PhyoAugust 7, 20101min2112
ဇာတ်ကားအမည် – ဆွဲစားမယ် ဒါရိုက်တာ – ကျော်ဇောလင်း ဝတ္ထု၊ ဇာတ်လမ်း – မျိုးကိုမျိုး သရုပ်ဆောင်များ – ရန်အောင်၊ မယ်လိုဒီ၊ မြင့်မြတ်၊ ဂွမ်းပုံ ကြာချိန် – ၁၀၅ မီနစ် ဒီတစ်နှစ်အတွင်း မြန်မာနိုင်ငံမှာ လိင်တူချစ်သူတွေနဲ့ ပတ်သက်တဲ့ ဇာတ်ကား တော်တော်များများ ထွက်ပေါ်လာတာကို စာဖတ်ပရိသတ်တွေ သတိထားမိမယ်လို့ ထင်ပါတယ်။ အဲဒီ ဇာတ်ကားတွေ ထဲမှာမှ ဇာတ်ကား တော်တော်များများကတော့ လိင်တူချစ်သူတွေဟာ နောက်ဆုံး ဇာတ်သိမ်းပိုင်းမှာဆိုရင် လူတွေပြောပြောနေကြတဲ့ ယောကျာ်းစစ်စစ်၊ မိန်းမစစ်စစ်တွေဆိုတဲ့ လိင်ကွဲချစ်သူတွေ ပြန်ဖြစ်သွားတာကို တွေ့ရပါတယ်။ ဒါပေမယ့်လို့ ထွက်ရှိခဲ့ပြီးတဲ့ ဇာတ်ကားတွေထဲမှာမှ ထူးထူးခြားခြား သတိပြုမိတဲ့ ဇာတ်ကားလေးတွေ ကတော့ “ကနားစီး မပြုံး” နဲ့ “ဆွဲစားမယ်” […]


PhyoAugust 6, 20101min1402
မနက်မိုးလင်းလင်းချင်း အာရုံမတက်မှီ လင်းကြက်မတွန်မှီ အချိန်ကာလအထိ မောင်လို့ရင်မှာကျမ တမ်းတမ်းတတ တမ်းတတတ်ခဲ့မိတာ ဒီမနက်ခင်းအပါအဝင် ရက်ပေါင်းမနည်းတော့ပါဘူး။ မောင်လို့ကျမ တမ်းတမြတ်နိုးစွာ ခေါ်ခဲ့ပေမယ် ကျမမြတ်နိုးစွာချစ်ခင်စုံမတ်ခဲ့သူဟာ ယောကျင်္ားလေးတစ်ယောက်မှ မဟုတ်ခဲ့ပေဘဲ။ ဒါပေမဲ့ကျမမောင့်ကို အရမ်းချစ်ခဲ့မိပါတယ်။ မောင်ဟာမိန်းကလေးကနေ ယောကျင်္ားလေး တစ်ယောက်လို ပြုမူနေထိုင်ခဲ့ပေမယ့် ကျမမောင့်ကို ယောင်္ကျားလေးတစ်ယောက်လိုဘဲ ပေါင်းခဲ့တယ်။ အားကိုး ခင်မင်တွယ်တာ ခဲ့ပါတယ်။ မောင်ဟာသာမာန်ယောကျင်္ားလေးတွေ မလုပ်နိုင်တဲ့အလုပ်တွေကို ဇွဲရှိရှိ လုပ်နိုင်စွမ်းရှိသူ။ အချက်အပြုတ်လည်းကျွမ်းကျင်သူ၊ စီးပွားရေး(ငွေ)ရှာတဲ့နေရာမှာလည်း သာမန် အမျိုးသားတွေထက်ကျွမ်းကျင်သူ၊ အိမ်ထောင်မှုအစုစုမှာလည်း သာမန်အမျိုးသမီးအမျိုးသားတွေထက် ကျွမ်းကျင်တယ်လို့ပြောရင် အခြားခြားသော