မြန်မာနိုင်ငံအလယ်ဗဟိုတည့်တည့် ( ပြတ်ခရွေတောင် )
ဝိတိုရိယခရီးက ပြန်လာပြီးနောက်ပိုင်းမှာတော့ ရေခဲတောင်တက်ဖို့ရာအတွက် ပြင်ဆင်တဲ့အနေနဲ့ ကလောဘက်က တောင်တွေကို မိုးရာသီမှာ ဗွက်ရုန်းဖို့ သွားရမဲ့ ထရိန်နင် ခရီးရှိပါတယ်။
ဖြစ်ချင်တော့ အဲ့ဒီကလောခရီးအတွက် ထရိန်နင်ဆင်းနေဆဲကာလမှာပဲ မြန်မာနိုင်ငံအလယ်ဗဟိုတည့်တည့်ကို ဖြတ်ထားတဲ့ အရမ်းလှတဲ့ ကူမဲနားက ပြတ်ခရွေတောင်ကို သွားမိတယ်။ ပြန်လာတော့ ဒူးက နည်းနည်းနာလာပါလေရော။ နောက်ရက်ကျတော့ စိန်ခနောက်ကို ထရိန်နင် ထပ်တက်ရပြန်တယ်။ အဲ့မှာ ဇာတ်လမ်းက စပါတယ်။
နာတဲ့ဒူးက တော်တော်ကို ဆိုးဆိုးဝါးဝါးဖြစ်လာတဲ့အခါ နားဖို့အထိ ဖြစ်လာပြီး အဲ့နောက်ပိုင်း ကလောခရီးစဉ်ဖျက်လိုက်ရပါတယ်။ ဒူးကိုလုံးဝအနားပေးလိုက်ရပါတယ်။ အဲ့တုန်းက တော်တော်လေးကို စိတ်ဓာတ်ကျသွားတာပါ။
ကလောခရီးစဉ်ကနေ ပြန်လာတဲ့ ကျမသူငယ်ချင်းတွေကတော့ ရေခဲတောင် အိမ်မက်ကို ဆက်မက်ပြီး rock climbing လို ထရိန်နင်တွေပါဆင်းကြပါတယ်။
၁၁လပိုင်းလောက်ကျတော့ ပူတာအို ခရိုင်အတွင်းကပဲ ထောတကောဆိုတဲ့ ပေ ၁သောင်း ၅ ထောင်ကျော်မြင့်တဲ့ ရေခဲတောင်ဆီ ခရီးဆန့်ကြပါတယ်။ စပွန်ဆာရတာမို့ လူကလည်းကန့်သတ်တာမို့ ထရိန်နင်ကြမ်းကြမ်း နဲ့ လူစစ်ခေါ်တဲ့ အထဲ သူတို့တတွေပါသွားကြလေရဲ့ ။
ထောတကောရေခဲတောင်ပါသွားတဲ့သူငယ်ချင်းတွေကို အားကျလို့ပေါ့။ တကယ်ကတော့ လူအယောက် ၅ဝ လောက်သွားတာ summit တက်တဲ့နေ့ တချို့တဝက် လမ်းပျောက်ပြီး ညသန်းခေါင်မှ စခန်းပြန်ရှာတွေ့တဲ့ ခက်ခဲတဲ့ ကြမ်းတမ်းတဲ့ ရိက္ခာပြတ်ခဲ့ကြတဲ့ အိမ်မက်ဆိုးတခု ဖြစ်ခဲ့ကြတာပါ။ လမ်းကလည်းကြမ်းတာမှ ပြန်လာတဲ့သူငယ်ချင်းတိုင်း ရေခဲတောင်ဆို တော်ပါပြီလို့ကို အော်ရအောင်ကို ရာသီဥတုကြမ်း ခရီးကြမ်းပါ။
သူကတောလမ်းမဟုတ်ပဲ အများစုက ကျောက်တုံးကြီးတွေကို ခုန်ကျော်ပြီး ကျောက်ဆောင်တွေပေါ်ကနေ ခဲရာခဲဆစ်သွားရတာမို့ တော်တော်ကြမ်းပါတယ်။
ပြောရရင် ကျမအနေနဲ့တော့ ကျမက ကံဖယ်ခဲ့တာပါ။ (ကျမက ကံဖယ်တာကို နှစ်ကြိမ်တိတိခံရဖူးတယ် တိုက်ဆိုင်တာလည်းဖြစ်နိုင်ပါတယ် ) ဒါကြောင့်မို့ တခါတရံမှာ ဆိုးသယောင်ထင်ရတဲ့ အရာတွေက ဘဝမှာ အကျိုးရှိလို့ အကြောင်းတွေဖြစ်လာတယ်ပဲ မှတ်ယူပါတော့တယ်။ အဲ့ဒီခရီးစဉ်အကြောင်းကတော့ ကိုယ်တိုင်သွားဖူးတဲ့သူရေးပြတာက ပိုအသက်ဝင်ပါလိမ့်မယ်။
အဲ့ဒီလို ဆိုးဝါးတာတောင်မှ တောင်ထိပ်ကို အဖွဲ့တဝက်လောက်က ရောက်အောင်တက်နိုင်ခဲ့ပါတယ်။ တကယ့်အာဂတွေပါ။
