PhyoOctober 26, 20101min1745
သက်တံ့အယ်ဒီတာအဖွဲ့။ October/25/2010 Rolling Stone လို့ အမည်ရတဲ့ ယုဂန်ဒါနိုင်ငံ အခြေစိုက် မဂ္ဂဇင်းစာစောင်က ယုဂန်ဒါနိုင်ငံမှာရှိတဲ့ လိင်တူချစ်သူဦးရေ စုစုပေါင်း အယောက် ၁၀ဝကျော်ရဲ့ ဓါတ်ပုံနဲ့ အမည်စာရင်းတွေကို ကာယာကံရှင်တွေရဲ့ ခွင့်ပြုသဘောတူညီချက် မရရှိပဲ ထုတ်ဝေဖြန့်ချီလိုက်တယ်လို့ သိရပါတယ်။ အဲဒီမဂ္ဂဇင်း စာစောင်ဟာ အမည်စာရင်းတွေကို ထုတ်ဖော်ပြရုံတင်မကပဲ တွေ့တဲ့နေရာမှာ ကြိုးဆွဲသတ်ဖြတ်ပစ်ကြဖို့ အတွက်ကိုပါ တိုက်တွန်းအားပေး ထားကြောင်းလည်း သိရပါတယ်။ အဲဒီသတင်းကို မဂ္ဂဇင်းရဲ့ မျက်နှာဖုံး စာမျက်နှာမှာ ပေါ်ပေါ်ထင်ထင် ဖော်ပြခဲ့တာ ဖြစ်တယ်လို့ သိရပါတယ်။ ဆောင်းပါးထဲမှာ ဖော်ပြထားတဲ့ နောက်ထပ် အချက်တစ်ချက်က အဲဒီ လိင်တူချစ်သူတွေဟာ အပြစ်မဲ့တဲ့ ကလေးသူငယ် တစ်သန်းကျော်ကို လိင်တူချစ်သူတွေ ဖြစ်လာဖို့ရန်အတွက် အတင်းအဓမ္မ ဇာတ်သွင်းနေကြတာ ဖြစ်တယ်ဆိုပြီး ဖော်ပြထားတယ်လို့ သိရပါတယ်။ […]


PhyoOctober 8, 20101min1210
သက်တံ့အယ်ဒီတာအဖွဲ့။ Dunno Y… Na Jaane Kyunဇာတ်ကား ပိုစတာ အိန္ဒိယနိုင်ငံမှာ အုတ်အော်သောင်းနင်း ဟိုးလေးတကျော်ကျော် ဖြစ်နေခဲ့တဲ့ ဂေး အချစ်ဇာတ်ကားကို ရိုက်ကူးခဲ့တဲ့ ရုပ်ရှင်မင်းသားလေး Yuvraaj Parasher ကို သူ့ရဲ့မွေးဖခင်က ဂေး ရုပ်ရှင်ဇာတ်ကား ရိုက်ကူးတဲ့ အတွက်ကြောင့်မို့လို့ အမွေပြတ်စွန့်လွှတ်ဖို့အတွက် စီစဉ်နေတယ်လို့ သိရပါတယ်။ Dunno Y… Na Jaane Kyun လို့ခေါ်တဲ့ အဲဒီရုပ်ရှင်ဇာတ်ကားဟာ ယောက်ျားချင်း ဖက်နမ်းတဲ့ ဇာတ်ဝင်ခန်းတွေ လိင်ဆက်ဆံတဲ့ အခန်းတွေကို ပြသတဲ့အတွက်ကြောင့် အာဏာပိုင်တွေရဲ့ ဆင်ဆာဖြတ်တောက် မှုတွေကို အများအပြား ခံရတာဖြစ်တယ်လို့ ဆိုပါတယ်။ ရုပ်ရှင်ဒါရိုက်တာ Kapil Sharma ကတော့ အဲဒီလို ဆင်ဆာဖြတ်တောက်တာနဲ့ ပတ်သက်လို့ သူက ဘယ်လိုမှ နားမလည်နိုင်ဘူးလို့ […]


