Customize Consent Preferences

We use cookies to help you navigate efficiently and perform certain functions. You will find detailed information about all cookies under each consent category below.

The cookies that are categorized as "Necessary" are stored on your browser as they are essential for enabling the basic functionalities of the site. ... 

Always Active

Necessary cookies are required to enable the basic features of this site, such as providing secure log-in or adjusting your consent preferences. These cookies do not store any personally identifiable data.

No cookies to display.

Functional cookies help perform certain functionalities like sharing the content of the website on social media platforms, collecting feedback, and other third-party features.

No cookies to display.

Analytical cookies are used to understand how visitors interact with the website. These cookies help provide information on metrics such as the number of visitors, bounce rate, traffic source, etc.

No cookies to display.

Performance cookies are used to understand and analyze the key performance indexes of the website which helps in delivering a better user experience for the visitors.

No cookies to display.

Advertisement cookies are used to provide visitors with customized advertisements based on the pages you visited previously and to analyze the effectiveness of the ad campaigns.

No cookies to display.

အားလုံးဟာ လူသားတွေဖြစ်တဲ့အတွက် တန်းတူညီတူ ဆက်ဆံနိုင်ကြပါစေလို့ ပြောတဲ့ မော်ဒယ်နဲ့ တွေ့ဆုံခြင်း

PhyoSeptember 8, 20101min56122

ဒီတစ်လက အားလုံးသိကြတဲ့အတိုင်း ကျနော်တို့ လိင်တူချစ်သူတွေအတွက်ဆိုရင် အရေးကြီး အရေးပါတဲ့ လတစ်လဆိုလို့ရှိရင်မမှားပါဘူး။ ဘာဖြစ်လို့လဲဆိုရင် မေ ၁ရ ရက်နေ့က နိုင်ငံတကာ လိင်တူချစ်သူများအပေါ် မုန်းတီးမှုနဲ့ ခွဲခြားဆက်ဆံမှုတွေကို ဆန့်ကျင်တဲ့ အထိမ်းအမှတ် ဖြစ်နေလို့ပါ။ အဲဒါကြောင့် ဒီတလရဲ့ In & Out ကဏ္ဍမှာ လိင်တူချစ်သူဖြစ်တဲ့အတွက် မိသားစု၊ ပတ်ဝန်းကျင် အသိုင်းအဝိုင်းရဲ့  ခွဲခြားဖိနှိပ်မှုတွေကို ခါးစီးခံရင်း လိင်တူချစ်သူဘဝကို အောင်မြင်စွာနဲ့ဖြတ်သန်းလာခဲ့တဲ့  လိင်တူချစ်သူ တယောက်ရဲ့ ခံစားခဲ့ရသော ဘဝအကြောင်းကို ပွင့်ပွင့်လင်းလင်းပြောပြခဲ့တဲ့သူတယောက်နဲ့ တွေ့ဆုံအင်တာဗျူးခဲ့တာကို အမှတ်တရ ဖော်ပြလိုက်ပါတယ်။

မေး။    ။ အစ်မရဲ့နာမည်နဲ့ နေရပ်လိပ်စာလေးကို ပြောပြပေးပါလား။

ဖြေ။    ။ ကျမနာမည် မမော်ဒယ် ဖြစ်ပါတယ်။ ကျမက မော်လမြိုင်ကလာတာ။ ကျမက ရနောင်းမြို့ တည်းခိုခန်းမှာ အလုပ်လုပ်တယ်လေ။

မေး။    ။ ရနောင်းကိုစရောက်ကတည်းက ဒီမှာပဲအလုပ်လုပ်တာလား။

ဖြေ။    ။ ရနောင်းကို စရောက်တုန်းက ကျမအိမ်ဖော်လုပ်ပါတယ်။ ဒါပေမယ့် အခုတော့ ကျမတည်းခိုခန်းမှာ လုပ်နေတယ်။

မေး။    ။ တည်းခိုခန်းမှာလုပ်တာက ကြာပြီလား။

ဖြေ။    ။ တည်းခိုခန်းမှာလုပ်တာကတော့ ၈နှစ်လောက်ရှိပါပြီ။

မေး။    ။ မြန်မာပြည်မှာနေတုန်းက ယောက်ျားပုံနဲ့ နေတာလား။

ဖြေ။    ။ ငယ်ငယ်တုန်းကတော့ ယောက်ျားပုံပေါ့နော်။ ဘာဖြစ်လို့လဲဆိုတော့ မိဘတွေရဲ့ထိန်းချုပ်မှုကြောင့် ကြောက်ရွံ့ပြီးတော့ ယောက်ျားလို နေရတာပေါ့နော်။ မိန်းမလိုနေချင်တယ်။ နေလို့မရဘူး။ အဲလိုပဲနေရတာပေါ့နော်။

မေး။    ။ အရင်ကတော့ ထိန်းချုပ်ခဲ့ရတယ်ပေါ့နော်။ အဲဒီလိုထိန်းချုပ်ခဲ့ရတဲ့စိတ်ခံစားချက်နဲ့ အခုလိုပွင့်ပွင့်လင်းလင်းနေရတဲ့ စိတ်ခံစားချက်က ဘယ်လိုမျိုးကွာခြားသလဲ။

ဖြေ။    ။ ဗမာပြည်မှာ မိဘမောင်နှမတွေက ဒီအလုပ်လုပ်တာမကြိုက်ဘူးလေ။ ဘာဖြစ်လို့လဲဆိုတော့ သူတို့တွေက အမျိုးနဲ့ အသိုင်းအဝိုင်းနဲ့ ဂုဏ်တွေ ပကာသနတွေလိုတဲ့အတွက်ကြောင့် ကိုယ့်ရဲ့ဂန်ဒူးမကို သူကမလိုလားဘူး။ မလိုလားတဲ့အတွက်ကြောင့် ကိုယ်ကခံစားရတာပေါ့နော်။ ပြောရမယ်ဆို ကိုယ်က အပွင့်(ပွင့်ပွင့်လင်းလင်းလိင်တူချစ်သူ)လိုနေချင်တယ်။ အပွင့်လိုနေချင်ပေမယ့် နေခွင့်မပေးဘူး ဘယ်လိုမှ။ အစ်ကိုတွေဆိုလည်း နှိမ်တယ်။ အစ်မတွေဆိုလည်း နှိမ်တယ်။ အမျိုးတွေဆိုလည်း နှိမ်တယ်။ အရာမသွင်းဘူးပေါ့နော် မိန်းမလျာဆိုတော့။ အဲလိုမျိုး အရာမသွင်းတဲ့အတွက်ကြောင့်  ကိုယ်ကခံစားရတယ်။ ကိုယ့်ဘဝကြီးတစ်သက်လုံး အဲလိုမျိုးပဲနေသွားမလား။ မိဘတွေလည်း နှိမ်တယ်။ ပတ်ဝန်းကျင်သွားလည်း ပတ်ဝန်းကျင်ကနှိမ်တယ်။ အမျိုးမျိုးနှိပ်စက်တဲ့ဒဏ်ခံရတာပေါ့နော်။ တစ်ခါတလေကျရင် ကိုယ့်ကိုယ်ကိုယ် သတ်သေချင်တယ်။ ဒါပေမယ့် ကိုယ်ကပြန်စဉ်းစားတယ်။ အဖန်ငါးရာ ငါးကမ္ဘာလည်း မခံနိုင်ဘူးပေါ့နော်။ မိဘတွေ မောင်နှမတွေရဲ့ နှိပ်ကွပ်မှုကိုလည်းမခံနိုင်တော့ အဲလိုမျိုးနေရင်းနေရင်းနဲ့ပဲ ကျောင်းသွားလည်း ကျောင်းကဆရာမတွေဆိုလည်း နှိမ်တယ်အမျိုးမျိုး။ ကိုယ်က ဂန်ဒူးမဆိုတော့ ဂန်ဒူး… နင်ဟာ ဂန်ဒူးဆိုတာ ဟိုးဘဝတုန်းက သူများသားမယားကို ဖျက်ဆီးထားလို့ ဒီလိုမျိုးဖြစ်တယ်။ လူကြားမဝင်ဘူး။ ဆရာမတွေက နှိပ်ကွပ်တော့ သူငယ်ချင်းတွေကလည်း ပိုပြီးနှိမ်တာပေါ့နော်။ ပတ်ဝန်းကျင်ရောက်လည်း ပတ်ဝန်းကျင်ကနှိမ်တယ်။ အိမ်ရောက်ရင်လည်း အိမ်ကနှိမ်တယ်ဆိုတော့ တစ်ခါတလေကျရင် ကိုယ့်ကိုယ်ကိုယ်စဉ်းစားကြည့်တယ်။ တစ်နေရာကိုထွက်သွားချင်တယ်။ ထွက်သွားချင်ပေမယ့် ကိုယ်ကဘယ်လိုမျိုးပြန်စဉ်းစားတယ်ဆိုတော့ အော်… ကိုယ်မှာမိဘမောင်နှမ အရှက်သိက္ခာဆိုတာတွေရှိသေးတယ်။ မိဘဆိုတာ မောင်နှမဆိုတာ ကိုယ့်ကိုယ်ချစ်တယ် မွေးထားတယ်ဆိုတော့ စိတ်ကိုဖြေဖျောက်ပြီးနေခဲ့တယ်ပေါ့နော်။ အဲလိုမျိုးနေရင်းနဲ့ ကိုယ့်ရဲ့ဘဝဟာ သာယာလာမလား သာယာလာမလားနဲ့ စောင့်မျှော်နေရင်းနဲ့ ကိုယ့်ကိုယ်ကိုယ်နေတယ်။ မသာယာတော့လည်း သူများနိုင်ငံကို ထွက်လာလိုက်ရတာပေါ့နော်။ မိဘမောင်နှမတွေရဲ့ သိက္ခာအကျမခံ တစ်နေ့ထက်တစ်နေ့ ကိုယ်ကကြီးလာတယ်။ သူများတွေကပြောကြတယ်။ မိန်းမလျာ အောင်မယ်လေး အလုပ်အကိုင်မရှိလို့တဲ့ မိန်းမလျာလမ်းဘေး ဘယ်ကိုပဲသွားသွား သူများတွေရဲ့အနှိမ်ခံရတယ်ဆိုတော့ ကိုယ်ကဘယ်လိုမှမထူးခြားလာတော့ပြီဆိုပြီး ရနောင်းမြို့ကိုထွက်လာလိုက်တယ် သူငယ်ချင်းရဲ့… အဲလိုမျိုး။