စကားစပ်လို့ပြောရရင် အဲ့ဒီလို ခရီးကြမ်းတွေနွှဲပြီး ပြန်လာတဲ့သူတိုင်းက(တောင်တက်သမားအများစု) ရောက်ခါစသာ အော်ကြတာ အမူးပြေတော့ ထန်းရည်သမား ထန်းပင်မော့ကြည့်သလိုပဲ ထပ်သွားချင်ကြတဲ့ ရောဂါရှိပါတယ်။
အဲ့ဒီထောတကော ရေခဲတောင်ထိပ်မှာ ၁ နှစ်ပတ်လုံး ရေမခဲတဲ့ (ဒေသအခေါ်) နတ်ရေကန်ရှိပါတယ်။ ကန်ရေရဲ့ အရောင်က စိမ်းလဲ့နေပါတယ်။ ကန်ထဲက ရေကို မသေဆေးလို့ သမုတ်တဲ့သူရှိသလို နုပျိုစေတယ်လို့လည်း ဆိုကြပါတယ်။ နတ်ကြီးတယ်လို့လည်း နာမည်ကြီးတယ်။
ဟိုလူကြီး လေယာဉ်ပျက်ကျတဲ့ နေရာနဲ့ သိပ်တော့လည်း မဝေးလှပါဘူး။ သူနေရာသွားကြည့်တာ အဲ့ဒီနေရာတဝိုက် ပါ။ ကြားတာကတော့ အဲ့ဒီရေကန်ထဲက ရေကို သွားခပ်ရင်း ပျက်ကျတယ်ဆိုတာပဲ ။ (ဟုတ်မဟုတ်ကတော့ မသိဘူး ) သူ့လေယာဉ်ပျံ ပျက်လည်း ရှိတယ်။
ကျမတို့ဆရာက အဲ့ဒီခရီးစဉ်က ပြန်လာတော့ ဖုန်ကန်ရာဇီရေခဲတောင်ကို ၂၀၁၄ ဧပြီမှာ တက်ဖို့ စီစဉ်ပါတယ်။
အဲ့ဒီအချိန် ထောတကောရေခဲတောင်ကပြန်လာတဲ့သူငယ်ချင်းတချို့ က နားသွားပြီး ကျမတို့လို မလိုက်ဖြစ်တဲ့သူတွေက ရေခဲတောင်ဆိုတဲ့ အသံကြားတာနဲ့ ပိုးက ထလာပါတယ်။ ဒူးနာကလည်း အကင်းသေသွားပြီဆိုတော့ တပွဲတလမ်းတော့ အကဲစမ်းချင်လာပါတယ်။
နောက်တခုက ဖုန်ကန်က ကျမသစ်ခွသင်တန်းတက်စဉ်က မက်ခဲ့တဲ့ အိမ်မက်တခုလည်း ဖြစ်ပါတယ်။
အခြေနေလည်းပေးတာနဲ့ ဒီခရီးစဉ်အတွက် လိုက်ဖြစ်တာမဖြစ်တာ ထား လို့ ကျမထရိန်နင်စဆင်းပါတော့တယ်။ တသက်လုံးမှာ အပင်ပန်းဆုံးလို့ပဲ ပြောချင်တော့တယ်။ အဲ့လောက်ပင်ပန်းအောင် ကိုယ့်ကိုယ်ကို တခါမှ မနှိပ်စက်ဖူးဘူး။
အခုအောက်မှာပြထားတဲ့ ပေ ၁၅၀၀ဝ ကျော်တဲ့ ထာတကောရေခဲတောင် ခရီးလမ်းရော တောင်ထိပ်က ပုံတွေရောက သူငယ်ချင်းတွေထဲက ယူထားတာမို့ သူတို့အားလုံးကို credit ပေးပါတယ်။ ရောပြီးရထားတာမို့ ဘာက ဘယ်သူ့ပုံမှန်းကို မသိတော့လို့ပါ။
ဗဟုသုတအနေနဲ့ နတ်ရေကန်မြင်ဖူးတယ်ရှိအောင် ပြလိုက်ပါတယ်။ လေယာဉ်ပျက်ရောပဲ။
ဒီထောတကော က ပုံတွေအားလုံးက ခဲရာခဲဆစ် သွားခဲ့တဲ့သူငယ်ချင်းတွေဆီက ရထားတာပါ။ ရခဲမြင်ခဲတာမို့ မြန်မာပြည်မြောက်ဖျားရဲ့ အိမ်ခေါင်မိုးအလှကို သိစေ မြင်စေချင်လို့ သေချာပြတာပါ။ ဒီပုံလေးတွေကိုတော့ privacy ထားပေးကြပါနော်။
ကျမရဲ့ ရှုခင်းပုံတွေကို တော့ ကြိုက်သလိုသာ သုံးပါ ခွင့်ပြုပါတယ်။
33 comments
ဇီဇီ ခင်ဇော်
August 1, 2014 at 4:41 pm
