Mr. PocketOctober 21, 20151min2509
ကြယ်စင်တွေကြား သူမများပုန်းနေမလား… အတွေးက ရင်မှာပူ ဘဝင်ဆူ ဒီလူအသည်း.. မဒီခင် ဆံနွယ်အလှပ်မှာ ကျွမ်းရော့လေသလား…၊ အတွေးမကြွယ်သူ.. ဗျာပါတွေများ.. ခုနှစ်စင်ကြယ်တွေများကြား ပုန်းရောနေသလား…၊ ခြေတုန်အောင်လျှောက် မြေကုန်မှာကြောက်ရတယ်… ပန်းမပွင့်သူ ဒီလူ့ရင်မှ… ပန်းတစ်ပွင့်သူ ခြွေယူချင်သလား… ၊ မပန်တတ်တော့ လျှောကျတဲ့ပန်းလို… လှမ်းဖို့မကြံတတ်တော့ မောရတဲ့အလွမ်းရယ်ကိုပ ပြောပြမယ်ချောနှမ နားစိုက်လို့ထောင်…. ကိုလူပျိုမြေပြင်ရပ်သူက မော်ကြည့်လို့မှန်းရတယ်.. ဟိုကြယ်စင်ခုနှစ်ထွေကြား ပုန်းရောနေသလား…     မှတ်ချက်.. သည်းခံကြပါကုန်လော….   သတ္တဝါတွေကျန်းမာချမ်းသာကြပါစေ …  


Mr. PocketOctober 19, 20151min56434
ဒီတစ်ခါတော့ ကျွန်တော် မတောက်တစ်ခေါက် သိတာလေးတွေကို ပြောရင်း ပိုပိုပြီးထဲထဲဝင်ဝင် သိချင်တာလေးတွေလည်းရှိလာတယ်ဗျာ။ အရင်က မြန်မာပြည်သူတွေ အရမ်းကြောက်တဲ့ စကားလေးရှိတယ် အဲ့ဒါပြည်သူပိုင်သိမ်းတယ်ဆိုတာပဲ.. ကျွန်တော်တို့ငယ်ငယ် ကဆို အရုပ်ပစ်တိုင်းကစားတဲ့အခါ မနိုင်ရင်ငြင်း ထောင်ထားတဲ့ အရုပ်တွေကို လု ပြီးတော့ ခပ်တည်တည်ပဲပြောပြီးအိမ်ပြန်လာတာ.. ဘာတဲ့ ပြည်သူပိုင်သိမ်းတယ်ဆိုပြီး.ပြောပစ်ခဲ့တာ… အဲ့တော့ ငယ်ငယ်ကတွေးမိတာက ပြည်သူပိုင်သိမ်းတယ်ဆိုတာ အရှက်မရှိလုတာပဲလို့..ကဲ ထားပါလေ.. အခုပြောချင်တာက company တွေကို အများပိုင် company အဖြစ်ပြောင်းမယ်ဆိုတဲ့ အသံလေးတွေကြားတယ်..    ပြီးတော့ ရှယ်ယာတွေရောင်းမယ် ဝယ်မယ်.. အဲ ဟိုတစ်လောတုန်းကတောင် company တစ်ချို့က ရှယ်ယာတွေ ရောင်းတယ် ဆိုတဲ့အသံတွေကြားတယ်… ခက်တာက အဲ့ ရှယ်ယာတစ်ခုရဲ့တန်ဖိုးက ကိုယ့်ရဲ့တစ်လစာလောက်ရှိတယ် အဲ့ တော့ မဝယ်နိုင်ပေါင်.. တကယ်တမ်းရှယ်ယာတွေ ဝယ်ကြရောင်းကြမယ်ဆိုရင် ဘယ်နေရာတွေမှာရောင်းကြမလဲ.. ဘယ်သူတွေဝယ်လိုရကြမလဲ.. ဘယ်လိုကောင်းကျိုးတွေရှိမလဲ… ဆိုးကျိုးတွေကရော ဘယ်လောက်များမလဲ.. အင်း ကိုရီးယားကားတွေမှာတော့ မြင်နေရတာပဲ .. ကျွန်တော်တို့ မြန်ပြည်မှာ.. […]


