယ့် (မူးလဲနေတာ၊လမ်းပေါ်တံတွေးထွေးသွားတာ၊လမ်းဘေးဈေးဆိုင်တွေပိတ်တာ၊ဈေးတင်ရောင်းတာ…စတာတွေတွေ့မိပေမယ့် အနည်းစုဖြစ်တော့ ကိုယ့်ဆီမှာက အများစုဖြစ်တာလေ)ကောင်းတာ အားကျမိတာလေးတွေပဲ ပြောပြချင်ပါတယ်။ (၁)လေ့လာရေးနဲ့ မျိုးချစ်စိတ် သူတို့နန်းတော်ကို သွားကြည့်တော့ ကျောင်းသားလေးတွေ အဖွဲ့လိုက်လာလေ့လာကြတယ်။ကျမတို့သွားတာ သောကြာဆိုတော့ ကျောင်းပိတ်ရက်မဟုတ်၊ကျောင်းတွေက စီစဉ်ပြီးလွှတ်တာဖြစ်မယ်။မူကြိုအရွယ်၊မူလတန်းအရွယ်၊အလယ်တန်းအရွယ်၊အထက်တန်းအရွယ် အစုံပါပဲ။အဲဒီကျောင်းသားတွေကို ဝင်ကြေးသက်သက်သာသာခွင့်ပြုသတဲ့။ ကျမတို့ရဲ့ ကျောင်းတွေကကော ကျောင်းသားလေးတွေကို နန်းတော်၊(မန္တလေးဆိုရင်ပေါ့)အမျိုးသားပြတိုက်၊သမိုင်းဝင်ခံတပ်စသည်တွေကို လိုက်ပြပြီး အမျိုးသားရေးစိတ်ဓာတ်တက်ကြွအောင် လုပ်ဖူးကြပါသလား။လုပ်ဖူးခဲ့ရင်လည်း မလုပ်တာ ဘယ်လောက်များကြာကြပါလိမ့်၊နောင်ကိုရော လုပ်သင့်တယ်လို့များမထင်ကြဘူးလား။ သူတို့ဆီမှာ သူတို့ထွက်ကုန်တွေပဲ အများဆုံးသုံးတာတွေ့မိတယ်။ကားဆို ကိုရီးယားထုတ်တွေပဲများတယ်။ဂျပန်ကားဆိုတာအရည်အတွက်နည်းနည်းပဲ တွေ့မိတယ်။ သူတို့ တရုတ်နဲ့ ဂျပန်ကို မုန်းလို့ တရုတ်ပစ္စည်း၊ဂျပန်ပစ္စည်း မသုံးချင်ဘူးထားတော့၊အမေရိကန်ကို အထင်ကြီးကြပေမယ့် မိုဘိုင်းဖုန်းဆိုင်တွေထဲလည်း Apple ကို သွားမိသမျှလမ်းတွေမှာ ရှားရှားပါးပါး ၁ဆိုင်ပဲမြင်မိတယ်။ မိတ်ကပ်ဆိုလည်း သူတို့မိတ်ကပ်က အရည်အသွေးကောင်းပြီး ဈေးချိုပါတယ်လို့ တွင်တွင်ကြော်ငြာတာပဲ။ကိုရီးယားမလေးတွေက သူတို့ကိုရီးယားမိတ်ကပ်ပဲ […]


padonmarNovember 10, 20132min64219
ဒီတခါတော့ ကကြီးအကြောင်းမှာ နည်းပညာတွေမပါတော့ဘဲ တွေ့ရာမြင်ရာ ရေးပါတော့မယ်။ ကျမက နိုင်ငံစုံရောက်နေ ရောက်ဖူးတဲ့ သူတွေအတွက်ထက် နို်င်ငံအပြင်မထွက်ဖူးတဲ့ ကျမလိုမျိုး တောသူားလေးတွေအတွက် ရည်ရွယ်ရေးပါတယ်။ မမှန်တာတွေ့လည်း ဝိုင်းပြင်ပေးကြပါ. ၁ဒေါ်လာကိုမြန်မာငွေ ၉၇ဝ ကျပ်=၁၀၄ဝ ကိုရီးယားဝမ် ဆိုတော့ သိပ်မကွာလှဘူးလို့ နားလည်ပြီး တွက်ဖတ်ပါနော်။ (၁)ပထမဆုံးပြောပြချင်တာကတော့ ကိုရီးယား Immigration ပါ။ အပြန်မှာ ကျမရဲ့ ပတ်စပို့ကိုယူ ဓာတ်ပုံနဲ့ လူတူမတူကြည့်ရင်း Oh!Myanmar လို့ရွတ်ပါတယ်။ Do you know Myanmar? လို့ ပြန်မေးလိုက်တော့ Of course လို့ ပြုံးပြုံးကြီး ပြန်ပြောပါတယ်။ ပြုံးပေမပေါ့၊လေယာဉ် တဝက်လောက်က မြန်မာတွေချည်း ဖြစ်နေပြီလေ။ (၂)တနေ့ သင်တန်းကနေ ဟိုတယ်ပြန်တော့ ကိုရီးယားမိတ်ဆွေက တက်စီကို ငှားပေးလိုက်ပါတယ်။ […]