PhyoOctober 8, 20101min2846
လာမည့် ၃ နှစ်အတွင်း နေမှ ကြီးမားလှသော စွမ်းအင် ပေါက်ကွဲမှုကြီးတစ်ခု ဖြစ်ပေါ်လာပြီး ကမ္ဘာကြီးတစ်ခုလုံး ချိနဲ့ထိခိုက် ဆုံးရှုံးမှုများ ဖြစ်လာမည်ဟု မနေ့က သိပ္ပံပညာရှင်များက တရားဝင် ပြောကြားလိုက်ပြီ ဖြစ်ကြောင်း ဆန်းသတင်းစာအရ သိရသည်။ သိပ္ပံပညာရှင်များ စိုးရိမ်နေသည်မှာ ကြီးမားလှသော နေ၏ ဆိုလာ အဝန်းအဝိုင်းကြီးသည် ၂၀၁၃ ခုနှစ်၌ ပျံကား ထွက်လာပြီး ကမ္ဘာကြီးတစ်ခုလုံးကို အဆုံးတိုင် ဝရုန်းသုန်းကား ဖြစ်မှုများကို ပေါ်ပေါက်စေမည်ဟု ကြိုတင် ခန့်မှန်း ရခြင်းကြောင့် ဖြစ်သည်။ ရာစုနှစ် တစ်ခုအတွင်း ပေါ်ပေါက်ခဲလှသော သဘာဝ ဘေးအန္တရာယ် တစ်ခု ဖြစ်ပြီး စွမ်းအား ကြီးမားလှသော အာကာသ အတွင်းမှ ကျောက် အပိုင်းအပြတ်များ တစ်စစီ ကြွေမွ လွင့်ပျံလာခြင်းက ဂြိုလ်တု […]


PhyoOctober 7, 20101min1823
သက်တံ့အယ်ဒီတာအဖွဲ့။ October/4/2010 လိင်တူချင်းချစ်သူ ဖြစ်တဲ့အတွက်ကြောင့် အမေရိကန်နိုင်ငံမှာ သုံးပတ်အတွင်း ဆယ်ကျော်သက် လူငယ် ၅ယောက် မိမိကိုယ်ကို အဆုံးစီရင် သွားခဲ့ကြတယ်လို့ pink news အင်တာနက် စာမျက်နှာက ပြောပါတယ်။ နောက်ဆုံးကြားရတဲ့ သတင်းကတော့ အမေရိကန်နိုင်ငံ Rhode ကျွန်းက Johnson and Wales တက္ကသိုလ်မှာ ပညာသင်ကြားနေတဲ့ အသက် ၁၉နှစ်အရွယ် Raymond Chase ပဲဖြစ်ပါတယ်။ နောက်ဆုံး သတင်းအရ Chase ဟာ ကိုယ့်ကိုယ်ကို ကြိုးဆွဲပြီး အဆုံးစီရင်ခဲ့တာ ဖြစ်တယ်လို့ သူ့ရဲ့ အဆောင်မှူးက ထုတ်ဖော်ပြောဆိုခဲ့ပါတယ်။ ကျောင်းရဲ့ ဒုတိယ ဥက္ကဌလည်းဖြစ် တက္ကသိုလ် ဌာနမှူး တယောက်လည်းဖြစ်တဲ့ Ronald Martel က Chase ရဲ့ သေဆုံးမှုနဲ့ […]