Mr. PocketOctober 15, 20151min45617
အခုတလော တက္ကစီ တွေပဲ ဆက်တိုက် အစီးများဖြစ်တယ်ဆိုပါတော့..အဲ့ဒီလိုစီးဖြစ်တိုင်းလည်း ကျွန်တော့်ဝသီအတိုင်း တက္ကစီသမားကို ဟိုမေးဒီမေးအစုံမေးလေ့ရှိတယ်အဓိကပြောချင်တာကတော့ တက္ကစီသမားတွေရဲ့ ဘဝတွေကို နည်းနည်းမျှဝေချင်တာပါ.. ဘာမှထူးခြားတဲ့အကြောင်းမဟုတ်ပေမဲ့ သူတို့ရဲ့ဘဝ တစ်စိတ်တစ်ပိုင်းကို တင်ပြချင်တာသက်သက်ပါ(လျှာရှည်လို့ပြောလဲတတ်နိုင်ဘူး) တက္ကစီသမားနှစ်ယောက်ရဲ့ ဘဝကိုပဲ အခုလိုတိုတိုတုတ်တုတ် လေးပဲ တင်ပြလိုက်ရပါတယ်ခင်ဗျာ.. ပထမ တက္ကစီ သမားရဲ့ဘဝလေးက ဒီလို .. သူက အရင်က လိုင်းကားမောင်းတာတဲ့ ရှားရှားပါးပါး.. ယာဉ်နောက်လိုက်စပယ်ယာတွေရဲ့ အကြိုက်မလိုက်နိုင်လို့တဲ့.. အဲ့ဒါလေးကြားမိတော့ တစ်ခါတစ်ခါ လိုင်းကားစီးရင်းတွေ့မိတာလေးကို သတိရတယ်.. ကိုယ်စီးနေတဲ့ကားက ယာဉ်မောင်းဘယ်သူဆိုတာ မကွဲပြားတော့ဘူး.. driver ခမျာ စပယ်ယာပါးစပ်က ထွက်လာတဲ့ စကားအတိုင်း လိုက်မောင်းပေးနေရတယ်.. မမောင်းပေးရင်လည်း နောက်ကနေ အတင်းတုတ်တာ ခံရမယ် မတော်ရင် အဆဲပါခံရတာမလား… အင်း ခေတ်ကပြောင်းပြီလေ.. နွားရှေ့ထွန်ကျူးတဲ့ခေတ်မလား… ဒုတိယ တက္ကစီသမား.. သူကတော့ ဘဝစုံတယ်ပဲပြောရမယ်.. သူ ဘွဲ့ရတော့ ကုမ္ပဏီတစ်ခုမှာ […]


Mr. PocketOctober 12, 20151min3448
ကျွန်တော်တို့မြန်မာတွေ စိတ်ထားလေး ကောင်းမွန်တာကိုဗျာ.. ဒီနေ့တွေ့လိုက်ရတော့ စိတ်ချမ်းသာသွားတယ်… ဒီနေ့ အလုပ်ကိုလာတော့ ၄၅ အဲယားကွန်း လေး တွေ့တာနဲ့စီးလာလိုက်တယ်.. ကားပေါ်ရောက်တော့ နေရာမရ..အဲယားကွန်းနဲ့ဆိုတော့ လူပိုများတယ်မလား.. အဲ့တာနဲ့ရတဲ့နေရာလေးဝင်ရပ်ရတာပေါ့.. အဲ အဲ့ဒီမှာ ချီးကျူးချင်တာလေးတွေတွေ့ပါလေရော… ထိုင်ခုံမရတဲ့အမျိုးသမီးတွေ လက်ထဲလည်းအထုပ်တွေကလည်းများသကိုး..ထိုင်ခုံရတဲ့အမျိုးသားတွေက ကိုင်ပေးသကိုး တကယ်ရက်ရက်ရောရောကို ကိုင်ပေးတာ…(အမျိုးသမီးတွေကလည်းချောသကိုး ခ်ခ်) အလုပ်သွားတဲ့အမျိုးသမီးတိုင်းရဲ့ လက်ထဲမှာကလည်း တစ်ဆွဲ တစ်လွယ်လောက်တော့ အသာလေးပါသကိုး၊ ပြောချင်တာကတော့ဒါလေးပါ.. မြန်မာလူမျိုးတွေ ကူညီတတ်ပုံများပြောပါတယ်…တကယ့်ကို အားရပါးရကူညီတာ  ဘတ်စ်ကားပေါ်မှာ မနိုင်မနင်းဖြစ်နေတဲ့သူတွေကို(အမျိုးသမီး ချောချောလေးတွေသီးသန့်) အထုပ်တွေကူကိုင်ပေးတာတွေ့ရတော့ ဝမ်းသာတယ်ဗျာ.. (အဘိုးကြီးတွေ့ခမျာတော့ ဂေါက်ထီးကြီးနဲ့ အလေးအပင်တွေနဲ့ ဘတ်စ်ကားပေါ် ရရာနေရာမတ်တပ်ရပ်… မဖြစ်ဖြစ်တဲ့နည်းနဲ့ဒီခရီးဝေးဝေးနီးနီး ရောက်မဲ့ အချိန်အထိ စီးပေတော့..)   ကျွန်တော်ပြောချင်တာ တစ်ချို့ကိုပါ တကယ်ကူညီတတ်တဲ့ လူငယ်လေးတွေ အများကြီးရှိပါတယ်(ကျွန်တော်အပါအဝင်ပေါ့ တိန်)အဲ့လိုကူညီတဲ့လူတွေရှိသလို ဘဘ ကျေးဇူးနဲ့ ဘဝသစ် စခွင့်ရတဲ့ လူငယ်တစ်စုကလည်း အထဲမှာတုန်းက လူတွေ အပြင်မှာ ပြန်ဆုံပြီး ဘဝဟောင်းကအလုပ်လေးတွေကို အစုအဖွဲ့နဲ့ပြန်လုပ်နေကြတာကို ဝမ်းနည်းစွာနဲ့ တွေ့နေကြားနေရပြန်တယ်ဗျာ.. […]


