တနေ့မှာ အာရပ်ကုန်သည်တစုဟာ ကုန်ရောင်းကုန်ဝယ်လုပ်ဖို့ရာ အတွက် တစ်မြို့ ဝင် တစ်မြို့ထွက် ခရီးသွားရင်း သဲကန္တာရ တခုကို ညကြီးမိုးချုပ် ဖြတ်သွားရပါတယ်တဲ့။ အဲဒီအချိန်မှာ မထင်မှတ်ပဲ သူတို့အုပ်စုထဲက လူတယောက်က အင်မတန်နက်တဲ့ တွင်းကြီးတတွင်းထဲကို ပြုတ်ကျသွားပါတယ်။ အဲဒီတွင်းကြီးထဲ မှာ အင်မတန် အဆိပ်ပြင်းတဲ့ မြွေဆိုးတွေက စောင့်ကြိုနေခဲ့ပါတယ်။ ညအမှောင်ထဲမှာဆို တော့ မြွေမျက်လုံးကြီးတွေကလည်း တလက်လက်တောက်နေခဲ့ပါတယ်။ အဲဒါနဲ့ တွင်းထဲက လူက သူ့လူတွေကို ဆင်းမလာခဲ့ဖို့ လက်ဟန်ခြေဟန်နဲ့ ပြပါတယ်။ တတ်နိုင်သမျှ အသံကုန်ဟစ်ပြီးတော့လည်း ပြောပါတယ်။ ဒါပေမဲ့ တွင်းပေါ်က လူတွေရဲ့ အမြင်မှာတော့ ညအမှောင်ထဲမှာ တလက်လက်တောက်နေတဲ့ မြွေကြီးတွေရဲ့ မျက်လုံး တွေ ကို လက်လက်ထနေတဲ့ စိန်ရိုင်းတုန်းကြီးတွေလို့ မြင်ပါတယ်။ သူတို့အထင်မှာတော့ ဒီစိန်တုံးကြီးတွေကို သူတယောက်ထဲ […]