ချစ်တဲ့ရှမ်းရိုးမ
Hiking အတွက်ဆို ရှမ်းပြည်နယ် ကလောဖက်က တောင်တွေက လှသလို ရာသီဥတုကလည်း သာယာတယ်။ မန ္တလေးကနေ ၁၆၆ မိုင် နီးပါးဝေးတဲ့ ကလောကို ရထားနဲ့ဖြစ်စေ ကားနဲ့ဖြစ်စေသွားလို့ရပါတယ်။
ရထားနဲ့ဆိုရင်တော့ မန ္တလေးကနေ သာစည်ကို ညနေ ရထားစီး ပြီးရင် ည ၉ နာရီလောက် သာစည်ကို ရောက်တယ်။ အဲ့ဒီမှာ ခဏနားပြီး ကလောရထားကို မနက်အစော ၄ နာရီလောက် ဆက်စီးရတယ်။
ရထားစီးတဲ့လမ်းတလျှောက်မှာတော့ မိုးရာသီမို့ လယ်ကွင်းတွေက စိမ်းပြီး မိုးနံ့သင်းတယ်။ ကောင်းကင်မှာလည်း သက်တံတွေကပေါ်နေတတ်တော့ ပြတင်းပေါက်ကနေ လေညှင်း ခံပြီး သဘာဝအလှတွေနဲ့ စကားစမြည်ပြောပြီး နောက်နေတဲ့ အာရုံတွေကို်လည်း ရှင်းထုတ်လို့ရတယ်။ လမ်းမှာတော့ တောင်ပေါ်ကို တက်တဲ့နေရာ ၆ နေရာလောက်ကို ပထမလွန်းထိုးကနေ ဆဌမလွန်းထိုးဆိုပြီး zigzag ပုံစံမျိုးတက်ရတယ်။ တောင်ပေါ်ခရီးကို ရထားနဲ့မသွားဖူးတဲ့သူအဖို့တော့ အသစ်အဆန်းပေါ့။
ပင်လယ်ရေမျက်နှာပြင်အမြင့် မြင့်တက်လာတာနဲ့အမျှ ရထားလမ်းဘေး ရှုခင်းကလည်း ပြောင်းလာတယ်။ ဘေးတဖက်တချက်မှာ လယ်ကွင်းတွေအစား ကျောက်ဆောင်နံရံဖြစ်လာပြီး နှစ် ၁၀ဝ နီးပါးသက်တမ်းရှိတဲ့ ကမ်းပါနီလှိုဏ်ခေါင်းကိုလည်း ဖြတ်ရတယ်။
တခုတော့ ရှိတယ် ရထားလမ်းဘေး ဝဲယာတလျှောက် တချို့နေရာတွေမှာ ထွားချင်တိုင်းထွားနေတဲ့ ချုံပင်ကိုင်းတွေက တခါတခါ ပြတင်းပေါက်ကို လာလာထိုးတတ်လို့ သတိတော့ထားရတယ်။နေ့လည် ၁၂ လောက်ဆို ကလောအလွန် မြင်းဒိုက်ဘူတာ ရုံလေး ( မြင်းဒိုက်ရွာ) ကို ရောက်တယ်။ဘူတာကနေ ၅ မိနစ်လောက်လမ်းလျှောက်ရင်ရောက်တဲ့ မြင်းစိုင်းကုန်းတွဲဖက်အထက်တန်းကျောင်းလေးမှာ စခန်းချရတယ်။
ဝင်းဝင်းလတ်ရဲ့ ဘူတာရုံလေးကို သတိရတယ်
ကျမတို့ တောင်တက်အဖွဲ့ကတော့ ရေခဲတောင်တက်တဲ့အခါ ကြုံလေ့ရှိတဲ့ ရေခဲအရည်ပျော်လို့ ဖြစ်စေ မိုးရွာလို့ ဖြစ်စေ ရှိနေတတ်တဲ့ ဗွက်ရယ် ရေခဲထဲသွားတဲ့အခါ ကျင့်သားရဖို့ ရုန်းတက်ဖို့ရာအတွက် အလေ့အကျင့်ရအောင် မိုးရာသီမှာတမင်တကာ ကလောပတ်ဝန်းကျင်က တောင်တွေကို လာတက်ရတာပါ။
စုစုပေါင်း မန်းလေး၊ နေပြည်တော် ၊ ရန်ကုန် အဖွဲ့ဝင် စုစုပေါင်း ၂၈ဝ လောက်ရှိပါတယ်။ ဌာနစုံ တက္ကသိုလ်ကျောင်းပေါင်းစုံကပါ။
ရောက်ရောက်ချင်းမှာပဲ နေရာယူပြီး နေ့လည်စာစား ခဏနားပြီးတာနဲ့ ကလောကို သွေးပူလေ့ကျင့်ခန်းလုပ်တဲ့အနေနဲ့ ရထားလမ်းအတိုင်း ၃ နာရီလောက်လမ်းလျှောက်ခိုင်းပါတယ်။
မီးရထားသံလမ်းတလျှောက်ရသမျှလျှောက်ပြီးရင်တော့ မြစိမ်းရောင်ကဗ္ဗလာ စိုက်ခင်းတွေကို ဖြတ်လျှောက်ရပါတယ်။