မေး။    ။ ရနောင်းကိုရောက်ရောက်ချင်း ဘာတွေလုပ်ရသလဲဆိုတာ ပြောပြပါဦး။

ဖြေ။    ။ ရနောင်းကို အဒေါ်နဲ့လာတာပေါ့နော်။ အဒေါ်နဲ့လာတဲ့အချိန်မှာ အဒေါ်က ကိုယ့်ကိုယ်နှိမ်တယ်ပေါ့နော်။ အဒေါ့်ယောက်ျားကလည်း မကြိုက်ဘူး။ ပြောရမယ်ဆို ယောက်ျားအလုပ်သွင်းပြန်တော့လည်း မရဘူး။ မိန်းမအလုပ်သွင်းပြန်တော့လည်း မရဘူးပေါ့နော်။ နင်တို့ကို ဘယ်သူလက်ခံမလဲဆိုပြီး အဒေါ်တွေ ဦးတွေကလည်း နှိမ်တာပေါ့နော်။ နှိမ်တော့ ကိုယ်ကလည်းစိတ်မကောင်းဖြစ်တယ်။ စိတ်မကောင်းဖြစ်ပြီးတော့ ဟယ်… ရချင်ရ မရချင်နေ။ စားဖို့ သောက်ဖို့နဲ့ နေဖို့ရရင် ရပြီပေါ့နော်။ ကိုယ့်ကိုယ်ကိုယ် စိတ်မကောင်းဖြစ်ပြီးတော့ အဲဒီရနောင်းမှာတွေ့တဲ့ သူငယ်ချင်းတယောက်က အလုပ်တစ်ခုသွင်းပေးလိုက်တယ်။ အဲဒီအိမ်ကအလုပ်ရှင်ကလည်း ဗမာအိမ်ပေါ့နော်။ ဗမာအိမ်ကလည်း နှိမ်တယ်။ ပက်ပက်စက်စက် မှိုချိုး မျစ်ချိုးပြောတယ်ပေါ့နော်။ ထမိန်တွေဆိုလည်း လျှော်ခိုင်းတယ်။ အတွင်းခံတွေဆိုလည်း လျှော်ခိုင်းတယ်ပေါ့နော်။ အဲလိုမျိုးဟာတွေ ကိုယ်ကခံစားရတာပေါ့နော်။ အယ်… လျှော်ရင်လျှော်ရပါစေ။ မိန်းလျာဘဝနဲ့ ပျော်ပျော်နေရပါစေ လွတ်လွတ်လပ်လပ်နေရရင် ရပြီဆိုပြီးတော့ကိုယ်ကလျှော်ပေး။ လျှော်ပေးလေ ပိုနှိမ်လေပေါ့နော်။ အဲဒီကနေတစ်ခါထွက်သွားလိုက်ပြန်ရော။ ထွက်သွားပြီးတာနဲ့ ပန်းရံသွားလုပ်တယ်။ ပန်းရံသွားလုပ်တော့ ယောက်ျားတွေကလည်း ဂန်ဒူးဖြစ်ပြီးတော့ ဘာဖြစ်လို့ပန်းရံလာလုပ်ရတာလဲ။ မိန်းမအလုပ် လုပ်ပါလား။ ကိုယ့်စိတ်ထဲမှာ ကိုယ်ပြန်စဉ်းစားတယ်။ မိန်းမအလုပ်လုပ်ပြန်တော့လည်း ကိုယ့်ကိုလက်မခံဘူး။ ယောက်ျားအလုပ် လုပ်ပြန်တော့လည်း ယောက်ျားတွေနှိမ်ကြတယ်။ အဲဒီလိုမျိုးဆိုတော့ ကိုယ်ကအဖက်ဖက်ကစီစဉ်ပြီးတော့ ကောင်းတဲ့သူဌေး နားလည်ပေးတဲ့သူဌေးနဲ့ တွေ့သွားတော့လည်း ကိုယ့်ဘဝကြီးဟာ သာယာသွားတာပေါ့နော်။ အဲဒီကနေထွက်ပြီးတော့ တည်းခိုခန်းမှာဝင်လာလုပ်တယ်။ သူဌေးကလည်းကိုယ့်အပေါ်မှာကောင်းတယ်။ မိန်းမလျာရဲ့သဘောတရားကို နားလည်ပေးတယ်။ နားလည်ပေးတဲ့သူရှိသလို နားမလည်ပေးတဲ့သူက အများကြီး။ အယောက်တစ်ရာမှာ တစ်ယောက်လောက်ပဲကိုယ့်ရဲ့ဘဝကို နားလည်ပေးတဲ့အတွက်ကြောင့် ကိုယ်ကခံစားရတာပေါ့နော်။ ဒီသူဌေးက ကိုယ့်အပေါ်မှာကောင်းတဲ့အတွက်ကြောင့် ဒီသူဌေးနဲ့ပဲကိုယ်က ရှစ်နှစ်တိုင်တိုင်နေလိုက်တာ။

အခုအဲလိုမျိုးပေါ့နော် အိမ်ထောင်ကလည်းကျတယ်။ ပြောရမယ်ဆိုရင် ကိုယ်က ခေါ်ကံတယ်။ ခေါ်ကံပြီးလို့ရှိရင် ကိုယ်ကယောက်ျားနဲ့ဆက်ဆံပြီးလို့ရှိရင် ယောက်ျားတွေက ကိုယ့်ကိုယ်နှိမ်တယ်။ မဆက်ဆံခင် ချစ်တယ်၊ ကြိုက်တယ်၊ ဘယ်ကဲ့သို့ ဘယ်ချမ်းသာပြောပြီးလို့ရှိရင် လုပ်ပြီးလို့ရှိရင် အမယ်လေး ဂန်ဒူး ချော်ကီးနံတယ်။ အောက်တန်းစား၊ ကလေကချေ ကိုယ့်ကိုယ်ဝုန်းချင်လည်း ဝုန်းတယ်။ စပေါ်ကတ်တွေ့ရင်တစ်မျိုး။ ဂျီမအနားရောက်ရင်တစ်မျိုး။ အဲလိုကိုယ့်ကိုယ်ဝုန်းကြတာပေါ့နော်။ အဲဒါကြောင့် ယောက်ျားတွေကို စိတ်နာတယ်။ သူတို့တွေကိုယ့်အပေါ်မှာ အချစ်တုံ့ပြန်မတုံ့ပြန် မသိဘူး။ ကိုယ်ကတော့အမုန်းနဲ့ပဲ့ပြန်တုံ့ပြန်တယ်။ ဘာဖြစ်လို့လဲဆိုတော့ တစ်ယောက်ကိုတစ်ယောက် နားလည်မှုမပေးနိုင်တဲ့အတွက်ကြောင့်ပေါ့နော်။ သူတို့ကိုယ့်အပေါ်မှာ နားလည်မှုတစ်ကျပ်ပေးနိုင်ရင် ကိုယ်သူတို့အပေါ်မှာ တစ်ရာနားလည်မှုပေးဖို့ဆိုတာ မိန်းမလျာဘဝမှာ နားလည်မှုပေးနိုင်တယ်ပေါ့နော်။ အဲဒါသူတို့က ကိုယ့်အပေါ်မှာ နားလည်မှုမပေးနိုင်ဘူး။ အဲဒါကြောင့် ယောက်ျားတွေကိုတော့ စိတ်နာတယ်။ ပတ်ဝန်းကျင်ကလူတွေကိုလည်း စိတ်နာတယ်။ ဒါပေမယ့် စိတ်နာပေမယ့် အပြုံးနဲ့ဆက်ဆံတယ်။ ဒါပေမယ့် ကောင်းတဲ့သူတွေရှိသလို မကောင်းတဲ့သူတွေလည်း အများကြီးပေါ့နော်။ အဲဒါကြောင့် ပြောပြတယ်။ ဘာဖြစ်လို့လဲဆိုတော့ ကိုယ့်ရဲ့ဘဝလည်း ကိုယ်အနိမ့်မှာမနေဘူး။ ကိုယ်ကဂန်ဒူးမတယောက်ဖြစ်ပေမယ့် ကိုယ့်ရဲ့ခန္ဓာကိုယ်မှာ ကိုယ့်ရဲ့အသားထဲမှာ ကိုယ်ဟာဘုရင်ပဲဆိုတာကို ကိုယ့်ကိုယ်ကိုယ်ချေပြီးတော့ နေနိုင်တဲ့အရည်အချင်းရှိအောင်ကြိုးစားနေတယ်။ နောက်လာနောက်သား မိန်းမလျာတွေကိုလည်း အဲလိုမဖြစ်နိုင်အောင် သူများမနှိမ်နိုင်အောင် ကိုယ့်ပတ်ဝန်းကျင်အသိုင်းအဝိုင်းကိုလည်း မြှင့်တင်ပေးနိုင်အောင် ကြိုးစားပေးနေတယ်။ ကိုယ့်ဘဝခံစားရသလို နောက်လာမယ့်မိန်းမလျာတွေမခံစားရအောင် မဝုန်းနိုင်ရအောင် ပတ်ဝန်းကျင်က ကိုယ့်ကိုချေလို့ရှိရင် ကိုယ်ပြန်ချေပနိုင်ရဖို့ ပြန်ကြိုးစားပေးမယ်သူတို့ကို။