PhyoOctober 7, 20101min1411
သက်တံ့အယ်ဒီတာအဖွဲ့။ October/4/2010 အသက် ၁၈နှစ်အရွယ် ရှိပြီဖြစ်တဲ့ အမေရိကန်တက္ကသိုလ် ကျောင်းသားလေးတယောက် သူ့ရဲ့အခန်းဖော် သူငယ်ချင်းက သူ့ရဲ့ချစ်သူနဲ့အတူ လိင်ဆက်ဆံနေတဲ့ ဗီဒီယိုအခွေကို အင်တာနက် ပေါ်ကနေတဆင့် ဖြန့်ချီပေးလိုက်တဲ့ အတွက်ကြောင့် အရှက်ရပြီး နောက်ဆုံး ကိုယ့်ကိုယ်ကို အဆုံးစီရင် သွားခဲ့တာ ဖြစ်နိုင်တယ်လို့ သတင်းရပ်ကွက်တွေက ထွက်ဆိုကြပါတယ်။ Tyler Clementi လို့ခေါ်တဲ့ အဲဒီ ကျောင်းသားလေးဟာ အမေရိကန်နိုင်ငံ New Jersey ပြည်နယ်က Rutgers တက္ကသိုလ်မှာ ပညာသင်ကြားနေတဲ့ သူတယောက် ဖြစ်တယ်လို့ ဆိုပါတယ်။ Clementi ဟာ George Washington တံတားပေါ်ကနေ သူ့ကိုယ်သူ အဆုံးမစီရင်ခင် ဂေးတွေ အများစု အသုံးပြုလေ့ရှိတဲ့ အင်တာနက် Dating ဝက်ဆိုဒ်တစ်ခုမှာ သူ့အခန်းဖော် သူငယ်ချင်းတွေရဲ့ နှောက်ယှက်မှုတွေကို […]


PhyoSeptember 13, 20101min1682
ဝမ်ယိမ်းဗိန်ဟာ သူမရဲ့အိမ်ထောင်သက် သုံးနှစ်ပြည်တဲ့ အခါကြတော့မှ သူမရဲ့ ခင်ပွန်းသည်ဟာ လိင်တူချင်းစုံမက်တဲ့ အမျိုးသားတယောက် ဖြစ်နေတာကို သိရှိခဲ့ရတာဖြစ်ပါတယ်။ ဒါပေမယ့် သူမ ခင်ပွန်းသည်ကတော့ သူ့ကိုသူ လိင်တူချင်းချစ်သူတယောက် ဖြစ်နေတယ်ဆိုတာကို ဟိုးအရင်ကတည်းက သိပုံရပါတယ်။ သို့ပေသော်ငြား ပတ်ဝန်းကျင် မိဘအသိုင်းအဝိုင်း ဆွေးမျိုးသားချင်းတွေရဲ့ ဖိအားပေးမှုတွေကို မလွန်ဆန်နိုင် ရင်မဆိုင်ဝံ့တဲ့အတွက် ခုလိုမျိုး ထုံးတမ်းစဉ်လာအရ မိဘက စီစဉ်လက်ထပ်ထိမ်းမြားပေးတဲ့ အမျိုးသမီးကို လက်ထပ်ယူခဲ့ရတာဖြစ်ပါတယ်။ “လက်ထပ်ခါစကတော့ ပုံမှန်အတိုင်း အားလုံးချောချောမွေ့မွေ့ပါ”လို့ အသက် ၃၃ နှစ်အရွယ်ရှိပြီဖြစ်တဲ့ ပီကင်းမြို့သူလေး ဝမ် တယောက် အခုလို ထုတ်ဖော်ပြောဆို ခဲ့ပါတယ်။ ဒါပေမယ့်လို့ သူမတို့နှစ်ယောက်ရဲ့ အိမ်ထောင်သက် သုံးနှစ်ပြည့်ပြီးတဲ့ နောက်ပိုင်းမှာတော့ ဝမ့် အမျိုးသားရဲ့ အပြုအမူတွေ ပြောင်းလာတာ သတိထားမိလာသလို၊ သူ့ရဲ့ ဆက်ဆံရေးတွေကလည်း […]