မိုးရာသီမှာမြင်ရတတ်တဲ့ စိမ်းစိမ်းစိုစိုနဲ့ ပတ်ဝန်းကျင်ရယ် ခပ်ဖွဲဖွဲကျနေတဲ့ မိုးရယ် ၂ ခုပေါင်းပြီး တိတ်ဆိတ်နေတဲ့ မျဉ်းပြိုင်သံလမ်းကြားမှာ ငိုက်စိုက်စိုက်နဲ့ လမ်းလျှောက်ရတာက မိုးတွင်းဖီလင်တမျိုးပါ။
မြေနီလမ်းကိုဖြတ်လျှောက်တော့လည်း မြေတွေနီနေတာကိုက လှနေပြန်ပါတယ်။ အဲ ရံဖန်ရံခါ တောလမ်းမှာ ကျွတ်တော့ရှိတတ်တယ်။
လမ်းမှာ သစ်တော်သီးပင်တွေရှိသလို စပါးစိုက်ခင်းတွေလည်း အများကြီးရှိတယ်။ တောင်တွေပတ်လည်ဝိုင်းပြီး တိမ်တွေကလည်း တောင်ထိပ်ကို ဖြတ်ပြေးနေတတ်ပါတယ်။
ကလောရောက်တာနဲ့ ကလောဈေးကို ခဏပတ်ပြီးတာနဲ့ ညနေ ၅ နာရီရထားနဲ့ မြင်းဒိုက်ကို ၄၅ မိနစ်လောက်စီးပြီး ပြန်လာပါတယ်။
နောက်တနေ့မနက်မှာတော့ ပေ၆၀၀ဝ ကျော်အမြင့်ရှိတဲ့ ဆင်ကြီးတကောင်ဝပ်ပြီးနှာမောင်းရှေ့ဆန့်ထားတဲ့ ပုံသဏ္ဍာန်ရှိတဲ့ ဆင်ဝပ်တောင် တဖြစ်လဲ ဆင်တောင်ကို တက်ရပါတယ်။ ဆင်တောင်ကို သွားတဲ့လမ်းက ရွာထဲလမ်းတချို့ကို ဖြတ်ပြီး တောလမ်းကနေ သွားတာပါ။ လမ်းတလျှောက်က ဘာနဲ့တူလဲဆိုတော့ ဂျုးရဲ့ တိမ်နဲ့ချည်တဲ့ကြိုးတော့ မဟုတ်ပေမဲ့ တိမ်နဲ့ယက်ထားတဲ့ တိမ်ခြုံလွှာက အစိမ်းရောင်တောင်တန်းတွေကို လွှမ်းခြုံထားသလိုမျိုး ပါ။ တိမ်တွေကို အနီးကပ်ဆုံးမြင်နိုင်တဲ့ အနေအထားဆိုလည်း ဟုတ်တယ်။
လှေကားထစ်စိုက်ပျိုးခင်းတွေက အသီးအနှံ အမျိုးအစားစုံတယ်။ မှိုတွေကလည်း ပေါတယ်။ ပန်းခင်းလည်း ရှိတယ်။ တတောင်တက် တတောင်ဆင်းနဲ့ မြင်မြင်သမျှ စိမ်းနေတာပဲ ။ ကျွှဲတွေ နွားတွေကလည်း ဝဝဖြိုးဖြိုးရှိတယ်။ တခုသတိထားမိတာက ကလောရဲ့ ကောင်းကင်မှာ ပြာတဲ့ အပြာက မြေပြန့်မှာ နေ့စဉ်မြင်နေကျ ကောင်းကင်အပြာထက် ပိုရင့်နေတာပါပဲ။ အတူသွားသူတွေအားလုံး တညီတညွှတ်ထဲ မှတ်ချက်ချတာပါ။ ကိုယ်တယောက်ထဲ မဟုတ်ပါဘူး။
ဆင်တောင်ကို ရောက်ခါနီး နေရာတချို့မှာ ကြိုးနဲ့ ဆွဲ တက်ရပါတယ်။ သူက နည်းနည်းမတ်ပြီး ချောတော့ တက်ရတာ နည်းနည်းတော့ သတိထားရတယ်။ တောင်ထိပ်ရောက်ခါနီးလေ တိမ်ယောင်မယ်တွေက ကိုယ်ထင်ပြလေပါပဲ။
တောင်ထိပ်မှာ အထိမ်းအမှတ် ကျောက်ပြားတချပ်ရှိပြီး ခုတော့ ကွဲနေပါတယ်။ ဆင်တောင်ထိပ်မှာ နေ့လည်စာ ထမင်းထုပ်ဖြည်စားပြီးတာနဲ့ ခဏနားပြီး မြင်းဒိုက်အထက်တန်းကျောင်းလေးကို ပြန်နားရပါတယ်။
နောက်တနေ့ မနက်မှာတော့ ဆင်တောင်လောက်မမြင့်ပေမဲ့ မတ်စောက်ပြီး အတက်အဆင်း ချော်တတ်တဲ့ ကျောက်ဆောင်ပုံစံရှိတဲ့ မြင်းမထိတောင်ကို တက်ပါတယ်။ တောင်ထိပ်မှာ ဆုတောင်းပြည့်စေတီ တည်ထားပါတယ်။ အဲ့ဒီကို သွားတဲ့ ရွာလမ်းတလျှောက်မှာ စိုက်ခင်းတချို့က ကျောက်တောင်တွေ ဘေး ကပ်စိုက်ထားပါတယ်။ မုန်လာထုပ်တွေက အကြီးကြီးတွေပဲ။