ဟယ် လှတာ ထက် ပို တဲ့ ဓာတ်ပုံတွေ
:chit:
ဇီဇီ ခင်ဇော်
August 1, 2014 at 6:07 pm
သေချာတယ်။
လာထပ်ပြောတာ။
ဒီ တစ်သက် တောင်တက်ဖြစ်မှာ မဟုတ်။ ကျောပိုးအိတ်နဲ့ ပုံ (ဟန်းကောချိုင် အောက်က) မြင်ကတည်းက။
:mrgreenn:
pooch
August 5, 2014 at 3:06 pm
အမယ် အစားပဲ ကုန်အောင်စားနော်
ပိုးမဝင်သေးလို့ပါ။ ရောက်ဖူးကြည့်လိုက်စမ်းပါ။
ပြောမဲ့သာ ပြောရတယ်
တောင်တက်က ပြန်လာပြီးရင် လူက ၂ မျိုး ၂ စားကွဲသွားတယ်။
တောင်တွေကို အရမ်းကြိုက်သွားတဲ့ သူရယ် အရမ်းကြောက်သွားတဲ့သူရယ်။
ကြောက်တဲ့သူတွေက ကျောပိုးအိတ်မြင်ရင်ကို စိတ်တွေလေပြီး မကြည့်ချင်တော့တာ ။
ကြိုက်တဲ့သူတွေက ကျောပိုးအိတ်အပြည့်လွယ်ပြီး ထရိန်နင်ပြန်ဆင်းတယ်။
ပု ဖုန်ကန်ကနေ နောက်ဆုံးရွာကနေ ပူတာအိုဖက်ပြန်တဲ့နေ့က ကျောပိုးအိတ်က တဖက်ပဲ လွယ်လို့ ရတော့လို့ တဖက်ကို လွှတ်ပြီး တဖက်ထဲနဲ့ ပြန်လာတာ။ တော်သေးတာက နောက်ဆုံးရက်ဖြစ်သွားလို့ ။ တခြမ်းလုံး ထုံကျဉ်ပြီး ကိုက်နေတာ။
ပုက ကြိုက်လည်း ကြိုက်တယ် ကြောက်လည်း ကြောက်တယ်။
အမူးပြေရင် ထန်းပင်မော့ကြည့်ပြန်ရော။
တခါတလေ ခရီးက ပြန်ရောက်ခါစဆို အိမ်က လှေကားတောင် လေးဘက်ထောက်တက်ပြီး ဆင်းရင်လည်း တရွတ်တိုက်ဆင်းတာ အဲ့လို ။
အိမ်ကလည်း မနို်င်လို့သာ လွှတ်ထားတယ် ဘယ်နေ့ ကန်ထုတ်မယ်မသိဘူး
Myo Thant
August 1, 2014 at 4:41 pm
ပုံတွေအတွက် ကျေးဇူးဗျို့
မရောက်ဖူးသော်လည်း ြမြင်ရလို့
Mr. MarGa
August 1, 2014 at 5:17 pm
ရင်သပ် ရှုမော ဖွယ်ရာ….
🙂
ပုံတွေကြည့်ပြီး လူတွေ ဘာကြောင့် တောင်တက်ကြသလဲ ဆိုတာကို ပို နားလည်လာမိ… 🙂
surmi
August 1, 2014 at 5:46 pm
နောက်မှပြန်လာခဲ့ဦးမယ် ။
တကဟ့်ကိုရင်သပ်ရှုမောပါပဲ ။
ကျုပ်ဖြင့်အခုချိန်မှာ အိမ်မက်တောင်မမက်ရဲတော့ပါဘူူး
တကယ်ကို လေးစားပါတယ်ဗျို့
pooch
August 8, 2014 at 1:10 pm
ကိုမျိုးသန့် ဖိုးသိကြား ကိုဆာမိ ဒါတွေက အကင်းလေးတွေပါ ဒီထက်လှတာ အများကြီးရှိပါတယ်။
ဦးကျောက်ခဲ
August 1, 2014 at 6:11 pm
ကျောင်းသားဘဝတုန်းက ပြက္ခယွေ (တို့တုန်းက စာလုံးပေါင်းအတိုင်း) ကို ရောက်ဖူးတယ်…
ဘူမိဗေဒဖြစ်စဉ်တွေနဲ့ မြေငလျင်တိုင်းတာမှု လေ့လာရေးခရီးစဉ်လေ…
သတ်မှတ်ချိန်အတွင်း တောင်ထိပ်ရောက်အောင်တက်ရတာ လူတွေလည်း စုတ်ပြတ်သတ်နေတာပဲ…
အခု အရင်လို ပိန်ပိန်ပါးပါးမဟုတ် ၊ ဘူတားကြီးဖြစ်သွားပြီမို့ ထန်းပင်ကို မော့ကြည့်ရုံပဲတတ်နိုင်တော့တယ်…