မေး။    ။ လိင်တူချစ်သူတစ်ယောက်ဖြစ်ရတဲ့အတွက် ငယ်ငယ်တုန်းက စာသင်ကျောင်းတွေ၊ သူငယ်ချင်းအပေါင်းအသင်းတွေ၊ ပတ်ဝန်းကျင်တွေထဲမှာရော ဘယ်လိုခွဲခြားဆက်ဆံမှုတွေကို ခံစားခဲ့ရသလဲ။

ဖြေ။    ။ ကျောင်းနေတုန်းက ကျောင်းသွားတဲ့အချိန်ကျရင် ဆရာမတွေက ဘာပြောလည်းဆိုတော့ အခြောက်၊ အေအိုက်ဒီအက်စ်၊ အေအိုင်ဒီအက်စ်ဖြစ်မှာ မကြောက်ဘူးလား။ အခြောက်ဆိုတာ ကောင်းတယ်ထင်သလား။ အရင်ဘဝက သူများသားမယားကို ဖျက်ဆီးခဲ့လို့ ဒီဘဝမှာ အခြောက်ဖြစ်ရတယ်။ အဲလိုနှိမ်တော့ ကျမရဲ့ရင်ထဲမှာ ခံစားရတယ်ပေါ့နော်။ ဒါပေမယ့် ကျမဘာမှ မဖြစ်ပါဘူး။ ဘာဖြစ်လို့လဲဆိုတော့ ဆရာမကို စော်ကားရင် ကိုယ်ငရဲကြီးမယ် ဆိုပြီးတော့ စိတ်ထဲမှာ အဲလိုမျိုးပဲ ထားတယ်။ ဒါပေမယ့် ဆရာမတွေက ကိုယ်ကခံစားလေ ခံစားလေ ငြိမ်ပြီးနေလို့ရှိရင် ဆရာမတွေက ကိုယ့်ကိုယ်ပိုပိုပြီးနှိမ်လာတယ်။ ဆရာမတွေနှိမ်တာထက်ကို သူငယ်ချင်းတွေက ပိုပြီးနှိမ်လာတယ်။ အခြောက် အေအိုင်ဒီအက်စ်ဖြစ်မယ် မထိုင်နဲ့သွား။ ကျောင်းမှာစစ်ဆေးရေးဝင်ပြီဆိုရင် နင်တို့တွေဟာသွား။ ဟေ့… ထ… အခြောက်တွေအရင်ထ။ သွား… သွေးသွားစစ်။ အေအိုင်ဒီအက်စ်ဖြစ်မယ်။ နင်တို့မရှက်ဘူးလား။ နင်တို့တယောက်အတွက်ကြောင့် ပတ်ဝန်းကျင်က ကျောင်းသားတွေအကုန်လုံး ကူးကုန်မယ်။ နင်တို့ထိုင်တဲ့နေရာမှာ ကျောင်းသားတွေထိုင်လို့ရှိရင် ကျောင်းသားတွေဘယ်လိုဖြစ်မယ်ထင်သလဲ။ အဲလိုမျိုးတွေပြောတော့ ကိုယ်ကခံစားရတယ်။ ကိုယ်က ကလေးဘဝဆိုတော့ ဘာမှနားမလည်ဘူးဒါတွေ။ သိက္ခာကျလည်းကျပါစေ၊ မျက်နှာငယ်လည်း ငယ်ရပါစေ။ ကိုယ့်ကိုယ်ကိုယ် သွားပဲ။ ဒါပေမယ့် ဆရာမကိုတော့ ကိုယ်ကမစော်ကားဘူးပေါ့နော်။ ဆရာမက ဆရာမပဲ။ အဲဒါကြောင့် ပတ်ဝန်းကျင်ရဲ့ဒဏ်ကိုလည်း အမျိုးမျိုးခံစားခဲ့ရတာပေါ့နော်။ ကျောင်းသွားလည်း ကျောင်း၊ ကျောင်းကသူငယ်ချင်းတွေ ပတ်ဝန်းကျင်ကိုရောက်တော့လည်း ပတ်ဝန်းကျင်မှာပြောပြကြတာပေါ့နော်။ ဆရာမက ဘယ်လိုမျိုးနှိမ်တယ် သူတို့ကို။ ပတ်ဝန်းကျင်ကလူတွေက ပြောကြတယ်။ အေး… အခြောက်တွေဟာ ဘယ်နေရာမှာ အရာဝင်သလဲ။ ကလေကချေတွေ။ လမ်းသွားလည်း လူရာမဝင်၊ ပွဲသွားလည်းလူရာမဝင်။ အရာရာမှာ ဘယ်နေရာမှာလူရာဝင်လည်းပေါ့။ အဲလိုမျိုး အမျိုးမျိုးနှိပ်ကွတ်တယ်။ ကိုယ့်ကိုယ်ကိုယ် ခံစားရတယ်ပေါ့နော်။ ကိုယ့်ကိုယ်ကိုယ်လည်း ဖြေဖျောက်တယ်ပေါ့နော်။ ဖြေဖျောက်သလောက် အရာရာမှာလူရာမဝင်တော့ အဲဒီလူရာမဝင်တဲ့ ဒဏ်ကြီးကို ခံစားမနိုင်ဘူး။ ပတ်ဝန်းကျင်က အဲလိုပြောတဲ့ဒဏ်ကိုပေါ့နော်။ အဲဒါကြောင့် ကျမအနေနဲ့ ကျမရနောင်းကိုလာပြီးတော့ ကိုယ့်ကိုယ်ကိုယ် ကြိုးစားတယ်။ ဘာဖြစ်လို့လဲဆိုတော့ ကိုယ့်ရဲ့ဘဝမှာ မလုံခြုံ မပြည့်စုံပဲနဲ့ မပြန်နိုင်ဘူး။ ပတ်ဝန်းကျင်ရဲ့ ဒဏ်၊ ပတ်ဝန်းကျင်ရဲ့အပြောအဆိုကို မခံစားနိုင်တဲ့အတွက်ကြောင့် မပြန်ဘူးပေါ့နော်။ အဲဒါကို ပြောပြချင်တယ်ကျမက။

မေး။    ။ လိင်တူချစ်သူတယောက်ဖြစ်ရတဲ့အတွက် မိသားစုအတွင်းမှာရော ဘယ်လိုမျိုးခွဲခြားဆက်ဆံမှုတွေကို ခံစားခဲ့ရသလဲ။