ရွာက အိမ်လေးတွေကလည်း အုတ်တိုက်သပ်သပ်ရပ်ရပ်နဲ့ နေချင့်စဖွယ်ပါ။ အဆင်းလမ်းမှာ တောင်တက်အဖွဲ့ကို ရွာသူရွာသားတွေက ခရမ်းချဉ်သီးလတ်လတ်ဆတ်ဆတ်ကို သုပ်ပြီး ရေနွေးကြမ်းနဲ့ ဧည့်ခံပါတယ်။ အရသာကလည်း လတ်ဆတ်လို့လား မသိဘူး ခံတွင်း ရှင်းပြီး စားလို့ကို မဝဘူး။ မှတ်မှတ်ရရ ခရမ်းချဉ်သီးသုပ်ပါ။ စေတနာတွေပါ ရောသုပ်ထားလို့ ဖြစ်မယ်။ နောက်တခုက အဲ့ဒီကနေ ဆင်းပြီး နာရီဝက် ၄၅ မိနစ်လောက်လမ်းလျှောက်လိုက်ရင် ပင်းတယ လှိုဏ်ဂူအသေးစားလိုမျိုး
မြင်းမထိသဘာဝလှိုဏ်ဂူလည်း ရှိတယ်။ အထဲမှာ ဘုရားဆင်းတုတော်တွေနဲ့ ကျောက်ပန်းဆွဲတချို့ရှိတယ်။
အဲ့ဒီကနေ နေ့ခင်းလောက်ကျတော့ ကလောဖက်ကို ထင်းရှူးတောလမ်းအတိုင်း ၃ နာရီကျော်လောက်လျှောက်ပြီး သွားရပါတယ်။ ထင်းရှူးတောကတော့ ပြောစမှတ်ပြုရလောက်အောင်ကို လှပါတယ်။ ကလောဈေးဖွင့်ချိန်နဲ့ ကြုံကြိုက်တော့ မုန့်ဈေးတန်းက ထမင်းချဉ်နဲ့ ရှမ်းသုပ် တို့ဖူးနွေးကို စားရတာ စားနေကျ အရသာထက် သာလိမ့်မယ်လို့ ညွှန်းချင်ပါတယ်။ ဒေသထွက် အသီးအနှံ ဒေသထွက် အဝတ်အထည် အသုံးအဆောင်တွေကလည်း ဝယ်လို့ ပျော်ပါတယ်။ ကလောကနေ ညနေ ၅ နာရီ ရထားနဲ့ မြင်းဒိုက်ကို ပြန်အိပ်ပါတယ်။
စတုတ္ထမြောက်နေ့မှာတော့ မြင်းဒိုက်ရွာနဲ့ သိပ်မဝေးတဲ့ ပလောင်တောင်ရွာကို သွားပါတယ်။ ပလောင်တောင်ရွာက ရှေးတုန်းက ဆိုရင်တော့ အမျိုးမဟုတ်တဲ့ တစိမ်းတွေ ကျားမ မခွဲပဲ တအိမ်ထဲ စုပြီး အတူနေတဲ့ အလေ့ရှိခဲ့ပါတယ်။ ခုတော့ ကိုယ့်မိသားစုနဲ့ ကိုယ်ပဲ နေကြပါတော့တယ်။ ရိုးရာဝတ်စုံကိုတော့ ခုချိန်ထိ ဝတ်တုန်းပါပဲ။
လက်ဖက်ကို အဓိကထားစိုက်ပျိုးတဲ့ ရွာလည်း ဖြစ်တယ်။ ဆေးမဆိုးထားတဲ့ လက်ဖက်စစ်စစ်ရဲ့ ရနံ့ကို အဲ့ဒီရွာမှာ လှိုင်နေအောင် ရှူလို့ရတယ်။ ဝယ်လို့လည်း ရတယ်။ အဲ့ဒီရွာမှာလည်း အုတ်တိုက်သွပ်မိုးနဲ့ အိမ်လေးတွေက နေချင့်စဖွယ် သပ်ရပ်တယ်။ အိမ်ရှေ့မှာပဲ ကျွှဲတွေနွားတွေကို ချည်ထားတတ်တယ်။
ပလောင်တောင်ရွာကနေ ပြန်လာပြီး နေ့လည်စာစားပြီးတာနဲ့ ပစ္စည်းသိမ်း သန့်ရှင်းရေးလုပ်ရပါတယ်။ စာသင်ခုံတွေပြန်သွင်းပြီး စီပေးပါတယ်။ ့ နေပြည်တော်ပြန်မဲ့ အဖွဲ့တွေအတွက် ထမင်းထုပ်ထုပ်ပေးပြီး ဘူတာကိုလိုက်ပို့ ပြီးတာနဲ့ မန ္တလေးပြန်မဲ့ အဖွဲ့တွေ ပြန်ဖို့ ပြင်ပါတယ်။အဲ့ဒီညနေ ရထားနဲ့ သာစည်ကို စီးပြီး သာစည်ကနေ ရထားပြောင်းပြီး မန ္တလေးကို ပြန်လာခဲ့ပါတယ်။
ရက်တိုပေမဲ့ ရာသီဥတုသာယာပြီး ပတ်ဝန်းကျင်ကောင်းတာမို့ လူက မပန်းလှပါဘူး။ အဲ့ဒီဖက်ဒေသတဝိုက်မှာ ဆိုင်ရာက စပါးမျိုးစေ့တွေကို တောင်သူတွေကို အလကားထုတ်ပေးပြီး စိုက်ခိုင်းထားတာမို့ အဆင်ပြေတယ်လို့ လမ်းပြအဘက ပြောပါတယ်။ အိမ်စားဖို့ အပြင်ရောင်းဖို့ပါ ရတာမို့ အဲ့ဒီဒေသက ချောင်လည်တယ်လို့ ပြောလို့ရပါတယ်။ အဲ့ဒီဒေသတင် မဟုတ်ပဲ တနိုင်ငံလုံးက စပါးကျီတွေကို လိုအပ်သလောက်မျိုးစေ့ အလကားထုတ်ပေးနိုင်ရင် တော့ အတိုင်းထက်အလွန် တံခွန်နဲ့ ကုက္ကားပါပဲ။