padonmarNovember 9, 20134min72518
ကိုးနတ်ရှင် မျက်နှာသာ မပေးတော့ တတို့နှစ်တို့ ၁ပုဒ်နဲ့ ၁ပုဒ် က ဆက်တိုက် မတင်နိုင်ဖြစ်နေပါတယ်။ ဒီတခါ ပြောပြချင်တာကတော့ KITECH (Korea Institute of Industrial Technology)ကိုရီးယား စက်မှုနည်းပညာသိပ္ပံ အကြောင်းပါ။ (Institute ကို သိပ္ပံလို့ပဲ ပြန်လိုက်ရပေမယ့် မှန်ရဲ့လားလို့ စိတ်ထဲ သိပ်ဘဝင်မကျမိဘူး။ထားပါတော့၊စကတည်းက ဘေးချော်သွားမှာစိုးလို့) သူကလည်း ကဏ္ဍအစုံရှိပါတယ်။1989 မှာ စတင် တည်ထောင်ပြီး ဌာနခွဲ Branch ရ ခုရှိပါတယ်။ကျမတို့က အထည်အလိပ်နဲ့ ပတ်သက်ပြီး လေ့လာဖို့ သွားရတာဆိုတော့ အထည်အလိပ်နဲ့ ပတ်သက်တဲ့ ကဏ္ဍကိုပဲ ရှင်းပြကြပါတယ်။ကျမတို့ကို သူတို့ ဌာနအကြောင်း Videoနဲ့ ရှင်းပြတဲ့ထဲမှာတော့ သူတို့ရဲ့ ဖက်ရှင်ဒီဇိုင်နာ Rick Lee ရဲ့ New York […]


padonmarNovember 2, 20131min106041
မရွှေပုဟာ ကျမထက် အသက်၂နှစ်ခွဲကြီးတဲ့ အမဖြစ်ပါတယ်။ ဒါပေမယ့် ငယ်ငယ်ကတည်းက သူ့ကို နင်ငါနဲ့ပဲ ပြောဖြစ်လာပါတယ်။ သူတို့ အသက်တန်းတွေမှာ အပုဆိုတဲ့ နာမည်တွေ သိပ်ခေတ်စားခဲ့ပါတယ်။ ယောကျင်္ားလေးတွေလည်း အပု၊မောင်ပု၊ကိုပုတွေ အများကြီးပါ။ မိန်းကလေးတွေထဲလည်း အပု၊အပုလေး၊မိပု လို့ ချစ်စနိုးခေါ်ခံရတဲ့ နာမည်ရှင်တွေ တော်တော်ပေါပါတယ်။ ကျမတို့ အိမ်နားမှာကို သူနဲ့ရွယ်တူ ကျား ၁၊ မ ၁၊ အပုတွေရှိပါတယ်။ အဲတော့ သူများနဲ့ကွဲအောင် ကျမအမကို ကျမတို့အိမ်က မရွှေပုလို့ ခေါ်ကြပါတယ်။ သူက ကျမနဲ့ မတူ၊အလွန် သဘောကောင်း သည်းခံတတ်တဲ့သူပါ။ ကျမလည်း ခပ်အအ ထဲပါပေမယ့် ကိုယ်အတာ လူမသိအောင် ဟန်လုပ်တတ်ပါတယ်။ သူကတော့ သူအတဲ့အကြောင်း မဖုံးမဖိတတ်ပါဘူး။ ငယ်ငယ်တုံးက ကျမတို့ အဖေက ကုန်ဖိုးပိုက်ဆံတွေရေခိုင်းပါတယ်။သူက […]