အမျိုးသမီး၊ အမျိုးသားတွေက ကျမကိုပိုလွန်းတယ်၊ မောင့်ကိုအမွှန်းတင်လွန်းတယ်လို့ အပြစ်တင်ဝေဖန်ကဲ့ရဲ့ ရှုတ်ချကြမှာအမှန်ပေါ့။ ဒါပေမယ့် ကျမအမှန်အတိုင်း ဖွင့်ဟဝန်ခံရတာပါဘဲ။ မောင်နဲ့စတွေ့တဲ့ မိုးတွေ တရွှဲရွှဲမစဲနိုင်အောင်ရွှာသွန်းတဲ့ မိုးဦးတမနက်ခင်းကို ကျမမှတ်မှတ်ရရရှိနေပါသေးတယ်။ မိုးဖွဲလေးထဲမှာပြေးလွှား ဆော့ကစားနေရင်း […]


PhyoAugust 5, 20102min49715
ဘယ်နိုင်ငံမှာမဆို လူဦးရေ ကိန်းဂဏန်း အတိအကျသိရဖို့ အရေးကြီးပါတယ်။ လူအများစုနဲ့ သက်ဆိုင်တဲ့ စီမံကိန်းတွေ၊ ပေါ်လစီတွေ၊ ဥပဒေတွေ ချမှတ်ရာမှာ လူဦးရေနဲ့ တိုင်းဆပြီး ချမှတ်ကြပါတယ်။ ဒီမိုကရေစီ နိုင်ငံတွေမှာဆိုရင် အုပ်ချုပ်သူဖြစ်မယ့် သူတွေဟာ လူဦးရေကို ကြည့်ပြီး ရွေးကောက်ပွဲအတွက် မဲဆွယ်ကြပါတယ်။ စီးပွားရေး လုပ်ငန်းတွေမှာ ဆိုရင်လည်း လူများစု အကြိုက်တွေ့မယ့် ကုန်ပစ္စည်း၊ ဝန်ဆောင်မှုများကို ထုတ်လုပ်ပြီး ကြော်ငြာဖြန့်ဖြူး ကြပါတယ်။ မြန်မာလူမျိုး လိင်တူချစ်သူ တစ်ဦးအနေနဲ့ ကိုယ့်နိုင်ငံမှာ ကိုယ့်လို လိင်တူချစ်သူ ဘယ်နှစ်ဦး ရှိမလဲ ဆိုတာကို ကျွန်တော် ငယ်ငယ်ကတည်းက စိတ်ဝင်စားခဲ့ပါတယ်။ လိင်တူချင်း စိတ်ဝင်စားတာ ကိုယ်တစ်ယောက်တည်း အထီးတည်း မဟုတ်ဘူးဆိုတာ သိရလို့ စိတ်အားတက်ရသလို၊ ကိုယ့်အတွက် နယ်ပယ်ကျဉ်းကျဉ်းလေး မဟုတ်ဘူးဆိုတာ နားလည်လာပြီး၊ […]


PhyoAugust 4, 20101min36512
ဒီဆောင်းပါးလေးကို လွန်ခဲ့တဲ့နှစ်က အွန်လိုင်းပေါ်ကနေသိခဲ့ရတဲ့ မြန်မာနိုင်ငံက လူငယ်လေးတယောက် ပေးပို့ထားခဲ့တာကြာပါပြီ။ အဲဒီတုန်းက သူပြောခဲ့တဲ့စကားက ဒီဆောင်းပါးလေးက သူ့ဘဝလေးနဲ့ ချွတ်စွတ်တူနေသလို သူ့ခံစားချက်လေးတွေကိုပါ ထင်ဟပ်ပေးနိုင်တဲ့ ဆောင်းပါးဖြစ်တဲ့အတွက် မြန်မာနိုင်ငံက လူကြီးသူမတွေအနေနဲ့ တိတ်တိတ်ပုန်းနေရတဲ့ လိင်တူချစ်သူတွေရဲ့ဘဝကို စာနာနားလည် ပေးနိုင်လာဖို့ တောင်းဆိုထားခဲ့တာ ကြာပါပြီ။ ဒီစာလေးက တကယ့်လူငယ်တယောက်က သူ့ဘဝရဲ့ခံစားချက်ကို ထုတ်ဖော်ရေးသားထားတဲ့ စာလေးတစောင်ဖြစ်ပါ။ အဲဒီနောက်မှာ နောက်ထပ် လူငယ်တယောက်ကလည်း သူ့ရဲ့တိတ်တိတ်ပုန်းလိင်တူချစ်သူဖြစ်နေရတဲ့ဘဝကို သက်တံ့ရောင်အယ်ဒီတာအဖွဲ့ကို ရင်ဖွင့်လာခဲ့ပြန်ပါတယ်။ သူ့ရဲ့ခံစားချက်ကလည်း ပထမလူငယ်လေးလိုပဲ ခပ်ဆင်ဆင်ဖြစ်နေတာကို သတိထားမိပြန်ပါတယ်။ ဒီလိုနဲ့နောက်ပိုင်းမှာလည်း ခံစားချက်ချင်းတူတဲ့ လူငယ်အတော်များများက ကျနော်တို့ဆီကိုရင်ဖွင့်လာခဲ့တဲ့အတွက် သူတို့ရင်ထဲကခံစားချက်ကို ထင်ဟပ်ပြစေနိုင်မယ့် ဒီလူငယ်လေးရဲ့စာကို သက်တံ့အင်တာနက်မဂ္ဂဇင်းကနေတဆင့် တင်ပြပေးလိုက်ရပါတယ်။ ကျနော်ဟာ အသက် ၂၁နှစ်ရှိပြီးဖြစ်တဲ့ အင်ဂျင်နီယာကျောင်းသားလေးတယောက်ပါ။ ပွင့်ပွင့်လင်းလင်းဝန်ခံရရင် ကျနော်ဟာ လိင်တူချင်းချစ်တဲ့ ဂေး တယောက်ပါ။ […]


PhyoAugust 4, 20102min1480
သက်တံ့အယ်ဒီတာအဖွဲ့။ 19/July/2010 လိင်တူ လက်ထပ်ခွင့် ဥပဒေကို အတည်ပြုဖို့အတွက် အာဂျင်တီးနား လွှတ်တော်မှာ ၁၅နာရီကြာ အပြန်အလှန် ငြင်းခုံမှုတွေ ပြုလုပ်ခဲ့ပြီးတဲ့ နောက်မှာတော့ ထောက်ခံမဲ ၃၃မဲနှင့် ကန့်ကွက်မဲ ၂ရမဲမှာ ၆မဲ အသာနဲ့ လိင်တူလက်ထပ်ခွင့် ဥပဒေကို ၂၀၁ဝခုနှစ် ဂျူလိုင်လ ၁၅ရက်နေ့မှာ အတည်ပြု ပြဌာန်းသွားခဲ့တာ ဖြစ်ပါတယ်။ ဒီ လိင်တူ လက်ထပ်ထိမ်းမြားခွင့် ဥပဒေကို နိုင်ငံတော်သမ္မတ Cristina Fernández de Kirchner ကိုယ်တိုင် အပြည့်အဝ ထောက်ခံအားပေးခဲ့တာ ဖြစ်တယ်လို့လည်း သိရပါတယ်။ သမ္မတကြီးဟာ ရိုမန်ကက်သလစ် ဘာသာရေး ခေါင်းဆောင်တွေနဲ့ အပြန်အလှန် ခါးခါးသီးသီး စကားလုံးတွေနဲ့ စကားနိုင်လု တိုက်ပွဲဝင်ခဲ့ ရတယ်လို့လည်း ဆိုပါတယ်။ ဘာသာရေး ခေါင်းဆောင်တွေကို သမ္မတကြီးက […]