PhyoSeptember 9, 20101min2348
သက်တံ့အယ်ဒီတာအဖွဲ့။ 9/September/2010 ဩစတြီးယားနိုင်ငံသူ အိုလံပစ် ရွှေတံဆိပ်ဆုရှင် ရေကူးချန်ပီယံ စတက်ဖယ်နီ ရွိုက်စ်တယောက် အင်တာနက် သတင်းဖြန့်ချီရေး ကွန်ယက်တစ်ခုဖြစ်တဲ့ Twitter ကနေပြီး လိင်တူချင်း ချစ်သူတွေအပေါ် မုန်းတီးတဲ့ အသုံးအနှုန်း စကားလုံးကို သုံးနှုန်းဖြန့်ချီလိုက်တဲ့အတွက် သူမနဲ့အတူ စာချုပ် ချုပ်ထားတဲ့ စပွန်ဆာပေးသော Jaguar ကုမ္ပဏီက သဘောတူညီချက်ကို ဖျက်သိမ်း လိုက်တယ်လို့ သိရပါတယ်။ ရွှေတံဆိပ်ဆုရှင် ရွိုက်စ်ဟာ Twitter ကနေ “-ီးစုပ်တဲ့ အခြောက်တွေ”ဆိုပြီး သူမအားပေးနေတဲ့ ရပ်ဘီဘောလုံးအသင်း ရှုံးသွားတဲ့ အချိန်မှာ သတင်းဖြန့်ခဲ့တာ ဖြစ်ပါတယ်။ အသက် ၂၂နှစ် ရှိပြီဖြစ်တဲ့ ရွိုက်စ်ဟာ ဒေါ်လာတစ်သိန်း အပါအဝင် XFတံဆိပ်ပါတဲ့ Jaguar ကုမ္ပဏီက ပံ့ပိုးထားသော မော်တော်ကားပါ အသိမ်းခံလိုက်ရတာ ဖြစ်ပါတယ်။ Jaguar […]


PhyoSeptember 8, 20101min2092
သက်တံ့အယ်ဒီတာအဖွဲ့။ 8/September/2010 လေဒီဂါဂါတယောက် သူမကိုယ်တိုင် လိင်တူချင်း လက်ထပ် ထိမ်းမြားခွင့်ကို ပေးနိုင်ဖို့ အတွက် လက်ထပ်ပေးနိုင်တဲ့ ဓမ္မဆရာတယောက် ဖြစ်ဖို့အတွက် သီးသန့် ဘာသာရေး သင်တန်း တစ်ခုကို တက်ရောက် သင်ကြား တော့မယ်လို့ သိရပါတယ်။ ဗြိတိန် အခြေစိုက် ဒေးလီးစတား သတင်းဌာနရဲ့ ထုတ်ဖော် ပြောဆိုချက်အရ လိင်တူလိင်ကွဲ နှစ်မျိုးလုံးကို ချစ်နှစ်သက်သူ ဖြစ်တဲ့ လေဒီဂါဂါဟာ ကယ်လီဖိုးနီးယားမှာ ဖြစ်ပျက်နေတဲ့ လိင်တူ လက်ထပ်ခြင်းကို ဆန့်ကျင်တဲ့ အဖြစ်အပျက် တွေနဲ့ တွေ့ကြုံခဲ့ရပြီးတဲ့ နောက်မှာ အခုလိုမျိုး စတင် ဆုံးဖြတ်ခဲ့တာ ဖြစ်တယ်လို့ ထုတ်ဖော်ရေးသား ခဲ့ပါတယ်။ အခုချိန်မှာ သူမဟာ အဲဒီ ဓမ္မဆရာဖြစ်သင်တန်းကို အွန်လိုင်းပေါ်ကနေ စတင်သင်ယူ လေ့လာနေပြီ ဖြစ်တယ်လို့လည်း သိရပါတယ်။ […]