padonmarOctober 27, 20136min79622
တတို့နှစ်တို့မူပိုင် ဦးပါကို ဒီကပဲခွင့်တောင်းပါတယ်။ ကိုယ်ပြောပြချင်တဲ့ အကြောင်းအရာက ပိုင်ပိုင်နိုင်နိုင်ထဲထဲဝင်ဝင် ပညာရှင်လို သိတာမဟုတ်ပဲ Observer လေ့လာသူတယောက်အနေနဲ့သာ မှတ်မိသလောက်သညာနဲ့ တို့ရမှာဖြစ်လို့ ပိုသိတဲ့သူတွေက ဝင်ရေးပေးသွားကြစေလိုပါတယ်။ ကျမ မကြာမီက သွားလေ့လာခဲ့ရတဲ့ Korea Apparel Testing & Research Institute (KATRI) အကြောင်း ဗဟုသုတလေး မျှဝေချင်လို့ပါ။ KATRI အကြောင်းအပြည့်အစုံကတော့ သူ့ website မှာသွားဖတ်ကြည့်လို့ရပါတယ်။ http://katri.re.kr/navi/page.do?page=/Eng/introduction/greetings ကျမကတော့ ကျမမြင်တာလေးတွေ ဝေဖန်လေကန်မှာပါ။ Apparel ဆိုတဲ့စကားက ကျမတို့နဲ့ နည်းနည်းစိမ်းနေတတ်ပါတယ်။ လူတွေဝတ်တဲ့ အဝတ်အထည်သာမက ဖိနပ်၊ခြေအိတ်၊ခေါင်းစည်း၊လည်စည်း၊ဆံပင်စည်း စသည် တကိုယ်လုံးတွက် ဆိုလိုပါတယ်။ KATRI က အဲဒီပစ္စည်းတွေအားလုံးကို စနစ်တကျ စစ်ဆေး၊လက်မှတ်ထုတ်ပေးတဲ့၊သုတေသနတွေလုပ်ပေးတဲ့ ကိုရီးယားအဖွဲ့အစည်းပါ။ ကိုရီးယား ပြည်တွင်းစစ်က 1955 […]


padonmarOctober 14, 20131min96344
ကျမမှာ တူမချော ၁ဝယောက်ရှိပါတယ်။ (သတိ…ဒီပို့စ်မှာ ကွန်မန့်ပေးရင် ဒီအကြောင်းမပါရ) တူမအကြီးဆုံး ချိုက Photographer ပါ။ ဂဇက်က ဒါ့ပုံဆြာကြီးတွေလောက်နီးနီး တော်ပါတယ်။ (သူရိုက်တဲ့ပုံတွေ ရွာထဲမှာ တွေ့ဖူးကြပါတယ်) သူက ကျမတို့ဖက်လို ရုပ်မဆိုးပဲ သူ့အမေ ကျမ ယောင်းမနဲ့တူပြီးတော်တော်ချောသူပါ။ (ကြွားတယ်ထင်လည်း ကြွားတယ်ပေါ့အေ ) ဟိုတလောက သူ့အောက်က ဒုတိယ တူမလေး တုံတုံ မင်္ဂလာဆောင်ပါတယ်။ ပထမတူမ တယောက် မင်္ဂလာဆောင်တုံးက ဓာတ်ပုံ စိုင်းဘုန်းထူးနဲ့အဖွဲ့က ဓာတ်ပုံရော ဗွီဒီယိုပါ ရိုက်ပေးပါတယ်။ ကျမတို့ အမျိုးတွေ အများကြီးကို တဖွဲ့ပြီးတဖွဲ့ စိတ်ရှည်လက်ရှည်ရိုက်ပေးသလို ထွက်လာသမျှ ဓာတ်ပုံတွေ အကုန်လှနေပါတယ်။(လူတွေလှလို့ဖြစ်မှာပေါ့နော်) ဒီတခါတော့ သတို့သားဖက်က စီစဉ်တာဖြစ်လို့ စိုင်းဘုန်းထူးမခေါ်ဖြစ်ပဲ နောက်ဓာတ်ပုံဆိုင်တဖွဲ့ကို ခေါ်ဖြစ်ပါတယ်။ မင်္ဂလာဆောင်ပွဲများစွာ ပရော်ဖက်ရှင်နယ်ရိုက်နေကျဆိုင်ဆိုတော့ […]


