Customize Consent Preferences

We use cookies to help you navigate efficiently and perform certain functions. You will find detailed information about all cookies under each consent category below.

The cookies that are categorized as "Necessary" are stored on your browser as they are essential for enabling the basic functionalities of the site. ... 

Always Active

Necessary cookies are required to enable the basic features of this site, such as providing secure log-in or adjusting your consent preferences. These cookies do not store any personally identifiable data.

No cookies to display.

Functional cookies help perform certain functionalities like sharing the content of the website on social media platforms, collecting feedback, and other third-party features.

No cookies to display.

Analytical cookies are used to understand how visitors interact with the website. These cookies help provide information on metrics such as the number of visitors, bounce rate, traffic source, etc.

No cookies to display.

Performance cookies are used to understand and analyze the key performance indexes of the website which helps in delivering a better user experience for the visitors.

No cookies to display.

Advertisement cookies are used to provide visitors with customized advertisements based on the pages you visited previously and to analyze the effectiveness of the ad campaigns.

No cookies to display.

ပူတာအိုတမ်းချင်း ၁

poochSeptember 20, 20144min88324

ရောက်ခဲ့ဖူးတဲ့ ဒေသတခုကို ပြန်မျှတဲ့ မှတ်တမ်းတခုပါ။
ဓာတ်ပုံပညာမျက်စိနဲ့ကြည့်ရင် အနှုတ်ပြမယ်
ကော်နတ်ရှင်နှိပ်စက်လို့ ဖွင့်မရရင် ကျိန်ဆဲခံရမလားပဲ ။
ပုံတင်တာ များသွားလို့ :mrgreenn:

လမ်းပြမိုင်တိုင်
IMG_0156

အိမ်ဝင်းနံရံအများစုက ဒါမျိုးလေးတွေများတယ်
IMG_0157

IMG_0186

ကချင်ဘက်က ခွေးပေါက်စလေးတွေပါ ခွေးချစ်တော့ ရောက်ရာအရပ်မှာ ခွေးပုံတွေကို မှတ်တမ်းတင်ရတာအမော :mrgreenn:
IMG_0201

ရောက်ရာအရပ်မှာ သူတို့နိုင်သလောက်ကူညီထားတာ မကြာမကြာတွေ့ရတယ်
ရောက်ရာအရပ်မှာ သူတို့နိုင်သလောက်ကူညီထားတာ မကြာမကြာတွေ့ရတယ်
အထက်ရှန်ခေါင်ရွာလည်လမ်း
အထက်ရှန်ခေါင်ရွာလည်လမ်း

အထက်ရှန်ခေါင်ရွာ
IMG_0277

ဝါဆန်ဒါန်းရွာ
ဝါဆန်ဒါန်းရွာ

ကျမတို့စခန်းချတဲ့ဝါဆန်ဒါန်းရွာ မူလတန်းကျောင်းဝါးတဲလေးရဲ့ ရှေ့က ရှုခင်းကို ညနေစောင်းလှမ်းရိုက်ထားတာပါ
IMG_0370

ဆလိုင်မာတင်ကလမ်းခုလတ်
ဆလိုင်မာတင်ကလမ်းခုလတ်

လျှို့ဝှက်သောနှင်း ဇာတ်ကား ဇာတ်ဝင်ခန်းထဲမှာ ပါတဲ့ လူမင်း ကျောက်တုံးလို့လည်း ခေါ်သတဲ့ ပြောတာပဲ

ဇီယာဒမ်းကချောင်း
ဇီယာဒမ်းကချောင်း

အဲ့ဒီချောင်းရေနဲ့ ကျောက်ခဲတုံးတွေကို အိမ်မက်ထဲမှာ ခဏခဏပြန်မက်တယ်
အဲ့ဒီချောင်းရေနဲ့ ကျောက်ခဲတုံးတွေကို အိမ်မက်ထဲမှာ ခဏခဏပြန်မက်တယ်
ဒီအပင်ကိုမျှော်လင့်ခြင်းသစ်ပင်လို့ နာမည်ပေးခဲ့တယ်
ဒီအပင်ကိုမျှော်လင့်ခြင်းသစ်ပင်လို့ နာမည်ပေးခဲ့တယ်