ဖြေ။    ။ မိသားစုအတွင်းမှာလည်း အဲလိုမျိုးပေါ့။ အစ်ကိုတွေလည်းရှိတယ်ပေါ့နော်။ အစ်ကိုက လေးယောက်ရှိတယ်။ အစ်မက နှစ်ယောက်ရှိတယ်။ အစ်မကကျတော့ ကျမရဲ့မိန်းမလျာဖြစ်တဲ့စရိုက်ကို အကုန်လုံးနားလည်ပေးတယ်။ အစ်ကိုတွေကျတော့ မိဘက အစ်ကိုတွေရဲ့လုပ်စာကို ထိုင်စားနေရတာဆိုတော့ ကိုတွေက ရှက်တယ်။ မင်းအတွက်ကြောင့် ငါတို့လမ်းသွားမရဲဘူး။ သိက္ခာကျတယ် ဘာညာအဲလိုမျိုးပြောတယ်ဆိုတော့ ကိုယ်လည်း မိဘမောင်နှမရဲ့သိက္ခာကို မချချင်ဘူးလေ။ မချချင်ဘူးဆိုတော့ မိဘကလည်းငိုတယ်ပေါ့နော်။ ကိုယ့်အတွက်ကြောင့်။ နင်ဟာဘာဖြစ်လို့ အခြောက်လုပ်ရတာလဲ။ ကိုယ့်ရဲ့ဘဝကို ကိုယ်ပဲနားလည်တယ်။ သူတို့တွေက နားမလည်ဘူး။ ယောက်ျားလုပ်ဖို့တစ်ခုပဲ သူတို့သိတယ်။ အဲဒီယောက်ျားလုပ်တဲ့ဒဏ်ကို ကိုယ်ကဘယ်လိုနည်းနဲ့မှ သိန်းတစ်ရာပုံပေးလည်း ကိုယ်ကမလုပ်နိုင်ဘူး။ ရွှေနဲ့ ငွေနဲ့ တိုက်တာနဲ့ထားမယ်ဆိုလည်း ကျမဘဝကမလိုလားဘူး။ အဲဒါကြောင့် ကျမက ဘယ်လိုမျိုးပြောမလဲဆိုတော့ ဒီဘဝနဲ့ပဲ့ဆုံးသွားပါစေ။ ဒီဘဝနဲ့ပဲနေသွားမယ်။ မိဘနဲ့ပြတ်ရင် ပြတ်ရပါစေ။ မောင်နှမနဲ့ပြတ်ရင်ပြတ်ရပါစေ ဒီဘဝနဲ့ပဲ့နေသွားမယ်။ အချစ်ဆုံးသူငယ်ချင်းနဲ့ ပြတ်ရင်ပြတ်ရပါစေ။ ကျမဒီမိန်းမလျာဘဝကနေ မစွန့်လွှတ်နိုင်ဘူး။ ဘာဖြစ်လို့လဲဆိုတော့ ကိုယ့်ဘဝကိုယ်ပဲနားလည်တယ်။ ပတ်ဝန်းကျင်က မျက်လုံးနဲ့ကြည့်ပြီး ဝေဖန်ကြတယ်။ ကိုယ်ကိုယ်တိုင် မခံစားတဲ့အတွက်ကြောင့် သူတို့က နားလည်မှုမပေးကြဘူး။ အဲဒါကြောင့် ကျမကတော့ ကျမဘဝကို ကျမပဲနားလည်တယ်။ သူများနားလည်ရင်နေ နားမလည်ရင်နေ ကျမဘဝကို ကျမနားလည်တယ်။ အဲဒါကြောင့် ကျမဒီမိန်းမလျာဘဝနဲ့ပဲ တသက်လုံးသွားမယ်။ မိဘမောင်နှမလည်း ကိုယ့်ကိုယ် အမျိုးမျိုးနှိမ်တယ်။ အမျိုးမျိုးနှိပ်ကွပ်တယ်။ ကျမစိတ်မကောင်းဖြစ်တယ်။ ဘာဖြစ်လို့လဲဆိုတော့ ကိုယ့်ရဲ့မိဘမောင်နှမတောင်မှ ကိုယ့်ကိုယ်ဒီလောက်အထိနှိမ်တယ်ဆိုရင် ပတ်ဝန်းကျင်ကလူတွေ ဘယ်လိုနှိမ်လာမလဲ။ ဒါပေမယ့် မိဘဆိုတာမျိုးကတော့ ကိုယ့်သားသမီးကို ကိုယ်အကောင်းပဲဖြစ်ချင်တယ်။ ကိုယ့်ရဲ့ဘဝကို ဖျောင်းဖြလို့မရတဲ့အတွက် သူတို့နဲ့ကိုယ် တန်းတူနေလို့မရဘူး။ သူတို့ဘယ်လိုပဲနှိမ်နှိမ် ကိုယ့်ရဲ့ဘဝကို စွန့်စားရတယ်။ မိဘတွေက ဘယ်လိုပြောလဲဆိုတော့ ပြန်လာခဲ့။ ကျမပြန်ချင်တဲ့စိတ်မရှိဘူး။ ကိုယ့်အတွက်ကြောင့်မို့ ကိုယ့်မိဘမောင်နှမတွေ သိက္ခာကျမှာကြောက်လို့မပြန်ဘူး။ အမျိုးမျိုးနှိမ်ကြတာပေါ့နော်။ ပတ်ဝန်းကျင် ဈေးသွားလည်းပဲ မိန်းမလျာတယောက်ကိုမြင်လို့ရှိရင် “ဟင်း ဟိုမှာကြည့်” တိုးတိုး တိုးတိုးပြောတယ်။ ကိုယ့်ရဲ့ခံစားချက်က ပြင်းပြလာတော့ ကိုယ်မခံစားနိုင်တော့ပြီ။ ဘာလဲ အောက်တန်းစား ကလေးကချေ လူမမြင်ဖူးဘူးလားသူတို့။ နင်တို့မြို့ရွာမှာ လူမမြင်ဖူးဘူးလား။ အခြောက်မရှိဘူးလား။ ကိုယ်က အဲလိုမျိုးမခံစားနိုင်တော့လို့ တုံ့ပြန်လိုက်တယ်။ တုံ့ပြန်လိုက်တော့ သူတို့က ကိုယ့်ကိုယ်မုန်းချင်လည်းမုန်း ခင်ချင်လည်းခင်။ အဲလိုမျိုး ကိုယ့်ကိုယ်ကိုယ် မခံစားနိုင်တဲ့အစိတ်အပိုင်းတွေနဲ့ပေါ့နော်။ ကျမက အဲလိုမျိုးပြောပြလိုက်တယ်။ ကိုယ့်ဘဝကို ကိုယ်နာကြည်းတဲ့အတွက်ကြောင့် ထိန်းချုပ်လို့မနိုင်တော့ပြီ။ အဲဒါကြောင့် ကျမပွင့်ပွင့်လင်းလင်းပြောပြလိုက်တယ်။ ပြောပြလိုက်တော့ ပညာတတ်တဲ့သူတွေကလည်း မိန်းမလျာရဲ့ဘဝကို နားလည်ပေးတယ်။ အယောက်တစ်ထောင်မှာ တစ်ယောက်လောက်ကတော့ အရှေ့မှာနားလည်ပေးပြီးတော့ ဟေး… အခြောက် ဘာလုပ်တာလဲ ယောက်ျားတန်မဲ့နဲ့အခြောက်လုပ်တယ်ဆိုပြီး နောက်ကွယ်မှာ ပြောတဲ့သူတွေလည်းရှိတယ်။ ဒါပေမယ့် မပြောတဲ့သူရှိသလို ပြောတဲ့သူလည်းရှိတယ်။ ဂန်ဒူးမဘဝကို နားလည်ပေးလို့နိုင်တယ်။ အယောက်တစ်ထောင်မှာ ကိုးရာကိုးဆယ်ကိုးယောက်က နားမလည်ပေးတဲ့သူများတယ်။ တစ်ယောက်လောက်ပဲ နားလည်ပေးကြတယ် မိန်းမလျာဘဝကို။ အဲဒါကြောင့် ကျမက အဲဒီအကြောင်းကို ပြောပြတာပေါ့နော်။

မေး။    ။ လိင်တူချင်းချစ်တဲ့သူတွေကို ပတ်ဝန်းကျင်အတော်များများက နားလည်မှုတွေ မပေးနိုင်ကြဘူးပေါ့နော်။ အဲလိုမျိုးနားလည်မှုမပေးနိုင်တာကို ပတ်ဝန်းကျင်အသိုင်းအဝိုင်းက နားလည်မှုတွေပေးလာနိုင်အောင် ဘယ်လိုမျိုးနည်းလမ်းတွေနဲ့ လုပ်ဆောင်ပေးနိုင်မယ်လို့ ထင်ပါသလဲ။

ဖြေ။    ။ ကျမအနေနဲ့ ကျမနားလည်မှုပေးလို့ရပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ သူတို့တွေလည်း ကိုယ့်ကိုယ်နားလည်မှုပေးလို့ရပါတယ်။ သူတို့တွေက အရှေ့မှာတစ်မျိုး နောက်ကွယ်မှာတစ်မျိုးဆိုတော့ မိန်းမလျာတွေကလည်း ကိုယ့်ကိုယ်ကို ခံစားပေးမတတ်ဘူး။ အခုခေတ်လူတွေကလည်း ပြောရမယ်ဆိုရင် မိန်းမလျာထက်ကို သူတို့တွေက ပိုပြီးတော့ ဟိုဥစ္စာဖြစ်နေတယ်။ မိန်းမလျာက နည်းနည်းဆို သူတို့က များများဆိုတော့ ကျမတို့လည်း တစ်ခါတလေကျရင်လေ သူတို့ရဲ့အလိုက်ကို အလိုက်ပေးလို့မတတ်တော့ပြီ။ တစ်ခါတလေကျရင်ကိုယ်က အမျိုးမျိုးဖြောင်းဖြပြတယ်။ ပတ်ဝန်းကျင် သူငယ်ချင်းတွေက ဘယ်လိုပြောရမလဲဆိုတော့ သူတို့ရဲ့ အကကြိုက်ရင် အက၊ အဆိုကြိုက်ရင် အဆို၊ အရေးကြိုက်ရင် အရေး၊ ဆိုကရေးတီးနဲ့ ကိုယ်ကဖျော်ဖြေပြပေမယ့် သူတို့ကိုယ့်ရဲ့အရှေ့မှာကျရင် တစ်မျိုး၊ အောင်မယ်လေး တော်မှတော် ကောင်မှကောင်း မိန်းမလျာဖြစ်ပြီးတော့ တော်မှတော်ဆိုပြီးတော့ နောက်မိန်းမလျာတစ်ယောက်လာလို့ရှိရင် ပြန်ပြီးတော့နှိပ်ကွပ်ကြတယ်သူတို့က။ ကိုယ့်တယောက်ပဲ အကောင်းလုပ် ကိုယ့်တယောက်ပဲအကောင်းဖြစ်တယ်။ တချို့လူတွေကတော့ နားလည်ပေးတဲ့သူရှိတော့ ရှိကြပါတယ်။ သူ့အကန့်နဲ့သူ ပတ်သတ်ရာ ပတ်သတ်ကြောင်း။ တချို့တွေက မိန်းမလျာဆိုရွံတယ်။ မပေါင်းချင်ဘူး။ အဲလိုမျိုးတွေကျတော့ နားလည်ပေးရတာခက်တယ်။ ကျမအနေနဲ့ ကျမနားလည်ပေးရတာ ခက်တယ်ပေါ့နော်။