နောက်တခုက ရှေးဘုရင်စော်ဘွားတွေရဲ့ အငွေ့အသက် အစွဲအလမ်းလေးတွေလည်း ရှိပါတယ်။ ဥပမာပြောရရင် မြင်းဒိုက်ရွာအနီးနားက တောင်တဖက်ခြမ်းမှာပဲ သစ်တော်သီးပင်ကို စိုက်လို့ အောင်ပါတယ်။ အဲ့ဒီမျိုးကို တောင်ရဲ့ ဒီဖက်အခြမ်းကို ယူပြီး ခေတ်အဆက်ဆက်က နည်းမျိုးစုံနဲ့ စိုက်တာ မအောင်ပါဘူး။ ခုချိန်ထိ စိုက်လို့ မရပါဘူး။ ဒေသခံတွေရဲ့ အပြောကတော့ ရှေးစော်ဘွားတွေ သစ္စာဆိုပြီး စိုက်ခဲ့တာမို့ သူ့နယ်နဲ့ သူပဲ စိုက်လို့ ရတာပါတဲ့။
နောက်ပြီး နယ်နိမိတ်သတ်မှတ်ချက် စာရွက်မြေပုံတွေကိုလည်း အိုးကြီးတွေနဲ့ တွင်းတူးပြီး မြှုပ်ခဲ့တာမို့ မြေပုံအတိအကျနဲ့ မြေတိုင်း စာရေးတွေ လာရှာပြီး တူးရင် အဲ့ဒီအိုးထဲမှာ မြေပုံစာရွက်တွေ အတိအကျတွေ့ရပါတယ်တဲ့။ ဘယ်နယ်နိမိတ်ကို ဘယ်စော်ဘွားက ဘယ်လောက်ထိ သတ်မှတ်ပြီး ပိုင်ဆိုင်တယ်ဆိုတာမျိုးပေါ့။ မြေတိုင်းတွေကလည်း ဖတ်ပြီးတာနဲ့ ပြန်ထည့်ပြီး ပြန်မြှုပ်ပေးသွားတယ်တဲ့။ လမ်းပြအဘက ပြောပြခဲ့တာပါ။
ခြုံကြည့်လိုက်ရင်တော့ ကလောဒေသတဝိုက် စိုက်ပျိုးရေးက ဖြစ်ထွန်းတယ် အထွက်ကောင်းတယ်လို့ ဆိုရမှာပါ။ ဒေသခံများလည်း ချောင်လည်ကြပါတယ်။ ကလောက Hiking အတွက်ပဲဖြစ်ဖြစ် Tourist Destination အတွက်ပဲဆိုဆို ပြည်တွင်းခရီးသွားရော ပြည်ပဧည့်သည်ပါ သွားရောက်လည်ပတ်သင့်တဲ့ စရိတ်နည်းပြီး စိတ်ချမ်းသာစေမဲ့ နေရာကောင်းတခုပါ။
၂၀၁၄ ပြီးခဲ့တဲ့ ဂျူလိုင်လက သွားဖြစ်ခဲ့တဲ့ ကလောခရီးပါ။
လူ့ဘဝကတိုတိုလေးပါ။ အလုပ်လုပ်တဲ့အချိန်လည်း လုပ်ရမှာပေါ့ ။ နားတဲ့အချိန်လည်း နားရမှာပေါ့ ။ မျှမျှတတပေါ့။
နားဖြစ်အောင် နားပြီး ခရီးတွေလည်း သွားဖြစ်အောင် သွားကြပါနော်။
32 comments
ဇီဇီ
September 24, 2014 at 2:31 pm
အဝေးက မြင်ရုံ ဆို မပျော်နိုင်ပါ~~~
အပြာရောင် တောင်တန်း ဆီ ကို သာ~~~
.
.
.
.
တန်တယ်။
ကောင်းကင်ကို နီးနီးမြင်ရလို့ တန်တယ်။
မြေနီတွေကို နင်းရလို့ တန်တယ်။
ရိုးသားမှုတွေနဲ့ နီးစပ်ရလို့ တန်တယ်။
သဘာဝကို ပွေ့ဖက်ရလို့ တန်တယ်။
:chit:
pooch
September 24, 2014 at 3:32 pm
ချစ်သောဆွိ လိုင်းမကောင်းလို့ copy paste ဖြစ်သွားတာ ပြင်ပေးလိုက်တာမလား ချစ်တာ :chit:
sorrow
September 24, 2014 at 5:36 pm
….ဘာရိုးသားမှုတွေနဲ့ နီးစပ်ရလို့တန်တယ်လဲ …
….တချို့တချို့ရှမ်းတွေပွေတာများ ..တိုင်းသိပြည်သိ….
…( အဟိဟိ ရှမ်းတိုင်းကိုမဆိုလို ..ရှမ်းသွေးတဝက်ပါတဲ့ …အဖေ့အမျိုးတွေကို တစ်ဂိုးသွင်းလိုက်ပြီ…အငိငိ ..ငါကွ…ဆောရိုး….)