ဒါက ဇီယာဒမ်းရွာလေးရဲ့ အဝင်ကနေ လှမ်းမြင်ရတဲ့ သူရဲ့နောက်ခံက ဖုန်ကန်ရာဇီ၊ ဖုန်ရင် စတဲ့ ရေခဲတောင်တွေပါ
ကျမတို့ သွားခဲ့တာ အဲ့ဒီတောင်ပါ
IMG_0699

ဇီယာဒမ်းရဲ့ ရွာအဝင်လမ်း
ဇီယာဒမ်းရဲ့ ရွာအဝင်လမ်း
တပိုင်တနိုင်ဆိုလာစွမ်းအင်
တပိုင်တနိုင်ဆိုလာစွမ်းအင်

IMG_1194

သူတို့ရဲ့ အိမ်ဝင်းတံခါးအားလုံးလိုလိုက ဒီလိုလှေကားထစ်တံခါးလေးတွေပါ
IMG_1197

24 comments

  • ဇီဇီ

    September 20, 2014 at 9:53 am

    Wanna go there..
    🙂

  • Myo Thant

    September 20, 2014 at 10:41 am

    မရောက်ဘူးတဲ့နေရာက ပုံလေးတွေအတွက် ကျေးဇူးပါဗျို့ ၊ 🙂

  • ကိုပေါက်(မန္တလေး)

    September 20, 2014 at 11:26 am

    မယ်ပု

    အရင်ကတော့ ညည်းက ကျုပ်ဓါတ်ပုံတွေသိမ်းတယ်

    အခု တော့

    ကျုပ် ကညည်း ဓါတ်ပုံတွေ ပြန်သိမ်းရတော့ မယ်

  • kyeemite

    September 20, 2014 at 11:52 am

    .ပုံလေးတွေမြင်ရတာစိတ်ကိုအေးချမ်းသွားတာပဲဗျာ
    .နောက်..ကချင်ပြည်နယ်ဖက်မှာသစ်တောတွေ တော်တော်ကျန်နေသေးလို့လည်းဝမ်းသာစရာပါ
    .လမ်းပမ်းဆက်သွယ်ရေးသိပ်မကောင်းလို့သာကျန်ပေတာပဲ..နို့မို့ ကုန်လောက်ပြီ
    .မရောက်ဖူးတဲ့ဒေသက ပုံလေးတွေကြည့်ပြီး..သွားလည်ချင်မိပါတယ်..

  • pooch

    September 20, 2014 at 1:42 pm

    ဆွိ၊ ကိုမျိုးသန့် ၊ လေးပေါက် ၊ ဦးမိုက်
    မန့်ပေးသူများအားလုံးကို ကျေးဇူးပါ

    @လေးပေါက်
    အခု external တလုံးထပ်ဝယ်လိုက်ရပြီ အသွားများ အရိုက်များ အသိမ်းများသွားလို့

    @ဦးမိုက်ရေ

    မြစ်ကြီးနားဖက်တော့ ကုန်နေပါပြီ

  • မြစပဲရိုး

    September 20, 2014 at 2:53 pm

    အညာဖက် နဲ့ မတူတာ ဝေဖန်ရရင် တောင်တန်းပေါ်က ရာသီကြောင့်လား မသိ။
    လူ တွေ ရဲ့ ဝတ်စားနေထိုင်မှု က ပိုပြီသန့်၊ ပိုပြီး မြင့် သလိုဘဲ။
    တဲ ချင်းတူဦး ပိုပြီး သပ်ရပ်တယ်။
    ကလေးချင်းတူဦး ပိုပြီး သန့်ရှင်းတယ်။
    ခွေးချင်းတူဦး။ ပိုပြီး အမွေးပွ တယ်။
    ညနေစောင်း နေရောင် နဲ့ ရှူခင်းလေးက လွမ်းစရာ။
    ဒီချောင်းရေနဲ့ ကျောက်ခဲတုံး ဆိုတာလေးကြည့်ပြီး
    အရီးတို့ ငယ်ငယ်က နေခြည်ဖြာမှ နွေးသောကြောင့် ရုပ်ရှင်ထဲ မှာတော့ အဲဒီ လို တွေ့ဖူး သလားလို့။

    ခရီးသွားပုံလေး တွေများများ ကြည့်ချင်လို့ ခရီး များများ သွားပါလို့ တိုက်တွန်း ရမလိုဘဲ။
    :-))

