ကျုပ်လေ ……….. တစ်ခါမှ ဒီလောက်စာရေးချင်စိတ်မဖြစ်ဖူးဘူး အသက်ကြီးလာလို့ ပေါက်ပေါက်ဖေါက်ချင်တာကတော့သဘာဝ။ ဒါပေမယ့် ဒီဟာကတမျိုး ….။ အရင်ကတည်းက စိတ်ထဲမှာတနုံ့နုံ့နဲ့ တဖြည်းဖြည်းဖြစ်နေခဲ့တာ..။   ကျုပ်ကိုယ်တိုင်နဲ့ ကျုပ်နဲ့ပါတ်သက်နေသူတွေ တော်တော်များများ တာဝန်မဲ့သော ဆေးရုံ ဆေးခန်း နဲ့ ဆေးဘက်ဝန်ထမ်းတွေရဲ့ ဒါဏ်ကိုခံထားရတာများလို့ (အရင်းအချာထဲမှာတင် အသက်သုံးချောင်း) အသံထုတ်ပြီး ငရုပ်သီးစပ်ချင်တာကလဲ တမျိုး……….။   တဖက်ကကြည့်ပြန်တော့ ဆေးရုံဆေးခန်းနဲ့ ဆေးဘက်ဝန်ထမ်းတွေဆိုတာကလဲ ခေတ်စံနစ်ရဲ့ အပြဌာန်းခံ ၊ ဓါးစာခံလိုဖြစ်နေတာကို ဒီအသက်အပိုင်းအခြားမှာ ငြင်းမရအောင်သိမြင်လာတာကြောင့် လက်ညှိုးမှားထိုးဘို့ လိပ်ပြာမလုံတော့တဲ့အပြင် အထူးသဖြင့် ဆရာဝန်ဆိုတာမျိုးကိုက အခြားပရိုဖက်ရှင်နယ်တွေနဲ့စာရင် စုန်းပြူးအနည်းဆုံးတမျိုးမို့ ဆရာဝန်အများစု(တကယ်တော့အကုန်လုံးနီးပါး) ဟာလေးစားစရာကောင်းတဲ့သူတွေမို့ သူတို့ဘက်ကိုနားလည်တာကလဲ တဖက် ………။   ဒီတလော ကျုပ်တို့လူမျိုးများ တသက်လုံးမော့မကြည့် (ဝံ့) ခဲ့တဲ့ ဆရာဝန်တွေကို […]


စာရေးသူ ချမ်းချမ်းရဲ့ “စာဖတ်သူများအားဝန်ချတောင်းပန်ခြင်း” ဆိုတဲ့ပိုစ့်ကို ကွန်မင့်ပေးမလို့ပါပဲ။ ဒါပေမယ့် လူဆိုတာ အသက်ကြီးလာရင် စကားများတတ်လာသတဲ့။ ကျုပ်လဲ ရေးရင်းနဲ့ရှည်သွားလို့ ဒါလေးကို ပိုစ့်အဖြစ်တင်ပါတယ်။ ချမ်းချမ်း ပြီးခဲ့တဲ့ အပတ်က တင်ခဲ့ဖူးတဲ့ “ဗုဒ္ဓဘာသာဝင် တို ့အတွက် ဆောင်ရန် ရှောင်ရန် ”ပို ့စ် လေး ထဲက ကုသိုလ် အကုသိုလ် အကျိုးပေးပုံ ကို အဆတွေနဲ ့ထွက်ပြထားတာနဲ ့ပက်သက်ပြီး  ကွန်မန် ့ပေးကြတဲ့ သူူတွေထဲက အဲ့ဒီအကြောင်းအရာဟာ အမှန်မဟုတ်ဘူး – ဆိုတိုင်း ရေးသူကအပြစ်ရှိမသွားပါဘူး။ ဒါမျိုးက ဝန်ချတောင်းပန်စရာလဲမလိုပါဘူး။ ဒီလို net မှာက လူတိုင်းလိုပဲ ကိုယ်ထင် ကိုယ်မြင် ကိုယ်ယူဆတာကို  ဒီလိုဆိုက်မျိုးတွေမှာ လွပ်လွပ်လပ်လပ် ရေးသားတင်ပြကြတာမျိုးပါပဲ။ ကြိုက်တဲ့သူကယူ မကြိုက်တဲ့သူ […]