padonmarAugust 8, 20131min95323
ဒီနေ့ ဖွဘုတ်ကို ဖွင့်ပြီး မန်းဂဇက်ရွာသားများမှာ ဝင်ကြည့်လိုက်တော့ ရွာသားတစ်ယောက်တင်ပေးထားတဲ့ မုံရွာမြို့ ဇောတိကကျောင်းတိုက်အတွင်းရှိ၊ ရတနာမုနိစေတီတော်ရှေ့ ရဟန်းတစ်ပါး ကိုယ့်ကိုကိုယ် မီးရှို့၍အဆုံးစီရင် သတင်းလေးဖတ်လိုက်ရပါတယ်။ Ref & Credit: Mizzima News in Burmese မမြင်ဝံ့စရာ ဓာတ်ပုံကိုလည်း တွေ့လိုက်ရပါတယ်။ အရွယ်ရောက်ပြီး လူကြီးတစ်ယောက်အတွက် စိတ်မချမ်းသာရုံမှအပ ဘယ်လိုမှ မနေပေမယ့် အင်တာနက်ကြည့်သူ ကလေးလေးတွေ ၊ လူငယ်လေးတွေ ၊အသည်းငယ်သူတွေတွက် မြင်ရတာ စိတ်ချောက်ခြားစရာဖြစ်မှာပါပဲ။ ဒီလို ပုံကို တင်တဲ့အတွက် ဘယ်သူ့မှာ အကျိုးရှိမှာပါလဲ. တကယ်ပဲ သတင်းမှန်ပါလို့ သက်သေပြတာဖြစ်ပေမယ့်လို့ အဲဒီသတင်းမှန်က ဘယ်သူ့ကို အကျိုးပြုနိုင်မှာပါလဲ… တွေးကြည့်တာတော့ အဖြေမထွက်လာပါဘူး။ မကြာသေးမီကလည်း ကြံခင်းက ရဲတစ်ဦး ကြိုးဆွဲချ သတ်သေတဲ့အကြောင်းသတင်းမှာ အနီးကပ်ဓာတ်ပုံနဲ့ တင်ပြထားတာတွေ့ရပါတယ်။ […]


padonmarAugust 5, 20131min131048
Siren ဆိုတဲ့ အရေးပေါ်ဥဩသံကို လူနာတင်ယာဉ်(Ambulance)၊မီးသတ်ကား၊ရဲကားတွေ အရေးတကြီးသွားရတဲ့အခါမှာ ကားခေါင်မိုးပေါ် မီးနီမီးဝါတွေ ဖွင့်ပြီး ဥဩဆွဲလို့ သွားတာ တွေ့ဖူးကြားဖူးကြမှာပါ။ Siren အသံက လူနာတင်ယာဉ်မှာ သုံးတဲ့ အသံက တစ်မျိုး၊မီးသတ်ကားသံက တစ်မျိုးဖြစ်ပြီး ရဲကားသံကတော့ လူနာတင်ယာဉ်အသံနဲ့ တူတယ်လို့ထင်ပါတယ်။ တခါတလေ VIP လမ်းကြောင်း ရှိတဲ့အခါ၊(နိုင်ငံတော်အကြီးအကဲသွားလာရာ)သို့မဟုတ် နိုင်ငံတော်ရဲ့ အထူးဧည့်သည်တော်တွေ လမ်းကြောင်းမျိုးမှာလည်း ရှေ့ပြေးမော်တော်ဆိုင်ကယ်တွေမှာ အရေးပေါ်ဥဩသံဆွဲပြီး သွားကြတာတွေ့ရပါတယ်။ ဘယ်လိုအခါမျိုးမှာပဲဖြစ်ဖြစ် ှSiren အသံကြားရင် အရေးတကြီးသွားလာရမယ့် ဦးစားပေးအကြောင်းအရာ ဦးစားပေးသင့်တဲ့သူ ဒီကားထဲမှာပါလာပါလားလို့ လူတိုင်းသိကြပါတယ်။ သို့သော် အခုတွေ့တွေ့နေရတာက VIP လမ်းကြောင်းဆိုရင်တော့ မဖယ်ပေးရင် ကို်ယ့်ကို အန္တရာယ်ပေးနိုင်တာ သိတဲ့အတွက် အလျင်အမြန် လမ်းဘေးချပေးတတ်ကြပေမယ့် အခြားအရေးပေါ်ကားတွေကိုတော့ လမ်းဖယ်ပေး တိမ်းပေးဖို့ သိတဲ့သူ အလွန်နည်းနေပါသေးတယ်။ (လူတိုင်းလို့တော့ […]


