တစ်ခါတုန်းက ရွာတစ်ရွာမှာ ဆိတ်ကျောင်းတဲ့နားထိုင်းရယ်၊ ထန်းတက်တဲ့နားထိုင်းရယ်၊ သူကြီးနားထိုင်းရယ်ဆိုပြီး နားထိုင်း(၃)ယောက်ရှိသတဲ့။ တစ်နေ့ ဆိတ်ကျောင်းတဲ့နားထိုင်းက သူ့ဆိတ်တွေကိုကျောင်းရင်း ထန်းတောထဲရောက်လို့ အရိပ်ကောင်းပြီး အေးမြတဲ့ထန်းပင်တစ်ပင်အောက်မှာထိုင်ရင်း အိပ်ပျော်သွားပါသတဲ့။ အိပ်ရာကနိူးတော့ သူ့ဆိတ်တွေကို ရေတွက်ကြည့်တဲ့အခါ (၁)ကောင်ပျောက်နေတာကိုတွေ့ရတဲ့အခါ ပြာယာခတ်သွားပြီးလိုက်ရှာပါလေရော။ နောက်ဆုံးမတွေ့တဲ့နောက် ထန်းတက် နေတဲ့ ထန်းတက်နားထိုင်းကိုတွေ့တာနဲ့ အောက်ကနေလှမ်းအော်ပြောသတဲ့ “ဗျို့ ထန်းပင်ပေါ်က နောင်ကြီး ကျွန်တော့ဆိတ်လေးတစ်ကောင်များ မတွေ့မိဘူးလားခင်ဗျာ“ လို့လဲအော်လိုက်ရော ထန်းပင်ပေါ်ကနားထိုင်းကပြန်ပြောတယ် “ ဟုတ်တယ်ဗျ ဒီထန်းတောက ကျွန်တော်ပိုင်တာ ဟိုးမြောက်စူးစူးကထန်းတောက ကျွန်တော့်အဖေဟာ၊ တောင်ဘက်ကထန်းတောကတော့ ကျွန်တော့်အဖိုးပိုင်တာဗျ“လို့ပြန်ဖြေသတဲ့ အောက်ကနားထိုင်းကလဲ အပေါ်ကနားထိုင်းညွှန်ပြတာ သူ့ဆိတ်ရှိတဲ့နေရာဆိုပြီး လိုက်ရှာတာ ကံကောင်းချင်တော့ ပြန်တွေ့ပါလေရော။ အဲဒီအခါမှာ ထန်းတက်တဲ့နားထိုင်းကို ကျေးဇူးတင်လို့ဆိုပြီး ဆိတ်အုပ်ထဲမှာရှိတဲ့ ပေါင်ကျိုးနေတဲ့ဆိတ်လေးတစ်ကောင်ကိုယူပြီး “ဗျို့ နောင်ကြီး ခင်ဗျားကျေးဇူးကြောင့် ကျုပ်ဆိတ်ပြန်တွေ့တဲ့အနေနဲ့ ဟောဒီဆိတ်ကလေးကို ကျေးဇူးဆပ်တဲ့အနေနဲ့ […]