ဟန်းကောချိုင့်တွေတန်းစီပြီး ချက်နေတဲ့ပုံမြင်တော့ ရင်ထဲမှာ တမျိုးကြီးပဲ
ရှုမျှော်ခင်းတွေကြည့်ပြီး ပြန်မရနိုင်တော့တဲ့ အတိတ်တွေကို အားရပါးရ လွမ်းသွားတယ် မယ်ပုချ်ရေ…
alinsett (gazette)
August 1, 2014 at 7:33 pm
ပေတစ်သောင်းကျော်ဆိုတော့… တောင်တက်သတ်မှတ်ချက်ကလေးတစ်ခုအရ…
ကြယ်နှစ်ပွင့် ရပြီပေါ့လေ.. ။
အားကျလိုက်တာ… ။
😆
ပုံတွေ ကြည့်ပြီး… ဘာလို ့များ…အပြေး ထသွားချင်လာပါလိမ့်… ။
တစ်နေ့တော့… အဲဒီတောင်ကြီး… ငါ့ခြေဖဝါးအောက်..ရောက်ရမည် ။
pooch
August 8, 2014 at 1:17 pm
အော် သိတယ်လား အဲ့ဒီသတ်မှတ်ချက်ကို ။ ဟုတ်ပါ့ ။
အလင်းဆက်
August 8, 2014 at 3:20 pm
သိပါ့ဗျာ..။ ကြယ်သုံးပွင့် ရတဲ့…တောင်တက်သမားတွေကိုဆို… ..အားကျနေတာ.. ။
ကျနော်ကတော့.. အဟိ..ကြယ် တစ်ပွင့်တောင်…. မနည်း ကုတ်ကပ်တက်ထားရတယ်.. ။
အရီးခင်
August 2, 2014 at 3:21 am
ဟန်းကောချိုင့် တွေအောက်ကဝါးတန်းလေးပေါ် လျှောက်နေတာ ကြည့်ရတာ အသည်းယား လိုက်တာ။
အတော်လေး စိတ်ဓာတ်ကြံ့ခိုင် မှ ဒါမျိုး လုပ်လို့ ရမှာ သေချာတယ်။
ကိုယ်လဲ ကြံ့ခိုင်ဖို့ လိုတာပါဘဲလေ။
နတ်ရေကန် ဆိုတာ ကြားဖူးပေမဲ့ အခုမှ တွေ့ဘူးတော့တာ။
မြန်မာနိုင်ငံရဲ့ အလယ်ဗဟိုတည့်တည့်အထိမ်းအမှတ် ကိုတော့ အခုမှ သိလိုက် ကြောင်း ဝန်ခံပါတယ်။ ဗဟုသုတ လေးအတွက် ကျေးဇူးပါပုချ် လေး။
အဝေးကြည့် ရှူခင်းတွေ က တစ်အား ကို လှတယ်။
တောင်ပေါ်ကနေ အောက်ကို ကြည့်ရတာ ကို ကြိုက်တယ်။
ကိုယ်တက်ဘူးတဲ့ တောင် ဆိုလို့ ကျိုက်ထီးရိုး နဲ့ တောင်ကြီး က မြစိမ်းတောင် (ဘယ်လောက်မြင့်လဲ ဆိုတော့ ဒေသခံ တွေ ကြား ရင် ရီမယ်) ဘဲ ရှိတယ်။
ဖူဂျီ ကိုလဲ ရောက်ဘူးပေမဲ့ အရမ်းမအေးတဲ့ အချိန်မို့ ရေခဲတွေနဲနဲ ဘဲရှိပါတော့တယ်။ ပျော်နေပြီ။ ကား နဲ့ မို့ တကယ်တော့ အဖြစ်ကလေး ဘဲ တက်ရတာပါ။
တောင်ထိပ် က ပုံလေးကြည့်ပြီး ဘယ်လောက် ပျော်ဖို့ ကောင်းမလဲ ခံစားလို့ ရတယ်။
တောင်တက်အပြီး ကိုယ့်ကိုယ်ကို ယုံကြည်စိတ် ပိုများသွားမယ် ထင်တယ်နော်။
လူငယ်လေးတွေ တိုင်း ဒီလို အတွေ့အကြုံ လေးတွေ လုပ်ခွင့်ရလိုက်ရင် အတော်ကောင်း မှာ လို့ တွေး နေမိတယ်။
အချိန်ယူပြီး ရေးပေးစာလေးတွေ တင်ပေးတဲ့ ပုံလေး တွေ အတွက် ကျေးဇူးပါ။
လုပ်ခွင့် ရချိန် မှာ စိတ်ရှိရာ လုပ်သာလုပ် သမီးရေ။
အိမ်မက် ကို အကောင်အထည် ဖော် ဖြစ်အောင် လုပ်နိုင်သူ မို့ ဂုဏ်ယူ အားကျမိပါတယ်။