Mr. PocketOctober 7, 20151min2695
နံနက်ခင်း အလင်းတို့ စတင်ဦးမော့လာချိန်… ငှက်တွေလိုအစာရှာထွက်လာတဲ့ လူတွေလူတွေ… ကိုယ်မှန်တယ်ထင်ရာ ယုံကြည်ချက်လက်နက်ကိုဆွဲ.. ကိုယ်နှစ်သက်ရာ မျက်နှာထား ချပ်ဝတ်တန်ဆာတွေကိုဆင်ယင်လို ့ လောကထဲ တစ်ဝမ်းတစ်ခါးစာ စစ်တိုက်ထွက်ကြတယ်..   ရစရာရှိတာ ရဖို့ အတွက် မဖြစ်စလောက်ပေးဆပ်ကြသလို.. အစွမ်းကုန်ပေးဆပ်ကြလည်း မဖြစ်စလောက်လေးနဲ့ တင်းတိမ်ရတဲ့သူတွေ အများပေါ့…   အတ္တတွေအနည်ထိုင် ငါ ငါ ငါ နဲ့ တစ်ကိုယ်ကောင်းဆန် ရွံစရာကောင်းသူတွေက အောင်အလံနဲ့ ပွဲတော်ခံကြတယ်…   အနစ်နာခံ ကိုယ်ကျိုးမငဲ့ကွက် သူတွေက တစ်ခါထပ်ပြီး ရင်ပါနာ ခပ်ဝေးဝေးမှာ ငြိမ်ကုပ်နေရတယ်….၊   အများသိတဲ့အတိုင်း အမှောင်ကအားကြီးလွန်းတယ် မဟုတ်လား… ဘာပဲဖြစ်ဖြစ်လေ… နောက်တစ်နေ့မနက်မှာတော့… နံနက်ခင်း အလင်းတို့ စတင်ဦးမော့လာချိန်… ငှက်တွေလိုအစာရှာထွက်လာတဲ့ လူတွေလူတွေ… ကိုယ်မှန်တယ်ထင်ရာ ယုံကြည်ချက်လက်နက်ကိုဆွဲ.. ကိုယ်နှစ်သက်ရာ မျက်နှာထား ချပ်ဝတ်တန်ဆာတွေကိုဆင်ယင်လို ့ လောကထဲ တစ်ဝမ်းတစ်ခါးစာ […]


Mr. PocketOctober 6, 20151min1671
သူမနဲ့အတူ လက်တွဲပြီး ဟိုး… အိမ်မက် မြစ်ဖျားကစ တို့နှစ်ယောက် တွေ့နေကျနေရာလေးကို တစ်လှမ်းချင်း လှမ်းလာခဲ့တယ်… သူမနဲ့အတူနေထိုင်ဖို့ တိမ်တိုက်တွေနဲ့ စံပျော်ရာဘုံလေးဆောက်ထားတယ်… အိမ်မက်သစ်ပင်လေးတွေကို စိတ်ကူးဥယျာဉ်ထဲမှာ ပျိုးထားတယ်.. သူမနဲ့အတူ အရိပ်လည်းနေမယ် အခက်လည်းချိုးမယ်… ပြီးနောက်… အာဒံနဲ့ဧဝတို့ဝဝလင်လင် မစားလိုက်ရတဲ့ အသီးတစ်မျိုးကို တို့နှစ်ယောက်ညစာအဖြစ် စားသုံးပြီးတဲ့နောက်မှာ.. နားခိုရာ ကြယ်စင်တွေကြား… ကိုယ်တို့နှစ်ယောက်လုံးကြိုက်တဲ့ သီချင်းတစ်ပုဒ်ကို ထပ်ကာထပ်ကာနဲ့ အဆက်မပြတ်ဖွင့်ထားမယ်.. ခွဲခွာချိန်ရောက်တော့ အိပ်စက်ရာကနေ ဘယ်သူမှ မနှိုးထရဘဲ နိုးထလာခဲ့တယ်… ငါဟာ သူမနဲ့ အိမ်မက်ထဲမှာ ဘဲ တွေ့ဆုံခွင့်ရခဲ့တယ်…    