PhyoSeptember 8, 20101min42322
ဒီတစ်လက အားလုံးသိကြတဲ့အတိုင်း ကျနော်တို့ လိင်တူချစ်သူတွေအတွက်ဆိုရင် အရေးကြီး အရေးပါတဲ့ လတစ်လဆိုလို့ရှိရင်မမှားပါဘူး။ ဘာဖြစ်လို့လဲဆိုရင် မေ ၁ရ ရက်နေ့က နိုင်ငံတကာ လိင်တူချစ်သူများအပေါ် မုန်းတီးမှုနဲ့ ခွဲခြားဆက်ဆံမှုတွေကို ဆန့်ကျင်တဲ့ အထိမ်းအမှတ် ဖြစ်နေလို့ပါ။ အဲဒါကြောင့် ဒီတလရဲ့ In & Out ကဏ္ဍမှာ လိင်တူချစ်သူဖြစ်တဲ့အတွက် မိသားစု၊ ပတ်ဝန်းကျင် အသိုင်းအဝိုင်းရဲ့  ခွဲခြားဖိနှိပ်မှုတွေကို ခါးစီးခံရင်း လိင်တူချစ်သူဘဝကို အောင်မြင်စွာနဲ့ဖြတ်သန်းလာခဲ့တဲ့  လိင်တူချစ်သူ တယောက်ရဲ့ ခံစားခဲ့ရသော ဘဝအကြောင်းကို ပွင့်ပွင့်လင်းလင်းပြောပြခဲ့တဲ့သူတယောက်နဲ့ တွေ့ဆုံအင်တာဗျူးခဲ့တာကို အမှတ်တရ ဖော်ပြလိုက်ပါတယ်။ မေး။    ။ အစ်မရဲ့နာမည်နဲ့ နေရပ်လိပ်စာလေးကို ပြောပြပေးပါလား။ ဖြေ။    ။ ကျမနာမည် မမော်ဒယ် ဖြစ်ပါတယ်။ ကျမက မော်လမြိုင်ကလာတာ။ ကျမက ရနောင်းမြို့ တည်းခိုခန်းမှာ […]


PhyoSeptember 7, 20101min2756
မင်္ဂလာပါလို့ စာရေးတဲ့ ကျွန်တော် အတ္တကျော်က ဦးစွာပထမ ဂါရဝနဲ့ နှုတ်ခွန်းဆက်ပါရစေလား ခင်ဗျား။ သည်တစ်ခါတော့ တစ်ဆင့် ကြားစကားကနေ ယုံမှားတဲ့အတွေး ပေါ်လာရာက ကျွန်တော့်ကို စာတွေ ရေးခိုင်းလာတဲ့ စာလေးတစ်စောင်နဲ့ ပတ်သက်ပြီး ဆွေးနွေးတင်ပြ ရတော့မှာပါ။ အများနဲ့ သက်ဆိုင်တဲ့ အကြောင်းအရာမို့ သူက စာနဲ့ ရေးခိုင်းပေမယ့် စာဖတ်သူ အင်အားထက် ရေဒီယို နားထောင်တဲ့ အင်အားက ပိုများလှတာမို့ အဲဒီ့ ကျွန်တော်၊ ကျွန်တော်နဲ့ ပြောတတ်တဲ့ ကလေးမ ရေးပြလာတဲ့ စာလေးကိုပဲ ကျွန်တော့် အစီအစဉ် ကတစ်ဆင့် ဦးစွာ ထုတ်လွှင့် တင်ဆက်လိုက်ရပါတယ် ခင်ဗျား။ ကျွန်တော် မနေ့က HIV နဲ့ ပတ်သတ်တာတွေ ဖတ်မိပါတယ်။ အဲဒီမှာ ဘာကို သွားတွေ့ […]


PhyoSeptember 6, 20101min1320
သက်တံ့အယ်ဒီတာအဖွဲ့။ 6/September/2010 ၂၀၁ဝခုနှစ် မယ်စကြဝဠာ အလှမယ်ဆုကို ရရှိခဲ့သူလေးက လိင်တူချင်း လက်ထပ်ထိမ်းမြားတာကို လုံးဝထောက်ခံ အားပေးကြောင်း ပွင့်ပွင့်လင်းလင်း ထုတ်ဖော်ပြောဆို ခဲ့တယ်လို့ သိရပါတယ်။ မက္ကဆီကန် နိုင်ငံသူလေးဖြစ်တဲ့ အလှဘုရင်မလေး Ximena Navarrete က သူ့မှာ ဂေး မိတ်ဆွေအပေါင်းအသင်း သူငယ်ချင်းတွေ အမြောက်အမြား ရှိကြောင်းနဲ့ အဲဒီ သူငယ်ချင်းတွေကို အခြားသူတွေလို တန်းတူ မဆက်ဆံပဲ ဖယ်ကျဉ်ထားတာမျိုးကို ဘယ်လိုမှ မပြုလုပ်သင့်ဘူးလို့ ထုတ်ဖော် ပြောဆိုခဲ့ပါတယ်။ လွန်ခဲ့တဲ့နှစ်က အမေရိကန်နိုင်ငံ ကယ်လီဖိုးနီးယား အလှမယ်လေး Carrie Prejean ကတော့ Miss USA အလှမယ်ဘွဲ့ကို ရရှိခါနီးလေးမှာ လိင်တူချင်း လက်ထပ်တာကို ဆန့်ကျင် ကန့်ကွက်တယ်လို့ ပြောခဲ့တဲ့ အတွက်ကြောင့် အမေရိက သရယ်ဖူနဲ့ […]