မေး။    ။ ပတ်ဝန်းကျင်အသိုင်းအဝိုင်းက လိင်တူချင်းချစ်တဲ့သူတွေကို နားလည်မှုတွေပေးလာအောင် လိင်တူချင်းချစ်တဲ့သူတွေကိုယ်တိုင်ကရော ဘယ်လိုမျိုးနေထိုင် လုပ်ဆောင်သင့်တယ်လို့ ထင်ပါသလဲ။

ဖြေ။    ။ ကျမအနေနဲ့ ကျမပြောရမယ်ဆိုရင် မိန်းမလျာတစ်ယောက်က ယောက်ျားယူလိုက်ပြီဆိုရင် အဲဒီယောက်ျားနဲ့ မိန်းမလျာဆိုတာလည်း ပတ်ဝန်းကျင်က နားလည်မှုပေးတယ်ဆိုတာကလည်း မိန်းမလျာနဲ့ ယောက်ျားမှာလည်းမူတည်တယ်။ ဘာဖြစ်လို့မူတည်သလဲဆိုတော့ မိန်းမလျာတစ်ယောက်အနေနဲ့ ပတ်ဝန်းကျင်မှာ ကောင်းကောင်းမွန်မွန်နေထိုင်ရတာပေါ့နော်။ ပြောရမယ်ဆိုရင် ဟိုကစကားက ဒီကိုပို့၊ ဒီကစကားက ဟိုကိုပို့ဆိုတာကလည်း ပတ်ဝန်းကျင်ကပြောမယ်ဆိုရင် မိန်းမလျာတွေကို အထင်ပိုသေးလာနိုင်တယ်ပေါ့နော်။ ဘာဖြစ်လို့လဲဆိုတော့ မိန်းမလျာရဲ့အပေါ်မှာ မူတည်တယ်။ ပတ်ဝန်းကျင်ဆိုတာလည်း ကိုယ့်ယောက်ျားအတွက် ကိုယ် စားမယ် သောက်မယ်၊ မိန်းမလျာတစ်ယောက်ကို ယူတဲ့ယောက်ျားကလည်း မိန်းမလျာကို မယားမှတ်မှတ် သားမှတ်မှတ် ပေါင်းနိုင်ဖို့လည်း လိုလားတယ်။ ယောက်ျားတွေက မိန်းမလျာရဲ့ဘဝကို နားလည်ပေးမှုမရှိတဲ့အတွက်ကြောင့် မိန်းမလျာက ယောက်ျားကိုချစ်တယ်။ ချစ်တော့ မိန်းမလျာက လိုက်ရတယ်ယောက်ျားကို။ ယောက်ျားမလာရင် ယောက်ျားကို လိုက်ရတယ်။ ပတ်ဝန်းကျင်က အမျိုးမျိုးရည်စား(ကဲ့ရဲ့)ကြတယ်။ ပတ်ဝန်းကျင်ကို ကိုယ်ကဘယ်လိုမျိုးဆက်ဆံရမလဲဆိုတော့ ပတ်ဝန်းကျင်နဲ့တည့်အောင်ပေါင်းရမယ်။ ကောင်းကောင်းမွန်မွန် နေထိုင်လုပ်စားတတ်ရမယ်။ မဟုတ်မမှန်တဲ့အလုပ်မျိုးကို မလုပ်ရဘူးဆိုရင် ပတ်ဝန်းကျင်ကလည်း ကိုယ့်ကို ကဲ့ရဲ့ရည်စားလို့မရဘူး။ ဘာဖြစ်လို့လဲဆိုတော့ သူတို့ကနားလည်မှုပေးနိုင်တယ်လေ။ ဥပမာ ကိုယ့်လိုမျိုးပေါ့နော် ယောက်ျားတစ်ယောက်ကိုယူလိုက်ပြီ ယောက်ျားတစ်ယောက်က သွားလိုက်ပြီကိုယ့်အနားက၊ ကိုယ့်အနားကသွားလိုက်ရင် ကိုယ်ကလိုက်ရတယ်။ လိုက်ပြီဆို အဲဒီယောက်ျားက မလာဘူး။ သွား အခြောက်မယူဘူး။ ငါမိန်းမပဲယူမယ်။ အဲလိုမျိုးကျတော့လည်း ယောက်ျားတွေက မကောင်းတော့ မိန်းမလျာကဖောက်ပြန်ရတော့ ပတ်ဝန်းကျင်ကကိုယ့်ကိုယ်နှိမ်တယ်။ အဲလိုမျိုးတွေမဖြစ်နိုင်အောင် ကိုယ်ယူတဲ့ယောက်ျားကို ကိုယ်ကကိုင်နိုင်ရမယ်ပေါ့နော်။ ကိုယ်ယူတဲ့ယောက်ျားကို ဒီယောက်ျားက ကိုယ့်ကိုချစ်လား။ ချစ်တယ်ဆိုရင် ကိုင်နိုင်ရမယ်ပေါ့နော်။ ဒီယောက်ျားက ကိုယ့်အပေါ်မှာချစ်လာပြီဆိုရင် ဒီယောက်ျားတစ်ယောက်ကို ကိုယ်ကအမ်းပါတယ်ဆိုလည်းမပြောဘူး။ ဒီယောက်ျားက ကိုယ့်မှာချူပါတယ်ဆိုလို့လည်းမပြောဘူး။ ဘာဖြစ်လို့လဲဆိုတော့ မိန်းမလျာတစ်ယောက်ဖြစ်လာပြီဆိုရင် သူလည်းကိုယ့်ကိုယ်ချစ်ရမယ်။ ကိုယ်လည်းသူ့ကိုချစ်ရမယ်။ ယောက်ျားက ကိုယ့်ကိုယ် တစ်ကျပ်ချစ်ရင် ကိုယ်ကသူ့ကို တစ်ဆယ်ဖိုးလောက်ချစ်ပြရတယ်ကိုယ်က။ သူကဘယ်လိုမျိုးဘဝကနေလာတာလဲ ကိုယ်ကအဲဒီဘဝကိုမြှင့်တင်ပေးရတယ်။ ဒီဘဝတွေကလည်း မိန်းမလျာမှမဟုတ်ဘူး မိန်းမမှာလည်းရှိကြတယ်၊ ယောက်ျားမှာလည်း ရှိကြတယ် မကောင်းမှုဆိုတာ။ ကိုယ်ကလည်း ပတ်ဝန်းကျင်မှာ ကောင်းကောင်းမွန်မွန်ဆက်ဆံကြတယ်။ ယောက်ျားအပေါ်မှာလည်း ဆက်ဆံရမယ်။ အရိုင်းအဆိုင်းနှုန်းတွေမသုံးပြဘူးဆိုရင် ဒီနေရာမှာဆိုရင် ကိုယ်ကမိန်းမလျာ ယောက်ျားကလည်း ကိုယ့်ကိုယ်နားလည်မှုပေးတယ်။ ပတ်ဝန်းကျင်ကလည်း ကိုယ့်ကိုယ်နာလည်မှုပေးနိုင်တယ်။ ကိုယ်လည်းပတ်ဝန်းကျင်မှာ နားလည်မှုလေးတွေပေးနိုင်တယ်ပေါ့နော်။ အဲဒါကြောင့်ပြောတယ် ပတ်ဝန်းကျင်မှာ ကိုယ်ကမကောင်းတာလုပ်ရင် မကောင်းတာဖြစ်မယ်။ ကောင်းတာလုပ်ရင် ကောင်းတာဖြစ်မယ်။ ပတ်ဝန်းကျင်ကလည်း ကိုယ့်ကိုနားလည်မှုပေးနိုင်တဲ့ အကန့်တွေလည်းရှိတယ်။ ဒါပေမယ့် နားလည်မှုမပေးနိုင်တဲ့အကန့်တွေလည်း ကိုယ့်ကိုယ်ကို နားလည်မှုပေးနိုင်အောင် ကြိုးစားရမှာပေါ့နော်။ ဘာဖြစ်လို့လဲဆိုတော့ ကိုယ်က သဘာဝကိုဆန့်ကျင်တဲ့အတွက် ကိုယ့်ကိုယ်ကို နားလည်ပေးရတယ်။ ဟုတ်တယ်မဟုတ်လား။ ပတ်ဝန်းကျင်က နားလည်မှုမပေးနိုင်လည်း နားလည်မှုပေးနိုင်အောင် ကိုယ်က ကြိုးစားရမယ်။ ကြိုးစားမှုအသုံးအနှုန်းလေးတွေလုပ်ပေးမှ သူတို့လည်းနားလည်မှုပေးနိုင်မယ်။ အခုနကပြောသလိုပဲ သူတို့က ကိုယ့်ကို လှည့်စားလိုက်တဲ့အချိန်မှာ ကိုယ်က ရိုင်းရိုင်းစိုင်းစိုင်းနဲ့ တုံ့ပြန်လိုက်လို့ရှိရင် ဒီအကြောင်းတွေဟာ ဘယ်လိုနည်းနဲ့မှ ဟိုဥစ္စာလုပ်လို့ရမှာမဟုတ်ဘူး။ သူတို့ကိုလည်း ကိုယ်ကြိုးစားလို့မရ၊ သူတို့ကလည်းကိုယ့်ကို ကြိုးစားမှုပေးနိုင်မှာမဟုတ်ဘူး။ ပြောရမယ်ဆိုရင် လူချင်းအတူတူပဲ။ တယောက်ကိုတယောက် နားလည်မှုပေးနိုင်မယ်ဆိုလို့ရှိရင် သူ့အတွက်လည်းအဆင်ပြေမယ်။ ကိုယ့်အတွက်လည်း အဆင်ပြေမယ်။ နောက်လာမယ့် မိန်းမလျာတွေကိုလည်း မနှိမ်ရဲတော့ဘူး။ မကဲ့ရဲ့ မရယ်စားရဲတော့ဘူး။ အဲဒါကြောင့် ကိုယ်လည်း ကိုယ့်ကိုယ်ကို မဖြစ်နိုင်အောင်၊ နောက်လာမယ့် မိန်းမလျာတွေကိုလည်း မကဲ့ရဲ့ မရယ်စားနိုင်အောင် ကိုယ်လည်းကြိုးစားပေးနေတာပဲ။ ပတ်ဝန်းကျင်နဲ့ပတ်သက်ပြီးတော့ပေါ့နော်။