ဇီဇီ
September 24, 2014 at 7:20 pm
ရှမ်းနဲ့ ကချင်စပ်ရင် ပိုဆိုးတာအေ…
:k:
ခင် ခ
September 24, 2014 at 2:39 pm
” စာရေးဆရာတွေ.. နိုင်ငံတကာအဆက်အသွယ်ရှိသူတွေက.. အဲဒီလိုအတွေး.. အမြင်တွေ.. လည်ပါတ်ချင်စိတ်တွေဖြစ်လာအောင်(သာ).. ရေးသင့်လှတယ်..။”
သဂျီးဆိုလိုချင်တာနဲ့တော့ ဒီပိုစ့်ကွက်တိဘဲဗျ။
Pooch က ခရီးသွားဆောင်းပါးရေးရင် ရှုခင်းပုံတွေနဲ့ ဆိုတော့ စိတ်ဝင်စားစရာကောင်းလှတယ်။
pooch
September 24, 2014 at 3:41 pm
ဦးခရဲ့ အဲ့သူကြီးက အဲ့လိုပဲ လျှောက်ပြောပြီး ညာခိုင်းနေတာ စာမရေးရေးအောင် :mrgreenn:
Myo Thant
September 24, 2014 at 3:44 pm
တိမ်တွေဖုံးနေတဲ့တောင်တန်းကြီးတွေမြင်တိုင်း . . . . .
pooch
September 24, 2014 at 4:20 pm
အနာဟောင်းတွေ ပြန်ပေါ်တာလား အူးလေး :mrgreenn:
kai
September 24, 2014 at 3:52 pm
မြို့ထဲအခန်းထဲ.. ထမင်းတလုပ်အတွက်ဆိုပြီး.. နေ့ည.. ပါတ်လည်ရိုက်နေရတဲ့သူတွေလည်း.. ငယ်တုံး.. ခရီးသွားနိုင်တုံး.. အချိန်ရအောင်ယူပြီး.. မြန်မာပြည်အနှံ ့လောက်တော့.. သွားသင့်လှပါတယ်..။
ကျမ်းမာရေးအတွက်လည်း.. အင်မတန်ကောင်းသလို.. ဦးနှောက်အတွက်လည်း. အင်မတန်ကောင်းတာပါ..။
ယူအက်စ်မှာ.. ဟိုက်ကင်းသာမားတချို့က.. အလုပ်လုပ်တဲ့အချိန်နဲ့.. ဝါသနာပါတဲ့အလုပ်ကိုထပ်တူကျအောင်လုပ်လိုက်တတ်ကြတယ်လို့.. (တခါတလေမြင်မိတယ်)..
ဟိုက်ကင်းသွားရင်း.. စာရေးတယ်..။ ရိန်ဂျာအလုပ်လုပ်တယ်..။ မှတ်တမ်းတွေတင်တယ်..။ စသဖြင့်ပေါ့..။
သူတို့လူအမျိုးအစား(လူဖြူ)က.. အဆန်း..
အရိုးအဆစ်တွေယောင်ပြီး.. ထိုင်ရခက်တဲ့ရောဂါရနေတဲ့သူတောင်… သူ့ကိုယ်သူရင်းပြီး..အချိန်ဇယားနဲ့.. သေချာမှတ်တမ်းတွေရေး..။ ဆေးမျိုးစုံသောက်..။ ရောဂါအခြေအနေမှတ်တမ်းတင်..။ အဲဒါနဲ့.. စာအုပ်လေးထုတ်ပြီး.. ရောဂါနဲ့အလုပ်ဖြစ်အောင်လုပ်.. ငွေတွေယူသွား(အလုပ်လုပ်သွား) တတ်တာမျိုး..
အတုယူစရာတွေ.. :k:
pooch
September 24, 2014 at 4:45 pm
အဖြူတွေက ဟုတ်တယ် တခါထဲ အလုပ် ၂ ခုလောက်ပြီးအောင် လုပ်တတ်တယ်
ဖုန်ကန်သွားတုန်းက ဩဇီနိုင်ငံသား ၆၁ နှစ် ( အခု ရေဆင်းမှာ ဗော်လန်တီယာ စာသင်နေတဲ့သူ) က သူ့မိတ်ဆွေ UN ထဲက ဒေါက်တာတယောက်က ပိန်းပင်နမူနာပုံတွေ ရယ် မျိုးစိတ်နာမည်တွေ နမူနာစာရွက်တွေနဲ့ ပေးပြီး မှတ်တမ်းတင်တဲ့ ပရော့ဂျက်တခု လုပ်ခိုင်းတယ်
အဖွဲ့သားတွေထဲက ဗော်လန်တီယာလုပ်ချင်တဲ့သူတွေကို လုပ်ခိုင်းတာ အနော်လည်း လုပ်ပေးရှာပေးခဲ့ပါတယ် မတွေ့တာတော့ မတတ်နိုင် :mrgreenn:
သူများတွေ တွေ့လားတော့ မသိ
သူက GPS လေးပါ ထည့်ရိုက်ခိုင်းတာ တွေ့ခဲ့ရင် ဘာမှ လုပ်စရာမလိုဘူး မှတ်တမ်းတင်ရုံလေးပဲ ဒီဒေသဒီလိုအရပ်မှာပေါက်တယ်ဆိုတာလေးပဲ
အဲ့ဒီပိန်းပင်က နာမည်ကြီးရောဂါတခုကို ကုဖို့ ဖော်တဲ့ဆေးနေရာမှာ သုံးတာ ဒီဖက်တော့ ပေါက်တယ် ဒါပေမဲ့ အမျိုးစားကကွဲတယ် အာရှတိုင်းပြည်တွေထဲ အတွေ့များတယ်
ဟုတ်ကဲ့ သူကြီး အနော်လည်း ပျင်းပုံပျင်းနည်းမှတ်တမ်းတင်ပြီး ပျင်းနည်းပေါင်းချုပ်ရေးရင်ကောင်းမလားလို့ 😆
pooch
September 24, 2014 at 4:58 pm
မေ့လို့ ပြောမလို့ဟာ
ခါကာဘိုရာဇီရဲ့ နောက်နာမည်တခုက အထန်ဘွန်ရာဇီ (a-htan-bonrazi) တဲ့
တောင်ထိ်ပ်က ရေခဲပြိုကျသံတွေ အဆက်မပြတ်ကြားနေရတဲ့ အဓိပါယ်
ပျောက်နေတဲ့ ၂ ယောက် အဲ့ဒီပြိုကျတဲ့ အောက်ရောက်နေသလားမသိ
တွေးမိတိုင်း စိတ်မကောင်းဘူး
မ " တတ် ပါ့ "
September 24, 2014 at 3:56 pm
ဝိုး…
လှလိုက်တာ..