Mr. PocketOctober 5, 20151min1993
လေထုထဲက နှလုံးသားနဲ့ဖမ်းဆုပ်မိတဲ့… တေးသွား အပိုင်းအစ တစ်ချို့ရယ်…၊ အနှစ်သာရတွေ လျှံဝေစီးကျနေတဲ့ သင်္ခါရ သဘာဝ ရသ တစ်ချို့ရယ်… ပေးဆပ်ခြင်းရဲ့နောက် တိုးလျှိူ ပျော်ဝင်နေတဲ့ ရယူခြင်းအတ္တ အနုပညာတွေရယ်.. အောင်မြင်မှုဝဝလင်လင် စားသုံးပြီးသွားတဲ့ ဗိုက်ပြည့်နေတဲ့ မျက်နှာပြုံပြုံးကြီးရယ်…. ညနေခင်းတစ်ချပ်ပေါ်ဝယ် လှလှပပ တည်ခင်းပြီး… ငါ့ညနေစာအတွက်.. ဝမ်းစာဖြည့်စားသုံးလိုက်တဲ့…နောက်…..အလင်းအစား အမှောင်ဝင်…..ညလယ်နှစ်ချိုက်အိပ်စက်ခဲ့…. သည်…… ။       ။  


Mr. PocketOctober 2, 20151min2664
ငါ့မျက်ရည်ကျတဲ့အခါ … အပိုတွေလို့နင်ပြောတဲ့အခါတိုင်း ကမန်းတမ်းနဲ့ ကျပြီးသားမျက်ရည်တွေ ပြန်ကောက်သိမ်းရတာ အမော…. ငါဟာနင်ပေးတဲ့ပျော်စရာတွေကို အားပါးတရ သုံးဆောင်ဖို့ပြင်တဲ့အချိန်တိုင်း…. နင်ပသတဲ့ ဝမ်းနည်းခြင်းအာဟာရတွေကိုသာ ဖြည့်တင်းခဲ့ရတာပါ…… တကယ့် တကယ်တော့… ငါဟာ ဥပေက္ခာပြုခံထားရတဲ့ စာခြောက်ရုပ်.. ငါဟာ အထီးကျန်ခြင်းမုဆိုးရဲ့ ဝမ်းစာဖြေဖို့အတွက် သားကောင်… ငါဟာ ဥပေက္ခာပြုတတ်သူတို့ရဲ့ အခမ်းအနားနဲ့ ဝေဒနာပေးအပ်ခြင်းခံရသူ… ငါဟာ အသက်ကိုဝဝရှုတဲ့ သက်မဲ့တစ်ကောင်… တကယ့်တကယ်တော့… ငါဟာ နှလုံးသားကို လျိုသပ် ကြိုးပေါင်းများစွာသွပ်သွင်းလို့.. နင့်ပါးစပ်အလှုပ်မှာ ကွေးနေအောင် ကရတဲ့… ဖေဇော်ဂျီ အရုပ်လေးတစ်ရုပ်…….။      ။  


Mr. PocketOctober 1, 20151min37610
လက်နဲ့နှိုက်ကြည့်ခိုက် မိမိရရဘာမှ မစမ်းမိခဲ့… ဗလာ နဲ့ နတ္ထိ သူနိုင်ကိုယ်နိုင်အပြိုင်ကျဲကြတဲ့ နေရာလေး…။ အမှားအမှန်မသဲကွဲ… အနိုင်အရှုံး မထင်ပေါ်တဲ့ နေရာလေး….။ မျှော်လင့်ချက်တွေ အစပျိုးသလို… သေဆုံးသလို ဘာမှမရေရာတဲ့ အနာဂတ်တစ်ခုက စတင်အမြစ်တွယ် ခဲ့…. အော်မိခင်…. ဖခင်မရှိတဲ့ နေရာလေးမှာ ငါ့ကိုမွေးဖွားခဲ့လေတယ်ကွယ်… ထားပါလေ… ဒါက ကိုယ့်ကံပဲလေ….။ ငါ့နေရာဝင်မဲ့ နောက်ထပ်ငါ့လိုလူ …. ငါ့လိုကံနဲ့ဝေး.. ဖထွေးနဲ့ဝေးပါစေ…….။    ။