padonmarAugust 1, 20131min51910
ဆရာ ဦးသိန်းအုပ်ကျော်မြင့် ရဲ့ Facebook က Share လာပါတယ်။ မူရင်းကတော့ မြန်မာနိုင်ငံဆရာဝန်အသင်းက ဒေါက်တာ ခိုင်စိုးဝင်းရေးထားတာပါ။ အကြိမ် (၆၀)မြောက် ဆရာဝန်ညီလာခံ ရက် အတိအကျ သတ်မှတ်လိုက်ပါပြီ။ ဖွင့်ပွဲ ရက်က ၂၀၁၄ ဇန်နဝါရီလ ၁၁ ရက် ပါ .. ဖွင့်ပွဲ အပြီးမှာ ပညာရေးအစီအစဉ် မဆက်သေးပါ .. နေ့လည်ပိုင်းမှာ နှစ်ပတ်လည် အစည်းအဝေး နဲ့ ညပိုင်းမှာ ဂုဏ်ပြုညစာစားပွဲ ကျင်းပပါမယ် ဇန်နဝါရီလ ၁၂ ရက်နေ့မှာ ပညာရေးရာအစီအစဉ် စ ပါမယ် .. ၁ရ ရက်နေ့အထိ ပိတ်ရက် မရှိပါ ဂေါက်ရိုက်ပြိုင်ပွဲကို အဲဒီနေ့မှာပဲ လုပ်ဖြစ်ပါမယ် .. အခြား အားကစားများကို ဇန်နဝါရီလ […]


padonmarJuly 25, 20131min121932
ဒုတိယအကြိမ် ဂဇက်ကွန်ဖရဲင့်စ်ကြီးလည်း အောင်အောင်မြင်မြင်ပြီးသွားပါပြီ။ ပွဲအတွက် အလှူငွေ ဝိုင်းဝန်းထည့်ဝင်ကြတဲ့သူတွေနဲ့ ရွာသူားတွေ အားလုံးအတွက် ငွေစာရင်းရှင်းတမ်းလေး တင်ပြပါမယ်။ ဆရာအံက ဘယ်လိုပင် သင်သော်လည်း ကွန်ပူတာ ဝလုံးတန်း အဖွားကြီးက ပို့စ်ထဲမှာ ဇယားထည့်နည်း မတတ်ပါဘူး။ exel file နဲ့ တင်ရင် ပိုရှင်းမှာဖြစ်ပေမယ့် အခုတော့ သည်းခံခွေးလွှတ်ကြည့်ကြပါ။ ပါဝင်ထည့်ဝင်ငွေတွေက အဘဆွေ                                 60,000 အဘဖေါ                                150,000 […]


padonmarJuly 24, 20132min303958
ဒုတိယအကြိမ် ဂဇက်ကွန်ဖရဲင့်စ်မှာ ထူးထူးခြားခြား အမှတ်တရလေးကတော့ ရွာသူလေး Green Rose ကြိုးစားထားတဲ့ ရွာ့စာအုပ်ပါပဲ။ ဒီစာအုပ်ထဲမှာ မန်းဂဇက် ချစ်သူများရဲ့ အကြိုက်ဆုံး စာမူ ၁၁ ပုဒ်နဲ့ အချစ်ဆုံး ကဗျာလေး ၃ ပုဒ် ပါပါတယ်။ ရွာသူားတွေရဲ့ စုပေါင်းလှူဒါန်းထားတဲ့ အလှူမှတ်တမ်းတွေ ပါပါတယ်။ ရွာ့လူငယ်လေးများရဲ့ ဒါဇင်ပလပ်စ်လှုပ်ရှားမှု မှတ်တမ်းနဲ့ ဓာတ်ပုံတွေလည်းပါပါတယ်။ ရွာသူားတွေရဲ့ စုစည်းမှု အမှတ်တရ ဓာတ်ပုံတွေလည်းပါပါတယ်။ ရွာသူားတွေ ဘယ်လိုပင် ကလော်ဆဲကြသော်လည်း အားလုံးရဲ့ရင်ထဲက အချစ်ဆုံးဖြစ်တဲ့ သူကြီးရဲ့ အမှာစာလည်းပါပါတယ်။ စာအုပ်ဖြစ်မြောက်ဖို့တွက် နီးစပ်ရာ ရွာသူားတွေ စုပေါင်းစိုက်ထုတ်ပြီး အမှတ်တရ စာအုပ်လေး ထုတ်ဝေလိုက်ပါတယ်။ ဒီစာအုပ်ရောင်းရတဲ့ငွေကနေ Green Rose စိုက်ထားတဲ့ အရင်းထက်ပိုသမျှကို ရွာသူားတွေ အကျိုးရှိမယ့် နေရာမှာ […]