သဘာဝအလှတရားနဲ့ ရိုးသားတဲ့ တောင်ပေါ်သူတောင်ပေါ်သားတွေရဲ့မျတ်နှာ..
ဖတ်ရတာ ကျေနပ်တယ်။
ကျေးဇူးတင်ပါတယ်။
alinsett
September 24, 2014 at 4:02 pm
အင်းးး
လူ ့ဘဝက တိုတိုလေး…
ခရီးရှည်ရှည်တွေ…ထွက်ဦးမှပါ…. ။
ရှမ်းတောင်တန်းတွေနဲ့အတူ… ရှမ်းသီချင်းသံတွေနဲ့….
ရှမ်းအစားအစာတွေကိုပါ…ချစ်ပါကြောင်း….
ရှမ်းမလှလှလေးတစ်ယောက်လောက်နဲ့လည်း..ချစ်ချင်မိပါကြောင်းးးး
😆
ကြွေလွင့် ပန်း
September 26, 2014 at 9:52 am
ငါ့လို သျှမ်းကြီးဆိုရင်ရောဝေ့
ဒို့တွေက အချစ်ကြမ်းသနော
Ma Ei
September 24, 2014 at 4:09 pm
”ဆင်တောင်ထိပ်နားမရောက်ခင်လေး”
အဲ့ဒီ ပုံလေး ချစ်လွန်းလို့ ကောက်သိမ်းလိုက်ပြီ…
:chit:
pooch
September 24, 2014 at 4:51 pm
@မ ” တတ် ပါ့ ”
သွားလည်ဖြစ်အောင်လည်နော် မ 🙂
@alinsett
နင်ကလည်း အားအားရှိ အကုန်ချစ်ချင်နေတော့တာပဲ :mrgreenn:
@Ma Ei
ကြွက်ပေါရင် ခြောက်လို့ရတယ်အမအိ :mrgreenn:
ကလောတော့ သွားလို့ရတယ် ဟုတ်
manawphyulay
September 24, 2014 at 4:59 pm
ရှမ်းရိုးမကို တစ်ခါတစ်ခေါက်လောက် ရောက်ဖူးချင်လိုက်တာ…..
ဖြစ်နိုင်ရင် အသက်ကြီးရင် အဲဒီမှာပဲ နေချင်မိတယ်။
pooch
September 24, 2014 at 5:05 pm
သွားလေ မနောရဲ့
ဒီနား ဒီနား နီးတာပဲ ကို
သူက အစမလုပ်သေးလို့ သွားမိရင် ရပ်မရဘူး :mrgreenn:
ကိုပေါက်(မန္တလေး)
September 25, 2014 at 9:27 am
မယ်ပု ရေ
အခုသွားနေတဲ့ ခရီးမှန်သမျှ က မှတ်တမ်းတွေကို သုံးလေးနေရာခွဲပြီး သိမ်းပေတော့
အဖိုးတန် ခရီးသွားဆောင်းပါးလို့ သတ်မှတ်ထားလို့ပါ
အဲလိုတွေ အဖွဲ့ နဲ့သွားချင်ပေမယ့် လောလော ဆယ်တော့ ဒီဘဝ ကို မရောက်နိုင်သေးဘူး
pooch
September 25, 2014 at 4:42 pm
ပုံတွေက အများကြီး သိမ်းမနိုင်ဘူး တနေရာထဲတောင် အနိုင်နိုင်သိမ်းနေရတာ လေးပေါက်ရဲ့
သွားပါဗျာ သွားစရှိရင် သွားဖြစ်ပါတယ်
kyeemite
September 25, 2014 at 11:18 am
.သွားချင်အောင်ရေးတတ်ပါပေရဲ့
.ခရီးသွားတာ ဝါသနာပါပေမဲ့ လောလောဆယ်တော့ဘယ်မှမရွေ့နိုင်သေး
.ဆောင်းပါးရေးပုံလေးနှစ်သက်သလို ပုံလေးတွေကြည့်ပြီး အေးချမ်းမှုကိုခံစားရတယ်
.ခရမ်းချဉ်သီးသုတ်အကြောင်းဖတ်တော့ ပါးစပ်တောင်တပြင်ပြင်ဖြစ်သွားတယ်..သိပ်ကြိုက်လို့ :))
pooch
September 25, 2014 at 4:47 pm
ခရမ်းချဉ်သီးအစိမ်းကို သုပ်ကျွေးတာ ဦးမိုက်ရဲ့ တကယ်ကောင်းတာ လတ်ဆတ်လို့ ခံတွင်းလည်း ရှင်းတယ်
ကျွေးမလောက် ဘူး
ဦးကျောက်ခဲ
September 25, 2014 at 1:24 pm
အလွမ်းတွေချွေတဲ့ ပို့စ်ပဲ မယ်ပုချ်ရေ…
အဲသည့် မြင်းဒိုက်ရွာမှာ ကျောင်းသားဘဝ တတိယနှစ်မှာ စခန်းချဖူးတယ်…