    တခါတုန်းက ရွာကြီးတရွာမှာပေါ့..။ ရွာဦးဘုန်းတော်ကြီးက အဲသည်ရွာမှာ အလွန်ဩဇာကြီးသတဲ့ ။ သူ့ကျောင်းမှာ ကိုရင်ငယ်တွေ ဘုန်းကြီးကျောင်းသား ငယ်တွေအပြင် အသက်နှစ်ဆယ်ကျော်ပေမယ့် ပစ္စည်းလေးပါးဒကာမရှိလို့ အခုထိရဟန်းမခံရသေးတဲ့ ကိုရင်ကြီးတယောက်(ပါး)လဲရှိသတဲ့။ တနေ့တော့ အဲဒီရွာရဲ့သူကြီးမိသားစုက အဲဒီကျောင်းမှာ အလှူကြီးလာလုပ်တယ်။ တောအလှူဆိုတာ မြို့မှာလို ရေစက်ချခါနီးမှ ကျော့ကျော့လေး ကျောင်းပေါ်တက်ပြီး လက်ဖျားလေးနဲ့ လှူတာမျိုးမဟုတ်ဘူး။ အလှူမတိုင်ခင် ရက်နဲနဲအလို လောက်ကတည်းက ကျောင်းထဲဝင်လိုက်ထွက်လိုက် ကျောင်းပေါ် တက်လိုက်ဆင်းလိုက်နဲ့ တမိသားစုလုံး အလှူဇောကပ်ပြီး ပြင်လို့ဆင်လို့ကိုမပြီးနိုင်တာ့တာ။ ကိုရင်ကြီးလဲ အခုမှပဲ သူကြီးဆိုတာကြီးကို ကောင်းကောင်းမြင်ဘူးသိဘူးတော့တာ။ တော်တော်လဲ သဘောကျသွားတယ်။ အလှူပြီးလို့ ပတ်စာခွာ ဖျာသိမ်းပြီးကတဲက အခွင့်ကြုံတိုင်း ကိုရင်ကြီးက ဘုန်းကြီးကို အမြဲလျှောက်တယ်။ သူကြီးဆိုတာ ဘာတွေလုပ်ရတာလဲ …. သူကြီးဖြစ်အောင် ဘာတွေလုပ်ရမလဲ…. စသည်စသည်ဖြင့်ပေါ့လေ။ […]


    စဉ်းစားထားခဲ့တာက .. ဒီခေါင်းစဉ်ကလေးနဲ့ အပိုင်းဆယ်ပိုင်း ဆယ့်နှစ်ပိုင်းလောက် ခွဲပြီးရေးမယ်ပေါ့။ ဒါပေမယ့် ရေးရင်းနဲ့ပဲ စာရေးသူရော စာဖတ်သူပါ စိတ်ဝင်စားမှု့လဲနည်းလာ… အခုတလော တရက်ကို  ပိုစ့်တင်နှုံးတွေလဲ များလာ… ဒီရက်ပိုင်းမှာ စည်ပင်က ခပ်ကြမ်းကြမ်းဝင်ရှင်းလို့ လမ်းဘေးဈေးရောင်းသူတွေ ဒုက္ခရောက်ကုန်တာကြောင့် သူတို့နဲ့တကွ သူတို့ကိုကိုယ်ချင်းစာသူတွေရဲ့ ဒေါသကို ဆွပေးရာလဲမရောက်ချင်လို့… ပြီးတော့ဗျာ – တခြားဟာတွေထက်  MG ရဲ့စာဖတ်သူအများစုဟာ ပညာတတ်တွေ၊ အတွေးအခေါ်ရင့်သန်သူတွေ၊ အမျှော်အမြင်နဲ့ပြည့်စုံသူတွေ၊ စိတ်စေတနာမှန်သူတွေ များတယ်ဆိုတာ ဘယ်သူမှငြင်းနိုင်စရာ မရှိပါဘူး။ ဒီတော့  မိချောင်းမင်း ရေခင်းပြတဲ့နည်းနဲ့ ဆက်ပြီးနှိပ်စက်မနေတော့ပဲ ပြောချင်တာလေးတွေ အတိုဆုံးတက်သုတ်ရိုက် ရရင်……….     …………… လမ်းဘေးဆိုင်တွေရှိလို့ လူများစုဝယ်ခြမ်းဘို့ အဆင်ပြေကြတယ်။ လမ်းဘေးဆိုင်တွေ စည်းကမ်းမဲ့တာကြောင့်ပဲ လူတွေ သွားလာဘို့ […]