padonmarJuly 23, 20132min214281
ဟုတ်တယ်၊ အာတီဒုံ စိတ်အကြီးကြီးကောက်နေတာ။ အစောကြီးထဲက ပွဲလာတက်ကြပါလို့ ဖိတ်စာဝေထားတယ်။ ကြွားလည်းထားလိုက်သေးတယ်။ လာမယ့်လူ ၆ဝ လောက်ရှိနေပြီ။ ဘူဖေးတောင် လောက်ပါ့မလား….အိုမလောက်လည်း ဒို့တွေမျှတစားကြတာပေါ့။ အဲလိုတွေ တွေးလို့။ တကယ်လာတော့ လူ ၃၆ ယောက်ထဲ။ ဒီကြားထဲ ကိုခင်ခနဲ့ ကိုချိုကြီးက ပြန်သွားရတယ်။ (ကိုချိုကြီးရေ ..ပြန်လာမယ်ဆိုပြီး ပြန်မလာနိုင်တော့တဲ့ အကြောင်းသိရတာ စိတ်မကောင်းပါဘူး) အဲဒီတော့ အလှူရှိလို့ပါဆိုပြီး ပန်းတနော်ပြန်သွားတဲ့ အမွှာညီအမကိုလည်း စိတ်ကောက်တယ်။ (အမယ်…သူက သိလို့ ဉာဏ်ပွင့်တွေမြင်ရင် သတိရပါတယ်လို့ ချော့လာသေး။ တကယ့် ဉာဏ်ပွင့်ချဉ်လည်း မပါဘဲနဲ့ ဓာတ်ပုံနဲ့ချော့တာတော့ မပျော့ပေါင်) ခြေထောက်နာတယ်ဆိုပြီး ရန်ကုန်မှာ ရှိရက်နဲ့ မလာတဲ့ ကိုနေးချားကိုလည်း စိတ်ကောက်တယ်။ ဒီတစ်ခါတော့ လာဖြစ်မှာပါပြောပြီး အနားကျမှ ဓာတ်ပုံတွေပဲ ပို့လိုက်တဲ့ ကိုပေါက်ကြီးကိုလည်း […]


padonmarJuly 4, 20131min94726
သူကြီးက ကျမတို့ ရွာသူားတွေကို မြှောက်မြှောက်ပေးနေတယ်။ Citizen Journalist CJ တွေတဲ့။ ကိုယ့်ကိုကိုယ်လည်း စိတ်ကြီးဝင် စီဂျေကြီးထင်မိ၊ တစ်ခုခု မျက်စိထဲ အမြင်မတော်၊အကြားမတော်ရင်လည်း မှတ်တမ်းတင်ချင် ရွာထဲကတစ်ဆင့် ပြည်သူကို တိုင်တည်ချင်မိ၊ တစ်ခုခု သဘောကျ နှစ်ခြိုက်မိရင်လည်း (အစားကောင်းစားရရင် ချစ်သူတွေကို သတိရဆိုသလို) ရွာသူားတွေက တစ်ဆင့် ပြည်သူကို ပြောပြချင်မိ၊ အဲသလို သတင်းသမားလုပ်ချင်မိတော့ သတင်းသမားရဲ့ ကျင့်ဝတ်လေးတွေတော့ နည်းနည်းပါးပါး တီးကြည့်ခေါက်ကြည့်လေ့လာကြည့်မိပါတယ်။ အနီးစပ်ဆုံးက ရွာထဲက ဆရာထက်ဝေးရဲ့ မျက်နှာစာအုပ်ပေါ်က စတေးတပ်စ်တွေပါပဲ။ အဲဒီထဲကြိုက်မိတာလေးတွေ တို့ထားတဲ့ထဲမှာ သတင်းသမား သည် ကြားရတိုင်း သတင်း မဟုတ်၊ ဘယ်မှာပင်ကြားရစေ မှန်၊မမှန် ဆင်ခြင်စဉ်းစား အတည်ပြုတတ်ရန် အရေးကြီးဆုံး ပင်ဖြစ်သည်။သတင်းကြောင့် တိုးတက်မူများ ဖြစ်နိုင်သလို သတင်းကြောင့် […]