ဒီနှစ်ထဲတော့ အခါတွင်းပိတ်ရက်ကိုကိုယ်လိုက်နေကြတောင်တက်အဖွဲ့ကခရီးစဉ်မရှိတော့ ဝါသနာတူရာစုပြီး ကိုယ့်ဖာသာကိုယ် အစီစဉ်ဆွဲကြတာမှာချိုင်းနားကမဲပေါက်သွားပါတယ်။ ပြည်တွင်းမှာတက်ခဲ့တဲ့ တောင်ထဲအမြင့်ဆုံးကပေတသောင်းကျော်စွန်းစွန်းပဲရှိသေးတာမို့ သူများတကာတွေ ခါကာဘိုရာဇီလိုအမြင့်ဆုံးပေ ၁၉၀၀ဝ နီးနီးတွေ တက်တာအားကျလို့ ပေ ၁၇၇၀ဝ ရှိတဲ့ ဟာဘာရေခဲတောင် ( Haba Snow Mountain )ကိုရွေးပါတယ် ။ ကိုယ့်ခံနိုင်ရည်ကိုကိုယ်စမ်းသပ်ချင်တာလည်းပါပါတယ်။ ဒီရေခဲတောင်က မြန်မာကလူတွေ မြန်မာပြည်အမြင့်ဆုံးခါကာဘိုရာဇီမတက်ခင် လာလေ့ကျင့်လေ့ရှိကြပါတယ်။ ဆိုတော့ လွယ်လှတယ်တော့ မဟုတ်ပါဘူး။ ပြောရရင် ဘယ်တောင်ပဲတက်တက်လျှော့တွက်လို့ မရသလို Risk ကတော့ သူ့နည်းသူဟန်နဲ့သူအပြည့်ရှိပြီးသားပါ။ ကျမတို့ ခရီးစဉ်ကိုကားလမ်းကိုရွေးပါတယ် ။ လေယာဉ်နဲ့ဆိုလတ်မှတ်ခကအဲ့အချိန်မှာဈေးတက်နေတဲ့အပြင် ဗီဇာကကိုယ်သွားချင်တဲ့ပိတ်ရက်နဲ့ ကွက်တိရဖို့ သိပ်မသေချာတော့လို့ပါ။ ကားလမ်းကသေချာသလားဆိုတော့လည်းမန်းလေးမူစယ်လမ်းတကြောမှာကိုယ်သွားပါမယ်ဆိုမှ တိုက်ပွဲသံတညံညံနဲ့ပါ။ ပြန်ပေးဆွဲခံရတယ်ဆိုတဲ့ သတင်းလည်းထွက်တယ်။ ကြက်ခြေနီတွေလည်းအပစ်ခံရတယ်။ ဆိုတော့ သွားဖို့ တွန့်သွားကြပါတယ်။ နည်းနည်းလည်းငြိမ်ရောသွားမယ်ဆိုပြီးစိတ်ဒုန်းဒုန်းချလိုက်ကြပါတယ်။ နောက်ဆုံးမသကာသူပုန်လက်ရောက်တော့လည်းအတွေ့ကြုံသစ်ပေါ့ ဆိုပြီးပေါက်ကရပြောပြီးကိုမိုက်ကြတာပါ။ အိမ်ကအမေတွေ […]