  လူ… ခြောက်သန်း… သူတို့ဝယ်ဘို့ (က) (ခ) (ဂ) အဆင့်ဈေးက ၁၆၈ ဈေး တဈေးကို ပျှမ်းမျှ လူသုံသောင်းခွဲ ဝယ်ရမယ်  ဆိုရင် …. (ဒီတော့ တချို့ဈေးကြီးတွေမှာ  လူတသိန်းကျော် ဝယ်ရမယ်ဆိုရင်) ဈေးတခုဆီဦးတည်ပြီး ဆိုက်ကားပေါင်းဘယ်လောက် ပြေးဆွဲရမလဲ ? အဲသလောက်ဆိုက်ကားတွေ တနေရာထဲဗဟိုပြု သွား လာရင် အဲဒီနား  လမ်းပေါ်ကားမောင်းလို့ကော  ရပါတော့မလား .. အဲ .. တော်ပြီ  .. အမြည်း ဆိုတာ  တတို့လောက်ပဲကောင်းတယ် ..။ ဒီတချက်ထဲနဲ့တင်  ခေါင်း ဆင်နင်းသွားဘို့ များတယ် ။ ဒါကြောင့်  နေရာအနှံ့ မှာ ဖြန့်ကျက်ပြီးရှိနေတဲ့ လမ်းဘေးဈေးသည်တွေ   ပျံကျဈေးတန်းတွေဟာ သင့်တော်တဲ့ အချိန်   သင့်တော်တဲ့နေရာ   တွေမှာ […]


ကြိုတောင်းပန်ချင်တာလေးနဲနဲရှိပါတယ်။ ကျုပ်တို့အွန်လိုင်းပေါ် တက်တဲ့အခါ ဖွင့်ချင်တိုင်းဖွင့်လို့က မဖြစ်သေးဘူးနော ။ ISP ကငြိုငြင်လို့ ဆိုက်ကိုပိတ်လိုက်ရင် ပြည်တွင်းကလူတွေ အများကြီးနစ်နာသွားမှာ။ ကျုပ်တို့မှာက ဒီသတင်းဆိုက်ဆိုတဲ့ ပြူတင်းပေါက်လေးတွေပဲရှိတာ ….။ ဆိုတော့ တချို့ဟာလေးတွေ လုံးတန်လုံး ဝါးတန်ဝါး ပစ်ရပါတယ်။ ကိုယ့်ဟင်းချက်ကလေး အစပ်တည့်နေစေဦး ရေထိုးပြီး  ပေါ့  အောင်လုပ်တန်လုပ်လိုက် ရတာမို့ … ဖတ်ရတဲ့သူဘက်က တစိတ်တပိုင်း  ဖြည့်စွက်နားလည်ပေးကြပါလို့ တောင်းပန်ရင်း …… ****************************************** ကတိအတိုင်း ပလက်ဖောင်းပေါ်ဆင်းမယ်လုပ်တိုင်းလဲ ဆင်းလို့က ရချင်မှရတာ။ ဘယ်ပလက်ဖောင်းများ ဆုံးအောင်လျှောက်လို့ ရလို့လဲ။ တလောကဆို မြို့လည်ကောင်မှာ နောက်ဆုံးပေါ်သူဌေးကြီးတဦးရဲ့ နောက်ဆုံးပေါ်ဘဏ်ကြီးလာဖွင့်တယ်။ ဘဏ်ကအကြီးကြီးဆိုတော့ မီးစက်ကလဲ အကြီးကြီးပေါ့။ အဲသည် အလျှား ၁၁ ပေ အနံ ၅ ပေလောက်ရှိတဲ့ ဧရာမမီးစက်ကြီးကို […]


တတိယပိုင်း ……… 1989  နောက်ပိုင်းမှာတော့ နိုင်ငံရဲ့ အုပ်ချုပ်မှု့ကလဲ ပုံစံအသစ် ၊ ဌာနများစွာ ခွဲထုတ်လိုက်ပြီဖြစ်တဲ့ ရန်ကုန်မြို့တော်စည်ပင်ကလဲ ဖွဲ့စည်းပုံအသစ် ၊ ပြီးတော့ တပ်မတော်အရာရှိတွေကို အထက်ပိုင်းရာထူးတွေမှာ ထိုးထည့်လိုက်လို့ လူ( ကြီး ) တွေကလဲ အသစ်တွေပေါ့။ အရင်ကလဲ အဲဒီနေရာမျိုးတွေမှာ မဆလ ပါတီကေဒါတွေချည်းပဲဥစ္စာ ဘာထူးမှာလဲလို့ ထင်စရာရှိတယ်။ ထူးတယ် ။ အခုဟာက အကိုကြီးနဲ့ ညီလေး တွေလေ ။ သိတယ်နော် ။ အထက်အောက် ဘယ်အပတ်စဉ်တွေဆိုတဲ့ကြိုးနဲ့ အိုးမဲသုတ် စုချည်ထားပြီး တခြားလူတွေကြားမှာ သူတို့ချင်းမှ သူတို့ချင်း ။ (တကယ်တော့ – တခြားလူတွေမရှိရင်တော့ သူတို့ချင်းမှာလဲ သွေးအုပ်စု ၊ ကျောင်းအုပ်စု ၊ ဆရာတပြည့်အုပ်စု တွေနဲ့ […]