မေး။    ။ တချို့လူတွေရှိတယ်ပေါ့နော်။ တခြား လိင်ကွဲချစ်သူတွေ မကောင်းတာလုပ်မယ်ဆိုရင်တော့ ဘာမှသိပ်မထူးခြားဘူး။ ဖြစ်နေကျ ဖြစ်စဉ်တစ်ခုအဖြစ်ပဲ မြင်တယ်ပေါ့နော်။ ဒါပေမယ့် လိင်တူချစ်သူတွေထဲမှာ တစ်ခုခုမကောင်းတာလုပ်မိမယ်ဆိုရင် လိင်တူချစ်သူတွေမှ မကောင်းတဲ့သူတွေလို့ မြင်တဲ့အမြင်တွေရှိတယ်ပေါ့နော်။ အဲဒီအမြင်မျိုးတွေ ပပျောက်ပြီး အားလုံးတန်းတူညီမျှဖြစ်လာအောင် ဘာတွေပြောချင်ပါသလဲ။

ဖြေ။    ။ ဘာဖြစ်လို့လဲဆိုတော့ သူတို့တွေက မိန်းမလျာကို နားလည်မှု မပေးကြလဲဆိုတော့ မိန်းမလျာကိုယ်တိုင်က နားလည်မှု ပေးနိုင်အောင် ကြိုးစားရမှာပေါ့နော်။ ပတ်ဝန်းကျင်က မိန်းမနဲ့ ယောက်ျားနဲ့ ဘယ်လိုတန်းတူ ဆက်ဆံသလဲ။ မိန်းမလျာနဲ့ မိန်းမနဲ့ ယောက်ျား တန်းတူဆက်ဆံနိုင်အောင် ကိုယ်လည်းကြိုးစားပေးလို့ ရနိုင်တယ်။ ဘာဖြစ်လို့လဲဆိုတော့ ကိုယ့်ရဲ့ပတ်ဝန်းကျင် အသိပေါ့နော် သူငယ်ချင်း အပေါင်းအသင်းတွေပေါ့နော် မိန်းမသူငယ်ချင်းလည်း ရှိရင်ရှိမယ် ကျမတို့မှာဟုတ်၊ ယောက်ျားသူငယ်ချင်းလည်း ရှိချင်ရှိမယ်။ ဂန်ဒူးသူငယ်ချင်းလည်း ရှိရင်ရှိမယ်။ သူငယ်ချင်းတယောက် အနေနဲ့ပြောပြမယ်။ အခု ကျမအနေနဲ့ ကျမပြောပြမယ်ပေါ့နော်။ ပတ်ဝန်းကျင်က မိန်းမလျာတွေကို နှိမ်တယ်ဆိုတာ ကျမအနှိမ်မခံချင်ဘူး။ ပတ်ဝန်းကျင်ကို ကိုယ်ကဆက်ဆံသလိုမျိုး ပတ်ဝန်းကျင်က ကိုယ့်ကို နားလည်မှု ပေးလာသလိုမျိုးပေါ့နော်။ အေး… သူငယ်ချင်း စားပြီးလား၊ သောက်ပြီးလား လူမှုရေး အတိုင်းအတာနဲ့ပေါ့နော်။ စီးပွားရေးလည်း စီးပွားရေး၊ လှုမှုရေးလည်း လူမှုရေးပေါ့နော်။ လာကြမယ် သွားကြမယ် သောက်ကြမယ်ဆိုရင် သူတို့နဲ့ကိုယ်နဲ့ တန်းတူဖြစ်သွားရော။ သူတို့က ကိုယ့်ကို ကောင်းကောင်းမွန်မွန် ဆက်ဆံတော့ ကိုယ်ကလည်း ကောင်းကောင်းမွန်မွန် ဆက်ဆံပေးလိုက်တဲ့ အတွက်ကြောင့် သူတို့နဲ့ ကိုယ်နဲ့က တန်းတူဖြစ်သွားရော။ ပြောရမယ်ဆိုရင် တယောက်နဲ့တယောက် နားလည်မှုရှိသွားတယ်။ သူငယ်ချင်းအပေါင်းအသင်း ဖြစ်သွားတာပေါ့နော်။ သူငယ်ချင်းအပေါင်းသင်းဖြစ်သွားတော့ သူတို့နဲ့ ကိုယ်နဲ့ သွားလည်းအတူ လာလည်းအတူ နောက်မိန်းမလျာတစ်ယောက်ကို သူတို့မြင်လာလို့ရှိရင်လည်း သူတို့တွေက သူလည်းလူပဲ ကိုယ်လည်းလူပဲ ကိုယ်ကကောင်းကောင်းမွန်မွန် ဆက်ဆံရင် သူတို့တွေလည်း ကိုယ့်ကို ကောင်းကောင်းမွန်မွန် ဆက်ဆံပေးနိုင်တယ်။ မိန်းမလျာတစ်ယောက်က ဟေ့ အောက်တန်းစား ကလေကချေ သွား ထွက်သွားဆိုရင် ဒီမိန်းမလျာတစ်ယောက်က ရိုင်းရိုင်းဆိုင်းဆိုင်း ဆက်ဆံလိုက်ခြင်းအားဖြင့် နောက်မိန်းမလျာတယောက်ကို ရိုင်းရိုင်းဆိုင်းဆိုင်း ဆက်ဆံဖို့ သူတို့မှာ ဝန်မလေးတော့ပြီ။ အဲဒါကြောင့် မိန်းမလျာဖက်က သူတို့ကို ကောင်းကောင်းမွန်မွန်နဲ့ ဆက်ဆံပေးနိုင်မယ်ဆိုရင် အခုသူငယ်ချင်းတယောက်လာခဲ့တယ် ကိုယ့်အနား။ ဟယ်… အခိုင် ဘယ်လိုဖြစ်လဲ သူငယ်ချင်း၊ စားပါ သောက်ပါဆို သူ့မေတ္တာ ကိုယ့်မေတ္တာ တယောက်အပေါ်တယောက် တုံ့ပြန်နိုင်တဲ့ အရည်အချင်းရှိတယ်။ အဲလိုမျိုး တုံ့ပြန်နိုင်တဲ့အတွက် နောက်မိန်းမလျာတစ်ယောက်က သူ့ရဲ့သူငယ်ချင်း အပေါင်းအသင်းတယောက်ကို ဆက်ဆံလိုက်မယ်ဆိုလို့ရှိရင် အဲဒီမိန်းမတယောက်လည်း သူ့ရဲ့သူငယ်ချင်းအပေါ်မှာ ဘယ်လိုမျိုးဆက်ဆံမလဲ။ အဲဒီကနေ နောက်တဆင့် မိန်းမလျာတယောက်ကိုလည်း သူ့ရဲ့သူငယ်ချင်း… သူ့ရဲ့သူငယ်ချင်း… သူ့ရဲ့သူငယ်ချင်း များလာတဲ့အချိန်မှာ ဒီမိန်းမလျာအားလုံးကို သူကတန်းတူညီတူဆက်ဆံနိုင်တယ်။ အဓိကက မိန်းမလျာတွေအပေါ်မှာလည်း မူတည်တယ်။ မိန်းမတွေမှာလည်း မူတည်တယ်။ ယောက်ျားတွေမှာလည်း မူတည်တယ်။ ဘာဖြစ်လို့လဲဆိုတော့ ကိုယ်ကောင်းရင် သူမဆိုးပါတဲ့။ ကိုယ်ကောင်းကောင်းမွန်မွန် ဆက်ဆံရင် သူကောင်းကောင်းမွန်မွန် ဆက်ဆံမယ်။ လူချင်းအတူတူပဲ။ ဘယ်လောက်ပဲ ရိုင်းဆိုင်းနေပါစေ။ အဲဒီလူကို ကိုယ်ကဖြောင်းဖြပေးလို့ရှိရင် ဒီလူလည်း ကိုယ့်အပေါ်မှာ ကောင်းကောင်းမွန်မွန် ဆက်ဆံနိုင်တယ်ပေါ့နော်။ အဲဒါကြောင့် ကိုယ်လည်းအဲလိုမျိုးပဲ ကြိုးစားပေးတယ်။ ကိုယ်ကသူ့ပေါ် ကောင်းကောင်းမွန်မွန် ဆက်ဆံလို့ရှိရင် သူလည်းကိုယ့်အပေါ်မှာ ကောင်းကောင်းမွန်မွန် ဆက်ဆံတယ်။ အားလုံးမိန်းမနဲ့ ယောက်ျားနဲ့ မိန်းမလျာနဲ့ဆိုတာ တန်းတူဖြစ်သွားနိုင်တယ်ပေါ့နော်။ ကျမအနေနဲ့ ကျမပြောရမယ်ဆိုရင်။