PhyoSeptember 6, 20101min44915
ဇာတ်လမ်းနာမည် – Jihad for Love ဒါရိုက်တာ – Parvez Sharma ထုတ်လုပ်သူ – Sandi Simcha DuBowski, Parvez Sharma ထုတ်လုပ်သည့်နိုင်ငံ – (U.S.) ကြာမြင့်ချိန် – 81 min ဘာသာစကား – အင်္ဂလိပ်၊ အာရပ်၊ ပါရှန်း၊ အူဒူ၊ ဟိန္ဒူ၊ ပြင်သစ်၊ တူရကီ (အင်္ဂလိပ်စာတန်းထိုး) ဒီဇာတ်ကားလေးကိုတော့ အစ္စလာမ်ဘာသာဝင် ချစ်ညီ ညီမလေးတွေအတွက် ရည်ရွယ်ပြီး တကူးတက မရမကရအောင် ရှာဖွေပြီးတော့ တင်ပြပေးလိုက်တာ ဖြစ်ပါတယ်။ ဇာတ်လမ်းအကြောင်း မပြောခင် ဒီဇာတ်လမ်းရေးဖို့ ဖြစ်လာရတဲ့ နောက်ခံ အကြောင်းလေးကို နည်းနည်း ပြောပါရစေ။ တခါက ကျနော့်ရဲ့ အစ္စလာမ် ဘာသာဝင် […]


PhyoAugust 25, 20101min35712
ယူရီနှင့် ခွန်မယ်ထီး ဒီတစ်လအတွက် လိင်တူ လက်ထပ်ထိမ်းမြားခြင်း ဟူသော ခေါင်းစဉ်နဲ့ အထူးအင်တာဗျူး ကဏ္ဍလေးကိုတော့ ကရင်အမျိုးသား အဆိုတော် ယူရီနဲ့ တွေ့ဆုံမေးမြန်း ထားပါတယ်။ ယူရီဟာ ထိုင်းနိုင်ငံ အတွင်းမှာ ထိုင်းလူမျိုး ချစ်သူလေးနဲ့ နှစ်ဖက်မိဘ ညီအစ်ကို မောင်နှမ ဆွေမျိုးတွေ အားလုံးရဲ့ သဘောတူညီချက် အပါအဝင် ခရစ်ယာန် ဘာသာကို ကိုးကွယ်ယုံကြည်သည့် အလျှောက် သင်းအုပ်ဆရာရဲ့ ရှေ့မှောက်မှာ တရားဝင် လက်မှတ်ရေးထိုး လက်ထပ်ထားပြီးတဲ့ လိင်တူချစ်သူ တယောက်ပဲ ဖြစ်ပါတယ်။ နာမည်လေးတွေကို စာဖတ်ပရိသတ်ကို တချက်လောက် မိတ်ဆက်ပေးပါဦး။ ကျွန်တော့်နာမည် ယူရီလို ့ခေါ်ပါတယ်။ ကျွန်တော့် ဘဝလက်တွဲဖော် နာမည်ကတော့ ခွန်မယ်ထီး လို့ ခေါ်ပါတယ် ခင်ဗျား။ ဘယ်အချိန်ကစပြီး ချစ်သူနှစ်ဦး ဆုံတွေ့ခဲ့ကြတာလဲ။ […]