    • pooch

      September 21, 2014 at 2:19 am

      ရှုခင်းတွေက အပြင်မှာ ပိုလှတယ် အရီးရဲ့
      တိတ်ဆိတ်ပြီး ချောင်းရေစီးသံပဲ ကြားရတယ်
      တောင်ပေါ်ဒေသတွေက ပိုသန့်ပိုလှတာ အမှန်ပဲ
      နောက် ကလောဖက်ပုံတွေ တင်ပေးမယ်

  • ခင် ခ

    September 20, 2014 at 3:08 pm

    ပုံတွေအတွက်ကျေးဇူးပါ

  • kai

    September 20, 2014 at 5:01 pm

    တော်တော်စိတ်ချမ်းသာကိုယ်ချမ်းသာရှိကြမယ့်ပုံ…။
    နေချင်တာ… :ee:

    • pooch

      September 21, 2014 at 2:59 am

      ရက်ပိုင်းလောက်နဲ့ ပျင်းပြီး ပြန်ပြေးမှာ မြင်ယောင်သေးတယ်
      အွန်လိုင်းမတက်ရ တာနဲ့ကို အရူးတပိုင်းဖြစ်နေမှာ :mrgreen:

  • Crystalline

    September 21, 2014 at 6:25 am

    Pooch ပို့စ်တွေဖတ်ပြီး သွားချင်နေမိတဲ့နေရာတွေ… အခုလည်း အရင်ကဆို
    သတိတောင်ထားမိမှာမဟုတ်တဲ့ ပုချ်တို့နဲ့ ဝါသနာတူ တောင်တက်သမား၂ယောက်ပျောက်နေတဲ့အကြောင်းကို
    နေ့တိုင်း သတင်းစာကြည့် နောက်ဆုံးသတင်းတွေရှာနေမိတယ်..

    • pooch

      September 22, 2014 at 4:29 pm

      အခြေနေမကောင်းဘူး ခရစ်ရယ် စောင့်ကြည့်နေတုန်းပဲ အချိန်က မျက်နှာသာမပေးတော့ဘူး 😥

  • alinsett

    September 21, 2014 at 7:13 am

    သွားချင်လိုက်တာ

    အားကျလိုက်တာ

  • Ko chogyi

    September 21, 2014 at 5:25 pm

    မယ်ပုချ်ကို အရမ်းစိတ်ဆိုးတယ်
    အတိတ်ကိုသတိရအောင်လာလုပ်နေတယ်
    လွမ်းတယ် မနောမြေရယ်…… မရောက်တာအနှစ် နှစ်ဆယ်

    • pooch

      September 22, 2014 at 4:31 pm

      ဟုတ်လား ဒါဆို အရင်က ပိုလှမှာပေါ့ အခုတောင် လှနေတာ

  • thit min

    September 21, 2014 at 5:41 pm

    သဘာဝအလှအပတွေက “ဟာ အဲဒီမှာနေချင်လိုက်တာလို့”
    ပြောချင်စိတ်ကိုဖန်တီးပေးလိုက်သလို
    ခံစားရပြီး နှုတ်ကရွတ်နေကြ သူထဲမှာ..ကျနော်လဲပါသပေါ့..။
    တကယ်တမ်းနေဘို့မလွယ်တာလဲ အမှန်နော်။
    ဘာသွားတွေ့လဲဆိုတော့ စိတ်ဆိုတာ ပုံစံခွက်တခုထဲမှာမူလီစုပ်
    အသေတပ်ထားသလိုဖြစ်နေတတ်တယ်..။
    အံဝင်ဂွင်မကျတဲ့ နောက်ပုံစံခွက်တခုထဲအပြောင်းခံရရင်..ပြောင်းရရင်
    ထိခိုက်မယ် ပွန်းပဲ့မယ် စိတ်ဒဏ်ရာတွေရတယ်မဟုတ်ပါလား..။
    ..အစွဲအလန်း..လို့ခေါ်မှာပေါ့.။
    အစွဲချွတ်ဖို့ဆက်စဉ်းစားရင်း..ဘာတဲ့..ရှေးစွန်းဆွဲ..ဆိုလာ..ဘာဆိုလား