ချမ်းချမ်းစီးစီး ဇန်နဝါရီ… ဘူတာရှေ့ကရေစင်မှာ လိမ္မော်ဖြူတံခိုးနဲ့ ရေချိုးခဲ့ဖူးတာ အမှတ်တယ…
ဟိုး…လွန်ခဲ့တဲ့ အနှစ်နှစ်ဆယ်ကျော်လောက်ကတော့ အတော်တောထူသေးတဲ့ အရပ်ပေါ့…
ကမ်းပါးနီ ၊ ကျောက်ပန်းအိုးတံတား ၊ ရည်းစားဓမြဂူ … လွမ်းစရာတွေချည်း…
ဆင်တောင် မြင်းမထိ စကြ်ာတောင် … သေချင်စော်နံအောင် ပင်ပန်းပေမယ့်…
အခုတော့ ပြန်မရောက်နိုင်တော့တဲ့ နေရာတွေဖြစ်သွားပြီမို့ … ကျေးဇူးအထူးတင်ပါတယ်
:b:
pooch
September 25, 2014 at 4:51 pm
အဲ့ရက်က အနော်လည်း ထရိန်နင် လစ်ပြီး ထလိုက်သွားတာ ခွင့်ရမရမသေချာတော့ မလိုက်ဖြစ်လောက်ဖူး ထင်တာ
ထရိန်နင် ပျက်ထားတော့ စတက်တဲ့နေ့ ဒူးနာသေးတယ် ခြေမလည်း အဆင်းမှာ သွေးခြေဥသွားတယ်
လူကလည်း ခပ်ပေပေဆိုတော့ ဇွတ်လျှောက်ဆေးသောက်နဲ့ ဒီလိုပဲ ပြန်ရောက်လာတာ။
အရင်တောထူတုန်းကလည်း တမျိုး လှမှာပါ
ခုတော့ စိုက်ခင်းများလို့ ကြည့်ရတာ ပိုလှသလိုပဲ (ထင်တာပြောတာ ) :mrgreenn:
မြစပဲရိုး
September 25, 2014 at 2:32 pm
ပျော်စရာကြီး၊ 🙂
ကျောက်စ် လိုဘဲ အရီး လဲ အတိတ် ကို လွမ်းပါတယ်။
တောင်ကြီး မှာ အလုပ်လုပ်ခဲ့တဲ့ ဘွ ကို။
စိမ်းနေတဲ့ တောင် တွေကြား မှာ ရိုးသားတဲ့ စိတ်အခံ နဲ့ တောင်ပေါ်သူ/သား တွေ နဲ့အပြုံး နဲ့ ကြောင့်မို့ ၃လ ဘဲ နေရမဲ့ နေရာမှာ ရလ ကြာခဲ့တယ်။
ဒါတောင် ခေါ်သူကလဲ ဆက်ခေါ်ချင်တုန်း၊ ကိုယ်တွေကလဲ ဆက်နေချင်တုန်း။
အိမ်တွေ က အတင်းပြန်ခေါ်လို့။
အရမ်း သန့်ရှင်း တဲ့ လေ ကို တစ်ဝ ကြီး ရှူ နိုင်ပြီး လတ်ဆတ်တဲ့ အသီးအနှံ တွေ စားရတာနဲ့ တင် အတော်နေပျော်နေတာ။
အဲဒီ ကို ရထား နဲ့ သွား တော့ ပုချ် ပြောသလို သာစည်မှာ လမ်းခွဲပေါ့။
သာစည်က လမ်းစုံ လို့ ခေါနိုင်မယ် ထင်ရဲ့။
နောက်တစ်ခါ မန္တလေး ကနေ မေမြို့ ကို လဲ ရောက်ဖူး တယ်။
အဖွား မြို့ လေးက လွဲ ပြီး အလုပ် နဲ့ ရှားရှားပါးပါး ခရီး သွားဖူး တာတွေပါ။
အဖေက တိုင်းပြည် ထဲ ဟိုဟိုဒီဒီ ပြောင်း ရတာ ကို မော်လမြိုင် ကလွဲ လို့ တစ်ခြား တွေ ကို မလိုက်ဘူး။
မောင်လေး တွေ ကတော့ ပြောင်းတိုင်း လိုက်လည်ကြတာ။
အရီး က ခရီး သွားရတာ ကြိုက်ပေမဲ့ အိမ်သာ အရူး မို့ အဲဒီ ပြသနာ ကို မခံစားနိုင်တာ နဲ့ တော်ရုံ ခရီး မသွားချင်တာလဲ ပါမယ် ထင်ရဲ့။
ခရီး တွေ ဆက်သွားပြီး ဗဟုသုတလေးတွေ ဆက်မျှပါ ဦး။
စာရေးလဲ အရမ်းကောင်းတာမို့ မျက်စိထဲ ကို မြင်လာတာပါ၊
နောက်တစ်ခါ ထပ်ပြီး မှတ်ချက်ချဦးမယ်။
အိမ်လေးတွေရော၊ လူတွေ ပါ မြင်ရတာ အတော်လေး သန့်ပြန့်တယ် နော်။