မေး။    ။ သက်တံ့စာဖတ်ပရိသတ်တွေဖြစ်တဲ့ လိင်တူချင်းချစ်တဲ့သူတွေရော၊ လိင်တူချစ်သူမဟုတ်တဲ့သူတွေကိုပါ တန်းတူညီမျှမှုနဲ့ ပတ်သက်တဲ့ စကားလက်ဆောင်လေး ပြောပေးပါဦး။

ဖြေ။    ။ မိန်းမလျာဆိုတာလည်းလူပဲ၊ ယောက်ျားဆိုတာလည်းလူပဲ၊ မိန်းမဆိုတာလည်း လူပဲ့ပေါ့နော်။ ဒါပေမယ့် အားလုံးကို ပတ်ဝန်းကျင်ရော မိန်းမလျာတွေရော ယောက်ျားတွေရောအားလုံးပေါ့နော် ပြောပြမယ်ဆိုရင် မိန်းမလျာတွေလည်းလူဆိုတာ အားလုံးတန်းတူညီတူ ဆက်ဆံတာပဲကျမက။ မိန်းမလျာတွေကလည်း ပတ်ဝန်းကျင်ကို မဟုတ်တဲ့စကားမပြောနဲ့။ မမှန်ကန်တဲ့စကားမပြောနဲ့ပေါ့နော်။ အားလုံးကို လူချင်းအတူတူပါပဲဆိုလို့ ပြောပြပြီးတော့ ကျမအနေနဲ့ ကျမကကြိုးစားပြီးတော့ပေါ့နော် တန်းတူညီတူဆက်ဆံနိုင်အောင် ကျမက ပြောပြပေးချင်တယ်ပေါ့နော်။ အားလုံးကိုလည်း မိန်းမလျာဆိုတာလည်း ပတ်ဝန်းကျင်နဲ့ တွေ့အောင်ကြိုးစားပေး၊ ယောက်ျားတွေ၊ မိန်းမတွေဆိုတာလည်း မိန်းမလျာနဲ့ခင်နိုင်တယ်ပေါ့နော်။ မိန်းမလျာဆိုတာလည်း လူပါပဲ။ သူတို့လည်း သူတို့အတိုင်းအတာနဲ့ သူပါပဲ။ လူဆိုတာ ပတ်ဝန်းကျင်မှာ လုပ်စားနေကြတဲ့သူပါပဲ။ အဲဒါကြောင့် တယောက်ကိုတယောက် ကြိုးစားပေးချင်တယ်ပေါ့နော်။ တန်းတူညီတူဆက်ဆံကြပါစေလို့ ကျမက ပြောကြားပေးချင်တယ်။ တန်းတူဆက်ဆံကြပေါ့နော်။

အခုကျမတို့ရဲ့ မိန်းမလျာတွေပေါ့နော် ပတ်ဝန်းကျင်က ယောက်ျားတွေရော မိန်းမတွေရော ကျမတို့ဘဝကို တန်းတူဆက်ဆံပေးနိုင်ဖို့ပေါ့နော် ကျမကတောင်းဆိုချင်တယ်ပေါ့။ ဘာဖြစ်လို့လဲဆိုတော့ မိန်းမလျာဆိုတာလည်း လူပဲ။ တယောက်ကိုတယောက် လူချင်းအတူတူ နားလည်မှုရှိဖို့ပဲ လိုလားတယ်ပေါ့နော်။ ကျမအနေနဲ့ အားလုံးကိုတန်းတူ ဆက်ဆံနိုင်ပါစေလို့ ကျမတောင်းဆိုချင်တယ်ပေါ့နော်။

သက်တံ့စာစောင်အဖွဲ့မှ တွေ့ဆုံမေးမြန်း စီစဉ်တင်ဆက်ပါသည်။

http://www.coloursrainbow.com/articles/39-in-and-out/307-2010-05-27-05-15-26.html

22 comments

  • etone

    September 8, 2010 at 4:51 am

    အခြောက်ကအခြောက်ပဲပေါ့ ဘာကိုတခမ်းတနားရေးပြနေတာလဲ ။ ဖတ်မိတဲ့ကိုယ့်ကိုယ်ကိုတောင် စိတ်တိုတယ် ။

    • lone

      November 16, 2011 at 2:17 pm

      ဟုတ်တော့ဟုတ်တယ်နော်…အခြောက်ကအခြောက်ပဲ…သူတို့ဘာလို့အဲ့လိုအခြောက်စိတ်ဝင်နေကြလဲမသိဘူးနော်…ယောက်ျားဘဝကကောင်းတာကို…အဲ့ဒါစိတ်ပါပဲ…ဘုရားရှင်လက်ထက်က
      ကော အခြောက်တွေရှိလားမသိဘူးနော်…အခြောက်တွေအတွက် ဘာများဟောသွားသေးလဲမသိဘူး…မရှိဘူးလားမသိဘူးနော်….

      • etone

        November 16, 2011 at 4:14 pm

        အောင်မလေး မိလုံးရေ … အခြောက်ဆိုတာ ဟိုဘက်ခေတ်မှာပဲ ရှိတာ … နှစ်ဖွန်ချက်တွေဆို ဒီဘက်ခေတ်မှာ ပေါလွန်းလို့ … ။ လူကလည်း ယောကျာ်းအရင့်မာကြီး ၊ မိန်းမလည်း ယူထားသေး ကလေးတွေကလည်းရှိသေးတယ် . .. လစ်ရင်လစ်သလို ကောင်လေးချောချောတွေနဲ့ နှစ်ပါးသွားလည်းကသေး …. တွေးရလျှင် တံတွေးတောင် မျိုချမရတော့ဘူး ဖွီးးးးးးးးး 😡

        • etone

          November 16, 2011 at 4:21 pm

          ဖြိုးရေ … နာနင့်ကိုပြောတာ မဟုတ်ရပါဘူး ဟာ … နာ … အခြောက်တွေကို ဥပက္ခာပြုထားပါတယ် … ။ နာ သားယေးမွေးလာလျှင် ဝဋ်လည်မှာ စိုးယို့ 😀

  • Shwe Zin U

    September 8, 2010 at 5:39 am

    ဩ လူသား အခြင်းခြင်း ကိုယ်ခြင်းစာနာ တတ်တဲ့ စိတ်မွေးဘို့ ကောင်းပါတယ် မိန်းမ ပီပီသသ ယောက်ကျား ပီပီသသ အားလုံး ဖြစ်ချင်တာပါဘဲ ကိုယ်မရွေးချယ် နိုင်တဲ့ အတွက် လက်ခံလိုက်ရတဲ့ ဘဝလေးမှာ လူတယောက် အဖြစ်တန်ဘိုး ထားပြီး အားလုံး ဆက်ဆံနိုင်ဘို့ ကျိုးစားကြစေချင်ပါတယ် အခြောက်လုပ်ချင်လို့ လုပ်နေတာမဟုတ်ဘူး လို့မြင် ပါတယ် သူ့အသွေးအသား တွေကိုက မိန်းမ ဖြစ်ချင်နေတာ ကျနော်တို့ အပြစ်ပြောလို့ ရပါသလား သူ့ ကို လူတယောက် အဖြစ် တန်းတူ အခွင့် အရေးပေးနိုင်ကြပါစေ

  • chitsayar

    September 8, 2010 at 5:57 am

    ပေးပါတယ် ပေးပါတယ်
    ပြသနာက
    နွဲ ့နွဲ ့နောင်းနောင်း ပုံစံလေးက
    စကားပြောလိုက်ရင် နွား သံကြီးက ဆိုးသဗျ
    လူလေးစားခံခြင်တယ်ဆိုရင်တော့
    ကိုယ်၊ နုတ်၊ စိတ် တို ့၏ အမူယာ တို ့ကို တတ်နိုင်သလောက် စောင့်ထိမ်းကြဘို ့တော့ လိုပါလိမ့်မယ်
    ကိုယ့်စိတ်မှာ မမှန်ကန်တဲ့ အကြံဆိုး၊ အတွေးဆိုးတွေဖြစ်နေတာကို ဟုတ်တိုင်းမှန်စွာသိရပါမယ်
    သိပြီးပြင်ရပါမယ်
    ညစ်ပေနေသောကြေးခွက်ကို ပိုင်ရှင်တို ့သည် စင်ကြယ်အောင်လည်းမသုတ်သင်ကုန်ငြားအံ့၊ ညစ်ပေသောနေရာတွင်ထားကုန်ငြားအံ့
    နောင်အခါ သာလွန်ညစ်ပေကာ အညစ်အကြေးတက် ပျက်ဆီးရာ၏
    တဲ့ဗျ

  • ဆူး

    September 8, 2010 at 6:33 am

    မကြာခင်တော့ လိင်တူချစ်သူ (အခြောက်) တွေနဲ့တော့ လူမှန်ဘဝ မှန်တွေနဲ့တော့ တိုက်ပွဲ ဖြစ်တော့မလားဘဲ လူအခွင့် အရေး ကြွေးကြော်တဲ့ မန်းလေး ဂေဇတ်မှာ ပြသနာ တတ်တော့မယ် ထင်တယ်.. တိုက်ပွဲ ခေါ်သံကတော့ စနေပြီ လို့ထင်တယ်

  • Maung Dae`

    September 8, 2010 at 6:56 am

    အင်း…. ကျွန်တော်လဲသေချာစဉ်းစားကြည့်တော့ သူတို့ဘဝကို သနားပေမယ့်.. လုံးဝ (လုံးဝ) ကိုလက်ခံပေးလို့မရဘူးဗျ။ ဘယ်လိုမှလဲ ကိုယ်ချင်းစာ ခံစားပေးလို့မရဘူးဗျ…

    ဘယ်လိုပဲ ယောက်ျားကမိန်းမပုံစံလုပ်လုပ် မိန်းမက ယောက်ျားပုံစံလုပ်လုပ် ဖြစ်တည်မှုကတော့ ပြောင်းလဲမသွားပါဘူး… သဘာဝတရားကို ညာလို့မရဘူးဆိုတာ အိမ်သာတက်ရင်တော့ သိကြမှာပါ…..