    • pooch

      September 22, 2014 at 4:52 pm

      ဟုတ်တယ် လူတွေက အပြောင်းအလဲလို့ သာ တဆာဆာအော်နေတာ
      တကယ်တော့ အပြောင်းအလဲကို ကြောက်ကြတယ်

      စက်မှုမြို့သစ် ရွှေ့ခါစဆိုလည်း ပွက်ပွက်ရိုက်တယ် ကားကြီးကွင်းတွေ ရွှေ့ခါစမှာလည်း ပွက်ပွက်ရိုက်တယ်
      ဒါလေးက မြင်သာတဲ့ အပေါ်ယံအပြောင်းအလဲ

      တကယ့်အတွင်းစိတ်ကို ပြောင်းဖို့ ဆိုရင် အတော်လေးမှ အတော်လေးကို ခက်ခဲအုန်းမယ်။

      အမူအကျင့်ကတော့ လွယ်မယ်ထင်တယ် ကိုယ်နဲ့နှိုုင်းပြီး ပြောတာပါ။

      အရင်က ဇီဇာကြောင် ဂျီးများတတ်တာတွေ hiking လိုက်ပြီး အစုအဖွဲ့နဲ့ လုပ်ရကိုင်ရ သွားရလာရတော့ အတော် ဦးကျိုးသွားတယ်။
      မစားတတ် မနေတတ် မထိုင်တတ်တဲ့ ပြသာနာ အတော်လျော့သွားတယ်။ တကိုယ်ကောင်းဆန်ချင်တဲ့စိတ်လည်း ထိမ်းနိုင်သွားတယ် ။ ရက်အတော်ကြာ ရေမချိုးပဲလည်း နေတတ်သွားတယ် ။ :mrgreenn:

      အလိုက်အထိုက် အရာရာကို လိုက်လျောညီထွေဖြစ်လာတယ် သိပ်ပြီး ကိန်း ကြီးကမ်းကြီး မနိုင်တော့ပဲ complain မရှိသလောက်ဖြစ်သွားတယ် ။
      သဘာဝနဲ့တသားတည်းပေါ့။

  • Ma Ei

    September 22, 2014 at 10:11 am

    ရေခဲတောင်တွေကို လှမ်းမြင်နေရတဲ့ နေရာလေး…
    ကျောက်လုံးလေးတွေနဲ့ ချောင်းရေအေးအေး…
    လှပတဲ့ သဘာဝတွေရှိနေတဲ့ နေရာလေး….
    တစ်ခေါက်လောက်တော့ ရောက်ချင်လိုက်တာ…

    • pooch

      September 22, 2014 at 4:56 pm

      ပူတာအိုလောက်တော့ သွားလည်လို့ရပါတယ် အမရယ် သွားပါ။

  • manawphyulay

    September 23, 2014 at 8:44 am

    သူတို့ဆီမှာတော့ အေးချမ်းလွန်နေမှာပဲနော်။ မြို့ပြရဲ့ ပြယုဂ်တွေ မဟုတ်တော့ အလှတရားကတော့ အညာဘက်နဲ့ တစ်မျိုးစီဖြစ်နေမှာပဲ။ သူတို့ရဲ့ ဓလေ့စရိုက်လေးတွေလည်း အရမ်းလေ့လာချင်မိတယ်။ မသေခင်တော့ မြန်မာပြည်အနှံ့ ရောက်ဖူးနိုင်ကောင်းပါရဲ့လေ….. 😆

    • pooch

      September 23, 2014 at 1:36 pm

      You can do whatever you want .. manaw !!!
      Fighting..!!!

      • kai

        September 23, 2014 at 1:55 pm

        တောင်တက်သမားလို့မပြောရ..စိတ်ဓါတ်တော့ကြိုက်ပါ့..
        ဂီဂီပြောတာပြန်ပြောရမယ်..
        တနေ့သေရမည်.. မသေခင်လုပ်ချင်တာလုပ်ကြ.. :k:

        • pooch

          September 23, 2014 at 2:09 pm

          ဝုတ်ကဲ့သူကြီး :mrgreenn:

  • မ " တတ် ပါ့ "

    September 27, 2014 at 12:33 pm

    ပူတာအိုရောက်ဖူးသွားပြန်ပြီ….( စာနဲ့ ပုံနဲ့ )

    Thanks you, pooch!

Leave a Reply