ဓာတ်ပုံတွေ ထဲ တောင်တွေ ကို လက်ဆန့် ပြီး စိမ်ခေါ် နေတဲ့ ပုံလေး (ဒါမှမဟုတ် ) တောင်တွေ ကို ထွေးပွေ့ ဖို့ ကြိုးစားနေတဲ့ ကောင်မလေး ကို တစ်အားချစ်တယ်။ ;)) :))
pooch
September 25, 2014 at 4:54 pm
တန်ဆောင်တိုင် တောင်ကြီး သွားမလို့ ကြံနေတာ အရီးရေ
စပျစ်ခင်းထဲ ဓာတ်ပုံရိုက်ချင်လို့
အဖော်ကလည်း ကောင်းတယ် အခုမှ ဂျလေဘီတွေ စုမိနေတာ
အကုန်လုံးကလည်း ရူခင်း ဓာတ်ပုံရိုက်တာ ဝါသနာပါတယ်
ခုမှ လက်သွေးနေကြတာဆိုတော့ :mrgreenn:
Puu Tin
September 25, 2014 at 4:29 pm
ပုံတွေကြည့်ပြီး…သွားချင်စိတ်ပေါက်တယ်….. မမPoochရေ ….
စာတွေဖတ်ပြီး ….အဲဒီမြေနီလမ်းလေးတွေကို….သွားနေရသလို…ခံစားရပါတယ်…
မြကမ္ဗလာအစိမ်းရောင်အခင်းလေးနဲ ့….မီးရထားသံလမ်းရယ် …တောင်တက်အဖွဲ ့ရယ်…အဲဒီဓါတ်ပုံလေးကို
မြင်လိုက်တော့…တော်တော်သွားချင်စိတ်ပေါ်လာတယ်….
***ပင်ပင်ပန်းပန်းသွားပြီး … စာတွေရေး.. ပုံတွေShare ပေးတဲ ့မမPoochရေကျေးဇူးအထူးတင်ပါတယ်***
pooch
September 25, 2014 at 4:55 pm
ဝီနော် လာနောက်နေတာလား ခေါ်ရင်ဖြင့် ဘယ်မှ မလိုက်ပဲနဲ့
ယောဂတောင် မနည်းချော့မော့ခေါ်ထားရတာများ ဟွန်း :mrgreenn:
Crystalline
September 25, 2014 at 4:47 pm
မနာလိုတော့ဝူး…. ကလောမြို့လေးကလည်း နေချင်မိတဲ့နေရာထဲပါတယ်… ကလောသွားတဲ့ ၅ရက်မှာ ရေ၂ခါလားချိုးဖြစ်တယ်.. :mrgreenn:
pooch
September 25, 2014 at 5:00 pm
၂ ခါတောင် ချိုးခဲ့တာလား ပုတို့ ၄ ရက် ၁ ခါမှ မချိုးခဲ့ရဘူး ချိုးခွင့်မရှိဘူး
ခြေလက်ဆေးတာပဲ ခွင့်ပြုတာ ဒါတောင် ခိုးပြီး စိမ်ပြေနပြေဆေးတာ :mrgreenn:
မိုးအေးတယ် အခန့်မသင့်လို့ ဖျားမှာ ခြင်ကိုက်ခံရမှာ တအား ဂရုစိုက်ရတယ်
နောက်တခုက ရေရှားတဲ့နေရာမှာ နေတတ်ထိုင်တတ်အောင် သေချာ ကျင့်ယူတာ
wet tissue ကို ဘယ်လို အသုံးချရမလဲ ဆိုတာ ကောင်းကောင်းကြီး သိသွားပြီ
ဖုန်ကန် ၁၅ ရက်ခရီးမှာ မြစ်ကြီးနားမှာ အသွား ၁ ခါ အပြန် ၁ ခါ ပူတာအို ချောင်းမှာ ပြန်ရောက်မှ တခါ ပေါင်း ၃ ခါပဲ ရေချိုးခဲ့ရတယ် ခရစ်ရယ်
အရင်က မယ်သန့် ခုနေတတ်သွားပြီ ဟီး :mrgreenn:
nozomi
September 25, 2014 at 4:55 pm
မြင်းဒိုက်ဘူတာ ဆိုတာ ကလောအလွန် တဘူတာထဲ က နေရာလား ဗျ
စာတွေ ဖတ် ပုံတွေကြည့်ပြီး အားကျမိ တက်ချင် သွားချင် စိတ်တွေ ဖြစ်ပေ မဲ့ ှုအသက် က စကားပြောလာပြီ မို့
လူရွှင်တော်တွေ ပြောသလို
က ပြ ချင်ပါသော် လည်း ကျန်းမာရေး က မကောင်း ဆို တာမျိုး မို့
အားပေးပါ တယ် စောင့် ဖတ်နေပါမယ်
pooch
September 25, 2014 at 5:02 pm
ဟုတ်တယ် ကလောအလွန် တဘူတာပဲ
အူးလေးက ကိုယ့်ကိုယ်ကို ညှာလွန်းတာကိုး :mrgreenn: