ဖြောင့်ချက်
ဒီရက်ပိုင်း ရွာဝင်စ ဖီလင်လေးတွေကို ကိုယ့်အမြင်လေးတွေနဲ့ ကိုယ်ပြောနေကြတာမြင်တော့ ကိုယ်ရွာဝင်စတုန်းက အကြောင်းကို အမှတ်ရလာပါတယ်။
ဒီရွာကို ဘယ်လိုနည်းနဲ့ ရောက်လာလဲ ဆိုတော့ အူဝဲ မင်္ဂလာဆောင်တော့ သူ့ပုံလေးတွေ ကြည့်ချင်တာနဲ့ လိုက်ရှာရင်း အသိတယောက်က ဒီဆိုဒ်ကို ကြည့်တာ မြင်ပြီး ဝင်ကြည့်ဖြစ်တာပါ။
ဆယ်လီဗျစ်တီ အကြောင်းရာတွေကိုသာ ရှာဖတ်လေ့ရှိတာမို့ ဒီမှာဘာစာတွေရေးပြီး ဘာအကြောင်းတွေ ပြောနေကြမှန်းတောင် စစချင်း မသိခဲ့ပါဘူး။
နောက်တော့ မှ သူများတွေ ကွန်းမန့်ပေးကြတာမြင်လို့ ကိုယ်လည်း ပြောချင်စိတ်ပေါက်ပြီး အကောင့်လုပ်ခဲ့တာပါ။ မှတ်မှတ်ရရ တုန်တုန်ရေးတဲ့ အပျိုကြီးဆိုတဲ့ ပိုစ့်တခုကို ဖတ်ပြီး အပျော်သဘောရေးချင်တာနဲ့ အကောင့်လုပ်ဖြစ်ခဲ့တာပါ။ လေးဖက်ရေးတဲ့ ကျန်းမာရေးအကြောင်းတခုမှာ စပြီး ကွန်းမန့်ပေးဖြစ်ခဲ့တယ် ထင်ပါတယ်။ နောက်တော့လည်း ဓာတ်ပုံတွေ လှတာနဲ့ ဟိုကူးဒီကူးပေါ့။
အခုတော့ ဘာပုံကိုမှ မသိမ်းတော့သလို ရှိတာတွေတောင် ဗိုင်းရပ်နှိပ်စက်တာနဲ့ ကုန်သလောက်နီးပါး ပါသွားပြီးကတည်းက စိတ်ဓာတ်ကျပြီး မသိမ်းတော့တာပါ။ လိုချင်ရင် အွန်လိုင်းပေါ်မှာ လိုတာ ရှာလို့ လွယ်လာတာကြောင့်လည်း ပါပါတယ်။
အဲ့ဒီ တုန်းက ကွန်းမန့်တွေကို ပြန်ပြောတဲ့ အလေ့လေး မထွန်းကားသေးပါဘူး။( အဲ့ဒီအလေ့ကို ကိုသစ်က စခဲ့တယ်ထင်ပါတယ်) ကိုယ်နဲ့ သိပြီးသား ရင်းနှီးပြီးသား လူချင်းတွေသာ စကားပြန်ပြောတတ်ကြပါတယ်။ အားငယ်မယ်ဆို အားငယ်ချင်စရာကြီးပါ။ ဒါပေမဲ့ ကိုယ်တို်င်ကတော့ ဘယ်လိုမှ မနေခဲ့ပါဘူး။
စစချင်း ကွန်းမန့်ရေးတော့ မန်းသူပီပီ ကျနော်ကျနော် နဲ့ ပြောကျင့်ရှိတာကို ပြောချင်ပေမဲ့ ဇွတ်အတင်းဖျောက်ပြီး ကိုယ်က ဆိုပြီးကျားလိုလို မလိုလို ရေးခဲ့တာပါ။ ဒီရွာကို ရောက်မှ ကျမဆိုတဲ့ အသုံးအနှုံးကို သုံးတတ်ခဲ့တာပါ။ ခုတော့ လည်း ကျမလို့ ပြောရတာကို နှစ်သက်နေပါပြီ။ အပြင်မှာတောင် ယောင်ပြီး ကျမကလေ လို့တောင် လုပ်တတ်ပါသေးတယ်။
ပါးစပ်ထဲ တွေ့ရာ nickname ပေးခဲ့တာ မဟုတ်ပါဘူး။ ကျမရဲ့ မသိစိတ်မှာ အမှတ်တမဲ့နဲ့ စွဲလန်းခဲ့တဲ့ အမှတ်တရ အကြီးကြီးရှိတဲ့ နာမည်တခုကို ပေးမိရက်သားဖြစ်ခဲ့တာပါ။ စစချင်း တော့ တွေ့ကရာ နာမည်လို့ ကိုယ့်ကိုယ်ကို ထင်ခဲ့ပေမဲ့ တကယ်က ………
.ခွေးကိုက်ခံခဲ့ရလို့ပါ
နောက်ထပ် အမှတ်ရနေသေးတာက ကျမစစကွန်းမန့်ပေးချင်း ကျမကွန်းမန့်တွေ ပုံမှန် အဖျက်ခံရတာပါ။ ဘယ်ကွန်းမန့်အဖျက်ခံရတာလဲ ဘယ်သူဘာကြောင့်ဖျက်တာလဲ အခုထိ မသိခဲ့သလို စိတ်လည်း မဆိုးခဲ့ပါဘူး။ ကျမက ပွုင့်တွေထဲမှာ ပဲ comment delected ဆိုပြီးပဲ မကြာမကြာမြင်ခဲ့ရလို့ပါ။
ထင်ခဲ့တာက ဘေးကစည်းကမ်းချက်တွေကို ကြည့်ပြီး သူကြီးဖျက်ခဲ့တယ်လို့ပါ။ နောက်မှ သိတာက စီနီယာတွေ ပိုစ့်ကို ပြင်ဆင်ခွင့် ရှိတဲ့ သူတွေ ဖျက်တယ်ဆိုတာကို ကိုယ်တိုင် ပြင်ဆင်ခွင့်ရှိတဲ့ အချိန် နှစ်ပေါက်မှ သိခဲ့တာပါ။
အခုဒီစာကို မရေးခင်ထိ ဒီအကြောင်းကို ဘယ်သူ့ကိုမှ မပြောခဲ့ဖူးသလို စိတ်ထဲလည်း ဘယ်လိုမှ မနေခဲ့ပါဘူး။ ဘာဖြစ်လို့လဲ ဆိုတော့ ကိုယ်တိုင် ခုချိန်ထိ သူတဖက်သားကို ကိုယ်ချင်းစာစိတ်နဲ့ပဲ ရေးခဲ့ပြောခဲ့တယ်လို့ ကိုယ့်ကိုယ်ကိုယ် ထင်ခဲ့လို့ပါ။ ဖျက်တဲ့သူမှာလည်း ဖျက်ရလောက်အောင် အကြောင်းရှိလို့ပဲ ဖြစ်မှာပါ။
ဒါကြောင့်မို့ ကွန်းမန့်တွေ မျဉ်းသားခံရတာမြင်တော့ စိတ်ထဲ အချဉ်ပေါက်သွားတာပါ။ ကျမရဲ့ ဒီဖီလင်က ဒီက လာတာပါ ဆိုတာလေးလည်း ဖြောင့်ချက်ပေးပါတယ်။ ဒါကြောင့်မို့ ဒီ ခံစားချက်ကို နားလည်လို့ ကျမပိုစ့်ထဲမှာ နှစ်ခုထပ်နေတဲ့ ကွန်းမန့်ကိုတောင် မဖျက်ပေးခဲ့ပါဘူး။ ကျေကျေနပ်နပ်ကြီးကို ထားခဲ့တာပါ။
(ဆဲတဲ့ စည်းကမ်းနဲ့ညိတဲ့ ကွန်းမန့်မျိုးကို ဆိုလိုတာမဟုတ်ပါဘူး။ သာမာန်အကြောင်းအရာကို ဖျက်တာကို ဆိုလိုတာပါ) ခုတော့ ကွန်းမန့်ပြင်ဆင်ခွင့် မရှိတော့ပါဘူး။ သူကြီးပြန်သိမ်းသွားပါပြီ။
ကျမတို့က အဲ့ဒီလို အဆင့်နဲ့ မတန်လို့ပါတဲ့ ။
နောက်ပြီး ကျမစစချင်း ရေးခဲ့တဲ့ ဆိုက်ကိုမေးခွန်းလေးတွေကို မေးတဲ့ပိုစ့်မှာဆို ဖြေသူ ၅ ယောက်ပဲ ရှိရင်တောင် အဖြေပေးပါ့မယ်ပြောပြီး ရေးခဲ့တာပါ။ မှတ်မှတ်ရရ ရေးပြီး ညဖက်မှာ အိပ်ပျော်သွားလို့ ညသန်းခေါင်နိုးလို့ ဖွင့်ကြည့်လိုက်တော့ လူတော်တော်များများ ဖြေနေခဲ့ပြီး ပြန်မပြောရကောင်းလားဆိုပြီး တောင် အော်ကြပါသေးတယ်။
လူတွေစိတ်ဝင်စားတယ်ဆိုပြီး တကယ်ကိုပဲ ပျော်ခဲ့ရတာပါ။ အစကောင်းတယ်ပြောရမှာပါ။
ဒုတိယအနေနဲ့ တွင်းနက်ထဲက စိန်ရိုင်းတုန်းများကို ရေးတုန်းက သူငယ်ချင်းနဲ့ဖုန်းပြောအပြီးကောက်ရေးလိုက်တာပါ။ ဒါပေမဲ့ ကျမကို အမှတ်မထင် ကြော်ငြာတစောင်တွေ့လိုက်သည်လို့ ပြောတဲ့သူလည်း ရှိပါတယ်။ အော် အဲ့ဒီတော့ တွေးတတ်လာပါတယ်။
ကိုယ်ကဆိုလိုတာ တမျိုးဖြစ်ပေမဲ့စာကို ဖတ်တဲ့သူအနေနဲ့တော့ သူ့အမြင်နဲ့သူရှိနေတတ်ပါလားဆိုတာကိုပါ။ စာတွေကို သတိထားပြီး နှစ်ဖက်မျှတွေးတတ်ရေးတတ်အောင် ဒီရွာထဲက လူတွေကပဲ သင်ပေးခဲ့တာပါ။ ကျေးဇူးတင်စရာကောင်းပါတယ်။
ရွာထဲကို မျက်စိသူငယ်နားသူငယ်နဲ့ရောက်လာပြီး ဟိုစာလေးတွေလိုက်ဖတ် ကွန်းမန့်ပေး ဒီလိုနဲ့ နေသားကျလာပါတယ်။
နောက်တော့ တရွာထဲသားချင်းတွေရဲ့ အကြောင်းကို ကောင်းကောင်းကြီးမသိသေးပဲ လပိုင်းလောက်နဲ့ ကျမပိုစ့်တင်ပြီး စိန်ခေါ်ရန်လုပ်ငြင်းခုံခဲ့ဖူးပါတယ်။ ခုနေ အဲ့ဒီစာကို ပြန်ဖတ်ရင် ရီလည်းရီချင်တယ် ။ ရှက်လည်း ရှက်တယ် ။
ကိုရင်စိုင်းကိုလည်း အားနာတယ်။ ကျမ မရင့်ကျက်သေးလို့ ခပ်တိမ်တိမ်တွေးပြီး ခပ်တိမ်တိမ်ရေးခဲ့တယ်လို့ ခုချိန်မှာ သဘောပေါက်မိတယ်။
မှတ်မှတ်ရရကွန်းမန့်တခုကို စိတ်ဆိုးလို့ သူကြီးဆီ အစောင်ပေါင်းများစွာ စာပို့ပြီး ဖျက်ခိုင်းခဲ့ဖူးပါတယ်။ ဘယ်လောက်ထိတောင်လဲ ဆိုတော့ ပိုစ့်ကိုပါ ဖျက်ပေးပါလို့ တောင်းဆိုခဲ့ဖူးပါတယ်။ သူကြီးကတော့ ခပ်တည်တည်ပဲ လုံးဝလုံးဝ ဖျက်မပေးခဲ့ပါဘူး။ ကိုယ်တိုင်ပြင်ဆင်ခွင့်ရှိလာတဲ့ အချိန်မှာတော့ မထိခဲ့သလို အဲ့ဒီကွန်းမန့်ဟာ ဖျက်သင့်တဲ့ စာ မဟုတ်ဖူးဆိုတာကိုလည်း လက်ခံတတ်လာပါတယ်။
သူကြီးရဲ့ အယူအဆ အတွေးအခေါ်တချို့ကို အဲ့ဒီအချိန်မှာ နားမလည် လက်ခံနိုင်လောက်အောင် မရင့်ကျက်သေးတာမို့ သူကြီးကို လုံးဝ ကြည့်လို့ မရခဲ့ပါဘူး။( ခုလည်း ထူးမခြားနားပါ)
Kai ဆိုတဲ့သူဟာ Admin ဖြစ်နေမှန်းလဲ မသိခဲ့ပါဘူး။ နောက်မှ သိခဲ့တာပါ။
ချဉ်ပေါင်အကြောင်း ရေးတော့ သူကြီးကို ချဉ်လွန်းလို့ ပါစင်နယ်ပါ ပြောဆိုပြီး ရေးခဲ့ မန့်ခဲ့ဖူးပါတယ်။ ပထမဆုံးနဲ့ နောက်ဆုံးထင်ပါတယ် အဲ့လို ရေးခဲ့ဖူးတာ။
အဲ့တုန်းက သူကြီးကို ဘယ်လောက်ထိတောင် ချဉ်လဲဆိုတော့ ခရီးပါ ထွက်ပြီး ဖီလင်အပြည့်နဲ့ ပိုစ့်တပုဒ်တင်ခဲ့ဖူးပါတယ်။ အဲ့ဒီလူသဘောထားကြီးတာ အဲ့ဒီစာရေးပြီးနောက်ပိုင်းမှ သိခဲ့တာပါ။ အစွဲတချို့လည်း ကျွတ်စပြုလာပါတယ်။
အကြောက်အလန့်ကတော့ အစထဲက မရှိခဲ့ဖူးထင်ပါတယ်။ အထင်ပါ( ခရက်ဒစ်တူ ဘပု)
ဘာဖြစ်လို့လဲ ဆိုတော့ လူတိုင်းကို စိတ်မထင်ရင် မထင်သလို အားမနာတမ်း ငြင်းခုံခဲ့လို့ပါ။
အဘဖောကိုလည်း အိုင်ကျုမြင့်တယ်ပြောပြီး မြန်မာလက်ကွက်တောင် မရိုက်ရကောင်းလားဆိုပြီး ပြသာနာရှာဖူးလို့ ရွာထဲ အိုင်ကျူ အီးကျူလေးတွေတောင် ပလူပျံသွားဖူးပါတယ်။
ရလာဒ်ကတော့ အဘဖော မြန်မာလို ရိုက်ပြီး ပိုစ့်တွေ တင်လာလို့ ကျကျနန အားမနာတမ်းငြင်းခုံလာနိုင်တာပါ။ ( ဟုတ်လား အဘဖော ကျမက ထင်တာ လျှောက်ရေးနေတာ)
နောက်တော့ တီချယ့်ကို ရွာကို ဖိတ်ခဲ့ပါတယ်။ စစချင်း တီချယ်က ဟိုးတုန်ုးက တပည့်လေးတွေအကြောင်းရေး ကျမကလည်း တီချယ်နဲ့ခေါ်ဆိုတော့ ဘယ်ကျောင်းက ဆရာတွေလဲဟင် ဆိုပြီး မန့်ကုန်ပါတယ်။ မျက်စိလည်ချင်စရာကိုး ။ ကိုယ်ဖိတ်ခဲ့တဲ့ ကိုယ့်တီချယ် မျက်နှာငယ်နေမှာစိုးလို့ (အသက်ကလည်း ၇ဝ တန်းထဲမှာ ) တီချယ်နဲ့ ကျမဆိုပြီး ရေးဖြစ်ခဲ့ပါတယ်။
အဲ့ဒီတုန်းက ကျမရခဲ့တဲ့ ကွန်းမန့် လက်တဖက်တောင် မပြည့်တတ်ပါဘူး။
ကျမကို စိတ်ပိုင်းဆိုင်ရာ အများကြီး ပြောင်းလဲ ပြုပြင်ပေးခဲ့တဲ့အထဲ ဒီရွာလည်း ပါပါတယ်။
ကျမက ပိုစ့်တိုင်းနီးပါးကို အရင်ကွန်းမန့်လိုက်ပေးခဲ့တော့ ကိုယ့်ပိုစ့်ဆိုရင်လည်း တဖက်လူတွေကလည်း စကားလာပြောပါတော့တယ်။ အဲ့ဒီမှာ လေပေးဖြောင့်ပြီး ခင်ကြမင်ကြ ငြင်းကြခုံကြပေါ့။
ဒီလိုနဲ့ အဟောင်းတွေရေးရင် လေပေးဖြောင့်ပြီးသားဆိုတော့ ဝင်ပြောရဲကြတယ်။ အသစ်ဆိုတော့ ကြိုက်လားသိ မကြိုက်လားသိ။ ဝတ်ကျေတန်းကျေကြတော့လည်း မပြောဖြစ်ပြန်ဘူး။
လူသိခံဖို့ စိတ်ကူးမရှိခဲ့သလို ဒီရွာက လူတွေနဲ့ အပြင်မှာပါ သိကျွမ်းမယ်လို့ အိမ်မက်တောင် မမက်ခဲ့ဖူးဘူး။ ခုထိလည်းတယောက်စ နှစ်ယောက်စလောက်ကိုပဲ တွေ့ဖူးခဲ့ပါတယ်။ ဆုံကြတို်င်း ကိုယ့်အကြောင်းနဲ့ကိုယ်မို့ ရောက်ဖြစ်လေ့မရှိပါဘူး။ ခွင့်လွှတ်ကြပါ။ ခုတော့ အားလုံးကို တွေ့ချင်မြင်ချင်ခင်ချင်စိတ်ရှိနေပါပြီ။
ရေးချင်တာတွေ လျှောက်ရေးထားတာမို့ ခေတ်မကောင်းတုန်းက ကြောက်တာလဲ ပါပါတယ်။ ခုကတော့ ခေတ်မကောင်းတာတော့ မဟုတ်ပါဘူး ခေတ်ပျက်သွားတာပါ။
တရွာထဲနေတဲ့ မိသားစုလို ဖြစ်လာတာမို့ နောက်မှ လာသူပဲဖြစ်ဖြစ် အရင်ရောက်နေသူပဲ ဖြစ်ဖြစ် အားလုံးဟာ မိသားစုပါပဲ ။ သူ့အကြောင်း ကိုယ့်အကြောင်းသိအောင် အချိန်လေးတော့ ပေးရပါတယ်။
အခုဝင်လာတဲ့ အသစ်မှ မဟုတ်ပါဘူး ကိုယ်ရောက်စတုန်းကလည်း ဒီလိုပဲ ဖီလင်လေး တချို့ ရှိခဲ့ဖူးပါတယ်။ တယောက်ထဲ ငေါင်း စင်းစင်းပါ။ ဒါပေမဲ့ ရွာသက်လေး ရှိလာတဲ့အခါ စီနီယာများဟာ ကိုယ့်ကို အရေးမလုပ်တာမဟုတ်ပဲ ဒီလိုပဲ ဖြစ်တတ်တယ်ဆိုတာ သဘောပေါက်ခဲ့ပါတယ်။ နေသားကျလာတဲ့အခါ အဟောင်းအသစ်မရှိတော့ဘူးဆိုတာ အလိုလို သဘောပေါက် နားလည်လာပါတယ်။
ရွာကို ရောက်တာ ၂၀၁၁ ခုနှစ် ၅ လပိုင်း ၂၆ ရက်နေ့က စလို့ ဒီနေ့ ၂၀၁၂ ခုနှစ် ၁၅ ရက် ၁၂ လပိုင်း ဆိုတော့ ၁ နှစ်နဲ့ ရ လနီးပါး သက်တမ်းရှိပါပြီ။
ရေးခဲ့တဲ့ ပိုစ့်ပေါင်း ဒါပါ ထည့်တွက်မှ အပုဒ် ၂ဝ ပဲ ရှိပါသေးတယ်။ ဒါဆို လူအများစုနဲ့ ဘာလို့သိနေတာလဲဆိုတော့ ကျမက လူတိုင်းရဲ့ ပိုစ့်ကို အားစဉ်အခါတုန်းက အစိမ်းအကျက်မရွေး သိသိမသိသိ ကိုယ့်ကို ခင်ခင် မခင်ခင် ဇွတ်အတင်းလိုက်ပြီး စကားပြောခဲ့လို့သာ ကျမကို မျက်မှန်းတန်းမိသူတွေရှိလာခဲ့တာပါ။
ဒီလိုပဲ လူသစ်ကို ကိုယ်က ဖိတ်ခဲ့တော့ ကိုယ့်လိုမျက်စိသူငယ်ဖြစ်မှာစိုးလို့ မိတ်ဆက်ပေးကြတာပါ။ သူ့ဟာသူနေနေတာကို ကိုယ်ကပဲ လာပါရေးပါ ဖိတ်ခဲ့တာဆိုတော့ ဧည့်ဝတ်ကျေချင်လို့ ပါ။
အခုတလောတော့ အကြောင်းအမျိုးမျိုးကြောင့် ရွာဝင်ကျဲနေတာပါ။
သူကြီးပျိုးခဲ့တဲ့ ငြင်းခုံခြင်း အနုပညာ ကို ခုံမင်နေတဲ့သူထဲမှာ ထိပ်ဆုံးက ပါပါတယ်။ ငြင်းရတာ တခါတလေမှာ ကောင်းလည်း ကောင်းတယ် မကောင်းလည်းမကောင်းဘူး ဆိုတော့ …………
ကောင်းသောငြင်းခုံခြင်းကိုပဲ ငြင်းခုံနိုင်ဖို့ ကြိုးစားကြည့်ပါအုန်းမယ်။
89 comments
အမေ Mobile (MGZ ပါတီ)
December 16, 2012 at 12:45 am
စိတ်ကူးပေါ်ရာ
တစ်ယောက်ထဲ အဖော်မပါ
သောက်ဆဲပါကွာ
မှောက်လဲခါခါ
ဒေါက်ကွဲးနာနာ
ဖောက်လွဲချင်တာ
အပျောက်ကဲ နင်သာ
ဤကာ လျှောက်ရေးခြင်း ဖြစ်ပါသည်။
ဖတ်ရှု့အားပေးသွားပါကြောင်း ဗျာ ဘယ်လိုမန်းရမှန်းမသိတာနဲ့ ယခုလို့ တောင်ရေး
မြောက်ရေး ရေးထားခဲ့ခြင်းဖြစ်ပါကြောင်းးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးး
pooch
December 16, 2012 at 1:19 am
မေးကြည့်တာပါ ဖြေချင်မှဖြေပါ အမေ မိုဘိုင်းလို့ ဘာလို့ နာမည်ပေးထားတာလဲ
မိုဘိုင်းမားသားကို အားကျလို့လား ဒါမှ မဟုတ်အမျိုးတော်လို့လား ( နောက်တာ)
Mobile
December 16, 2012 at 1:43 am
နာမည်လှ တာလေးများတွေ့မလားလို့ စဉ်းစားရင်းနဲ့ လျှောက်ပေးတာပါဗျာ။
ဦးကြောင်ကြီး
December 16, 2012 at 1:20 am
ဖြောင့်ချက်
တောင့်မတ်
အောင့်သက်
ဂျောင့်ကပ်
ရောင့်တက်
စောင့်ငတ်
မောင့်နတ်
ညှောင့်လျက်..။
pooch
December 16, 2012 at 1:29 am
ဦးကြောင် ဒီရက် လမ်းသွားရင် အရူးတွေကို သတိထားအုန်း အားလပ်ရက်ကြီး သေနတ်ခါးကြားထိုးပြီး မွှေ့သွားအုန်းမယ်။ 😀
အရီးခင်လတ်
December 16, 2012 at 3:28 am
နှစ်ဆယ်မြောက် Post လေး အတွက် Congratulations ပါ။
Pooch ရဲ့ Post တိုင်း မှာ အနှစ် ပါတာ သေချာပါတယ်။
အတော်ထက် ပြီး စွာ မဲ့ ကောင်မလေး ရဲ့ ဖြောင့်ချက်လေးတွေ ကို ဖတ်ရင်း ပြုံးနေမိတယ်။ :528:
ရွာထဲ မှာ ခပ်ထက်ထက် မိန်းကလေးတွေ အတော်များတာ ဝမ်းသာစရာဘဲ။
အရီးကတော့ စိတ်တို နေတဲ့ အချိန်တစ်ချိန်မှာ ခဏရင်လာဖွင့်ရင်း ဒီလောက် စွဲ သွားမယ် မထင်ခဲ့ဘူး။
အပျော်ကြံ ရုံ ပြောချင်ရာပြောပြီး နေခဲ့တာ။
ကကြီးမိုက် နဲ့ မမ ရဲ့ မှတ်ချက်လေးတွေ နဲ့ ရွာသူဖြစ်လာတော့တာပါဘဲရှင်။
အဖွားကြီး ဖြစ်လာတော့လဲ စကားများ ချင်တာလဲ ပါပါတယ်။
မှတ်ချက် တွေ ကိုလဲ အသစ်အဟောင်း မရွေး ကိုယ်ပေးနိုင်တာ ဆို ပေးပါတယ်။
မအားချိန် မှာ ဖတ်မိပြီး မှတ်ချက် မရေးလိုက်နိုင်တာတွေလဲ ရှိပါတယ်။
တစ်ချို့ တွေ က ဖတ်လို့ သဘောကျပေမဲ့ ဘယ်လို မှတ်ချက်ပေးရမယ် မသိတာလဲ ရှိတယ်။
တစ်ချို့ တွေက ဖတ်လိုက်အပြီး မှတ်ချက် က တန်းစဉ်းစားနိုင်လာ တော့ ချက်ချင်း ပေးဖြစ်လိုက်တာလဲ ရှိတယ်။
မျက်နှာလိုက်ပြီးတော့ မပေးတာ သေချာပါတယ်။
ရွာ့ သူကြီးမင်းရဲ့ သည်းခံ နိုင်စွမ်း ကိုလဲ မှတ်တမ်းတင်ပါတယ်။
ဒါထက်
Connecticut school shooting သတင်း အရ လူသတ်သမား ကောင်လေးက စကားအလွန်နဲသတဲ့။
သူငယ်ချင်းလဲ မရှိသလောက်ဘဲ တဲ့။
စိတ်ထဲခံစားထားတာတွေ ရင်မဖွင့်ဘဲ ငုံထားရင်း တစ်နေ့ပေါက်သွားတာ ကနေ ရင်ကွဲစရာဖြစ်ကုန်တာထင်ရဲ့။
ဒီတော့
စိတ်ထဲ ပေါက်ကွဲ ချင်ရင် ဒီထဲ မှာ လာပြီး ရင်ဖွင့်ကြပါ။
အဲဒီကို ပြောလိုက်ခြင်းနောက် စိတ်သက်သာနိုင်ပါတယ်။
ထင်တာနော်။
တော်ကြာ ဒီအထဲ ငြင်းရင်း ခုန်ရင်း ကနေ အပြင်မှာ လူသတ်ချင်စိတ်တွေ ပေါ်ကုန်ရင် ပြသနာ။
:kwi:
Hnin Hnin
December 16, 2012 at 4:26 pm
Pooch ရေးတာတွေက ” တစ်ပုဒ်ဆို ဆိုသလောက် ” ကောင်းတာပါ။
မန့်ဖို့က စိတ်ကူးပေါက်ရာ ပေါ့ပေါ့ပါးပါးပဲ မန့်တတ်သူမို့ စာဖတ်အားတို့၊ ဉာဏ်တို့သုံးရမယ့် အဆီအနှစ်နဲ့ပြည့်နေတဲ့ ပို့စ်တွေဆိုရင် သေချာဖတ်ပေမယ့် မန့်အားညံ့လို့ မမန့်ဖြစ်ဘူး။
နှင်းနှင်းကိုယ်တိုင်လည်း စွာသင့်၊ထက်သင့်တဲ့နေရာ စွာ၊ထက်သူမို့ အရီးပြောသလို
ဒီရွာထဲက ခပ်ထက်ထက် ရွာသူလေးတွေကို သဘောကျပါတယ်။ Pooch က ထိပ်ဆုံးကပါ။ 🙂
တိတ်တိတ်လေး စာဖတ်သူဘဝကနေ မန့်တွေကနေ အပြန်အလှန်ချစ်ခင်ရင်းနှီးမှုတွေ
တွေ့ပြီး မရဲတရဲ အားငယ်ငယ်နဲ့ ဝင်မန့်ရင်းကနေ (စာရေးဖို့စိတ်ကူးလည်း မရှိတော့)
အခုဆို ရဲရဲတရဲ မန့်တတ်သလောက် မန့်နေတဲ့ မန့်ပျော်အဆင့် တောင် ရောက်နေပါပြီ…
(သူကြီးရဲ့ ပွိုင့်တွေ၊ပွင့်တွေ၊အဆင့်တွေတော့ မသိဘူး။ ကိုယ်ပေးတဲ့ကိုယ့်အဆင့် )
ပေါက်ကွဲစရာတွေကိုလည်း ဒီမှာပဲ သတိ္တရှိရင် အရင်းအတိုင်း လာချပြ၊ပေါက်ကွဲ
ပြလို့ရသေးတယ်။ ” ဂဇက်ရဲ့ အသက်ဝင်မှု ” ဟာ ” မန့်တွေရဲ့ ပေါက်ကွဲမှု ” တွေနဲ့လည်း
တစ်နည်းတစ်ဖုံတော့ သက်ဆိုင်နေတယ်လေ။
ဂဇက်ရဲ့ စာရေးသူမဟုတ်လို့ အားငယ်ပြီး ဝင်မမန့်ဖြစ်ဘဲ မန့်ချင်ရင် ဝင်သာ
မန့်ကြပါ….ပညာသင်၊ပညာရှင် အပေါင်းရေ…သူကြီးက မဖြစ်စလောက် မုန့်ဖိုးပေးမှာပါ… :kwi:
pooch
December 16, 2012 at 7:12 pm
အရီးကို အမှတ်တရ အနေနဲ့ အရင်ကွန်းမန့်ပြန်ရှာပေးလိုက်တယ် ဖတ်ဖူးလားမသိဘူး။ သူကြီးကို အားပါးတရ ကောထားတာ ဟီး … ခုနေဖတ်ရင် ရီစရာကြီး
တခါပဲ ပြောဖူးတာပါ အရီးရယ် ။ လင့်က ဒီမှာ
http://myanmargazette.net/66416/health-fitness/food-drink
နှင်းနှင်းရေ ကျမ မထက်ပါဘူး စွာတာပါ။ ကျမအပေါ် အကောင်းမြင်ပေးလို့ ဝမ်းသာရပါတယ်။
သားဦးစနေ နေတက်ရေတက်မှာ မွေးလို့ စိတ်က ငယ်ထိပ်ဆောင့်တက်နေတာပါ။
လွန်တာရှိ ဝန္ဒါမိပါ သူကြီး
” အရင်တုန်းကတော့ လူတွေဟာ သူတို့ ကိုယ်သူတို့ တိုးတက်မှု ရှိရန် အလို့ငှာ အသိပညာတွေကို ရှာဖွေ ဆည်းပူးကြတယ်၊ ဒီအချိန်ကာလ မှာတော့ တခြားသူတွေကို ဖိနှိပ်ဖို့ အတွက် အသိပညာတွေ ရှာဖွေနေကြတယ် ” ( ကွန်းဖြူးရှပ် )
တို့များ သူကြီးလည်း ကိုယ့်အမျိုးကိုယ် အရိုးစွဲအောင် မုန်းပြီး ဖိနှိပ်ဖို့အတွက် များ အသိပညာတွေ ရှာဖွေနေသလားမှတ်ရတယ်။ နောက်ဆို ဗမာ ဆိုတဲ့ နာမည် ဟာ ” အိုဘားမား ” တို့ ဆီက ကော်ပီကူးတာတို့ ၊ မန္တလေး ဆိုတဲ့ အမည်နာမ ဟာလည်း အမေရိကန်နိုင်ငံ ၊ လပ်စ်ဗီးဂပ် မြို့မှာရှိတဲ့ MandalayBay Hotel ဆိုတဲ့ ဆီကနေ မင်းတုန်းမင်းကြီး ကော်ပီ ကူးချတာတွေတောင် တွေ့လာနိုင်ပါတယ်။ လုပ်ပါ လုပ်ပါ။ အားမနာပါနဲ့ ။ တို့များသူကြီး ဘယ်လို အထောက်အထား များနဲ့ ဘယ်လောက်ထိ ရှာဖွေနိုင်တယ် ဆိုတာ စောင့်ကြည့် အသိအမှတ်ပြုရတာပေါ့။
ဒါပေမဲ့ wikipedia ဆိုတာကလည်း အင်တာနက် ခေတ်မှာ ဦးသူ မှတ်ပုံတင်တာမျိုးဆိုတော့ သူချည်းပဲတော့ မလုံလောက်ဘူးထင်တယ် ။ ဆိုင်ရာ နိုင်ငံက ကျမ်းကိုးများကိုပါ ဖော်ပြနိုင်ရင်တော့ ပိုပြီး တိကျပြီး လက်ခံနိုင်တာပေါ့။ နှောင်းလူတို့ အတွက်လည်း အကျိုးရှိပါတယ်။
သို့သော် အမျိုးကို မုန်းတဲ့စိတ်နဲ့တော့မလုပ်ပါနဲ့လေ ။ အမှန်တရားကို မြတ်နိုးတဲ့ စိတ်နဲ့ တူးဖော်ပါ ။ လူတွေကို အမှန် သိစေချင်တဲ့ စိတ်မျိုးတော့ မွေးဖို့လိုမယ်ထင်ပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ တင်ထားတဲ့ ခေါင်းစဉ်က စကားထဲက ဇာတိပြနေလို့ပါ။ နောက် ဘုရားဟောတဲ့ ကာလာမ သုတ်ကိုလည်း ဘာမဆိုင် ညာမဆိုင် သွားသတိရလို့နေပါတယ်။
ဒါနဲ့ သူကြီးက အပြောလွယ်ပြီး အလုပ်ရှော်သလိုပဲနော်။ ၂ ပုဒ်ထက်ပိုမတင်ရပြောပြီး ၃ ပုဒ်တင်လားတင်ရဲ့။ မကူးရဘူး ဆိုပြီး ပြန်ကူးတင်ပါလား ဆိုလားဆိုရဲ့ ။ တမျိုးပဲနော်။ ဒါနဲ့ မသိလို့ မေးပါရစေ ။ ဒီဆိုဒ်ကို ထောင်ထားရတဲ့ ရည်ရွယ်ချက်လေးကရော ဘာများပါလိမ့်နော်။ တကယ်မသိလို့မေးတာနော်။ နောက် ဆည်းပူးခဲ့ရတဲ့ ပညာရပ်ကရော ဘာများပါလိမ့်။
နောက် သူကြီးကို အကြံလေးပေးကြည့်တာပါ။ ကိုခိုင်ဆိုတဲ့ နာမည် က မြန်မာဆန်နေသလားလို့ ဘို ဆန်ဆန်လေး ပြောင်းသင့်တယ် ။ မိုက်ကယ် ဂျက်ဆင်လို အရေခွံချွတ်ပြီး အရောင်ပြောင်းသင့်တယ် ။ နဖူးမှာလည်း Made in USA လို့ တက်တူးလေး ထိုးထား ။ နောက်ဆို သူများတွေ မေးစရာမလိုတော့ဘူးလေ။ သူကြီး သေရင် wikipedia မှာ Made in USA လို့ မှတ်တမ်းလေး တို့ပေးမယ်။ နောက်ကြောင်း အေးအောင်ပါ။ ဘယ်သူမှ ငြင်းလို့ မရအောင်ပေါ့။ 🙂 🙂
သေရင် လွမ်းလို့ ရအောင် လွမ်းစရာလေးတွေတော့ ထားခဲ့မှ ဖြစ်မယ်နော်။ 🙂
” ပဲပြားပင်ကဲ့သို့ မကျင့်မူဘဲ သစ်ပင်ကြီးကဲ့သို့ ကျင့်ကြံခဲ့ သဖြင့် ရာဇဝတ်ဘေး သင့်ခဲ့ရပေသည်တကား” လို့ ပြောခဲ့ တဲ့ ရှေးစကားလေး ကိုလည်း သတိရမိပါတယ်။ကိုယ်ကတော့ ပဲပြားနဲ့ အပင်ကြီးဆိုရင် အပင်ကြီးနေရာမှာပိုဖြစ်ချင်တယ်။ အပင်ကြီးက မလဲခင် နှစ်ပေါင်းများစွာ အေးမြတဲ့ အရိပ်အာဝါသကို ပေးခဲ့တယ်။ ကျေးငှက်တို့အတွက်လည်း နားခိုစရာဖြစ်တယ်။မောပန်းသူတွေ အရိပ်ခိုလို့ရတယ်။လေဒဏ် မိုးဒဏ်ကြောင့် လဲပြိုသွားရင်တောင် သူ့ကို အကျိုးရှိရှိ အသုံးပြုလို့ရသေးတယ်။
ပဲပြားပင်ကတော့ ဘယ်နေရာမှာများ နှမြောစရာရှိလဲ ။ လေတိုက်ရာ လိုက် ယိမ်းနွဲ့ နေတတ်လို့ ရှင်သန်နေရစ်တာပဲ ရှိတယ်။ ဘယ်သူ့မှလည်း အကျိုးမပြု သေသွားတော့လည်း အပင်ကြီးလို အသုံးမဝင်။ နှမြော စရာ တစက်မှမရှိဘူး။ (လူထုစိန်ဝင်း)
သူကြီး အမျက်တော်ရှလို့ ရွာပြင်ထုတ်လည်း သူကြီးအနားမှာ ကိုယ်ကတော့ ပဲပြားလို လေယူရာတိမ်းယိမ်းလို့ အသုံးမကျ မရှင်သန်ချင်ဘူး ။ အပင်ကြီးလိုပဲ အသေခံပြီး ရွာပြင် မဲဇာကို ပျော်ပျော်ကြီး ထွက်ပေးမယ်။ 🙂
Foreign Resident
December 16, 2012 at 4:37 am
” အဘဖောကိုလည်း အိုင်ကျုမြင့်တယ်ပြောပြီး
မြန်မာလက်ကွက်တောင် မရိုက်ရကောင်းလား ”
သမီး pooch ရေ ။
အဘ အခုထက်ထိ မြန်မာ လက်ကွက် မရိုက်သေးဘူးကွယ့် ။
Burglish နှင့်ပဲ ရိုက်နေတာ ။
မြန်မာလို ရိုက်ချင်တဲ့စိတ်က နဂိုကတည်းကကို ရှိပါတယ် ။
သမီး pooch ပြောတာလည်း အချက်တစ်ခု အနေနှင့်ပါပါတယ် ။
သမီး pooch ပြောလို့ တစ်ခုတည်းကြောင့်တော့ မဟုတ်ဘူးပေါ့လေ ။
အဓိက ကတော့ ၊ အဘ ရဲ့ ” မြန်မာတွေကို အနိုင်ကျင့်ကုန်ပြီ Who made it ??? ” ဆိုတဲ့
အပြန်အလှန် Comment ပေါင်း ၁၁၆ ခုရှိတဲ့ Post ထဲ မှာ ၊
အဘ ဘိုလို ထော့နင်း ထော့နင်း နှင့် ပြန် ရှင်းပြ နေရတာကို မကြည့်ရက်လို့ ၊
Myittha ဆိုတဲ့ ရွာသူား တစ်ဦးက Burglish လက်ကွက် သုံးကြည့်ဖို့ ပြောပြီးလာပေးတယ် ။
အဲဒီကနေ အဘ Burglish လက်ကွက် သုံးတတ်သွားပြီး ၊
အဘ ရဲ့ ” Voice Journal ရဲ့ ရှယ်ဖွချက် နှင့် အတွေးများ ( ၁ ) ( မြန်မာ ဆရာဝန်ကြီးများ ဘဝ ) ”
ဆိုတဲ့ Post ဟာ အဘ မြန်မာလို စတင်တဲ့ Post ပါပဲ ။
အဲဒီ Post ကလည်း တော်တော် မြိုင်မြိုင် ဆိုင်ဆိုင် ရှိလှပါပေတယ် ။
အဲဒီ Post နှစ်ခုလုံးဟာ အဘ အတွက်တော့ အမှတ်တရ တွေ ပါပဲ ။
” ကျမ စစ ကွန်းမန့်ပေးချင်း ကျမကွန်းမန့်တွေ ပုံမှန် အဖျက်ခံရတာပါ ”
” ပိုစ့်ကိုပါ ဖျက်ပေးပါလို့ တောင်းဆိုခဲ့ဖူးပါတယ်။
သူကြီးကတော့ ခပ်တည်တည်ပဲ လုံးဝ လုံးဝ ဖျက်မပေးခဲ့ပါဘူး ။
ကိုယ်တိုင်ပြင်ဆင်ခွင့်ရှိလာတဲ့ အချိန်မှာတော့ မထိခဲ့သလို ၊
အဲ့ဒီ ကွန်းမန့်ဟာ ဖျက်သင့်တဲ့ စာ မဟုတ်ဖူးဆိုတာကိုလည်း
လက်ခံတတ်လာပါတယ်။ ”
” သူကြီးကို ချဉ်လွန်းလို့ ပါစင်နယ်ပါ ပြောဆိုပြီး ရေးခဲ့ မန့်ခဲ့ဖူးပါတယ်။ ”
” ကျမကို စိတ်ပိုင်းဆိုင်ရာ အများကြီး ပြောင်းလဲ ပြုပြင်ပေးခဲ့တဲ့အထဲ ဒီရွာလည်း ပါပါတယ်။ ”
” နေသားကျလာတဲ့အခါ အဟောင်းအသစ်မရှိတော့ဘူးဆိုတာ
အလိုလို သဘောပေါက် နားလည်လာပါတယ်။ ”
” သူကြီးပျိုးခဲ့တဲ့ ငြင်းခုံခြင်း အနုပညာ ကို ခုံမင်နေတဲ့သူထဲမှာ ထိပ်ဆုံးက ပါပါတယ်။ ”
အခု သမီး ရဲ့ ” ဖြောင့်ချက် ” Post လေးက ကောင်းပါတယ်ကွယ် ။
သူကြီး ရဲ့ စိတ်ရှည်မှု ၊ သည်းခံမှု တွေ ကြားမှာ ၊
ရွာသူားတွေ တဖြေးဖြေး ပိုပိုပြီး ရင့်ကျက်လာတဲ့ အနေအထားလေးကို ၊
မသိမသာလေး ဖွင့်ပြောလိုက်သလိုပါပဲ ။
အဘ အထင်တော့ ( လူငယ်လေးတွေ အနေနှင့် ) ၊
အပြင်လောကမှာ ရင့်ကျက်ဖို့ အချိန် တော်တော်လေးပေးရပေမယ့် ။
ဒီ MG ဂဇက် ထဲမှာ ငြင်းခုံရင်း ၊ ရင့်ကျက်သွားတာက ၊
ပိုပြီးတောင် မြန်လိမ့်မယ်ထင်ပါတယ် ။
ဘာဖြစ်လို့လဲဆိုတော့ ၊ ဒီ MG ဂဇက် ရဲ့ အားသာချက်တွေက ၊
၁ ။
ဒီ MG ဂဇက် ထဲမှာ ရှေ့ကနေ ရင့်ကျက်ခြင်း နှင့် သည်းခံခြင်းတရား ကို ၊
စံနမူနာ အနေနှင့် ရှေ့ကနေပြနေတဲ့ သူကြီး နှင့် ရွာသူားကြီးတွေ ရှိသလို ။
၂ ။
တစ်ခါတစ်လေ shock ရိုက်လိုက်သလို ကို ထူးခြား ကွဲပြားလှတဲ့ ၊
နိုင်ငံ တကာ နိုင်ငံ အစုံ က အတွေးအခေါ်တွေကို မကြာခဏ သိနေ တွေ့နေရတယ်လေ ။
၃ ။
မပြောမဖြစ် ပြောရမှာတစ်ခုက ၊
MG ဂဇက် မှာ Post တွေက ကောင်းတယ် ဆိုသော်ငြားလည်း ၊
အဓိက အသက်က ၊ အံ့မခန်း အပြန်အလှန် Comment တွေပါပဲ ။
တကယ့်ကို ဗဟုသုတ အတွေးအခေါ်ကို ပွင့်လင်း ရင့်ကျက်စေတာတွေပါ ။
အားလုံးကို ရင့်ကျက်စေချင်ပါတယ် ။
အရီးခင်လတ်
December 16, 2012 at 5:04 am
ရင့် တဲ့ ကြက် ကတော့ နူးဖို့ မလွယ်လို့ နဲနဲတော့ အချိန်ပေး ချက်ရပါတယ် အဘဖော ရယ်။ 😆
စိုင်း ကွမ်းခေး
December 16, 2012 at 5:42 am
ကျွန်တော်ကတော့ ခလုပ်ပြောင်းနှိပ်ပြီး ကြော်လိုက်ပါတယ် အရီးရေ
:harr:
pooch
December 16, 2012 at 6:49 pm
အော် အရေးထဲ ကြော်ငြာကလည်း ဝင်နေပြန်ပါပြီ။ ကြက်ကြော်ဆိုင်ဖွင့်ဖြစ်ရင် အကြောင်းကြားလိုက်ပါ။ လာအားပေးပါ့မယ်။ 😀
မောင့်ကျက်သရေ ဂီ့
December 16, 2012 at 5:24 am
နာ့ပိုစ့်တေ မထော်မနန်းတေ ဝင်ဝင်ပေါတာတေရော ဝန်မခံတော့ဝူးလား. စစ်ကိုင်းချောင်ရောက်မယ့်
အာလဖွားယီးရဲ့
pooch
December 16, 2012 at 7:00 pm
စစချင်း
Guy Inz@ghi ခိခိ ဆိုပြီး တွေ့တာကို
Gay Inz@ghi ခိခိလို့ ဖတ်မိပြီး ဂေးထင်လို့ တော်တော်ကြာတဲ့ အထိ ကွန်းမန့် မပေးဖြစ်ဖူး။
ပြောရရင် အကြောင်းသိသွားတော့လည်း ယောက်ျား ယူမယ်ချည်း ပြောနေတာမို့ အရင်ကအထင် မှားတယ်မထင်မိပါဘူး။
ညည်းမေးလို့ ဖြေတာနော်
( စစ်ကိုင်းချောင်တောင် ပို့သေးတာ ဒီလောက်ကတော့ ပြန်ပြောနိုင်မှ တော်ကာကျမယ် ) 😆
စိုင်း ကွမ်းခေး
December 16, 2012 at 5:44 am
နန်းမတော်မယ်ပုချ်ရေ…
ဘာတဲ့… ရှူံးနိမ့်မှုများနဲ့.. လူ သို့ အိတ်ဖွင့်ပေးစာဆိုလေးလား
မှတ်မိပါသေးတယ်… ငှဲငှဲ
:harr:
pooch
December 16, 2012 at 7:15 pm
နောက်တခါ ထပ်အားနာပါတယ်။ နောက်ဘယ်တော့မှ မမိုက်တော့ပါဘူး
မဟာရာဇာ အံစာတုံး
December 16, 2012 at 6:33 am
ဂျီးဒေါ်က ရွာကို ရောက်တာ ၂၀၁၁ ခုနှစ် ၅ လပိုင်း ၂၆ ရက်နေ့က …
ဆိုတော့ …
ကျုပ်ထက် ဝါကြီးတာပဲ …
တစ်နည်းအားဖြင့် ကျုပ်ထက် အိုတယ်ပေါ့ဗျာ ..
ကျုပ် ရွာထဲ ရောက်လာတဲ့ အကြောင်းကတော့ ပြောခဲ့ပြီးသွားပြီ …
အဲ … ဒါပေမယ့် ..
တစ်လက်စတည်း ဂျီးဒေါ်ပို့စ်မှာ ကျုပ်လည်း ဖြောင့်ချက် ပေးလိုက်ပါမယ် ..
ဂယ်ဒေါ့ .. ကျုပ် ရွာထဲ ရောက်လာရတဲ့ အချက်က နှစ်ချက် ..
တစ်ချက်က ဘော်ဘော် ညီငယ် တစ်ယောက်က ဇွတ်အတင်း ဝင်ရေးပါ ပြောလို့ ရောက်လာတာ ..
နောက်တစ်ချက်က ကိုယ့်ရဲ့ ဘလော့ဂ်ကို လူသိများသွားအောင် ဝင်ပြီး ကြော်ငြာဖို့ဆိုပြီး …
အဟီးးး ရောက်လာဒါ …
နောက်ပိုင်းကျတော့ ကိုယ့်ဘလော့လင့်ကိုတောင် ထည့်ဒေါ့ဘာဘူးးး
ဒါနဲ့ ဂျီးဒေါ် ကျုပ်ကိုတော့ လာငြင်းနဲ့နော် ..
ကျုပ်က ငြင်းတတ်ဘူးရယ် …
ကြိုပြောထားရတာ …
pooch
December 16, 2012 at 7:17 pm
အမလေးတော်…. ကျုပ်များအိုသလေး အက်သလေးနဲ့
ခဲနဲ့ ထုလိုက်ရ မကောင်းရှိတော့မယ်။
တကယ်က ၆ဝ နားကပ်နေပြီ 😆
aye.kk
December 16, 2012 at 7:39 am
pooch
အန်တီလည်း စာရေးခြင်းအတွေ ့အကြုံလုံးဝမရှိဘူးပါပဲ။
မရေးတတ်ရေးတတ်နဲ ့ဝင်ရေးခဲ့တာပါ။
ကွန်မန်းတွေလည်းကောင်းကောင်းမပေးတတ်ပြန်လည်းမပြန်တတ်နဲ ့။
ခုနေပြန်တွေးရင်ရီစရာ။ရှက်စရာအတော်ကောင်းခဲ့ရတာပါ။
ခုတော့ဒီရွာရဲ ့သူကြီးကိုကျေးဇူးတင်ရကောင်းမှန်းနားလည်လာသလို။
ကွန်မန်းနဲ ့ဝိုင်းဝန်းအားပေးခဲ့သူတွေ အားလုံးကို ကျေးဇူးတင်ပြီး။
အရမ်းအရမ်းကိုကျေးဇူးရှိတဲ့သူတွေလို ့စိတ်ကခံယူမိခဲ့ပါတယ်။။
pooch
December 16, 2012 at 7:19 pm
အယ် .. အန်တီအေး က အစကထဲက လူကြီးတယောက်မှန်းသိသာတဲ့စာတွေ ကွန်းမန့်တွေ ရေးခဲ့တာပါ။ ဘာမှ ရှက်စရာ ရီစရာ မရှိပါဘူး။
uncle gyi
December 16, 2012 at 8:31 am
poochရေ
အသက်ကပဲစကားးပြောလို့လားမသိရွာထဲတော့ဘယ်သူနဲ့မှအန်ကယ်အကျယ်အကျယ်မငြင်းဖူးပါကြောင်း
အန်ကယ်တို့လည်းငယ်ငယ်ကအတော်အငြင်းသန်တာ
ဆေးကုတဲ့ဆရာဝန်ကတောင်ခင်ဗျာရှေ့နေလုပ်ဖို့ကောင်းတယ်လို့ပြောဖူးတာ
နောက်စာပေးစာယူတက်ရင်းကိုယ့်ထက်အသက်လည်းကြီးအတွေ့အကြုံလည်းများတဲ့ချောင်းဦးကဆရာမ
တဦးနဲ့တွေ့ပြီးသူဆုံးမလိုက်လို့သိပ်မငြင်းခုံတော့ပါဖူးလူ့သဘာဝလည်းနည်းနည်းစပြီးသဘောပေါက်သွား
တယ်ပေါ့နော်
တကယ်တော့ငြင်းတယ်ဆိုတာသေချာပြန်စဉ်းစားလိုက်ရင်အရည်မရအဖတ်မရတွေကများပါတယ်
လိုအပ်လို့ငြင်းကြတာကနည်းပါတယ်
နောက်တော့လည်းသူ့အလိုလိုသဘောပေါက်သွားမှာပါလေ
pooch
December 16, 2012 at 7:27 pm
လက်ခံပါတယ် အန်ကယ်ကြီး ကျမက ငယ်နေသေးလို့ပါ။
သက်ကြီးပိုင်း ရောက်လာရင် ခွင့်လွှတ်သီးခံတတ်တဲ့ စိတ်မျိုး မွေးနိုင် ရှိနိုင်မှ အသိုင်းဝိုင်းထဲမှာ အဆင်ပြေမှာပါ။
ငြင်းတတ်တော့ စိတ်ပင်ပန်းပါတယ်။
ကျမလည်း ဘယ်အချိန်မှ အသိတရားရမယ် မသိပါဘူး။
ဦးဦးပါလေရာ
December 16, 2012 at 9:09 am
ကျုပ်ကတော့
သူကြီးကတဖက် ရွာသားတွေကတဖက်
ဇလုံတွေပန်းကန်တွေ ပျံနေတဲ့ စတားဝါးခေတ်ကြီးမှာ ရွာထဲ တိတ်တိတ်ဝင်လာတာ….။
ဆွမ်းကြီးလောင်းရအောင်လို့.. အဲလေယောင်လို့.. ဝင်ဆွေးနွေးရအောင်လို့…..
နောက်တော့ အစနဲ့တင်ပျက်သွားတဲ့ ပိုစ့်လေးတပုဒ်တင်ဖူးတဲ့အခါ
MaMa က ကွန်မင့်ပေးတော့
အော်.. ကိုယ့်ကို အဖက်လုပ်သူရှိသားပဲ ဆိုပြီး ရွာထဲမြဲသွားတာ …
ဒါလဲ သိပ်နေလို့ထိုင်လို့ကောင်းသေးတာမဟုတ်ဘူး…
ဘယ်သူမှ အရေးမလုပ်လို့ ပိုစ့်မတင်ရဲဘူး…
အဆဲခံရမှာ မခံချင်လို့ ကွန်မင့်မရေးရဲဘူး…
ရွာထဲကို ကိုသစ်မင်း၊ ကိုဘလက်ချော၊ အင်ဇာဂီ၊ အရီးလတ်၊ စတဲ့ စူပါတွေဝင်လာပြီး
ရွာ့ပုံစံပြောင်းသွား၊
လူသစ်တွေကို အရေးတယူရှိသွား
ကွန်မင့်ယဉ်ကျေးမှု့ထွန်းကားပြီး အပြန်အလှန် ချစ်ကြည်ရင်းနှီးသွားကြလို့
တော်တော်ပျော်စရာကောင်းသွားတာ….။
စိုင်း ကွမ်းခေး
December 16, 2012 at 9:42 am
တစ်မျိုးကြီးပါလား ဦးပါလေရာရေ… တစ်ချိန်တုန်းက ချောက်တီးချောက်ကပ်လေးဘဝတုန်းကအကြောင်း သေချာမသိဘူးထင်ပါတယ်..
ပြောတော့ပါဘူးလေ
pooch
December 16, 2012 at 8:41 pm
ကျမတုန်းကလည်း နေဝင်ချိန်ဆိုတဲ့ ပိုစ့်မှာ မမက ကွန်းမန့်ပေးခဲ့လို့ အားတက်ခဲ့ရပါတယ်။
ဒေါ်ဒေါ်ကလည်း ပိုစ့်တခုမှ ကောင်းပါတယ် ဒါလည်း နယူးဗားရှင်းပေါ့လို့ပြောပြီး အားပေးခဲ့တာ ပါ။
နောက်လူတွေရောက်လာပြီးမှ ပိုပြီး ပွဲစည်လာတာလည်း အဟုတ်ပါပဲ ။ ဟင်းလေးအိုးဖြစ်သွားတာပေါ့။
ကိုရင်စိုင်းလည်း ရွာဝင်စတုန်းကအကြောင်းလေးတွေ ရေးပါအုန်း ။ ကိုယ်မလာခင် ဒီရွာမှာ ဘယ်လိုနေထိုင်ကျင်လည်ခဲ့ကြလည်း ဗဟုသုတပေါ့။
ကိုပေါက်(မန္တလေး)
December 16, 2012 at 9:57 am
မယ်ပုရေ
ကျနော့်လဲ ကော်မင်းတွေမကြာခဏအဖျက်ခံခဲ့ရပါတယ်။
လိုအပ်လို့ မဟုတ်ဘဲ ငါလုပ်လို့ ရတယ်ဆိုတဲ့ လူတွေအများကြီးပါ။
ကျနော်ကတော့ ကာယကံရှင်ကိုယ်တိုင်တောင်းဆိုလို့ တစ်ခါဖျက်ပေးဘူးပါတယ်။
ကျန်တာကတော့ သူမဟုတ်တာလာရေးရင် သူခံဘဲ ။
ကျနော်ကတော့ ဘယ်သူ့ကော်မင်းမှ မဖျက်ဘူး။
နောင်လဲ ဖျက်မှာမဟုတ်ဘူး။
အသစ်တွေက စီနီယာတွေက သူတို့ကို ကော်မင်းမပေးဘူးထင်နေပါတယ်.။
ကျနော်စာရေးစ 2010မှာ ဝင်ဖတ်ပြီးကော်မင်းတစ်ခုမှ မရတဲ့ ပိုစ်တွေအများကြီးပါ။
ကိုယ်ရေးချင်တာ ကိုယ်ရေး ပါ အားမငယ်ကြပါနဲ့လို့ဘဲ အမှာစကားပါချင်ပါတယ်။.
ဦးကြောင်ကြီး
December 16, 2012 at 10:35 am
အဲဒီ အာဏာရှင်လက်သစ် ကင်ပေတိုင်ဖက်ဆစ်တွေကတော့ ပြောမနေနဲ့တော့။ အခုတင် ပို့စ်တခုမှာ ကွန်းမန့်ပေးခွင့် ပိတ်ပစ်လိုက်ပြီ။ ပို့စ်ရှင်က မဆလနောက်ဆုံး ဝံကျီးချုပ် ဦးမောင်မောင်ခနဲ့ အမျိုးတော်ပုံရတယ်… :kwi:
မဟာရာဇာ အံစာတုံး
December 16, 2012 at 10:44 am
ဥကြောင် ..
လျောက်ပြော .. အဲလေ .. ရေးပြော နေဒယ် …
ဘယ်ပို့စ်ကို ပိတ်လို့ဒုံးးးး
ကျုပ် အထက်က ပို့စ်တွေ လျောက်ကြည့်ဒါဒေါ့ တွေ့ဝူးးး
Mr. MarGa
December 16, 2012 at 10:58 am
လေးခ ပို့စ်မှာလေ
မဟာရာဇာ အံစာတုံး
December 16, 2012 at 1:08 pm
တွေ့ပါဘီဗျို့ ..
ရှဲရှဲပါ ဦးမာဃကြီးရေ …
ပိတ်တာက မတော်တဆမှ မဟုတ်ဘဲနဲ့ကိုးဗျ …
အဟီးးးး သားသားဂ မတော်တဆ ဖြစ်သွားတာ ထင်မိလို့ပါ …
ခင်ခ
December 26, 2012 at 12:57 am
ကောင်းမွန်စွာကွန်မန့်မရေးဘဲ ဆဲရေးတိုင်ထွာရေးခြင်းဟာ စာဖတ်ပရီတ်သတ်ကိုစော်ကားတယ်လို့ ယူစလို့ဆက်ဆဲပြီးရေးနေမှာစိုးလို့
ပိတ်တာပါ။ စာဖတ်ပရိတ်သတ်ကိုလေးစားပါမိတ်ဆွေ။
ဦးကြောင်ကြီး
December 26, 2012 at 1:34 am
စာဖတ်ပိတ်သပ်
နှာနှပ်လိပ်ဝက်
လျှာမျက်ထိပ်ကပ်
အာသွက်ဟိတ်ဇာတ်
ကြာခွက်သိပ်မြတ်
ရွာပတ်နှိပ်စက်
ခါချက်ဝိတ်တက်
ဘာဓာတ်မိတ်ဖက်..။
pooch
December 16, 2012 at 8:26 pm
ပေးလိုက်တဲ့ ဘုရားပုံတော် ပြက္ခဒိန်အတွက် ကျေးဇူးပါ ။
pooch
December 16, 2012 at 8:29 pm
လေးပေါက်ကို စာပြန်တာ အောက်ဆုံးရောက်သွားတယ်
ကိုပေါက်(မန္တလေး)
December 17, 2012 at 1:39 pm
ရပါ၏
San Hla Gyi
December 16, 2012 at 10:05 am
ကောင်းပါ၏ မ pooch ရေ။ ဘယ်လို ပြောရမှန်း မသိအောင် ကောင်းနေလို့ ဘယ်လို ပြောရမှန်း မသိတောင် ဖြစ်နေပါတယ်။ အဲဒီကွန်မန့်တွေ ဖျက်တာလည်း အဲဒီလို အခွင့်အရေး ရှိတဲ့လူက လုပ်တာဆိုတာ အခုမှ သိတော့တယ်။
ကောင်းပါ၏။ ဘာပြောရမှန်း မသိသဖြင့် ကောင်းပါ၏ဟုသာ ပြောနိုင်ပါကြောင်း။
pooch
December 16, 2012 at 8:38 pm
အားပေးတာ ကျေးဇူးပါ ကိုစံလှကြီး။ သမိုင်းနောက်ခံ ဇာတ်လမ်းမှ မဟုတ်ပါဘူး ဟိုတခါလို ငှက်ကလေးတွေနဲ့ သံယောဇဉ်လို ရသစာလေးတွေလည်း ရေးပါအုန်း ဖတ်လို့ကောင်းတယ်။
San Hla Gyi
December 17, 2012 at 4:34 pm
မ pooch ရေ
သမိုင်းနောက်ခံကျတော့ အထောက်အထား စာအုပ်တွေ စုံလှပြီလို့ မထင်ဘူး။ ဖတ်ဖူးထားတာလောက်နဲ့ ရေးလိုက်ရင်လည်း တအားကြီး လွဲသွားမှာစိုးလို့။ အမှန်တော့ ရသစာပေကို ကျနော်က ကျနော်ကိုယ်တိုင် သိပ်မရေးချင်ဘူး။ ဘာလို့လည်းဆိုတော့ သူများရေးရင် ဖတ်ချင်ပေမယ့် ကိုယ်တိုင်ကျတော့ အဲဒီလို အနုအရွလေးတွေ ရေးရတာ အသည်းယားသလိုလို။ တကယ်တော့ စိတ်ပါတာက အထိုးအခုတ် အပစ်အခတ် အညှစ်အသတ်တွေ ရေးချင်တာ။ နောက်ပြီး စိတ်ကူးထဲမှာ ရုတ်တရက် ဈာန်ဝင်လာတာမျိုးကို ရေးရတာကိုး။
ဒီနေရာကနေ စင့်မြင့်လုပ်ပြီး မေးလိုက်ဦးမှပဲ။ အယ်ဒီတာကြီး ခင်ဗျာ တခုလောက် ဖြေကြားပေးဖို့ လေးစားစွာ မေတ္တာရပ်ခံအပ်ပါတယ် ခင်ဗျာ။ မနေ့က ကိုမင်းနန္ဒာ ခေါ် ကိုရွာစားကျော် ပို့စ်ကို ကွန်မန့်ပေးတုန်းက like ကလေးတခု ရှိခဲ့တယ် ထင်ပါတယ်ခင်ဗျာ။ အခု ဝင်ကြည့်တော့ ပျောက်နေပါတယ် ခင်ဗျာ။ စနစ်အသစ်အရ like ပဲရှိလို့ ဘယ်လိုဖြစ်ပြီး ပျောက်သွားတာလဲ ဆိုတာ နားမလည်လို့ပါ ခင်ဗျာ။
ဖတ်မိရင် ကျေးဇူးပြုပြီး ဖြေပေးတော်မူပါ။
San Hla Gyi
December 17, 2012 at 5:17 pm
မ pooch ရေ
ပြောဖို့မေ့ခဲ့လို့။
လောလောဆယ်တော့ အပစ်အခတ် အညှစ်အသတ် ရေးခြင်းကို ကာလတခုကြာအောင် ရပ်ဆိုင်းထားအုံးမည် ဖြစ်ပါကြောင်း။
pooch
December 17, 2012 at 5:42 pm
ဟုတ်ကဲ့ပါ ကိုစံလှကြီး ။
kai
December 18, 2012 at 12:28 am
ပို့စ်ရဲ့ဘယ်အပေါ်ထောင့်က က.. ဖေ့စ်ဘုတ်နဲ့ချိပ်ဆက်ထားတဲ့.. Like ပါ..။
အဲဒါထားတာ.. တော်တော်တောင်ကြာနေပါပြီ…။
..သိသလောက်အဲဒါ Like လုပ်ရင်.. ကိုယ့်ဖေ့စ်ဘုတ်မှာ.. ဆိုင်ရာပို့စ်ကို.. ဖေါ်ပြလို့ရတယ်..။ ဒါပေမယ့်.. ဘယ်သူကဘယ်လို Likeလုပ်ထားတယ်.. မသိနိုင်ပါဘူး…။ စိတ်ချလက်ချလုပ်နိုင်ပါတယ်..။ :kwi:
စကားအတင်းစပ်..
၁ ထရီလီယန်မှာ.. သုံည ၁၂လုံးတဲ့ဗျ..။
A trillion in English-speaking countries, such as the United States: there are twelve zeroes (1,000,000,000,000)
A trillion in other countries: eighteen zeroes (1,000,000,000,000,000,000)
million = 6 zeros
billion = 9
trillion =12
=
စင်္ကြဝဌာကြီးသက်တန်းက.. ၂၅ ဘီလီယန်နှစ်လောက်အလွန်ဆုံးမှန်းကြတယ်..။
ဆိုတော့..
၂၅၀၀၀,၀၀၀,၀၀ဝ နှစ်ပေါ့…။ :kwi:
==
ကိုရင်အချိန်ရရင်. ရုပ်ရှင်အကြောင်းရေးစေလိုတာပါ..။ အဲဒီနယ်မှာ.. လုပ်ဖူးသူ.. တယောက်အနေနဲ့ဝင်ဆွေးနွေးပေးလို့ရပါတယ်..။ :harr:
San Hla Gyi
December 18, 2012 at 4:04 pm
ဟုတ်ပါတယ် အယ်ဒီတာကြီး ခင်ဗျာ
အဲဒါထားတာ ကြာပြီ ဖြစ်ပေမယ့် အခုမှ မေးချင်စိတ်ပေါ်လာလို့ မေးလိုက်တာပါ။ စိတ်ချလက်ချ လုပ်လို့ရတယ် ဆိုလဲ ကောင်းပါတယ်။ ဒါပေမယ့် တော်ကြာ 007 ဂျိမ်းစ်ဘွန်းဇတ်လမ်းလို အော်ဂျုတ်ဟာ ဘယ်လိုသေဆုံးခဲ့ရသလဲ ? ဖြေပါ မဟူရာမုဆိုး ပင့်ကူမတွေ ဘာတွေ ဖြစ်လာမှာ စိုးလို့ပါ။ အမှန်တော့ အဲဒီလို like လုပ်တဲ့စနစ်ကို အရင်လို ဘာမှန်းမသိ လက်မထောင်လို့ ရတယ်ဆိုတာထက် ကြိုက်ပါတယ်။ တကယ်ကြိုက်တဲ့လူမှ လုပ်တော့မှာကိုး။
အော် မေ့လို့ မေးထားတာ သိပ်အဖြေမရသေးဘူး ထင်ပါတယ်။ နားမရှင်းတာလဲ ဖြစ်နိုင်ပါတယ်။ ကိုရွာစားကျော်ပို့စ်ကို ကျနော် ဝင်ကြည့်တုန်းက Like တခု ရှိနေတာ သေချာပါတယ်။ နောက်နေ့ကျတော့ ပျောက်နေပါတယ်။ အခုတော့ မသိပါ။ စက်ပိုင်းဆိုင်ရာ ချွတ်ယွင်းမှုကြောင့်ပါလား။ ဘယ်သူက ကန့်ကွက်လို့ပါလဲ သိချင်လို့ပါ။ ဘယ်လိုဖြစ်ပြီး နောက်တနေ့မှာ ပျောက်နေပါသလဲ။ ပထမ like လုပ်တဲ့လူက သူ့ဖေ့ဘုတ်စ်က ဖျက်ပစ်လိုက်လို့လား။
သိပ္ပံပညာရှင်က ပြောတိုင်းလည်း အကုန်လုံး မမှန်သေးပါဘူး။ သိသလောက် သူတို့ကိုယ်တိုင် successive approximation လို့ပဲ ပြောတာ ဖတ်ဖူးပါတယ်။ အမှန်တရားနဲ့ တဖြည်းဖြည်း နီးစပ်လာမယ် ဆိုတဲ့သဘောပါ။ ဘယ်လောက် နီးလာမယ်မှန်း သူတို့လည်း မသိဘူး။ သိပ္ပံပညာရှင် Dalton တို့ခေတ်က အက်တမ်က အငယ်ဆုံး ဖြိုခွဲလို့လည်းမရ ဖျက်ဆီးလို့လည်းမရလို့ ပြောပေမယ့် နောက်ခေတ်ကျတော့ အက်တမ်ထက် ငယ်တာတွေ ရှိသေးတယ်။ အက်တမ်ကို ဖြိုခွဲလို့ ရတယ်ဆိုတဲ့ သီအိုရီ ထွက်လာပြီးမှာ ပထမဟာက လုံးဝကို မှားသလောက် ဖြစ်သွားပါတယ်။ အဲဒီသဘောပါ။ ကျနော်က စာအုပ်ထဲမှာ ပါတာကို အချက်အလက်အနေနဲ့ပဲ ယူသင့်ယူပြီး သိပ္ပံပညာရှင်က ဒါပဲ ဆိုတိုင်းလည်း ကျိန်းသေမယုံကြောင်းပါ။ သူတို့ကလည်း ခန့်မှန်းတယ် ဆိုတဲ့အတိုင်း ထင်မိတယ် ထင်မိတယ်နဲ့ လုပ်ပြီး နောက်ပိုင်းကျရင် ပြောင်းပြန် သီအိုရီတွေ ထွက်လာတတ်ပါတယ်။
ရုပ်ရှင် အကြောင်းတော့ မရေးပါရစေနဲ့။ ပါစင်နယ်အရ ကျနော်က ရုပ်သိပ်ချောပေမယ့် အဲဒီလောကနဲ့ ထဲထဲဝင်ဝင် ပက်သက်ချင်စိတ် မရှိလို့ပါ။ ကြုံရင်တော့ စိတ်ကူးပေါ်ရာ ထည့်ပြောတတ်ပါတယ်။
pooch
December 18, 2012 at 10:46 pm
ဟုတ်ပါတယ် ကိုစံလှကြီး အရင် like လုပ်တဲ့သူက unlike ပြန်ပေးလိုက်လို့ပါ။
အကယ်၍ unlike မပေးပဲ ပြန်ပျောက်တာဆိုရင်တော့ စက်က တခုခု ဖြစ်လို့ပါ။
အရင်က ကျမတို့ဆို ဆာဗာ တဆင့်မြှင့်တဲ့ အချိန်ဆို ရွာဝင်မရပဲ error တွေ တက်တာလို့ log in ခဏခဏပြန်တောင်းတာတို့ ဖြစ်တတ်ပါတယ်။ စက်ကြောင်တာပါ။
နောက်ရက် တက်သမျှ error သူကြီးဆီ ပို့ရင် သူကြီးက ပြန်ပြင်ပေးပါတယ်။
ဒါကြောင့်မို့ error တက်တိုင်း သူ့ဆီ အကြောင်းကြားပါလို့ သံချောင်းခေါက်ထားပါတယ်။
ပြီးခဲ့တဲ့ ရက်ပိုင်းတွေတုန်းက ဒီဘက်က ဖုန်းနဲ့ သုံးသူတချို့ ရက်တော်တော်ကြာဝင်မရဖြစ်ဖူးပါတယ်။ MPT က ဖြစ်တာပါ။
Mr. MarGa
December 16, 2012 at 10:27 am
ဦးမာဃ ကတော့ ၂၀၁ဝ ၉ လပိုင်း အကုန်မှာ ဒီရွာကို ဝင်တာပါ
ဝင်ပြီးပြန်တော့လဲ
ရောက်လိုက် မရောက်လိုက်နဲ့
အခုမှ ပုံမှန် ပြန်သုံးဖြစ်တာပါ
ဆိုတော့
အဲဒီအချိန်က ရွာလေးကို နဲနဲတော့ တွေးမိ လွမ်းမိ ပါသေး
pooch
December 16, 2012 at 8:44 pm
အော် ဒါဆို ရွာသက်ရှည်တဲ့ ဘိုးသိကြားပေါ့…အတွေ့ကျဲပါတယ် အောင်းမေ့နေတာ။
အဲ့တုန်းက အကြောင်းလေးတွေလည်း ပြောပြပါ။ သိချင်ပါတယ်။
Moe Z
December 16, 2012 at 10:59 am
မမပူးချ်
မတွေ့တာကြာပြီနော် နေကောင်းတယ်ဟုတ် 🙂
ရွာထဲရောက်ချိန်ကတော့ မိုးစက်နဲ့သိပ်မကွာဘူး
ပေါက်ကရတွေစပြောတဲ့အချိန်ကိုပြောတာ ဒီတိုင်းဖတ်နေတာတော့ကြာပြီ
ကွန်မန့်ဖျက်တဲ့ကိစ္စကိုပြောရရင် မိုးစက်လည်းမကြိုက်ဘူး
ကိုယ့်ပို့စ်မှာ မိုက်မိုက်ရိုင်းရိုင်းနှမချင်းမစာနာပဲပြောတာမျိုးမဟုတ်ရင် မဖျက်သင့်ဘူးလို့ယူဆပါတယ်
ကိုယ်တိုင်လည်း မမပူးချ်ပြောသလို ၂ခုထပ်နေရင်တောင် မဖျက်ဘူး
စာလုံးပေါင်း သတ်ပုံမှားနေရင်တော့ ဆိုလိုရင်းမလွဲအောင် ပြင်ပေးလိုက်တယ်
ဒီလိုအီမိုးရှင်းရုပ်ကလေးသုံးထားရင် ခင်လို့စနောက်တာဖြောင့်ချက်ပေးပါတယ်
မမပူးချ်ရေ စကားမစပ် ကြုံရင်ဆုံချင်ပါသေးတယ်နော ..
pooch
December 16, 2012 at 8:49 pm
မေးလ်အရင်ပို့လိုက်မယ်လေ။ အခြေနေ ပေးရင်တွေ့ကြတာပေါ့နော်။ လာရန် ၉၉ ရာခိုင်နှုန်းပါ 😀
မောင်ပေ
December 16, 2012 at 12:52 pm
ဆရာကြောင် ကွန်မင့်လိုမျိုး ရေးမလိုဟာပဲကို ၊ ဆရာကြောင်က အရင်မန် ့သွားတော့
ဒီလိုဗျ
အမကြီးပုချ်ကို လူသိများတာကတော့
ဒါကတော့ ကျုပ်အထင်ပေါ့နော်
ရွာထဲကပုံမှန်ပို ့စ်တင်တဲ့လူတွေရဲ ့ပို ့စ်တိုင်းမှာ အမကြီးပုချ်ကွန်မင့်တိုင်းကိုတွေ ့ရတာကတစ်ကြောင်း
နောက်တစ်ချက်က ဘယ်လိုအကြောင်းပဲရေးတင်တင် အမကြီးပုချ် မသိတာ ၊ မတွေ ့ဖူးတာ ၊ မတိုက်ဆိုင်ဖူးတာ မရှိသလောက် (ကွန်မင့်များ၏အဓိပ္ပါယ်အရ)
အဲဒါအဲဒါ
ဆိုတော့က
အမကြီးပုချ်ဟာ ဂေဇက်ရဲ ့ ဆရာမကြီးတစ်ပါးဖြစ်တယ်ဆိုတာ ရွာထဲက တော်တော်များများသိပါတယ်
pooch
December 17, 2012 at 3:50 pm
အော် ဒါက ဒီလို ရှိပါတယ် ဘပေ ။
လောကမှာ ကိုယ့်ကို နှစ်လိုသူရှိသလို မကြိုက်သူလည်း ရှိတတ်တဲ့သဘောကို လက်ခံထားပါတယ်။
နှစ်လိုသူများက စွာလိုက်ထက်လိုက်တာလို့ မြင်ပေမဲ့
ကြည့်မရသူကတော့ ဆရာမကြီးလို့ ထင်ရုံမက ယုန်ထင်ကြောင်ထင် ( ဦးကြောင်နှင့် ဘာမှ မဆိုင်ပါ) ထင်တတ်ရုံမက ဘာရေးရေး အမြင်မကြည်တတ်ပါဘူး။ ဟုတ်လို့လား သိလို့လား လို့ တွေးကောင်းတွေးနေမှာပါ။
သူတွေးတာ သူ့အလုပ်ပါ ။ ကိုယ်လုပ်တာ ကိုယ့်အလုပ်ပါ ။ ကိုယ်ကောင်းရင် ခေါင်းဘယ်မှ မရွေ့ဘူးလို့ သဘောထားပါတယ်။ ဒါကြောင့်မို့ ဒီလို ထင်လည်း ဝမ်းမနည်းပါဘူး။
ထိုက်သင့်တဲ့ သဘောကို နှလုံးသွင်းထားပါတယ်။ လူချင်းတူပေမဲ့ Attitude ( သဘောထား ) တွေ ကွဲတတ်တဲ့ အကြောင်းကို ကိုသစ်တို့လို လူတွေ ရှင်းပြထားလို့ ကောင်းကောင်းကြီး နားလည်ပါတယ်။
အိုင်ကျု အီးကျု အလကားပေါ်လာတာမှ မဟုတ်တာကို ဟီး 😆
အလင်းဆက်
December 16, 2012 at 3:38 pm
ဖြောင့်ချက် က
တောင့်မတ် ခိုင်မာနေတော့
( နောင် ရေးလာမယ့် စာတွေ ကိုလည်း )
စောင့် ဖတ်ပါ့မယ် လို ့
pooch
December 16, 2012 at 8:51 pm
ကျမ အလင်းဆက်စာတော်တော်များများကို ဖတ်ဖြစ်ခဲ့ပေမဲ့ ကွန်းမန့်ပေးလေ့မရှိပါဘူး။ ဘာဖြစ်လို့လဲ ဆိုတော့ ဘာပေးရမှန်းမသိလို့ပါ။ စာရေးဆရာ ဖြစ်မဲ့ လက်ရာလို့တော့ အရင်ထဲက သတိထားမိပါတယ်။
•*¨နန်းတော်ရာသူ •*¨
December 16, 2012 at 7:03 pm
{ဆယ်လီဗျစ်တီ အကြောင်းရာတွေကိုသာ ရှာဖတ်လေ့ရှိတာမို့ ဒီမှာဘာစာတွေရေးပြီး ဘာအကြောင်းတွေ ပြောနေကြမှန်းတောင် စစချင်း မသိခဲ့ပါဘူး။ }
ဒီနေရာမှာမပုနဲ့ကျွန်မတူသွားပြီ ကျွန်မလည်း ၂၀၁ဝတည်းက ဂေဇက်ထဲက ဆယ်လီဗျစ်တီတွေ နဲ့သတင်းထူးတွေ အကြောင်းဝင်ဝင်ရှာတာ တခြားဘာကိုမှစိတ်မဝင်စားမိဘူး…
နောက်တဆင့် စကားဝိုင်းတွေကို သတိပြုလာမိပြီး ကြောက်တာနဲ့ မှတ်ပုံမတင်ရဲဘူး။
နောက်ပိုင်း ကိုယ့်ကိုယ်ကိုယုံကြည်မှုရှိလာတဲ့အချိန်ကျမှ ဒီလို ဒီလိုပါရှင်…
:harr:
pooch
December 16, 2012 at 8:56 pm
ဇာတိတူ ( တောင်ငူသူချင်းမို့ ) ဒီမှာလာပြီး ရွာ့ဆွေရွာ့မျိုးဖြစ်ရတာကိုက ရေစက်ပါတယ်ပြောရမှာပါ။
နန်းသူရဲ့ စာတွေ ဖတ်ဖြစ်ပါတယ်။ ရသစာလေးတွေမို့ အရသာပျက်သွားမှာစိုးလို့ မမန့်ဖြစ်တာပါ။
နောက်ဆို တရွာထဲသားမို့ အသစ်အဟောင်းမရှိတော့ဘူးနော်။ တူတူ ဖြစ်သွားပြီ။ ရေးစရာ ပြောစရာ ရှိတာ အားမနာတမ်းရေးပါ 😀
koaung
December 16, 2012 at 7:07 pm
အရေးအသားကတော့ တာလဘောဟင်းချိုသောက်လိုက်ရသလိုပါဘဲဗျာ ရှင်းကနဲလင်းကနဲပါ
pooch
December 16, 2012 at 8:59 pm
အဲ့ဒီလို အပြောခံရတာ ဒါနဲ့ ဆို ၂ ခါရှိပြီ ။ စာကို သွယ်ဝိုက်မရေးတတ်လို့ စိတ်ထဲ ရှိတဲ့ အတိုင်း တဲ့ရေးလိုက်တာပါ။ အဲ့လိုအပြောခံရရင်လည်း သိပ်သဘောကျတာပါ ဟီး
မင်းနန္ဓာ
December 16, 2012 at 7:23 pm
ရှင်းရှင်းလင်းလင်း ဖြောင့်ချက်ရှည်ကြီးပါပဲ မယ်ပုချ်ခင်မျာ
ကျနော်လည်း အစက သတင်းတွေစုံတဲ့ ဂေဇက်မို့ ဝင်ဖတ်ရုံဖတ်ခဲ့တာ
နောက်တော့ မွှေရင်း လည်ရင်းနဲ့ ရွာရဲ့ (ပေါ့ပျက်ပျက်သဘောမပါတဲ့) ကွန်မင့်တွေနဲ့ ဆွေးနွေးတတ်တဲ့ ဓလေ့ကြောင့် ရွာထဲမှာပျော်တဲ့ ရွာစားကျော်ဆိုပြီး ရွာသားဘဝခံယူခဲ့တော့တာပါပဲဗျာ..
pooch
December 16, 2012 at 9:00 pm
ဟုတ်ပါ့ ကိုရွာစားရယ် ကျမလည်း ကွန်းမန့်ပေးရတာကို ပျော်နေခဲ့တာပါ။ ကိုယ်သိဖူး ကြုံဖူးတာလေးတွေကို မျှရင်း သူများပြောတာတွေကို နားထောင်ရင်း ပျော်တတ်လာတာပါ။
MaMa
December 16, 2012 at 8:20 pm
မယ်ပုရေ-
သူများတွေ ဘယ်နေ့ဘယ်ရက်က ရွာထဲ ရောက်တယ် ဆိုတာလေး ကြားရင် အမှတ်အသားမရှိတဲ့ ကိုယ့်ကိုယ်ကို ဒေါသထွက်တယ်။
ဘယ်နေ့ဘယ်ရက်က ဘယ်လို ရွာထဲရောက်လာမှန်းမသိဘူး။
စစချင်း ဝင်ကာစမှာ သဂျီးက Daily Log In Point ပေးတယ်။
တစ်နေ့တစ်ခါ ဝင်လိုက်တိုင်း အဲဒီဂဏန်းလေး (မဆိုစလောက်ပေမယ့်) ပြောင်းပြောင်းသွားတာကို သဘောကျပြီး ပုံမှန်ဝင်ဖြစ်သွားတယ်။
မှတ်မိသလောက်တော့ ကိုပေါက်၊ ဆူး နဲ့ ဝေဝေ တို့ ရေးတာတွေ ဖတ်၊ ပုံတွေ ကူးပြီး ကွန်မန့်ဝင်ရေးရင်းနဲ့ ရွာထဲရောက်လာတာပဲ။
ပါမောက္ခချုပ်ဆရာတော် ဟောတဲ့ ငါးပါးသီလတရားကိုနာပြီးကာစ……..
ဆူး တင်ထားတဲ့ ထူးထူးဆန်းဆန်း ဓာတ်ပုံလေးတွေ ကြိုက်လို့ ကူးထားပြီး screen saver မှာ တင်ထားတဲ့ ငါးကို စွန် (သိမ်းငှက်လား မသိ) ချီသွားတဲ့ ပုံလေးကို တွေ့ပြီး သေမင်းတမန် ဆိုတဲ့ ပိုစ့်ကို စပြီး ရေးတင်ဖြစ်တယ်။
အဲဒီမှာ သဂျီးက လူက ငါးနေရာမှာ အစားဝင် ခံစားစရာ မလိုဘူးလို့ ဆန့်ကျင်ဖက် ကွန်မန့်ပေးလိုက်တာ စိတ်ဓာတ်ကျပြီး နောက်တခါ ဘယ်တော့မှ ပိုစ့်မတင်တော့ဘူးလို့တောင် စိတ်ထဲက တွေးမိတယ်။
နောက်တော့လည်း စာတွေဖတ်ရင်း၊ ကွန်မန့်တွေ ပေးရင်းကနေ ရေးချင်စိတ်ပေါ်လာတော့လည်း ထပ်ရေးဖြစ်၊ တင်ဖြစ်ရာကနေ ရွာထဲက မထွက်နိုင်ဖြစ်သွားတယ်။
ကိုပေါက် ရန်ကုန်လာပြီးနောက်ပိုင်း တွေ့ဆုံပွဲတွေ၊ အလှူပွဲတွေ လုပ်ရင်း ရွာသူားတွေနဲ့ အပြင်မှာလည်း တွေ့ဖူးတော့ ပိုခင်မင်လာကြတယ်။
မလတ် ပြောသလိုပဲ မယ်ပုကို ငယ်ငယ်ထက်ထက် မိန်းကလေးမို့ သဘောကျမိတယ်။
မလတ်ရေးတဲ့ ကွန်မန့်တွေ ဖတ်ပြီး သူငယ်ချင်းနဲ့ မောင်လေးကိုလည်း လက်တို့ပြီး မိန်းမသူရဲကောင်းတစ်ယောက်အနေနဲ့ သတ်မှတ်မိတယ်။
ဦးပါလေရာရဲ့ မှန်ကန်မျှတပြီး အတွေးအခေါ်ပါတဲ့ စာတွေကိုဖတ်ပြီး သဘောကျလို့ ကွန်မန့်တွေ ပေးဖြစ်ခဲ့တယ်။
အဲလို… အဲလို…… နဲ့ ရွာထဲမှာ သူ့နေရာနဲ့သူ အစွမ်းထက်တဲ့ ခင်မင်နှစ်လိုဖွယ်ရာ ရွာသူားတွေ အများကြီးတဲ့ ခင်မင်လာရတယ်။
သူများထက် ခေါင်းတလုံးပိုမြင့်တဲ့ သဂျီး၊ ကြောင်ကြီး၊ မိုက်ကယ် ဂျော်နီအောင်ပု၊ ကိုသစ်မင်းတို့ရဲ့ အတွေးအခေါ်တွေ၊ ထိန်းကျောင်းလမ်းညွှန်ပေးမှုတွေကိုလည်း သဘောကျ နှစ်သက်လာတယ်။ :hee:
pooch
December 16, 2012 at 9:09 pm
ဟုတ်ပါ့ မမရယ် သူများထက် ခေါင်းတလုံးပိုမြင့်သူများကြောင့် ကျမတို့တွေ အသိတိုးလာ တွေးတတ်ဆွေးနွေးတတ်လာတာပါ။ ဘေးကထိန်းကျောင်းပေးခဲ့ကြတာလည်း ပါပါတယ်။
သူကြီး lessons တွေက ရွာဝင်စမှာတော့ ပြောစမှတ်ပါ။
ကျမ ရက်စွဲက ပထမဆုံးပိုစ့်တင်တဲ့ ရက်စွဲကို ယူလိုက်တာပါ မမရဲ့ ။ ကွန်းမန့်စပေးတဲ့နေ့က တော့ မမှတ်မိတော့ပါဘူး။ နည်းနည်းလောက်ပဲ စောမှာ။ 😀
kai
December 17, 2012 at 12:23 pm
အမတော်မမရဲ့.. လော့ဂ်အင်မှတ်တမ်းအရတော့.. Sat Aug 21st, 2010 @ precisely 1:20 pm တဲ့..
ဒါပေမယ့်.. ပထမဆုံးကော်မန့်ကို.. Sep 8, 2011 မှပေးတယ်..။ :kwi:
pooch
December 17, 2012 at 3:27 pm
အော်ဒါဆို မမက ကျမထက် ၁ နှစ်စောတာပေါ့နော်။
MaMa
December 18, 2012 at 7:12 am
ရွာထဲမှာ စာဝင်ဖတ်ပြီး အတော်လေး ကြာမှ ကွန်မန့်ပေးဖြစ်တယ် ဆိုတာတော့ သိတယ်။
ဒါပေမယ့် Log In ဝင်တာနဲ့ ကွန်မန့် ပေးတာ ၁နှစ်ကျော်ကြာတယ်ဆိုတာ ခုမှပဲ သိတော့တယ်။
ကျေးဇူးတင်လိုက်တာ သဂျီးရယ်။ :hee:
မယ်ပုကောင်းမှုနဲ့ ကိုယ့်ရဲ့ ဒုတိယ မွေးနေ့ ကို သိသွားရပြီ။ :hee:
MaMa
December 18, 2012 at 7:14 am
ပြောဖို့ ကျန်ခဲ့လို့။
ဒီအတိုင်းဆိုရင် ကွန်မန့် ရီပလိုင်းလုပ်တဲ့ ဆက်တင် အလုပ်မလုပ်သေးဘူး နော်။
မိုချို
December 17, 2012 at 10:57 am
အမ ဂဇတ် ကို ၂၀၁ဝ မှာ စဖတ်ဖူးတော့ ညီမ ပုချ် အပါ ဝင် အခု အခု လက်ရှိ နာမည်ကြီး ရွာသူား တချို့ ကိုမတွေ့ မိသေးဘူး ။ ဖတ်နေ ရင်း နဲ့ အသစ် အနေနဲ့ ဝင်လာ ကြ ၊ ပိုစ့် တွေ ရေး၊ ကွန်မန့် တွေ ဆွေးနွေး နဲ့ နောက်ပိုင်း တရင်း တနှီး ပြော ဆိုလာ ကြ တာတွေ ဖတ် မိတော့ အရမ်း အား ကျ တယ်။ ကိုယ်က မြန်မာ လက်ကွက် လုံးလုံး မရိုက် တတ် တော့ အား ကျ ရုံ အပြင် မတတ် နိုင် ခဲ့ ဘူး။ ဦး ကြီးမိုက် ရဲ့ ၈၈ အရေး ခင်း နဲ့ ပတ်သက် တဲ့ ပိုစ့် ဖတ်ပြီးတော့ ရေးချင် စိတ် ကို တား မရ တော့ တာနဲ့ word ထဲ မှာ တလုံး ချင်း ရိုက် ရေး ပြီး မှ ကူး တင် လိုက် တယ်။ ၂၀၁၂ မတ် လထဲ ကျမှ ပထမဆုံးပိုစ့် တင်ဖြစ် တော့တယ်။ ကိုယ် ရေးတဲ့ အချိန် မှာ ရွာသူား တွေ ကို ကိုယ့် ဘက် က ကောင်းကောင်း သိနေ ပြီ ၊ အလှူ ပုံတွေ ကတဆင့် တချို့ ကိုဆို မြင် တောင် မြင် ဖူးနေပြီ။
နောက်ပြီးရီ စရာ ပြော ရ ရင်ရွာသား ထဲ က မောင်ဂီ နဲ့ ရွာသူထဲက ပုချ် တို့ကို ရေးတဲ့ အကြောင်း အရာ လေးလေးနက်နက်တွေ ၊ အနှစ် ပါတဲ့ ကွန့် မန့် တွေ ကို ကြည့် ပြီး အသက် ကြီး ပိုင်း ၃၅ ၊ ၄ဝ လို့ ထင်ခဲ့ တာ နောက်တော့ မှ လူငယ် တွေ မှန်း သိ တော့ တယ်။
အထင်မှား မိတာ ခွေး လွှတ် ပါ ညီမရေ။
pooch
December 17, 2012 at 3:30 pm
ခုလည်း မငယ်တော့ပါဘူး မရယ် ၄ဝ တန်းထဲမှာပါ ငယ်ချင်ယောင်ဆောင်ထားတာပါ တကယ်ပါ
pollen nectar
December 17, 2012 at 1:56 pm
မီးက ရွာထဲကို ခုမှ စဝင်တဲ့ ရွာသူအသစ်လေးပါ
ရွာထဲဝင်စ ဖြစ်တတ်တဲ့ အကြောင်းလေးတွေကို မှတ်သားသွားပါတယ် မမပုချ်ချင့်
မင်္ဂလာပါနော်
မောင့်ကျက်သရေ ဂီ့
December 17, 2012 at 1:59 pm
မင်ဂါပါ ခေးတယ် …ခေးကို အူးဂီ
ကြိုဇိုဘာဒယ်နော်…
ရွာထဲ အကူညီလိုရင်ပေါနော …
ကြောင်တွေရန်ကနေ ကာကွယ် စောင့်ရှောက်ပေးဂျင်ဇမ်းပါဘိ
ခေးရယ်…
:528:
pooch
December 17, 2012 at 3:33 pm
ညလေး ပိုရေ တွေ့ရတာ ဝမ်းသာပါတယ်။
အူးဂီဆိုတဲ့ တယောက်က စိတ်သိပ်မှန်သူမဟုတ်ပါဘူး။
ဦးကြောင်ပြီးရင် ဒုတိယဦးစားပေး သတိထားရမဲ့သူထဲမှာ ပါပါတယ်ကွယ် ။
သတိထားနိုင်ပါစေ 😆
ရွာသား အသစ်စက်စက်လေး
December 17, 2012 at 4:31 pm
အူးလဲ မှတ်သားသွားပါတယ်ချင့်
:hee:
Green Rose
December 17, 2012 at 4:03 pm
မ pooch ရေ
`တရွာထဲနေတဲ့ မိသားစုလို ဖြစ်လာတာမို့ နောက်မှ လာသူပဲဖြစ်ဖြစ် အရင်ရောက်နေသူပဲ ဖြစ်ဖြစ် အားလုံးဟာ မိသားစုပါပဲ ။ သူ့အကြောင်း ကိုယ့်အကြောင်းသိအောင် အချိန်လေးတော့ ပေးရပါတယ်။ ´ တဲ့လား….
မ pooch ရဲ့ စာတွေ၊ comment တွေကို ဖတ်ပြီး အားကျမိတယ်။ အကြောင်းအရာပေါင်းစုံ၊ ရှုထောင့်ပေါင်းစုံကို သိနိုင်၊ ကြည့်နိုင်၊ မြင်နိုင် တာကိုပါ။
အထူးသဖြင့် မ pooch ရဲ့ ကိုယ့်ကိုယ်ကို ယုံကြည်မှု ရှိတာလေးကို သဘောကျတယ်။
pooch
December 17, 2012 at 4:27 pm
ညီမလေးရဲ့ စာတွေကို ဖတ်ရတာလည်း Bright and Smart ဖြစ်နေတာကို သတိထားမိတယ်။ ညိုပြီးချောနေတာကလည်း အားကျစရာပါ။ ဆိုတော့ တွေ့ရင်မုန်ဝယ်ကျွေးနော် 😀
Green Rose
December 18, 2012 at 1:42 pm
OK, deal.
blackchaw
December 17, 2012 at 5:17 pm
ဒေါ်ပုချ် ရဲ့ ဖြောင့်ချက်ကို …
အသားမည်းမည်းနဲ့ ဘလက်ချောကြီး ဝင်ဖတ်သွားကြောင်း…
ဖွင့်ဟဝန်ခံချက် ရေးသွားပါတယ်ဗျာ…။
လေးစားခင်မင်တဲ့…
ဘလက်ချော…။
pooch
December 17, 2012 at 5:34 pm
ကိုဘလက် မတွေ့တာ ကြာပြီ ကြုံရင် ဆုံရအောင်နော် ကျမလာဖြစ်အုန်းမယ် ထင်တယ် 😀
ချိုပေါ့ကျလေး တိုက်ပါအုန်းရှင့် ..
မောင့်ကျက်သရေ ဂီ့
December 17, 2012 at 5:40 pm
အဖျော်ဆြာ ဘဘဘလက်ရေ ပွဲတောင်းနေပီဗျို့.
စစ်ကိုင်းမရောက်ခင် တခွက်ကယ် ဝဝ ဂလုသွားချင်သေးတယ် ထင်ပါရဲ့ဗျာ
:harr:
weiwei
December 17, 2012 at 6:39 pm
ရွာထဲကို ၂၀၁ဝ အောက်တိုဘာလမှာ စဝင်ဖြစ်တယ် .. အဲဒီနေ့ကထဲက ဒီနေ့အထိ နေ့တိုင်းနီးပါး ရွာထဲကို ဝင်ဖြစ်တယ် … ပို့စ်အားလုံးနီးပါး ဖတ်ခဲ့တယ် … ကွန်မန့်တော့ သိပ်မပေးဖြစ်ဘူး (ဘာပေးရမှန်းမသိတာလဲပါတာပေါ့) ..
အမှန်အတိုင်းပြောရရင်တော့ ပထမပိုင်း တစ်နှစ်မှာ ပျော်တယ် ..
ဒုတိယနှစ်မှာ သိပ်မပျော်တော့ဘူး ..
အခုဆို တတိယမြောက်နှစ်ကိုတောင် ရောက်လာပြီ … သိပ်မပျော်ပေမယ့် သံယောဇဉ်က အရမ်းခိုင်မာနေပြီမို့လို့ ရှိနေအုန်းမှာပါ …
အသက်ကြီးလာ လုပ်သက်ရင့်လာတဲ့အလျှောက် အလုပ်တာဝန်တွေက ပိုပိလာတာမို့လို့ စာရေးချိန် သိပ်မရတော့တာနဲ့ ပို့စ်မရေးဖြစ်ပေမယ့် ရေးချင်စိတ်တော့ ရှိနေတုန်းပါပဲ …
pooch
December 17, 2012 at 9:22 pm
ရေးပါ မဝေ စာပြန်ရေးစေချင်ပါတယ် အားတဲ့အခါပေါ့
ကျမ မဝေရဲ့ တိဘက်ပိုစ့်လေးတွေကို ကြည့်ပြီး အားကျခဲ့တာပါ။ ကိုယ်မရောက်နိုင်တဲ့ နေရာဒေသတွေကို ပြန်မျှ ပြန်ပြောခဲ့တာမို့ ဗဟုသုတရပါတယ်။
နောက် စားစရာ ပေါ့ပေါ့ပါးပါးလေးတွေကိုလည်း မဝေပိုစ့်ကို ကြည့်ပြီး ကျမ လုပ်စားဖြစ်ခဲ့ပါတယ်။
ရေးချင်စိတ်ရှိရင် ရေးသာရေးပါ။ ကျမက ပိုစ့်ထက် ကွန်းမန့်ကို အားသာတာမို့ စာရေးကျဲတာပါ။
အရီးခင်လတ်
December 18, 2012 at 4:32 am
သူများတွေပြောတာ ပြန်ဖတ်ရင်း တွေးမိလို့။
စာအုပ်တစ်အုပ်ထဲမှာ (ဘယ်စာအုပ်လဲတော့မမှတ်မိတော့ 😉 )
ဘယ်လို အသင်းအဖွဲ့ မဆို Layer ၃လွှာ လိုမျိုး ရှိသတဲ့။
(၁) ခဏလေးဝင်လာပြီး ပျောက်သွားတဲ့ အလွှာ
(၂) ဝင်လိုက် ထွက်လိုက် တက်လိုက် ကျလိုက် တက်ကြွ တတ်တဲ့ အလွှာ
(၃) စူပါ ဒူပါ ကို တစ်ချိန်လုံး အရမ်း တက်ကြွ တဲ့ အလွှာ
အဲလို နားလည်ခဲ့တာဘဲ။
ရွာထဲ မှာလဲ ဒီလို ပါဘဲ။
အဲဒီ အလွှာ ၃မျိုး နဲ့ တည်ဆောက်ထားနိုင်ပါတယ်။
ဒီတော့ ပြန်စိစစ် ကြည့်ရင်တွေ့မှာပါ။
ရွာ ကို စတည်ကထဲ က ရှိခဲ့တဲ့ သူတွေ အခု ထိရှိနေတုန်းဘဲ နေမှာပါ။။
အဲဒီလို စူပါ ဒူပါ အလွှာ သာ အခြေခံ မကောင်း ခဲ့ရင် နောက် အသစ်တွေ ဝင်လာဖို့ ဆိုတာ မလွယ်ပါဘူး။
ကျွန်မတို့လို အသစ်တွေ ရွာထဲကို ဝင်လာတာ ဟာလဲ မူလ လက်ဟောင်း စူပါ ဒူပါ အလွှာ တွေ ကြောင့်ပါ။
ကျွန်မ အနေနဲ့ သူတို့ ကို အမြဲ Honour လုပ်ပါကြောင်းကို ဖြောင့်ချက် ပေးပါတယ်။
“ရွာ့သက်အရင့်ဆုံး စူပါ ဒူပါ တွေ” ကို သူကြီး ကလဲ အမှတ်တရ မှတ်တမ်းထားမှာလို့ ကျွန်မ ယုံကြည်ပါတယ်။
သူတို့ကို တကယ်ဘဲ ကျေးဇူးတင်ပါတယ်။
:528:
pooch
December 18, 2012 at 10:57 pm
ဟုတ်ပါ့ ဒူပေဒါပေခံပြီး တောင့်ခံပေးခဲ့ကြလို့သာ နောက်လူတွေ အဆင်ပြေပြေဝင်လာနိုင်တာပါ။
အနော်လည်း ကျေးဇူးတင်ပါတယ်။
ကိုယ်တိုင်ကတော့ ဝင်လိုက် ထွက်လိုက် အလွှာဖြစ်မှာပါ 😀
kyeemite
December 18, 2012 at 11:58 am
ဒေါ်pooch ရေ…မန့်မယ် မန့်မယ်နဲ့ ဘာမန့်ရမှန်းမသိလို့
နောက်ကျသွားတယ်…ဖတ်ပီးတာတော့ကြာပေါ့…. 😀
ကြီးမိုက် ရွာထဲစာဝင်ဖတ်တာ…၂၀၁ဝလောက်ကပါ..လတွေ နေ့တွေတော့
မမှတ်မိတော့ပါဘူး….ကွန်ပြူတာကလည်းသင်ခါစ..အင်တာနက်ဆိုတာကြီးကလည်း
ဝင်ခါစ…ဆိုတော့ စာဝင်ဖတ်ပေမဲ့ မမန့်နိုင်ခဲ့ပါဘူး…
နောက်တော့ “မြန်ပြည်သား” ဆိုတဲ့နာမည်နဲ့ နဲနဲ ဝင်မန့်ခဲ့တယ်…
နောက်တော့..“မြန်မာပြည်သား”ဆိုတာတစ်ယောက် ရွာထဲတွေ့လာပြန်တော့
ရောမှာစိုးတာနဲ့ “ကြီးမိုက်” ဆိုတဲ့နာမည်ပြောင်းပြီး ရွာထဲနေလာတာခုထိပါပဲ….
စာလည်းသိပ်မရေးဖြစ်ပါဘူး..ခုထိမှ ၄၂ပုဒ်ပဲရှိသေးတယ်…
ပထမဆုံးလို့ ဆိုလို့ရတဲ့ပို့စ်ကတော့ မှတ်မှတ်ရရ…
ရင်ထဲကမပျောက်နိင်တဲ့ခံစားမှု့ဝေဒနာ”Feeling”
ဆိုတဲ့ပို့စ်လေးပါ…
https://myanmargazette.net/95065/creative-writing/drama-essays-humor-memoirs-novel-excerpts-short-stories
အခုလည်း စာရေးဖို့ တော်တော်လေးကြိုးစားနေပါတယ်ဗျာ…
ကိုခင်လတ် ရဲ့ အတန်းအစားအရဆိုရင်တော့..
(၂) ဝင်လိုက် ထွက်လိုက် တက်လိုက် ကျလိုက် တက်ကြွ တတ်တဲ့ အလွှာ
မှာပါမယ်ထင်ပါရဲ့…. :528:
ကဲ ..ကဲ ဘာတွေရေးနေမိမှန်းမသိပြန်ဘူး…တော်သေဘီ။
pooch
December 18, 2012 at 10:59 pm
အော် ဦးမိုက်လည်း ရေးခဲ့တာ မနည်းဘူးပဲ စစချင်းပိုစ့်ကို မဖတ်မိဘူး။
ခုပြန်ဖတ်ကြည့်ပါအုန်းမယ်
Crystalline
December 18, 2012 at 1:15 pm
Poochရေ…လူချင်းမတွေ့ဘူးပေမဲ့ ..ရေးတဲ့စာတွေဖတ်ပြီး စာရေးသူတွေရဲ့ပင်ကိုယ်စိတ်သဘောထားတွေကို ကိုယ့်အထင်နဲ့ ကိုယ်ခန့်မှန်းမိတယ်။ မမ၊ အရီး၊ ပုချ်တို့ကိုတော့ အားလုံးကို အတန်းအစားမရွေး…ဖေးမလက်တွဲခေါ်သူတွေလို့ အရင်ကတည်းကသတ်မှတ်ထားပြီးသားပါ။ မဝေကိုလည်းသတိထားမိတယ်..ဒါပေမဲ့ သူကတော့စကားပြောရင် နည်းနည်းပြတ်သလိုပဲ..
pooch
December 18, 2012 at 11:07 pm
ခရစ္စရေ ကျမတော့ အဆင်ပြေရင် ပြေသလို ကွန်းမန့်ပေး စကားပြောပါတယ်။ ခုနောက်ပိုင်း အချိန်သိပ်မပေးနိုင်တော့လို့ လူတိုင်းကို ကွန်းမန့် မပေးနိုင်တော့တာပါ။
padonmar
December 26, 2012 at 1:31 am
မယ်ပုလေးရေ
ဒေါ်ဒေါ်ကတော့ စကတည်းက အသက်ကြေငြာပြီးဝင်မိလို့ထင်ရဲ့၊သိပ်ပြီးနှိပ်ကွပ်ကြတယ်လို့ မခံစားမိဘူး။ကိုယ်စရေးတဲ့ ပို့စ်က မှုန်ဝါးဝါးရွှေတိဂုံဘုရားပုံကို အင်မတန်ကောင်းလှပြီထင်ပြီးတင်လိုက်တာ ဘယ်လိုဖြစ်ပြီး ဆောင်းဦးလှိုင်ပုံကြီးဖြစ်သွားတယ်မသိပါဘူး။ဆူးက အရင်ဆုံးပုံမှားနေတယ်မန့်ပေးတော့မှ အရပ်ကူပါလူဝိုင်းပါလုပ်လိုက်ရတယ်။
မန့်သူတစ်ယောက်မှမရှိတဲ့ ခြောက်ကပ်ကပ်ဘဝမှာ ဆူးတို့၊ဝေဝေတို့၊အိတုန်၊မနော၊နွယ်ပင်၊ရင်ငြိမ်းနွေး၊ဘီလူးကြီး၊ကိုပေါက်၊eros ၊ရှုံးလူ တို့ကို အားကျပြီး လိုက်ဖတ်ခဲ့ရတဲ့ဘဝပါ။
ခုလိုမယ်ပုဖြောင့်ချက်ပေးတော့ အခုလူသစ်ဆိုတဲ့သူတွေကလည်း လူဟောင်းကြီးတွေဆိုတာ ထူးမခြားနားပါလားလို့ သိသာသွားမှာပေါ့။
pooch
January 11, 2013 at 12:06 am
ဒေါ်ဒေါ်တို့တုန်းကလည်း လူနည်းနည်းလေးနဲ့ ပျော်စရာကောင်းမှာပါ။
အရင်က ပဒုမ္မာဆိုတဲ့ နာမည်ကို ကြည့်ပြီး အသားဖြူဖြူ ခပ်ပြည့်ပြည့်လို့ ထင်ခဲ့တာ နောက်ပုံတွေ မြင်တော့မှ ပိန်ပိန်ပါးပါးသေးသေးသွက်သွက်လေးမှန်းသိတယ်။
ဒေါ်ဒေါ်စာတွေထဲ နိုင်ငံကို မချစ်လို့ စွန့်ရက်လေသလားတော့ အကြိုက်ဆုံးပဲ ။
ခိုင်ဇာ
December 26, 2012 at 8:18 am
မယ် ပု ဖြောင့်ချက်ကို ဘယ်လိုဖြစ်ပြီး ကျော်သွားလည်းမသိ။ ဒီ လောက် ဝီရိယစိုက်ပြီး လိုက်ဖတ်နေတဲ့ကြားက။
မယ်ပု အပြင်မှာ တွေ့ဖူးတဲ့ တစ်ယောက်စ နှစ်ယောက်စ မှာ ဆွိ လည်းပါသွားပြီပေါ့နော့။ တီချာ Facebook Page မှာ စတွေ့ဖူးပြီး ဒီရွာထဲမှာပဲ ပို့(စ) တွေကော်မန့်တွေ လိုက်ဖတ်မိရာက မယ်ပု ကို လူဖြောင့် စိတ်တို လေး များဖြစ်မလားလို့တော့ မှန်းဆဖူးပါတယ်။ စကားကို ဝေ့လည် ကြောင်ပတ် မပြောတတ်တဲ့ မိန်းကလေးထဲ ပါတယ် လို့ လည်း သေချာတယ်။
မန်းလေးမှာ တွေ့တဲ့ မနက်မှ ကိုယ် မှန်းဆ ချက်မမှားဘူးလို့ သိလိုက်တယ်။ မိန်းမ မဆန်တဲ့ မိန်းမ တစ်ယောက်ကို တွေ့မိခြင်းဆိုပါစို့။ အမှတ် ထင်ထင်ဖြစ်မိသား။ :hee:
နောက်တစ်ခေါက် မတွေ့ဖြစ်လိုက်တာတော့ စိတ်မကောင်းပါ။ အဲ့ဒီနေ့က ပြန်ခါနီး ပြောလိုက်တဲ့ စကားတစ်ခွန်းကို သတိရမယ်ဆိုရင် ကျေနပ်ရဲ့။
ပို့(စ) နဲ့ ဆိုင် မဆိုင် မသိ။ ပြောချင်တာပြောသွားတာပါအေ။ :harr:
pooch
January 10, 2013 at 10:41 pm
ဟေး ….ဆွိ ဒီနေ့မှ ပြန်ကြည့်မိလို့ ပြန်တာနောက်ကျတာ ခွေးလွှတ်ပါနော်။
ဟုတ်ပါတယ် မိန်းမမဆန်တဲ့ မိန်းမတယောက်ပါ ။ ဒါကြောင့်မို့ ဒီလို ဖြစ်နေတာပါ ဟီး။
သိပ်မှတ်မိတာပေါ့
ကံမကုန်သေးတဲ့ အခါ ပြန်ဆုံကြတာပေါ့နော့ 😀
surmi
January 10, 2013 at 11:50 pm
အစ်မတော် ပုချ ်….( ရွာသက် နဲနဲ ပိုလို့ အစ်မခေါ်လိုက်တာ 🙂 )
ကျုပ်မှတ်မိနေတာကတော့ ကိုရင်ရှူံးနဲ့စစ်ခင်းကြတဲ့ ပို့စ်မှာ ကော်မန့် ပေးခဲ့ဘူးပါတယ် …
ရွာထဲဝင်ကာစမှာ ဖတ်တာပဲများပြီး သိပ်မရေးဖြစ်ဘူး ။
ချဉ်ပေါင်ရွက်ကို လည်းမှတ်မိနေတယ် …အဲ ့ဒီတုန်းက ဝင်ပြောချင်ပေမဲ့ လူသစ်ဆိုတော့
ငြိမ်နေရတာပေါ ့ …။ အဲဒီတုန်းက ခင်ဗျားကကျုပ်ကို မသိပေမဲ့ ကျုပ်က ကောင်းကောင်း မှတ်မိနေတာ ။
ဖိုက်တာမို့လို့လေ ….။ အခုဒီပို့စ်ကိုလည်း ကျုပ် ခရီးသွားနေလို့ မဖတ်ရသေးဘူး ….။ခုမှ ဖတ်ရင်း
ဝင်ကာစ အချိန်တွေကိုလည်း ပြန်သတိယမိပါတယ် ။ ဟိုတုန်းက ကော်မန် ့ (၂၀) ခုကျော်ရင်
အတော်များပြီလို့ ပြောရမလိုပဲနော ။
pooch
January 11, 2013 at 12:13 am
ဟုတ်ပါ့ ကွန်းမန့် ၂ဝ ဆို အတော်များတာပြောရမှာ အဲ့တုန်းက ။
ကိုဆာမိပေးတဲ့ မှတ်ချက်လည်း ကျမမှတ်မိပါတယ်။ ကိုဆာမိကို တော့ ရွှေအကြောင်းရောင်းပြီးမှသိ မှာ ပိုသိသွားတာ ။ ကွန်းမန့်တော့ မပေးဖြစ်ခဲ့ဖူး မှတ်တယ်။
အဲ့တုန်းက သူကြီးကို ပြန်လှန်ရန်ဖြစ်တတ်တဲ့သူတွေ နည်းသေးလို့ ဖြစ်မှာပါ။