အပိုင်း(၁) မှာ ရန်ကုန်မြို့ကြီးဗွက်ပေါက်သွားတာ ပြောပြီးတဲ့နောက် အခု ရန်ကုန်သားတချို့ ဘာဖြစ်သွားတယ်ဆိုတာ ပြောမယ့်အလှည့်။ အဲဒါမပြောခင် အရင်အပိုင်း(၁) ထဲမှာ အဲဒီတုန်းက မြို့တော်ဝန်ကြီးကို နဲနဲထိခိုက်ထားသလို ရေးထားပါတယ်။  မြင်လွယ်အောင် တမင်ထည့်ရေးတာ။ သူ့လို အောင်ပွဲအလီလီရ တပ်မှုးတဦးသည်ပင် မြို့ပြအုပ်ချုပ်မှု့လိုဟာမျိုးမှာ အောင်မြင်အောင်မလုပ်နိုင်ဘူး။ ရန်သူလား အကုန်ပစ်ထည့်လိုက် ဆိုတာမျိုးနဲ့မရဘူး။ မြို့ပြစီမံခန့်ခွဲမှု့ဆိုတာ ရှုပ်ထွေးတယ် ၊ သိမ်မွေ့တယ် ၊ လိုအပ်ချက်တွေများပြားတယ် ၊ အာဏာက အဓိကမဟုတ်ပဲ ပညာကသာ အဓိကဖြစ်ပါတယ် ။ အခု ဒုတိယပိုင်း ……………… မြင်ကွင်းလေးတခုပြောပြချင်တယ် ။ လွန်ခဲ့တဲ့နှစ်အစိတ်- အချိန် – ည ၁၁ နာရီခွဲ (မြို့လယ်ရုပ်ရှင်ရုံများ နောက်ဆုံးပွဲလွှတ်ပြီး နာရီဝက်အကြာ) နေရာ – အနော်ရထာလမ်း ၊ […]


လမ်းဘေးဈေးသည်တွေရှင်းမယ် ကြားတော့ ကိုယ့်ထောင်ချောက် ကိုယ်ထောင်ကြဦးမှာပေါ့လို့ တွေးမိတယ်။ ဒါကတကယ့်ပြဿနာကြီးနော ။ ဒါဟာ စီမံခန့်ခွဲသူတွေရဲ့ ပညာရယ် စေတနာရယ် ဇွဲရယ် သတ္တိရယ်ကို စမ်းသပ်မယ့် ပွဲကြီးပါ။ အသည်းကောင်းလို့ ကြိုးဝိုင်းထဲဝင်လာတဲ့ မြို့တော်ဝန်ကြီးနဲ့တကွ အုပ်ချုပ်သူများကို ကြိုဆိုပါတယ်။ တခြားဟာမပြောခင် သမိုင်းလေး အရင်ပြောထားချင်တယ်။ အရင်တုန်းက မြို့တော်ဝန်တဦးတုန်းက – ရုတ်တရက်ကြီး ရန်ကုန်မြို့တော်ကြီးကို စီမံခန့်ခွဲရတော့မယ်ဆိုတော့ ….. ဒီနေရာမှာစကားခဏဖြတ်ပြီး ရုတ်တရက်ကြီးဆိုတဲ့ စကားလေးကိုရှင်းမယ်။ ကမ္ဘာ့နိုင်ငံတွေများစွာမှာ မြို့ပြအုပ်ချုပ်ရေးတာဝန်ယူသူတွေဟာ အစကတည်းက မြို့ပြအုပ်ချုပ်မှုအကြောင်း စိတ်ဝင်စားသူ လေ့လာထားသူ တစိတ်တပိုင်းပါဝင်ပတ်သက်ဘူးသူ အတွေ့အကြုံရှိသူ ( ဥပမာ မြို့အုပ်ချုပ်ရေး ကောင်စီဝင်လုပ်ဘူးသူ) စသည်တွေများပါတယ်။ ကျုပ်အခုပြောမယ့်ဇတ်လိုက်ကြီးက  တိုက်ပွဲကြီးတပွဲ ဗျူဟာမြောက်ဆင်နွဲအောင်နိုင်အပြီးမှာ (သူ့စာအုပ်ထဲကအတိုင်းပြောရရင်) မြှုတ်နှံတဲ့အစီအစဉ်အရ ဘာမှမဆိုင်ပဲ  မြို့တော်ဝန်ကြီးဖြစ်လာပါတယ်။ အခု အပေါ်ကစကားစပြန်ကောက်ပါမယ်။ […]