နောက်ပိုင်းလဲ စွန့်စားခန်း လေး တွေ ဆက်ကြား နေရဦးမယ် မှန်းပါတယ်။ :-)))
pooch
August 8, 2014 at 1:22 pm
လူငယ်တိုင်း လုပ်နိုင်တဲ့ အခွင့်အရေးရှိပါတယ် အရီး
လုပ်ချင်စိတ်ရှိဖို့ပဲ လိုတာပါ။ ဒီ MHMF အဖွဲ့က ကျန်းမာရေးကောင်းတဲ့ ဘယ်သူမဆို join လို့ရပါတယ်။ စည်းကမ်းတော့ လိုက်နာရတာပေါ့။ ဥပမာ ထရိန်နင်မှန်မှန်ဆင်းရတာမျိုး။
ဒါကလည်း ကိုယ့်အတွက်ပါ
တောထဲတောင်ထဲ မှာ ဘယ်သူကမှ ဘယ်သူ့ကိုမှ ကူနိုင်မှာ မဟုတ်တဲ့အတွက် ကိုယ့်တာဝန်ကိုယ်ယူနိုင်ဖို့ပါ။
ဒါတွေက သွားဖူးအတွေ့အကြုံရှိဖူးရင် သိသွားတာပါပဲ ။ ထရိန်နင်ဘယ်လောက်အရေးကြီးတယ်ဆိုတာ။
Foreign Resident
August 2, 2014 at 7:28 am
အင်းးးး ။
အဘတို့ရဲ့ အသက်အရွယ် နှင့် ကျန်းမာရေး အခြေအနေအရတော့ ၊
ဒီလို တောင်မျိုးတွေ ရှေ့လျှောက် တက်နိုင်တော့မယ် မထင်ပါဘူးကွယ် ။
( ဒါမျိုးကလည်း ဘေးက လေ့ကျင့်ဖက် အပေါင်းအသင်းကောင်း ရှိမှဖြစ်မယ် )
ပုရှ်လေးတို့ သာ ငယ်ရွယ်တုန်း ၊ သန်မြန်တုန်း ၊
များများလေး တက်ပြစ်လိုက်စမ်းပါ ။
pooch
August 8, 2014 at 1:26 pm
ဟုတ်တယ် အပေါင်းသင်းကောင်းရှိမှ ဆိုတာ တကယ်ဟုတ်တယ်။ လူတွေအကြောင်းကလည်း ခရီးသွားဖူးမှ သိတာမျိုးဆိုတော့ ဘယ်သူဘာအကြောရှိလဲ ကြာကြာဖုံးကွယ်ထားလို့ မရဘူး။ လူတွေကို စစ်ထုတ်လို့ ရသွားတာပေါ့။
Crystalline
August 2, 2014 at 3:22 pm
မမြင်ဖူးတာတွေမြင်ရလို့ကျေးဇူး… နတ်ရေကန်တို့ မြန်မာပြည် အလယ်ဗဟိုအထိမ်းမှတ်တို့က အခုမှသိတာ မြင်ဖူးတာ… အဲ့လောက်အထုတ်ကြီးထမ်းပြီး ခက်ခက်ခဲခဲတက်ဖို့ကတော့ ဒီဘဝမှာတော့မဖြစ်နိုင်တော့ပါဘူး….. :(( ဓာတ်ပုံတွေနဲ့တင် ကျေနပ်သွားပြီး :))
ဦးဦးပါလေရာ
August 2, 2014 at 11:59 pm
.ဒီပိုစ့်မှာမှ မန့်လို့ရလို့…. (ဟိုဖက်ပိုစ့်က ပုံကုန်အောင်တောင် မကြည့်လိုက်ရ)
.ပြက္ခရွေ တောင်က မြန်မာပြည်ရဲ့ အလည်ဗဟို ဆိုတာတော့ အခုမှသိလိုက်ရတာပါပဲ….
.ဓါတ်ပုံလေးတွေကြည့်ပြီး ကိုယ်မလုပ်နိုင်တဲ့အလုပ်ကို လုပ်နေကြသူတွေကို အားကျချီးကျူးမိတယ်။
.ကျုပ်ရဲ့ ကိုယ်ပိုင်အယူအဆအရတော့
.တောင်တက်တယ်ဆိုတာ အားကစားမဟုတ်ပါဘူး…
.တိုက်ပွဲ … ပါ ..
.ရန်သူမရှိတဲ့တိုက်ပွဲ …. ပါ
.အင်း…
.တိုက်ပွဲ ဆိုတော့
.အောင်ပွဲ လဲ ရှိရပေမပေါ့…..။
.ဒါ့ကြောင့်လဲ..
.တောင် တစ်တောင်ကို တက်ပြီးတဲ့အခါ
.အဲဒါ အောင်မြင်တာ မဟုတ်ပါဘူး…..
.အဲဒါ အောင်နိုင်တာ .. ပါ ……။
pooch အပါအဝင် အောင်နိုင်သူတွေကို လေးစား အားကျပါသဗျာ….။
pooch
August 8, 2014 at 1:47 pm
@Crystalline
ခရစ်ရေ စိတ်သာရှင်စော ဘုရားဟောတဲ့ ။
လူတွေမှာ မြင်နိုင်တဲ့ စွမ်းအားရယ် မမြင်နို်င်တဲ့ စွမ်းအားရယ် ရှိတယ်။ အဲ့ဒါကို အခြေနေ အချိန်ခါလိုက်ပြီး ကောင်းကောင်းအသုံးချတတ်ဖို့ပဲ လိုတာပါ။
@ဦးပါ
ဦးပါရေ ကျမတို့ ဆရာဒေါက်တာခင်မောင်က ဂုဏ်သိက္ခာအတွက် တောင်တက်တာတဲ့ ။ ကျမကတော့ ကိုယ့်ကိုယ်ကို စိန်ခေါ်ပြီး အနိုင်ယူရတာမို့ တက်ဖြစ်သွားတာပါ။
ဦးကြောင်ကြီး
August 3, 2014 at 2:01 am
ပင်ပန်းပျံလာဒဲ့ ပုရှ်လေးကို နှိပ်ပေးမြီ…
မဟာရာဇာ အံစာတုံး
August 3, 2014 at 7:51 pm
ရေခဲတောင်ထိပ်မှာ ရှိပြီး
ရေမခဲဘူးဆိုတော့ကာ
အတော်တော့ ထူးဆန်းသဗျနော့ …
ဘာပြုလို့ဒုန်းတော့ တိဘူး …
သုတေသန ပညာသည်တွေ အဲ့ဒါမျိုးကို သုတေသန လုပ်သင့်တာ …
လေယာဉ်ပျက်ကြီးက သယ်မသွားဘူးပေါ့နော် …
ဒီအတိုင်းကြီး ထားပစ်ခဲ့တယ် …
ကျုပ်သာဆို ကုလား ခေါ်သွားပီး ရောင်းစားပလိုက်မိမှာဘဲ ….
padonmar
August 3, 2014 at 8:46 pm
လှလိုက်တာ မယ်ပုလေးရယ်။
နတ်ရေကန်ဘာလို့ ရေမခဲလဲ သိချင်လိုက်တာ။
အောင်နိုင်သူ အာဂများကို အားကျမိပါတယ်။
weiwei
August 4, 2014 at 8:53 am
ရောက်ဖူးချင်ပေမယ့် မတက်နိုင်တာတော့ သေချာသွားပြီ ..
မြန်မာပြည်မှာ ဒီလို လှပတဲ့ရှုခင်းတွေရှိနေတာ ဂုဏ်ယူစရာပါ ..
pooch
August 8, 2014 at 2:10 pm
@မဟာရာဇာ အံစာတုံး
@padonmar
@weiwei
@ ဦးကြီးမိုက်
ရေမခဲတာကလည်း ရေမခဲရတဲ့အကြောင်းရင်း ရှိနေမယ်လို့ သိပြီးသားပါ။
သိပံ္ပအတွေးနဲ့ တွေးတဲ့သူ ရှိသလို ဝိဇ္ဇာ အတွေးနဲ့ တွေး တဲ့သူလည်း ရှိတယ်။
သန်ရာသန်ရာပေါ့။
ကိုယ်တိုင်ကတော့ သိပ္ပံအမြင်နဲ့ လက်ခံတတ်သလို ဝိဇ္ဇာအတွေးနဲ့ လာပြောရင်လည်း ယုံတာမယုံတာအပထား နားထောင်ပေးလိုက်တယ်။ ဒီလိုတွေရှိပြီး ဒီလိုတွေပြောတတ်တာကိုရေးပြတာပါ။
အင်း တောင်တွေဆက်မတက်ဖြစ်တော့တဲ့အခါ ယုံတမ်းစကားတွေရယ် ကိုယ့်အမြင်တွေရယ်ကို အသေးစိတ်ရေးဖြစ်ချင်ရေးဖြစ်အုန်းမှာပါ။ ခုကတော့ တောထဲဝင်ဖို့ စိတ်ကူးရှိနေသေးလို့ မပြောချင်သေးဘူး။
kyeemite
August 4, 2014 at 10:46 am
နတ်ရေကန်တို့ မြန်မာပြည် အလယ်ဗဟိုအထိမ်းမှတ်တို့က အခုမှသိတာ မြင်ဖူးတာ…
အောင်နိုင်ခဲ့သူတို့ နတ်ရေကန်က ရေမသောက်ခဲ့ကြဘူးလားသိချင်မိတယ်…..
ဒါမှမဟုတ် ရေနမူနာရောမယူလာကြဘူးလားဗျ…နမူနာယူလာပြီး ဓါတ်ခွဲခန်းပို့စစ်ကြည့်လို့ရတာပေါ့
ကိုယ်မရောက်ဖူး( ရောက်ဖို့မလွယ်) တဲ့ နေရာကပုံတွေကြည့်ရလို့ ပုချ် ကိုကျေးဇူးအကြီးကြီးတင်ပါဂျောင်းးး
black chaw
August 4, 2014 at 11:08 am
ပုချ် ကတော့ ပုချ် ဖြစ်နေတုန်းပါပဲ ပုချ်ရေ။
တောင်တက်ခရီးတွေ သွားခွင့်ရနေတာကို
အားကျစိတ်ဝင်နေမိတယ်။
ွဓါတ်ပုံတွေ အရမ်းကြည့်ကောင်းတာကို သတိထားမိတယ်။
စိတ်မဆိုးပါနဲ့ဗျ။
ကိုယ်တိုင်ရိုက်ပုံတွေလားဗျ။
(ကဲကြည့်…မေးတာကိုက ရိုက်ပေါက်)
ဘာပဲ ဖြစ်ဖြစ် ခင်ဗျားကတော့ ပုချ် ဖြစ်နေတုန်းပါပဲ ပုချ်ရေ။
pooch
August 8, 2014 at 3:11 pm
အင်း ကိုဘလက်ကလည်း ကိုဘလက်ပါပဲလို့
မေးချင်လို့ မေးတာ စိတ်ဆိုးစရာမရှိပါဘူး။ ဒါပေမဲ့စာကို ကုန်အောင် ဆုံးအောင်ရောဖတ်ရဲ့လား ရှင့်။
ကျမသွားခဲ့ရောက်ခဲ့တယ်လို့ ပြောခဲ့တဲ့နေရာက ရှုခင်းပုံမှန်သမျှက ကျမရဲ့ ကိုယ်တိုင်ရိုက်ပါ။ လူပါတဲ့ အုပ်စုပုံတို့ တယောက်ထဲပုံတွေကတော့ အတူသွားတဲ့ သူငယ်ချင်းတွေနဲ့ တလှည့်စီ ရိုက်တာပါ။
အခု ပြထားတဲ့ ပြတ်ခရွေက ကိုယ်တိုင်ရိုက်ပါ။
ထောတကောက မလိုက်ရဘူးလို့ဆို ။ သူငယ်ချင်းဆီက အေးဓားမြတိုက်ထားတာ ရိုက်ခဲ့သမျှကင်မရာတွေ အကုန်မွှေထားတဲ့အထဲက ရခဲ့တာ။ စာရေးရင် သုံးဖြစ်မယ်လို့ပြောပြီးသား။
မပြဖြစ်တဲ့ ပုံတွေ အများကြီးပဲကျန်သေးတယ်။
black chaw
August 11, 2014 at 8:47 pm
အော် မယ်ပုချ် ရယ်။
အခု ကွန်းမန့် ရေးချိန်အထိ ပို့စ်ကို လုံးဝ မဖတ်ရသေးဘူးဆိုတာ ဝန်ခံပါတယ်ခင်ဗျာ။
တကယ် မအားလို့ပါ။
ဒါပေမယ့် ဓါတ်ပုံတွေ က အရမ်းလှတယ်ဆိုတာ
ဗစ်တိုးရီးယား ပို့စ်မှာကတည်းက သိသာပါတယ်ဗျာ။
ခွန်းဆင့်နေခြည် ဆိုတဲ့ အမျိုးသမီးက စီးရီးတွေ ၂ ခွေ ၃ ခွေလောက်
ထွက်ပြီးသွားတဲ့ အထဲမှာ
လက်ဆောင် ဆိုတဲ့ သီချင်းလေးကို ကျွန်တော် တော်တော်ကြိုက်တာပါ။
ဘယ်လို ချီးကျူးသလဲ ဆိုရင်
ခွန်းဆင့်နေခြည်ဆိုထားတယ်လို့ မထင်ရအောင် ကောင်းပါတယ် ။
အခုလည်း မပုချ် ရိုက်တယ်လို့ မထင်ရအောင် ကောင်းပါတယ်လို့
ကျွန်တော်က ချီးကျူးချင်တာပါ။
နောက်ထပ် အဓိပ္ပါယ်လည်း ရှိသေးတယ်။
အဲဒါတော့ နောက်မှ ပြောပြတော့မယ်။
ချစ်ခင်လေးစားတဲ့
ဘလက်ချော…။
ဦးကျောက်ခဲ
August 5, 2014 at 4:12 pm
စတုထ္ထပုံမှာပြထားတာက မြန်မာနိုင်ငံရဲ့ အလယ်ဗဟိုတည့်တည့်အထိမ်းအမှတ် မှတ်တိုင် ဆိုတာထက် 21° 13′ 00″ N ( လတ္တီကျူ ) နဲ့ 96° 12′ 00″ E ( လောင်ဂျီကျူ ) မျဉ်းတွေ တည့်တည့်ဖြတ်တဲ့ ဆုံမှတ်ပါ ။ ကောင်းကင်ဓာတ်ပုံကနေ မြေပုံပြန်တွက်ရင် ရည်ညွန်းမှတ် (Reference Point) လုပ်ပါတယ် ။ Land Survey Point ဆိုရင် ပိုမှန်ပါလိမ့်မယ် ။
အဟိ… ရယ်စရာပြောရရင် ရွာသားကျော် ဓာတ်ဆရာတစ်ဦးက ရွှေတိဂုံဘုရားပေါ်က အဲသည့်လို မြေတိုင်း Bench Mark ကို “အောင်မြေ” ဆိုပြီး ၊ ကျောက်စ်မောင်နှံပူပူနွေးနွေးကို ဓာတ်သေရိုက်ဖို့ ခေါ်သွားဖူးတယ် ခင်ဗျ… အားဟိ
kai
August 5, 2014 at 5:21 pm
တောင်ထိပ်တွေ့ရင်.. ဘုရားကောက်တည်တဲ့.. လူမျိုးနဲ့တော့ တွေ့ပြီပေါ့…
ဆိုတေ့ာ… ဆက်ချွန်တွန်းရရင်…
နှင်းခဲအဲလောက်လေးကျတာနဲ့.. ရေကန်ရေကမခဲလောက်ပါဘူး..
ဒါပေမယ့်.. နှင်းပျော်ရည်တွေ သဘာဝအလျှောက်ဆည်ထားသမို့..
အင်း..
.. မိခင်သဘာဝဂုဏ်ချီးကျူးသင့်ပါတယ်..
တကယ်တော့.. ကမ္ဘာအနှံ.. အနယ်နယ်မှာ.. သဘာဝတရားမှာ.. အင်မတန်ထူးပေသည့်ဆန်းရာသော်တွေ.. အလွန်တရာများစွာရှိပါတယ်…။ :k:
ဆက်မွှန်းရရင်.. မြန်မာပြည်တင်မဟုတ်.. ဟိမဝန္တာတောင်ကြောလည်း.. ကမ္ဘာနွေးဒဏ်ကြောင့်နှင်းတွေတော်တော်ပျော်ကျကုန်ပြီတဲ့ဗျ..
အဲဒီနှင်းပျော်ရေတွေဟာ.. အောက်အကြေအတွက်.. ရေချိုဖြစ်စီးဆင်းတဲ့.. မြစ်ရေတွေအတွက်.. ရေချိုရင်းမြစ်တွေဖြစ်တာပါ..
အခုပျော်နှုန်းနဲ့.. တချိန်ချိန်.. ဧရာဝတီထိပ်က.. မေခ/မလိခလည်း.. အခြေအနေသိပ်ကောင်းမယ်မထင်.. :a:
ဦးကျောက်ခဲ
August 5, 2014 at 7:11 pm
တောင်ထိပ်မှာ ဘုရားပဲတည်တည် ဗလီပဲဆောက်ဆောက် လက်ဝါးကပ်တိုင်ပဲထူထူ သဘောတူပါတယ်ခင်ဗျ ။ GPS မရှိတဲ့အရပ်မှာ အဲသည့်လို မြေပုံအမှတ်အသားတွေနဲ့ပဲ ကိုယ့်ရဲ့တည်နေရာကို ပြန်ရှာရတာလေ ။ စစ်သားတွေ သူပုန်တွေလည်း အလွန်ကြိုက်… မြေပုံဖတ်လို့ လွယ်ရုံတင်မဟုတ် အခိုင်အမာ ဘန်ကာလုပ်ပြီးသားလည်းရသတဲ့ ။ အင်္ဂလိပ်တွေဆို အချက်ပြအလံတောင် တက်ချိတ်ပလိုက်သေးတာ … ဘာတဲ့… Signal Pagoda…။ အဲ လူတိုင်းအသုံးကျမည့် ဆက်သွယ်ရေးတာဝါတိုင်ဆိုရင်တော့ အတိုင်းထက်အလွန်ပေါ့ခင်ဗျာ…
:k:
ရေမခဲတာက ရေခဲရလောက်အောင် မအေးလို့ပါ ။ ဆိုလိုတာက … သဘာဝအတိုင်း ပျော်ဝင်နေတဲ့ဒြပ်သတ္တုတွေကြောင့်ပဲဖြစ်ဖြစ် ၊ မြေကြီးအပူရှိန် (Geothermal Heat) ကြောင့်ပဲဖြစ်ဖြစ်ပေါ့ ။ သဘာဝက သဘာဝဆိုပေမယ့် ရေချိုမြစ်တွေကို မသေစေချင်ရင် မြစ်ကြောင်းကိုထိန်း ၊ ရေဝေရေလဲ သစ်တောတွေစိုက် … တစ်ချက်ခုတ်ရင် အနဲလေး နှစ်ချက်လောက်တော့ပြတ်ပါတယ်…
:a:
ဦးကြောင်ကြီး
August 6, 2014 at 10:37 am
လုပ်မနေပါနဲ့ သဂျီးဦးမာမွတ်ရာ… သဂျီးနေတဲ့နိုင်ငံ နေရာတိုင်းမှာလဲ ဘုရားကျောင်းတွေ လက်ညှိုးထိုး မလွဲပါဘူး.. မြန်တျန့်ပြည်တခုထဲတင်မဟုတ် နေရာတိုင်းမှာ ဒီလိုချည်းနေမှာပါ..
ခင် ခ
August 7, 2014 at 4:36 pm
ဗဟုသုတ ရဖွယ်ပါဘဲဗျာ။
ဒါနဲ့ လေယာဉ်ပျက်တာကြာလှပြီ ခုထိ မဖယ်ရသေးတာလား မဖယ်တော့တာလားဗျ။
pooch
August 8, 2014 at 3:58 pm
ဦးခရေ လေယာဉ်ပျက်မပြောနဲ့ လူတောင် မနည်းတက်ပြီးဆင်းတာမို့ ခုထိရှိနေဆဲပဲ။
သယ်ဖို့ဆိုတာ လုံးဝမဖြစ်နိုင်တော့ဘူးလေ။ နောက်တော့မသိဘူး။