အမေရိကန် နိုင်ငံရေးလောကမှာ အရှိန်အဝါ ကြီးမားတဲ့ အထက်လွှတ်တော်အမတ် ၉ ဦးတို့က မြန်မာစစ်အစိုးရကို ပိုပြီး တင်းတင်းကျပ်ကျပ် ဖိအားပေးနိုင်အောင် မြန်မာနိုင်ငံဆိုင်ရာ အမေရိကန် အထူးကိုယ်စားလှယ်နဲ့ မူဝါဒ ညှိနှိုင်းရေးမှူး ခန့်ထားဖို့နဲ့ စစ်အစိုးရရဲ့ လက်ဝေခံ စီးပွားရေးသမားတွေကို ပိုမိုဖော်ထုတ် ဒဏ်ခတ်ဖို့အတွက် သမ္မတ အိုဘားမား (Obama) ဆီကို စာတစောင် ရေးသား တောင်းဆိုလိုက်ကြပါတယ်။ ရီပတ်ဘလီကန် အမတ်တွေ ဖြစ်ကြတဲ့ အထက်လွှတ်တော် လူနည်းစုခေါင်းဆောင် မစ်ချ် မက်ကောနယ် (Mitch McConnell) နဲ့ သမ္မတ ရွေးကောက်ပွဲမှာ ယှဉ်ပြိုင်ခဲ့သူ ဂျွန် မက်ကိန်း (John McCain) တို့နဲ့အတူ ထင်ရှားတဲ့ ဒီမိုကရက်အမတ် ဘောက်ဆာ (Boxer) လည်း ပါဝင်ပြီး လက်မှတ်ရေးထိုးပါတယ်။ ဒီတောင်းဆိုချက်နဲ့ […]