  • satsaw

    September 8, 2010 at 8:41 am

    အချောက်ဆိုရင် သေသေ ရှင်ရှင် ရွန်တယ်ဗျာ……………………………..။

  • secret

    September 8, 2010 at 8:53 am

    ”သဘာဝတရားကို ညာလို့မရဘူးဆိုတာ” .
    ဟုတ်ပါတယ်…တချို ့လူတွေကကိုယ် ့ကို ကိုယ်ညာတယ် ့လူတွေရှိသလိုအမှန်တရားကိုသိပြီးဘယ်သူကိုမှထိခိုက်
    ်မှ ုုုုမရှိဘဲနေတတ်တဲ ့လူတွေလည်းရှိပါတယ်….

  • cobra

    September 8, 2010 at 10:24 am

    လက်ခံပါတယ်…
    သူတို ့ဘဝကိုကိုယ်ချင်းစာကြည့်ပါလား….
    ဘယ်လောက်အားငယ်ဖို့ကောင်းလဲ…..
    သူတို့ကိုအားပေးဖို့ပြောတာမဟုတ်ဘူးနော်…
    ခင်ဗျားတို့ကောတခါတလေသူတြိ့ကိုမချီးကျုးဘူးလား….
    ချီးကျုးဖူးပါတယ်သူတို့ show လျှောက်တဲ့ခွေတုံးကလေ M R R
    စဉ်းစားပါ…။

  • intro

    September 8, 2010 at 11:24 am

    Ah… ခုတလော ဒီအကြောင်းတွေချည်းပဲ ကြားနေရပါလား၊ အိုအသင်လောက….ဘာတွေ ဖြစ်ကုန်ကြပြီလဲ ဗျာ….

  • windtalker

    November 15, 2011 at 8:58 pm

    လေဘီဟေ့
    ရီလေးတက်ပို ့စ်အောက်မှာ ခေါင်းစဉ်က ဆန်းလို ့
    ဘာများပါလိမ့်လို ့…..
    အလွန်လေသွားပါကြောင်း

  • ပေါက်ဖော်

    November 15, 2011 at 9:10 pm

    ဖလား.ဖလား……
    နာ့ထက်တောင် ဗလတောင့်တယ်..
    နင်ပြီးနာ့အလှည့်ဆို..ငဖော်ရီးတို ့..ဘဝပျက်ရချည်ရဲ့
    😆

    • windtalker

      November 15, 2011 at 9:28 pm

      အယ်..ကြည့်စမ်း
      သူက အဆုံးထိတောင်
      ကြိုတွက်ပြီးနေပြီပေါ့လေ
      လူဆိုး

  • inz@ghi

    November 15, 2011 at 10:15 pm

    အင်း တားတားလည်း ၆ခွက်ပြောင်ပီး ….ခစ်ခစ် တွေ ဟွန့်တွေ
    အဟိတွေ ပြောပြောနေတာ ဆင်ခြင်မှ …
    နို့မို့ ကို်ယ့်ပါ အဲ့လိုထင်တွားမှဖြင့် ……
    ကျောချမ်းထှာ..

    • မှော်ဆရာ

      November 16, 2011 at 12:05 am

      နာမည်ကိုက အင်နဲ့ စထားပြီးတော့ အခုမှ ဘာလာ ညာနေတာလဲ
      နာမည်မှာကိုထဲက ဘာမှန်းသိနေပြီ…
      အပေါ်မှာတင်ထားတဲ့ ဓါတ်ပုံတွေကလဲ သက်သေပြနေပြီ လေ…
      ဒီလို လှတ ပတ ရိုက်တတ်တာ ဝါရင့်ကင်မလာြ်ဆာ အင့်လက်ရာဆိုတာ သိပြီးသား သိပြီးသား
      ဘဝတူအချင်းချင်း ရိုင်းပင်းပြီး လှတပတ ရိုက်ပေးတာမလား

  • စိတ်မကောင်းဖြစ်မိပါတယ်။ လိင်တူချစ်သူဟာလည်း လူသားဖြစ်တဲ့အတွက် လူသားတန်းတူအခွင့်အရေး ရသင့်တယ်လို့ပဲ မြင်ပါတယ်။ လူ့တန်ဖိုးဟာ မွေးရာပါပြဿနာနဲ့ မဆိုင်ဘူး။ ဒီလူရဲ့ အရည်အချင်း ကြိုးပမ်း အားထုတ်မှုနဲ့ပဲ ဆိုင်ပါတယ်။ မွေးရာပါအကုန်ကောင်းပြီး ချာတူးလန်နေတဲ့လူတွေ တစ်ပုံတစ်ပင်။ တချို့ လိင်တူ ချစ်သူတွေ အရမ်းတော်တာကို တွေ့ဖူးပါတယ်။ ဥပမာ ဒီဆိုက်ထဲက ပို့စ်မော်ဒန်စစ်စစ် ဘကြီးပု ရဲ့စာကို ကြုံတိုင်း အလေးအနက်ထားဖတ်မိပါတယ်။ အဆဲတွေရဲ့နောက်မှာ သူ့စာရှိပါတယ်။ မြှောက်ပြောတာ မဟုတ်ပါ။ မြှောက်စရာလည်း ဘာအကြောင်းမှမရှိပါ။ ခွဲခြားဆက်ဆံတာ တရားမမျှတတာမျိုး လုံးဝလုံးဝ လက်မခံပါ။ သူတို့ဟာ သာမန်လူနဲ့မတူတော့ ကြားထဲမှာစည်းတစ်ခုတားပြီး နေသင့်တယ်လို့ထင်မိပါတယ်။ သူတို့အပေါ်မိုက်ရိုင်းစွာပြောဆိုတာ လုံးဝမကြိုက်ပါ။

  • koaung

    November 16, 2011 at 2:25 am

    ယောက်ကျားချင်းချင်းမြင်ရင်တောင် ထမင်းစားချင်စိတ်မရှိအောင်စိတ်ကုန်တယ်

  • nayminn

    November 16, 2011 at 10:27 am

    ဟာဒေးကန်ကလေး…..ဘာဖြစ်လို့ လုံးရာကနေ ပြားချင်တာလဲ..။

  • Reign

    November 16, 2011 at 4:43 pm

    I personally really despise those people ( G & B)but we have to accept the fact that they existed long before and their existence may be well beyond civilization started. We cannot deny the fact that though we don’t really approve those gay and lesbian they have existed, existing and will be keep on existing regardless of our hatred. In that case, we have no way but to accept the fact , in every country and every society there is such people, we have to agree that they are also human being, they deserve the rights as we deserve though the cultural level of acceptance might be vary depends on situation.There is no reason they should be discriminated just because they are Gs & Bs, and it’s hard to say they are unnatural because it is very natural and obvious that those people are existing and living in every part of the world. I really feel pity for them and worried that my son or daughter might become G or b, but we cannot humiliate or look down upon them because of their sexuality or sex.

  • cobra

    November 16, 2011 at 9:25 pm

    ဒီခေတ်ထဲမှာ ၂လိုင်းသွားတွေပေါတယ်ဗျ။
    တချို့ကလုံးဝယောက်ျားပုံကြီးတွေထင်တောင်မထင်ထားဘူး။
    ကလပ်မှာတခါတွေ ့ဘူးတယ်
    ကိုယ်တွေ ့လေးပေါ့….
    သူကလက်၂ချောင်းလုံးအပြည့်တက်တူးတွေထိုးတာတယ်
    ကျွန်တော့်ကိုစကားတွေလာပြောနေတာပေါ့
    ကျွန်တော်လည်းသူနဲ ့အတူတူကတာပေါ့…
    ပီးတော့မှ
    စတာပဲ
    သူနဲ ့လိုက်အိပ်ပါလားတဲ့
    ကြိုက်တဲ့ပုံစံနေပေးမယ်တဲ့
    အဲဒီတော့မှလန့်သွားတာ
    ဘယ်လိုဟာကြီးလဲဆိုပီး ထွက်ပါပြေးရတော့တယ်…။

Leave a Reply